← Chapters

မိုးရေထဲက လာတဲ့သူများ

Vol. 22 Ch. 305

မိုးရေထဲက လာတဲ့သူများ

Vol. 22 Ch. 305

"ခင်ဗျား ဇနီးမှာ ဘာဖြစ်လို့လဲ"

"ဘာတွေပဲ ဖြစ်ဖြစ်၊ ငါက အလုပ်လုပ်ရမှာပဲ၊ တစ်ခါတစ်ရံ လုပ်ငန်းကောင်းလာရင် စက်ရုံက အရမ်းအလုပ် များလာတယ်၊ ဒါပေမယ့် ငါအကြောက်ဆုံးကတော့ ဖောက်သည်တွေပါ လာတာကိုပဲ။

ဖောက်သည်တွေ ရောက်လာရင် စက်ရုံကို လှည့်ပတ်လိုက်ပြပြီး​ သူတို့ကို ပြန်လွှတ်လိုက်လို့ မရနိုင်ဘူးမလား? ကားမောင်းဖို့ လူငှားရမယ်။

ညစာစားပြီးရင် အပြင်ကိုလိုက်ပြီး ဖျော်ဖြေပေးဖို့က လိုသွားနိုင်တယ်။

အဲဒီအချိန်မှာ ညနက်သွားနိုင်တယ်လေ၊ ပြီးတော့ အဲ့ဒီအချိန် ကျွန်တော့်စက်ရုံက ဖောက်သည် အကြီးစားတစ်ယောက် ရလိုက်တယ်"

"အကြိမ်အနည်းငယ် ကြာပြီးနောက်မှာတော့ သမီးက ညနက်ချိန်မှာ ဆန်းဆန်းကြယ်ကြယ်တွေ လုပ်တတ်တယ်ဆိုတာ သိလိုက်ရတယ်။

ဒါ့အပြင်ဖောက်သည်က တကယ်ကို အရေးကြီးတယ်၊ ဒါကြောင့် ကျွန်တော်က သူနဲ့ လိုက်ပြီး အဖော်ပြုပေးရတယ်။

ကျွန်တော်အသက်ကြီးတာကို အခြား တစ်ဖက်ကလည်း သိတာကြောင့်ထင်တယ်။ ကျွန်တော့်ကို သိပ်မသောက်ခိုင်းဘူး၊

ဒါကြောင့် သူကပဲ သောက်နေခဲ့တယ်။

ဒုတိယအကြိမ် ဖျော်ဖြေရေးကို ရောက်တဲ့အခါ ကျွန်တော် မခံနိုင်တော့ဘူး။

ကျွန်တော် အိမ်ပြန်ဖို့ ယာဉ်မောင်းတစ်ယောက်ကို နောက်ဆုံး ရှာတွေ့ခဲ့တယ်၊ ဒါပေမယ့် ကျွန်တော့်က လမ်းပေါ်မှာပဲ ရှိနေတုန်း ကျွန်တော့်ဇနီးကို ဖုန်းခေါ်လိုက်တယ်။

သူမက ဖုန်းမှာပဲငိုနေခဲ့တယ်။ အဲဒီအချိန်မှာ တစ်ခုခုမှားယွင်းနေတယ်ဆိုတာ ကျွန်တော်သိလိုက်ရပြီး အရက်မူးနေတာတောင် ပျောက်သွားတယ်။

ကျွန်တော်က ဇနီးကို ချက်ချင်း မေးလိုက်တယ်၊ သမီး ဘာဖြစ်သွားတာလဲ"

"အဲဒီကာလအတွင်း ကျွန်တော့်ဇနီးနဲ့ ကျွန်တော်က ကလေးကိုပဲအာရုံစိုက်နေတော့ သူမငိုတာကို ကြားတော့ ကျွန်တော်က သဘာဝအတိုင်းပဲ ကလေးမှာတစ်ခုခုဖြစ်မှာကို စိုးရိမ်မိလိုက်တယ်။

ဒါပေမယ့် မျှော်လင့်မထားတာက နောက်ဆုံးမှာ ဒုက္ခရောက်နေတာက ကျွန်တော့် ဇနီးဖြစ်နေတာပဲ။

သူမက ဖုန်းထဲမှာ အရမ်းကြောက်နေပြီး ကျွန်တော်ဘာမေးမေး ဂရုမစိုက်ခဲ့ဘူး။

ကျွန်တော့်အသံကိုကြားတာနဲ့ သူမက အသံအကျယ်ကြီး ငိုတော့တာပဲ၊ ဘာလို့ ငိုနေတာလဲလို့မေးရင်လည်း မဖြေဘူး"

"ခဏကြာတော့ ကျွန်တော့်ဇနီးက အိမ်မှာ တစ်ယောက်ယောက် ရှိနေသလိုပဲလို့ ပြောတယ်။ ဒီညနက်မှာ ကျွန်တော့်သမီးက ပုံမှန်ပဲရှိတယ်တဲ့၊ ဒါပေမယ့် ည ၁၁ နာရီကစပြီး အိမ်ထဲမှာ ထူးဆန်းတဲ့ အသံမျိုးစုံကို ကြားနေရတယ်။ ကျွန်တော့်ဇနီးက အစက သိပ်ပြ ဂရုမစိုက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ကောင်မလေးတစ်ယောက်ရဲ့ ရယ်သံကိုကြားရသလိုပဲတဲ့။

အဲဒီရယ်သံက ကျွန်တော့်သမီးရဲ့ ရယ်သံနဲ့အတူတူပဲ၊ သူမနဲ့အတူအိပ်နေတဲ့ ကျွန်တော့်သမီးရဲ့ ရယ်သံကို သူမကြားလိုက်ရတယ်။

ရယ်ပြီးတာနဲ့ ကျွန်တော့်သမီးကို အသံကျယ်ကျယ်နဲ့ ခေါ်လိုက်တယ်။

ကျွန်တော့်သမီးက မျက်စိမှိတ်ထားပေမယ့် ခန္ဓာကိုယ်က လှုပ်ရှားနေ​ပြီး၊ အသက်ရှူနေတုန်းပဲ။

ကျွန်တော့်ဇနီးက သူမကို နှောင့်ယှက်နေတဲ့ အရာကို သတိရမိသွားပြီး ဘယ်ကနေ ရောက်လာမှန်းမသိတဲ့ သတ္တိတွေရှိလာပြီး၊ ဒါကြောင့် တံခါးဖွင့်ပြီး အပြင်ထွက်လိုက်တယ်"

"အဲဒီညက ကျွန်တော်အိမ်မှာ မရှိတဲ့အတွက် ကျွန်တော့်ဇနီးက ပိုပြီးသတိထားနေတယ်။ သူမက သမီးကို ရင်ခွင်ထဲထားပြီး သူမအိပ်ပျော်သွားတဲ့အထိ ဧည့်ခန်းမှာ တီဗီကြည့်နေခဲ့တယ်၊ ပြီးမှ သူမကို အခန်းထဲခေါ်သွားတယ်။ မဟုတ်ရင်သူမက ဒီဂီတသေတ္တာနဲ့ အိမ်မယ်ဆိုပြီး ပူဆာနေမှာ။

တကယ်တော့ အဲဒီအချိန်မှာ ကျွန်တော်တို့က ဒီဂီတသေတ္တာနဲ့ တစ်ခုခု ပတ်သတ်နေနိုင်တယ်လို့ ရိပ်မိလိုက်တယ်၊ ဒါကြောင့် ကျွန်တော်က တကယ်တော့ အသစ်တစ်ခုကို လျှို့ဝှက်စွာနဲ့ ဝယ်ထားလိုက်တယ်။

အရင်ဟာကို နေ့ခင်းဘက်မှာ ထုပ်ပိုးပြီး မီးရှို့လိုက်တယ်။

ဒါပေမယ့် ကျွန်တော့်ဇနီး တံခါးဖွင့်ပြီး အပြင်ထွက်တဲ့အခါ ကော်ဖီစားပွဲပေါ်က ဂီတသေတ္တာက အလင်းတွေ တောက်ပ နေတာကို တွေ့လိုက်ရတယ်"

"ဂီတသေတ္တာတစ်ခုလုံးကို ဝန်းရံထားတဲ့ မီးခိုးရောင်အလင်းဝိုင်းလေးမျိုးပဲ။

ပြီးတော့ဂီတသေတ္တာမှာ သီချင်းက အလိုအလျောက် ပွင့်လာခဲ့တယ်၊ ခေါင်းလောင်းလေးတွေ မြည်တဲ့ အသံအတိုင်းပဲ ထွက်လာတယ်။

ကျွန်တော့်ဇနီးက အလင်းကို မြင်တဲ့အခါ လျှောက်မသွားရဲတော့ဘူး။

ဒါပေမယ့် ဂီတသေတ္တာထဲကနေ ကောင်မလေးရဲ့ ရယ်သံကို ထပ်ကြားလိုက်ရတယ်၊ ကျွန်တော့်သမီးရဲ့ ရယ်သံနဲ့အတူတူပဲ။

ကျွန်တော့်ဇနီးက ကြောက်စိတ်ကို ချုပ်တည်းပြီး လျှောက်သွားလိုက်တယ်။ ဂီတသေတ္တာက သီချင်းစပွင့်လာတဲ့အခါ အပေါ်က စက်ဝိုင်းကလည်း လှုပ်ရှားလာခဲ့တယ်။ .

စက်ဝိုင်းပေါ်မှာ ကောင်မလေး ရုပ်ထုလေး တစ်ရုပ်လည်းရှိတယ်။

"ကျွန်တော့်ဇနီးက အဲဒီအရုပ်လေးကြောင့် အရမ်းလန့်သွားခဲ့တယ်။ သူမပြောတာက ဂီတသေတ္တာရဲ့အနားကိုရောက်တဲ့အခါမူရင်းက သစ်သားမြင်းစီးနေတဲ့ အရုပ်ရဲ့ခေါင်းက ကြိုတင်အသိပေးချက်မရှိဘဲ နောက်ပြန်လှည့်လာခဲ့တယ်တဲ့။

သူမပြောတာက အရုပ်က သူမကို ပြုံးပြနေတယ်တဲ့။

မင်းတို့ အဲဒီ enamel အရုပ်တွေ မြင်ဖူးလား?အဲဒါက enamel အရုပ်ပဲ။

သူမ ခေါင်းလှည့်လိုက်တဲ့အခါ မျက်နှာက အမြဲတမ်းပြုံးနေပေမယ့် မီးခိုးရောင် အလင်းဝိုင်းအောက်မှာဆိုတော့ အရမ်းကို ထိတ်လန့်စရာကောင်းနေတယ်။

"ကျွန်တော့်ဇနီးပြောတာကို ကြားတဲ့အခါ ကျွန်တော်သူမကို နှစ်သိမ့်ပေးလိုက်ပြီး သမီးကိုအမြန်ခေါ်ပြီး အိမ်ကထွက်သွားဖို့၊ အိမ်မှာမနေတော့ဖို့ ပြောလိုက်တယ်။

ဒါပေမယ့်မျှော်လင့်မထားတာက ကျွန်တော် စကားပြောပြီးတာနဲ့ ကျွန်တော့်ဇနီးက အသံအကျယ်ကြီး အော်လိုက်တယ်။

ပြီးတော့..ပြီးတော့... ကျွန်တော့်ဇနီးဆီက ဂီတသေတ္တာက သီချင်းသံလည်း ပျောက်သွားတယ်၊ ခဏလောက် ဘာအသံမှ မကြားရတော့သလို ဖြစ်သွားခဲ့တယ်။

တစ်မိနစ်နီးပါးလောက် ကြာမှ ကျွန်တော် အသံကို ပြန်ကြားလိုက်ရတယ်"

"ဗောက်..ဗောက်..ဗောက်၊ မိုးသည်းထန်စွာ ရွာပြီးနောက် တံစက်မြိတ်ပေါ် မိုးရေစက်တွေ ကျတဲ့အသံလိုပဲ။

ပြီးတော့ တရှဲရှဲနဲ့ ခြေသံတွေကြားလာရတယ်၊ အိမ်ထဲက အခြေအနေကိုမမြင်ရပေမယ့် အတွင်းစိတ်က ကျွန်တော့်ကိုပြောတယ်၊ အဲဒီအရာက ထွက်လာပြီး ကျွန်တော့်ဇနီးအနားမှာ ရပ်နေတယ်လို့။

အဲဒီအခိုက်အတန့်မှာ ကျွန်တော် ဘယ်လောက် စိတ်ပူပြီးအလန့်တကြားဖြစ်နေတယ်ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး။

ကျွန်တော်ယာဉ်မောင်းကို ကျွန်တော့်အိမ်ကို အမြန်ဆုံးမောင်းခိုင်းလိုက်တယ်။

အိမ်ရောက်တော့ အိမ်ထဲမှာ ဘာအလင်းရောင်မှ မရှိ၊ အရာအားလုံးက မှောင်နေတာကို တွေ့လိုက်ရတယ်။

ကျွန်တော်တံခါးဆီ ပြေးသွားလိုက်တယ်၊ တံခါးက ဟနေတယ်။

တံခါးနားမှာ ခြေရာတွေ အများကြီးရှိတယ်၊ လူကြီးတွေရဲ့ ခြေရာတွေ၊ ကလေးတွေရဲ့ ခြေရာတွေ.... မရေတွက်နိုင်ဘူး၊ တကယ်ကို မရေတွက်နိုင်ဘူး၊ ခြေရာတွေ အားလုံးကလည်း ရေစိုနေတယ်၊ မိုးရွာထဲက လာတဲ့လူတစ်စုက ကျွန်တော့်အိမ်ထဲကို ပြေးဝင်လာသလိုပဲ!"

"အဲဒီအချိန်မှာ ကျွန်တော် အရမ်းကြောက်နေပေမယ့် ဇနီးနဲ့ ကလေးက အိမ်ထဲမှာရှိနေတော့ ကျွန်တော်မတတ်သာဘူး၊ အတင်းဝင်လိုက်ပြီး မီးဖွင့်လိုက်တယ်၊ ဒါပေမယ့် မလင်းခဲ့ဘူး။

အိမ်ထဲက မီးအားလုံး မှားယွင်းနေတယ် ကျွန်တော်ဖုန်းက မီးကို ဖွင့်လိုက်တယ်၊ နောက်ဆုံးမှာတော့ ကျွန်တော့်ဇနီးကို တွေ့လိုက်ရတယ်၊ သူမက ဆိုဖာမှာ လဲနေတယ်။ သူမအဆင်ပြေနေတယ်၊ ဒါကြောင့် ကျွန်တော်သူမကို ကောက်ချီပြီး အခန်းထဲကို ပြေးဝင်သွားတယ်။

အခန်းထဲမှာ ကျွန်တော့်သမီးက အိပ်ရာပေါ်မှာ ထိုင်နေတယ်၊ သူမ အိပ်ရာက အခုမှထပြီး မျက်လုံးကို ပွတ်နေသလိုပဲ”

"ကျွန်တော့်ဇနီးနဲ့ ကလေး အဆင်ပြေနေတာကို သိရတော့ ကျွန်တော် ငိုလိုက်မိတယ်... တကယ်ပါ၊ ဒီနှစ်တွေအတွင်း ဘယ်လိုအတက်အကျ ဒုက္ခတွေနဲ့ မကြုံခဲ့ဖူးပဲ နေမှာလဲ? ကျွန်တော် ဘယ်တော့မှ မကြောက်ခဲ့ဖူး၊ ဒါပေမယ့် အဲဒီတစ်ခါတော့ တကယ်ကိုကြောက်သွားခဲ့တယ်။

ကျွန်တော့်ဇနီးနဲ့ကလေးမှာ တစ်ခုခု ဖြစ်တယ်လို့ တွေးမိတာနဲ့ ကျွန်တော့် ဝိညာဉ်ကို ခွာထုတ်လိုက်သလိုမျိုး ခံစားရတယ်။ သူတို့ နိုးလာတာတွေ့ရတော့ သူတို့နဲ့အတူ အိမ်ကနေ ထွက်လာခဲ့တယ်။

ညနက်ကြီးမှာ ဘယ်ကိုသွားရမှန်း တကယ်ကို မသိခဲ့ဘူး။

ဟိုတယ်သွားရင် သူတို့လိုက်လာမှာစိုးတော့ လူထူထပ်တဲ့ နေရာကိုသွားရမယ်။

ဒါကြောင့် ကျွန်တော်ဇနီးနဲ့ကလေးကို ညနက်ကြီးမှာ အင်တာနက်ကဖေးတစ်ခုကို ခေါ်သွားခဲ့တယ်။

"ဘာလို့လဲဆိုတော့ အင်တာနက်ကဖေးထဲမှာ ညကနေ မနက်အထိ ယောကျာ်းလေးတွေ ရှိတယ်လေ။ သူတို့ အဲဒီမှာရှိလိမ့်မယ်လို့ ကျွန်တော်တွေးမိခဲ့တယ်"'

"ဒီလိုနဲ့ ကျွန်တော်တို့ အင်တာနက် ကဖေးဆိုင်ထဲမှာ နေခဲ့တယ်၊ ကျွန်တော် အင်တာနက် ကဖေးဆိုင်ထဲမှာ နှစ်ရက်ဆက်တိုက် နေခဲ့တယ်။

ဒါပေမယ့် စတွင်မာ အင်တာနက် ကဖေးဆိုင်ထဲမှာ နောက်ထပ် အလွန်ထူးဆန်းတဲ့ အရာတစ်ခုကို ကျွန်တော်တွေ့လိုက်ရတယ်။

ကျွန်တော့်ရဲ့ မျက်နှာချင်းဆိုင် နံရံဘေးမှာ တန်းစီထားတဲ့ ကွန်ပျူတာတွေရှိတယ်၊ အဲ့ဒီမှာ ကောင်လေးတစ်ယောက် ရှိတယ်။

သူက နှစ်ရက်ဆက်တိုက် အိပ်နေသလိုပဲ၊ ကျွန်တော် သူ့ လှုပ်ရှားတာကို တစ်ခါမှ မတွေ့ရဘူး!"

All Chapters