မကောင်းမှုတွေသာ လုပ်မထားရင် ညဘက် သရဲလာမှာကို ကြောက်စရာ မလိုဘူး
Vol. 22 Ch. 304
"အနံ့ဆိုးလား? မစ္စတာယန်း၊ ပိုအသေးစိတ် ပြောပြပါလား? ဘယ်လိုအရာမျိုးကြောင့် အနံ့ဆိုးထွက်ရတာလဲ?"
"အလောင်းရဲ့ ပုပ်တဲ့အနံ့၊ အလောင်းကောင် ပုပ်အနံ့ပါ! တိုက်ဆိုင်ချင်တော့ နောက်နေ့မှာ ကျွန်တော့် စက်ရုံအနီးမှာ ပုပ်နေတဲ့ အလောင်းတစ်ခု တူးမိတယ်။ အဲဒီတုန်းက အားလုံးသွားကြည့်ကြတယ်။ အဲဒီတုန်းက အနံ့က တအားပြင်းတယ်၊ ဒါပေမယ့် နေ့ခင်းကြောင်တောင်ကြီး အဲဒီအနံ့ကို ရှူမိပြီးနောက် ဘာကြောင့်မှန်းမသိ ပြောမပြနိုင်တဲ့ ကြောက်စိတ်တစ်ခုက ဖြစ်လာခဲ့တယ်"
"သေသွားတာက ယောက်ျား တစ်ယောက်၊ အသက်က ကျွန်တော့်နဲ့ အတူတူလောက်ပဲ။ ဒါပေမယ့်အဲဒီလူက လူကောင်းတော့ မဟုတ်ဘူး၊ ငွေထုတ်ချေးတဲ့သူပါ၊ မိန်းကလေးတွေကိုပဲ အဓိကထား ငွေထုတ်ချေးတဲ့သူမျိုးပါ။
မိန်းကလေးတွေကို ခြိမ်းခြောက်ဖို့အတွက် အဲဒီလိုဗီဒီယိုမျိုး ရိုက်ခိုင်းတယ်၊ အဆုံးသတ်မှာတော့ အနိုင်ကျင့် ခံထားရတဲ့သူတွေက တစ်ခါပြီးတစ်ခါ လက်လျှော့လိုက်ရတယ်။
နောက်တော့ မိန်းကလေးနှစ်ယောက်က မခံမရပ်နိုင်ဖြစ်လာပြီး သူ့ကိုသတ်ဖို့ အကြံထုတ်ခဲ့ကြတယ်။
သူတို့ သတ်ပြီးနောက် အလောင်းကို ကျွန်တော့်စက်ရုံနောက်က တောအုပ်ထဲပို့ပြီး မြေမြှုပ်ထားတယ်။
ဒါပေမယ့် မှန်မှန်ကန်ကန် မကိုင်တွယ် နိုင်ခဲ့တဲ့အတွက် တောထဲမှာ တစ်စုံတစ်ယောက်က တွေ့ရှိသွားတယ်"
"အမှုက အရမ်းကို မြန်မြန်ဆန်ဆန် ဖြေရှင်းသွားတယ်၊ ဒါပေမယ့် နောက်ဆုံးမှာ ဘယ်လိုဖြေရှင်းခဲ့လဲဆိုတာတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့်အဲဒီအနံ့ကို ရှူမိချိန်မှာ ကျွန်တော်ဟာ ချက်ချင်းပဲ မနေ့ညက ကျွန်တော့်သမီး ကျွန်တော့် လက်ဖဝါးပေါ်မှာ ချန်ထားခဲ့တဲ့ အနံ့ကို သတိရမိလိုက်တယ်။
မဟုတ်ဘူး...အတိအကျပြောရရင် အဲဒီ ပြဲနေတဲ့ အင်္ကျီရဲ့ အနံ့ပါ။ အဲဒါက လူပုပ်အနံ့နဲ့ အတူတူပဲဖြစ်နေတယ်။
အအနံ့ကို ရပြီးနောက် ကျွန်တော် ဘယ်လောက်ထိ ကြောက်ရွံ့သွားခဲ့တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။
ကျွန်တော်က မဆိုင်းမတွပဲ ကလေးရဲ့ မူကြိုကျောင်းကို သွားခဲ့တယ်။ သူ့အမေက နေ့တိုင်းသွားကြိုတယ်၊ ဒါပေမယ့် အဲဒီနေ့ ကျတော့ ကျွန်တော် စောစောသွားခဲ့တယ်၊ နှလုံးသားထဲမှာ ပူပန်သောကတွေ အပြည့်နဲ့ပေါ့။
"ကျောင်းရောက်တော့ ကလေးက ကျွန်တော့်ကို မြင်တော့ သူ့ရဲ့ပုံမှန် ရွှင်လန်းတက်ကြွမှုကို ပြန်ရသွားတယ်။
သူမကို ခုန်ပေါက် ဆော့ကစားနေတာကို မြင်တော့ ကျွန်တော်ကိုယ် ကျွန်တော် အလွန်အမင်း သတိကြီးတာ မကောင်းဘူးလို့ ခံစားလိုက်ရတယ်။
နောက်ဆုံးတော့သူ့ကို အိမ်ပြန် ခေါ်လာခဲ့တယ်။
ဒါကို သူ့အမေက မြင်တော့ ကျွန်တော့်ကိုတောင် ဆူခဲ့သေးတယ်။
ကျွန်တော်က သူမကို တစ်ဖက်ကို ဆွဲခေါ်ပြီး ကျွန်တော့်ရဲ့ စိုးရိမ်ပူပန်မှုတွေအကြောင်း ပြောပြခဲ့တယ်။ ကျွန်တော့်ဇနီးက အရမ်းကြောက်သွားပြီး ကျွန်တော့်ကို ဘုရားကျောင်းသွားပြီး တစ်စုံတစ်ယောက်ကို ရှာသင့်မရှာသင့် မေးခဲ့တယ်"
"ကျွန်တော်စဉ်းစားကြည့်လိုက်တော့ မပေါ့ဆသင့်ဘူးလို့ ထင်ခဲ့တယ်၊ အဲဒီနေ့ကလည်း စောသေးတယ်လေ
ကံကောင်းချင်တော့ ကျွန်တော်နေတဲ့ ချန်ကျန်းမြို့မှာ ချန်ဂွမ်း ဘုရားကျောင်းရှိတယ်။
ဘုရားကျောင်းမှာ ဆရာကြီးတစ်ပါး ရှိတယ်။
ကြားရတာက အဲဒီဆရာကြီးက အရမ်း တန်ခိုးကြီးတယ်တဲ့။
ကျွန်တော်က သမီးနဲ့ဇနီးကို ခေါ်ပြီး ချန်ဂွမ်းဘုရားကျောင်းကို သွားရောက်ပြီး ဘုရားရှိခိုးကာ ဆရာကြီးကို ဖူးမြော်ကန်တော့ခဲ့တယ်။
ဆရာကြီးက ကျွန်တော်တို့ကို မြင်တော့ သိသိသာသာပဲ ကျွန်တော့်သမီးကို ချစ်သလိုနဲ့ သူမကို ရင်ခွင်ထဲ ပွေ့ချီလိုက်တယ်။
"ကျွန်တော်က အရမ်းစိတ်ဝင်စားသွားပြီး ဆရာကြီးကို ကျွန်တော့်သမီးကို နတ်ဆိုး ကပ်နေလားလို့ မေးကြည့်မိတယ်။
ဆရာကြီးက ကျွန်တော့်ကိုမြင်တော့မျက်နှာက အရမ်းပျက်သွားပြီး ကျွန်တော့်ကို စကားပြောဖို့တောင် ငြင်းဆန်ခဲ့တယ်။
သူက ကျွန်တော့်သမီးရဲ့ခေါင်းကို ပွတ်သပ်ပေးရင်း၊ ပြန်သွားကြ၊ ဒီကိစ္စကို သူမတတ်နိုင်ဘူးလို့ ဆိုတယ်။
ကျွန်တော်က ဘာဖြစ်နေတာလဲလို့ မေးတော့လည်း ဆရာကြီးက ကျွန်တော့်ကို လျစ်လျူရှုနေဆဲပဲ။
ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ သူက ကျွန်တော့်ကို ရှုပ်ထွေးစေခဲ့တယ်၊ ဒါပေမယ့် သူက ကျွန်တော်တို့ကို ထွက်သွားဖို့ ပြောထားပြီးသား။ ဆက်နေဖို့ကလည်း မလွယ်ကူတော့ပါဘူး
"ကျွန်တော်က ကလေးကို အိမ်ပြန်ခေါ်လာပြီး နောက် ရက်အနည်းငယ်အတွင်းမှာ တကယ်ပဲ ဘာမှမဖြစ်ခဲ့ဘူး။
တစ်ပတ်ကြာတဲ့အထိပေါ့၊ အဲဒီကာလအတွင်း စိုးရိမ်နေတဲ့အတွက် ကျွန်တော်က သမီးကို တစ်ယောက်တည်း ဆက်မအိပ်ခိုင်းတော့ဘူး။ သူမကို ကျွန်တော်တို့နဲ့အတူ တစ်ခန်းထဲမှာပဲ ထားလိုက်တယ်။
သူမက သူ့အမေနဲ့အတူ အိပ်ရာပေါ်မှာအိပ်တယ်၊ ကျွန်တော်က တစ်ယောက်တည်း ကြမ်းပြင်ပေါ်မှာ အိပ်တယ်။
ဒါပေမယ့်အဲဒီညမှာ ကျွန်တော့်ဇနီးက ရုတ်တရက် ကျွန်တော့်ကို နှိုးခဲ့တယ်၊ သူမရဲ့မျက်နှာမှာ မျက်ရည်တွေနဲ့ ပြည့်နေတာကို မြင်လိုက်ရတယ်။
ကျွန်တော် အသံထွက်မယ်လုပ်တော့ ကျွန်တော့် ပါးစပ်ကို လက်နဲ့ဖိလိုက်ကာ တံခါးဘက်ကို ညွှန်ပြနေတယ်။
"ကျွန်တော့်သမီးရဲ့ အဲ့ဒီ ပြဲနေတဲ့ ညဝတ်အင်္ကျီက ထူးဆန်းစွာပဲ ထပ်ပေါ်လာခဲ့တယ်။ အဖြူရောင်ဖြစ်နေပြီး အပေါက်သေးသေးလေးတွေလည်း ရှိနေတယ်။ ဒါပေမယ့် ကျွန်တော့်သမီးကတော့ ဘာမှမသိသလိုပဲ။ သူမရဲ့လက်ထဲမှာ ဂီတသေတ္တာကို ကိုင်ပြီး တံခါးကိုဖွင့်ကာ၊ တံခါးဝမှာ ငြိမ်ငြိမ်လေးရပ်နေတယ်"
"ကျွန်တော် နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ အိမ်ဟာ ဒီလောက်ထိ မှောင်နေတယ်လို့ ကျွန်တော်ပထမဆုံးအကြိမ် ခံစားလိုက်ရတယ်။ တံခါးအပြင်ဘက်မှာ လာအလင်းရောင်မှ မရှိဘူး။ သမီးက အလင်းထဲမှာ ရပ်နေပေမယ့် သူမက အခန်းအပြင်ဘက်က အမှောင်ထုထဲမှာ တစ်စုံတစ်ယောက်ကို မျက်နှာမူပြီး စကားပြောနေသလိုပဲ။ ဒါပေမယ့် ကျွန်တော်ဘာမှ မကြားရဘူး။
တကယ်ပဲ ဘာဆိုဘာမှမကြားရဘူး"
"ကျွန်တော့်ဇနီးက အရမ်းကြောက်လို့ ငိုနေတယ်၊ ဒါပေမယ့် အသံမထွက်ရဲဘူး၊ သူမထွက်လိုက်တဲ့ အသံကြောင့် ကျွန်တော့်သမီး တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်နေတယ်။
ကျွန်တော်ကလည်း တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရတယ်၊ နှလုံးသားထဲက ကြောက်ရွံ့မှုကို ဖိနှိပ်ဖို့အတွက် ဒီလိုပဲ လုပ်လိုက်ရတယ်။
ကျွန်တော် ကြောက်နေခဲ့တယ်။
အဲဒီအချိန်မှာ ကျွန်တော့်စိတ်ထဲမှာ စိတ်ကူး တစ်ခုပဲရှိတယ်၊ ကျွန်တော့်သမီးကို ဒီလိုဆက်ဖြစ်နေခွင့် မပြုနိုင်တော့ဘူး။
ကျွန်တော် ဘာတွေးမိနေမိမှန်း မသိခဲ့ဘူး၊ ဒါနဲ့ ကျွန်တော်က ဗီရိုဆီသွားပြီး သမီးအတွက် အလှဆုံးအဝတ်အစားကို ရှာယူကာ သူ့ကိုယ်ပေါ် ဝတ်ဆင်ပေးလိုက်တယ်။"
"သူမနောက်ဆုံးတော့ တုံ့ပြန်မှု ရှိလာတယ်။ ပထမဆုံး အကြိမ်လိုမျိုး မဟုတ်တော့ဘူး။ သူမက ကျွန်တော့်ကိုပြုံးပြတယ်။
တကယ်ပါ၊ ကျွန်တော့်သမီး ပြုံးလိုက်တဲ့အချိန်မှာ ဒီလောက်ထိ လှနိုင်တယ်ဆိုတာ ကျွန်တော်မသိခဲ့ဘူး။
ဒါပေမယ့်မကြာခင်မှာပဲ သူမကိုယ်တိုင်ပဲ အိပ်ရာပေါ် ပြေးသွားတယ်။
သူမအိပ်ပျော်သွားတော့ တကယ်ပဲ အိပ်မက်ဆိုး တစ်ခုလိုပါပဲ။ ကျွန်တော်တို့ လင်မယား မနက်အရုဏ်တက်တဲ့အထိ သူမနားမှာထိုင်ပြီး နေခဲ့တယ်။
သူမနိုးလာတော့ အိပ်ရေးမဝသေးသလိုပဲ။ သူမက အိပ်ရာထဲမှာ နေရတာကို ကြိုက်တယ်၊ အဲ့အချိန်ဆိုကင် တင်ပါးကို မြှောက်ပြီး အိပ်တတ်တယ်။
သူမရဲ့ ဒီပုံစံကိုမြင်တော့ စိတ်သက်သာရာ ရခဲ့တယ်၊ ဒါပေမယ့် သူမရဲ့ကိစ္စက ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ ဆူးချွန်တစ်ချောင်းလို စိုက်နေသေးတယ်"
"အဲဒီနေ့ ကျွန်တော်တစ်ယောက်တည်း ဘုရားကျောင်းကို သွားပြီး ဆရာကြီးကို သွားတွေ့ခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ကျွန်တော်က နည်းလမ်းတစ်ခုခုကို မေးမြန်းဖို့ ဆုံးဖြတ်ထားပြီးသားပဲ။
ကျွန်တော် ဘုရားကျောင်းကို သွားပြီး ဆရာကြီးကို ထပ်တွေ့ခဲ့တယ်။
သူက ကျွန်တော်လာမယ်ဆိုတာ
သိနေသလိုပဲ၊ သူ့တစ်သက်မှာ ဘယ်တော့မှ မကောင်းတာတွေ မလုပ်ခဲ့ဖူးဘူး၊ ညဉ့်နက်ချိန် သရဲကိုကြောက်စရာမလိုဘူးလို့ ပြောခဲ့တယ်။ ပြီးတော့ ဘာမှမပြောတော့ဘူး"
"စတွင်မာ ကျွန်တော်က မျက်နှာမပျက်ချင်လို့ စိတ်က မပါဘဲ ပြောနေတာမဟုတ်ဘူး။
လူဆိုတာ လူ့အဖွဲ့အစည်းထဲမှာ ကျဥ်လည်နေတဲ့ အခါ အခြားသူတွေကို မထိခိုက်စေခဲ့ဘူးဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒါပေမယ့် ကျွန်တော်တကယ်ပဲ အခြားသူတွေကို ထိခိုက်အောင် တမင်လုပ်တာဲ့ ရည်ရွယ်ချက်မရှိခဲ့ဘူး။
အများဆုံးအားဖြင့် လုပ်ခဲ့တာက လုပ်ငန်းမှာ တရားဝင် ယှဉ်ပြိုင်မှုပါပဲ။
ကျွန်တော် ငွေရှာရမယ်၊ ငွေရှာဖို့ အခြားသူတွေနဲ့ ယှဉ်ပြိုင်ရမယ်။
ယှဉ်ပြိုင်တယ်ဆိုတာ အခြားသူတွေနဲ့ မယှဉ်ပြိုင်ဘဲ အသက်မွေးဝမ်း မကျောင်းနိုင်ဘူးလို့ ဆိုလိုတာပဲ။ ကျွန်တော်က စီးပွားရေးသမားဖြစ်ပြီး စက်ရုံ ဖွင့်ထားတာလေ မပြိုင်လို့က မဖြစ်နိုင်ဘူး "
လောင်ယန်းရဲ့ အကူအညီ မဲ့မှုတွေ များစွာ ပါဝင်နေသည်။
ဒါကိုကြားပြီးတဲ့နောက် ကျန်းရီက: "မစ္စတာယန်း စိတ်မပူပါနဲ့။
ခင်ဗျား ဒီအကြောင်းတွေ ပြောလာပြီ ဆိုမှတော့ ခင်ဗျား မကောင်းမှု မလုပ်ခဲ့ဘူးဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။
ဒါပေမယ့်နောက်ဆုံးမှာ အဲဒီ ဆရာကြီးကလည်း ပြောခဲ့တယ်လေ၊ သာမန်အချိန်တွေမှာ မကောင်းမှုမလုပ်ရင် ညဉ့်နက်ချိန် သရဲတွေကို ကြောက်ရွံ့စရာ မလိုဘူး။
အဲဒီလိုဆိုရင် ခင်ဗျား သူပြောတဲ့အတိုင်း လိုက်နာခဲ့ပါလား?"
"ကျွန်တော် သူပြောတဲ့အတိုင်းလုပ်ခဲ့တယ်၊ ဒါပေမယ့် နောက်ပိုင်းမှာ... အရာတွေက ကျွန်တော် လက်ခံနိုင်တာထက် ပိုပြီး ကျော်လွန်ကုန်လာတယ်။ ကျွန်တော် နောက်ဆုံးမှာ သည်းမခံနိုင်ခဲ့တော့ဘူး၊ သာမန်စိတ်နဲ့ သမီးရဲ့ ထူးဆန်းနေမှုတွေကို ရင်ဆိုင်ဖို့ မတတ်နိုင်တော့ဘူး၊ နောက်ပိုင်းမှာ ကျွန်တော့်ဇနီးကလည်း တဖြည်းဖြည်း ပြောင်းလဲမှုတွေ အများကြီး ကြုံတွေ့လာရတယ်...."