← Chapters

အခန်း (၃၀၆)

Vol. 22 Ch. 306

အခန်း (၃၀၆)

Vol. 22 Ch. 306

ဒါကိုကြားလိုက်ရတဲ့အခါ ကျန်းရီက ခဏတစ်ဖြုတ် ရပ်သွားလို​က်ပြီး ချက်ချင်းဘဲ မစ္စတာယန်းဆီကို ဗီဒီယိုခေါ်ဆိုမှုတစ်ခု ပို့လိုက်တယ်။

မစ္စတာယန်းက ဗီဒီယိုကို လက်ခံလိုက်ပြီး မျှော်လင့်မထားတဲ့ပုံနဲ့ မေးလိုက်တယ်- "စတွင်မာ၊ ဘာဖြစ်လို့လဲ"

"မစ္စတာယန်း၊ ခုနက မင်းပြောတဲ့ အင်တာနက် ကဖေးဆိုင်ထဲက လူငယ်တစ်ယောက် နှစ်ရက်တိတိ မလှုပ်ပဲနဲ့ အိပ်နေတယ်ဆိုတာ ဟုတ်တယ်မလား"

"ဟုတ်ပါတယ်"

"ဒါဆို သူ့မှာ ဘာများ တစ်ခုခု ဖြစ်နေတာလည်း ဆိုတာကို မင်းမစဉ်းစားမိဘူးလား"

မစ္စတာယန်းဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု အရမ်းများနေတာလား၊ ဒါမှမဟုတ် တစ်ခြား အကြောင်းတွေ ရှိလားဆိုတာ မသိရပေမယ့်၊ သူဟာ အဆိုးဘက်ကို လုံးဝမတွေးမိခဲ့ဘူး။ ဒါပေမယ့် အခုအချိန်မှာ ကျန်းရီက သတိပေးလိုက်တဲ့အခါ "သူဟာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာသလို ချက်ချင်းဘဲ ခံစားလိုက်ရတယ်"

"သူ...သူ သေသွားတာလား"

ကျန်းရီက ခေါင်းညိတ်ပြလိုက်တာနဲ့ မစ္စတာယန်းက ချက်ချင်းဘဲ သူ့ဖုန်းရဲ့ ဗီဒီယိုကင်မရာကို ဘေးဘက်ကို လှည့်လိုက်တယ်။

သေချာတာပေါ့၊ မစ္စတာယန်းရဲ့ မျက်နှာချင်းဆိုင်က ကွန်ပျူတာတစ်လုံးရှေ့မှာ စားပွဲပေါ်မှာ လဲလျောင်းနေတဲ့ လူတစ်ယောက်ရှိနေတယ်။

"မစ္စတာယန်း၊ သွားပြီး သူ့အခြေအနေကို စစ်ဆေးကြည့်စမ်းပါ။ သူ့မှာ တစ်ခုခု ဖြစ်နေရင် ချက်ချင်းဘဲ ရဲကိုခေါ်လိုက်ပါ "

ကျန်းရီက ရှင်းပြလိုက်တာနဲ့ လောင်ယန်းက ခေါင်းညိတ်လိုက်ပြီး ကွန်ပျူတာဆီကို လျှောက်သွားလိုက်တယ်။

လူငယ်ရဲ့ ဘေးနားကို ရောက်တဲ့အခါ လောင်ယန်းက အကြိမ် အနည်းငယ် ခေါ်ကြည့်လိုက်တယ်။ တုံ့ပြန်မှု မရှိတာက်ု တွေ့တဲ့အခါ လက်နဲ့ ထိ​ကြည့်လိုက်တယ်။

အားအနည်းငယ် သုံးလိုက်ရုံနဲ့ ထိုလူဟာ လှဲကျသွားခဲ့တယ်။ ဒါကိုမြင်တော့ လောင်ယန်းရဲ့ မျက်နှာအမူအရာဟာ ချက်ချင်းဘဲ ပြောင်းသွားခဲ့တယ်။

"မစ္စတာယန်း၊ ရဲကိုခေါ်လိုက်ပါ"

လောင်ယန်းက ဖုန်းကို အမြန်ထုတ်ပြီး ရဲကိုခေါ်လိုက်တယ်၊ မကြာခင်မှာဘဲ ရဲတွေ ရောက်လာခဲ့တယ်။

ရဲတွေက အမြန်ရောက်လာပြီး လောင်ယန်းကို ရဲစခန်းကို လိုက်လာပြီး ထွက်ဆိုခိုင်းတော့မဲ့ အချိန်မှာ ကျန်းရီက ပြောလိုက်တယ်- "ရဲအရာရှိတို့၊ မစ္စတာယန်းက ခုချိန် ခင်ဗျားတို့နဲ့အတူ လိုက်လို့မရနိုင်သေးဘူး"

ရဲအရာရှိက ကြည့်လိုက်တော့ ကျန်းရီဖြစ်နေတာကို သိတဲ့အခါ မျက်နှာအမူအရာ ပြောင်းသွားတယ်- "ဆရာကျန်းရီပါလား…"

"ချန်းကျန်း မြို့သားတစ်ယောက်ဟာ ဆရာ့ ဆီက အကူအညီတောင်းဖြစ်လိမ့်မယ်လို့ မထင်ထားမိဘူးဗျ"

"ဒါဆိုရင်တော့ ဆရာကျန်းရီပြောတဲ့အတိုင်း လုပ်လိုက်ကြရအောင်။ ကျွန်တော်တို့ ခင်ဗျားတို့ ကိစ္စပြီးအောင် စောင့်မယ်လေ၊ ပြီးမှပဲ သူ့ကိုလာရှာတော့မယ်"

ကျန်းရီက ပြုံးပြီး ခေါင်းညိတ်လိုက်တယ်- "ရဲအရာရှိ ကျေးဇူးပါ"

လောင်ယန်းဟာ ခေတ္တခဏ ထွက်သွားခဲ့ပြီး ဇနီးနဲ့ကလေးကို ခေါ်လာခဲ့တယ်။

အသက်က အလယ်နားနီးပါး ရောက်နေပြီ ဖြစ်ပေမယ့် ဇနီးနဲ့သမီးကို ခေါ်ပြီး အင်တာနက်ကဖေးဆိုင်ထဲမှာ ညအိပ် နေခဲ့ရတာကြောင့် လောင်ယန်းရဲ့ အခြေအနေက စိတ်မကောင်းစရာ ကောင်းနေတယ်လို့ ဆိုရမယ်။

ဒါပေမယ့် သူဟာ ဒီလိုအခြေအနေမျိုးကြောင့် လာရတာ ဖြစ်တယ်၊ ဒါကြောင့် လောင်ယန်းကို ဘယ်သူကမှ လူညံ့တစ်ယောက်လို့ မထင်မိခဲ့ကြဘူး။

ဒါပေမယ့် ကျန်းရီဟာ အဲဒီအချိန်မှာ လောင်ယန်းရဲ့ ရင်ခွင်ထဲက သမီးလေးကို ကြည့်ရင်းနဲ့ ညှင်သာစွာ မေးလိုက်တယ်- "ညီမလေး... အမှောင်ကို ကြောက်လား"

ကျန်းရီရဲ့ ရုတ်တရက်မေးခွန်းကို ကြားတဲ့အခါ လောင်ယန်နဲ့ သူ့ဇနီး ခဏတစ်ဖြုတ် ကြောင်သွားခဲ့တယ်။

အစပိုင်းမှာ လောင်ယန်းက နည်းနည်း သံသယရှိနေသေးတယ်၊ ကျန်းရီဟာ သူ့ပြဿနာကို ဖြေရှင်းပေးနိုင်မယ်လို့ သေချာမှု မရှိခဲ့ဘူး။

ဒါပေမယ့် ရဲတွေက ကျန်းရီရဲ့ တောင်းဆိုမှုကို လုံးဝမငြင်းဆန်တာကို မြင်တဲ့အခါမှာတော့ သူဟာ ကျန်းရီဆိုတာ သိပ်ကိုအစွမ်းထက်တဲ့ သူတစ်ယောက်ဖြစ်နိုင်တယ်လို့ နောက်ဆုံးမှာ ခံစားလိုက်ရတယ်။

ဒီအချိန်မှာတော့ သူရပ်လိုက်ပြီး သူ့သမီးကို ကြည့်လိုက်တယ်၊ သမီးကလည်း ကျန်းရီကို စူးစိုက်ပြီး ကြည့်နေခဲ့တယ်။

နှစ်ရက်တိတိ အင်တာနက်ကဖေးဆိုင်ထဲမှာ နေထိုင်ရတဲ့အတွက် ကလေးမလေးရဲ့ မျက်နှာဟာ သိပ်ကိုမလန်းဆန်းတာကို တွေ့ရတယ်။

ဒါပေမယ့် သူ့သမီးနဲ့ ကျန်းရီ မျက်နှာချင်းဆိုင် ကြည့်မိတဲ့ အခိုက်အတန့်မှာတော့ လောင်ယန်းမှာ ထင်ယောင်ထင်မှားတစ်ခု ဖြစ်သွားသလိုပါဘဲ၊ သူ့သမီးရဲ့ မျက်နှာပေါ်က မှိုင်းနေတဲ့အနေအထားဟာ ပြေလျော့သွားသလို ရှိပြီး စိတ်ဓာတ် တက်ကြွမှုတွေနဲ့ ပြည့်နှက်နေသလို ရှိလာခဲ့တယ်။

"သမီး...အမှောင်ကို မကြောက်ဘူး"

"ဒါဆို အစ်ကိုကြီးကို ပြောပြစမ်း၊ ညီမလေး တစ်ယောက်ယောက်ကို မြင်ဖူးလား"

ကျန်းရီက ထပ်ပြီး ပြုံးရင်းနဲ့မေးလိုက်တယ်။

လောင်ယန်းရဲ့ ငါးနှစ်အရွယ်သမီးလေးက ကျန်းရီဆီကို ခေါင်းခါရင်း ပြောလိုက်တယ်- "အစ်ကိုကြီး သမီး သူ့ကိုမမြင်ဖူးဘူး၊ ဒါပေမယ့် သမီး ခံစားမိတယ်"

"အိမ်ထဲမှာ တစ်ယောက်ယောက်ရှိနေတယ်"

"သူက သမီးနဲ့ လာဆော့တယ်၊ ဒါပေမယ့် သမီး သူ့ကိုမမြင်ရဘူး၊ သူကတော့ သမီးကို မြင်ရမယ်ထင်တယ်"

"ဘာကြောင့်လဲမသိ၊ သမီးက သူနဲ့ ဆက်သွယ်မှု ရှိနေသလိုခံစားရတယ်၊ သူလာတဲ့အခါ သမီး အရမ်း ပျော်တယ်၊ ပြီးတော့ သူလာတဲ့အခါ သမီးရဲ့ အမေနဲ့ အဖေက ပေးမဆော့ဘူး အရမ်း စိတ်တိုတယ်"

"သမီး အဖေတို့နဲ့ မနေချင်တော့ဘူး၊ သူနဲ့ တိတ်တိတ်လေးရှိနေချင်တယ်"

လောင်ယန်းသမီးပြောတာကို ကြားတဲ့အခါ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိသတ်တွေမှာ ရုတ်တရက် အတွေးစိတ်ကူး တစ်ခုဝင်လာခဲ့တယ်။

ကြည့်ရှု့သူ A-"ဒီညီမလေးက သူ့ဘဝအရင်က ဆက်စပ်နေတဲ့သူနဲ့ တွေ့မိတာလား? အရင်က ဖြစ်ရပ်လိုပဲ၊ လောင်လင်းရဲ့သား လင်းကွမ်နဲ့ အတူတူပဲ၊ လင်းကွမ်မှာ ဖြစ်ပျက်သမျှ အကုန်လုံးက အရင်ဘဝက ချစ်သူဆီကနေပဲ လာတာ"

ကြည့်ရှု့သူ B-"ဟုတ်တယ်၊ မင်းမပြောရင် ငါလည်း မှတ်မိမှာ မဟုတ်ဘူး၊ သူတို့နှစ်ယောက် ကြားမှာ တူညီမှုတွေ ရှိနေတယ်လို့ခံစားရတယ်"

ဒါပေမယ့် ပရိသတ်တွေရဲ့ မှတ်ချက်တွေကို ကြည့်ပြီးတော့ ကျန်းရီက ဒီတစ်ခါတော့ တိုက်ရိုက်ဟုတ်တယ်လို့ မပြောတော့ဘဲ နည်းနည်း မျက်ခုံးကျုံ့လိုက်ပြီး ပြောလိုက်တယ်- "ဒါက လင်းကွမ်လိုမျိုးလား ဆိုတာတော့ ငါမသေချာသေးဘူး၊ သမီးလေးကိုယ်တိုင် ပြောပြဖို့ လိုနေသေးတယ်၊ သမီးလေး... အခု အစ်ကိုမေးတာကို ဖြေပေးပါ၊ ရတယ်မလား"

လောင်ယန်းသမီးက နာခံစွာနဲ့ ခေါင်းညှိတ်လိုက်တယ်၊ ကျန်းရီက သူ့ကို နူးညံ့စွာ ပြုံးပြလိုက်တယ်- "ကောင်းပြီ၊ အစ်ကိုက ပထမဆုံး မေးခွန်းကို စမေးမယ်၊ သမီး ညတိုင်း အဲဒီလိုခံစားရတဲ့အခါ သူက မကြာခဏ ညီမတို့အိမ်ရဲ့ ဘယ်နေရာတွေမှာ ပေါ်လာတတ်လဲ"

"သူက သမီးရဲ့ အရုပ်တွေထားတဲ့ နေရာတိုင်းမှာ ရှိနေသလို ခံစားရတယ်၊ အိုး... တစ်ခါတုန်းက သမီးအခန်းထဲမှာ ရှိနေသလို ခံစားရတယ်၊ အခန်းထဲမှာ အမှောင်ကျနေပြီး ဘာမှမမြင်ရဘူး"

"ဒါပေမယ့် သမီးရဲ့မျက်လုံးတွေက သူဟာ သမီးရဲ့ အဝတ်ဘီရိုရှေ့မှာ ရပ်နေသလို ခံစားရတယ်၊ သမီး အဝတ်လဲရလွယ်အောင် အမေက သမီးကို အဝတ်ဘီရို အသေးလေးတစ်ခု လုပ်ပေးထားတယ်၊ အဲဒီအချိန် သမီးအိပ်နေတုန်း၊ ဝိုးတိုးဝါးတားနဲ့ အဝတ်ဘီရိုဖွင့်သံကို ကြားလိုက်ရတယ်၊ ဒါကြောင့် သမီး မျက်လုံးဖွင့်လိုက်တယ်"

"ဒါပေမယ့် သမီးမျက်လုံးဖွင့်လိုက်တာနဲ့ အဝတ်ဘီရိုရှေ့မှာ အလင်းစုလေးတစ်စုကို တွေ့လိုက်ရတယ်"

"အဲဒီအလင်းက အစိမ်းရောင်လိုလို၊ စိမ်းပြာရောင်လိုလို ဖြစ်နေတယ်"

"ဘယ်လိုပဲဖြစ်ဖြစ်၊ အဲဒီအလင်းစုလေးကို ကြည့်လိုက်တဲ့အခါ သမီး အရမ်းကြောက်သွားတယ်"

"ဒါပေမယ့် မကြာခင်မှာဘဲ သူက သမီးကို စိတ်သက်သာရာရစေပြီး သူ့ကို မကြောက်ဖို့ ပြောတယ်၊ ပြီးတော့ သူက သမီးကို သီချင်းဆိုဖို့ သင်ပေးတယ်"

"သီချင်းက ဂီတသေတ္တာထဲက သံစဉ် အတိုင်းပဲ၊ သမီး ဆိုလိုက်တယ်၊ ဒါပေမယ့် သမီး စဆိုလိုက်တာနဲ့ အမေနဲ့ အဖေတို့က ဘာမှမကြားရတော့ဘူး"

"သူက သမီးနဲ့ဆော့ဖို့ ညတိုင်းလိုလို လာတယ်၊ သမီးက ဂီတေသတ္တာကို ကိုင်ထားရင် သူက သမီးအိပ်ရာဘေးမှာ ဒါမှမဟုတ် တံခါးနားမှာ ရပ်နေသလို ခံစားရတယ်၊ အစ်ကိုကြီး...သူက ဆိုးတဲ့သူ မဟုတ်ပါဘူး"

"သူက သမီးကို ဘယ်တော့မှ ထိခိုက်အောင် မလုပ်ဘူး"

ကလေးမလေးရဲ့ ကမ္ဘာကြီးဟာ ဖြူစင်ပြီးတော့ အမှောင်တွေ မရှိတဲ့ကမ္ဘာပါ၊ လောင်ယန်းအတွက် ဒီကလေးမလေးကို ရဖို့ မလွယ်ကူတဲ့အတွက် သူက အရမ်းကို ဂရုတစိုက်နဲ့ ထားတယ်။

ဒီလိုကလေးမျိုးတွေရဲ့ အတွင်းစိတ်ဟာ ဘဝရဲ့ အတက်အကျတွေကို ခံစားရဖူးတဲ့ ကလေးတွေထက် ပိုပြီးရိုးသားမှုရှိတယ်။

သူမရဲ့ ဇာတ်လမ်းကို နားထောင်ပြီးတဲ့အခါ ကျန်းရီက ဆက်ပြီး ပြုံးနေရင်းနဲ့ မေးတယ်- "ဒါဆို သူပေါ်လာတဲ့အချိန်ကနေ ပျောက်သွားတဲ့အချိန်အထိ သမီး တစ်ခါတလေ ကြောက်ဖူးလား"

"ဟုတ်တယ်၊ တစ်ညတော့ သမီး တကယ်ကို ကြောက်သွားတယ်"

"အဲဒီညက အမေက သမီးကို ဧည့်ခန်းထဲမှာ ချီပြီး အိပ်ခိုင်းတယ်"

"သမီးက ဂီတသေတ္တာကို ကိုင်ထားချင်တယ်၊ ဒါပေမယ့် အမေက သမီးကို လျှို့ဝှက်ပြီး အိပ်ပျော်အောင် ချော့သိပ်ခဲ့တယ်"

"နောက်ပိုင်းမှာ အမေက တစ်ခုခုကို ကြားရသလို ဧည့်ခန်းထဲကို ပြေးဝင်သွားတယ်၊ သမီးကို တစ်ယောက်တည်း အခန်းထဲမှာ ချန်ထားခဲ့တယ်"

"အဲဒီအချိန်က တံခါးမပိတ်ရသေးဘူး၊ သမီး မျက်လုံးဖွင့်လိုက်တော့ တံခါးနားမှာ တစ်ယောက်ယောက်ရပ်နေတာကိုတွေ့လိုက်ရတယ်"

"သူက အမေမဟုတ်ဘူး..."

"သူ့ဆံပင်တွေက အရမ်းရှည်တယ်! သမီး အမေ့ကို ခေါ်ဖို့လုပ်တုန်း၊ သူက သမီးရှေ့ကို ချက်ချင်းရောက်လာပြီး လက်နဲ့ သမီးလည်ပင်းကို ညှစ်လိုက်တယ်...!"

All Chapters