နယ်ကျော်လာတဲ့ သရဲ
Vol. 22 Ch. 308
"ကျွန်တော်အစက နည်းနည်းမူးနေတာပေါ့၊ ဒါပေမယ့် ကလေးမလေးကိုမြင်တဲ့အခါ ရုတ်တရက် ကွန်တော် မူးနေတာတောင် ပြေသွားတယ်။
သူမက ရေထဲက အခုမှထွက်လာသလို ထိုင်နေတယ်၊ အဖြူရောင် ဝတ်စုံကို ဝတ်ထားတယ်။၊ ဒါပေမယ့် တော်တော် ချိနဲ့နေတယ်။
ငါသူမကို မြင်နိုင်တာကို သတိထားမိတဲ့အခါ သူမချက်ချင်း မျက်နှာကိုဖုံးလိုက်တယ်။ ဒါပေမယ့် ငါမြင်ပြီးသွားခဲ့ပြီ။
အဲ့ဒီမျက်နှာက တကယ်ကို ကြောက်စရာကောင်းတယ်။
မျက်နှာရဲ့ အစိတ်အပိုင်းအားလုံးကို အတူတူ စုပုံထားသလိုမျိုးပဲ"
"တကယ်ပါ၊ ဒီလိုရုပ်ဆိုးတဲ့သူကို ငါမမြင်ဖူးဘူး။ ဒါပေမယ့် သူမက ကလေးမလေး တစ်ယောက်ပဲမဟုတ်လား။ အဲ့ဒီအချိန်က ငါမတုံ့ပြန်ခဲ့မိဘူး၊ ဒါကြောင့် ငါသူမကို "ကလေးမ၊ မင်းတစ်ယောက်တည်း ဘာလို့ ဒီလှေကားထစ်ပေါ်မှာထိုင်နေတာလဲ၊ မင်းရဲ့မိသားစုကဘယ်မှာလဲ? လို့ မေးလိုက်သည်"
"သူမက ငါ့ကို လျစ်လျူရှုခဲ့တယ်၊ ပြီးတော့ ဝမ်းနည်းစွာနဲ့ ငိုနေတယ်။
ငါသူမကို ဘယ်အိမ်မှာနေတယ်ဆိုတာ မေးပြီး သူမကိုအိမ်ပြန်ပို့ဖို့ စဉ်းစားခဲ့တယ်။
ဒါပေမယ့်သူမက ငါ့ကိုလျစ်လျူရှုနေတုန်းပဲ၊ ဒါကြောင့်ငါ ကိုယ့်ဟာကိုယ် အောက်ဆင်းဖို့ ဆုံးဖြတ်လိုက်တယ်၊ ဒီလိုမှမဟုတ်ရင် ငါ့မှာ အိပ်စရာနေရာရှိမှာတောင် မဟုတ်ဘူး။
ဒါပေမယ့်ငါ အောက်ထပ်ကိုရောက်တော့ ငါချက်ချင်း သတိဝင်လာခဲ့တယ်"
"ငါရေနစ်ပြီး သေဆုံးသူတွေကို မြင်ဖူးတယ်။ ရေနစ်ပြီးပြီးချင်း ဆယ်တင်ခဲ့တာ မဟုတ်ရင် အကြာကြီးနေမှ ဆယ်တင်လိုက်တဲ့အခါ အဲဒီလို ပုံစံမျိုးဖြစ်သွားတယ်။ သူတို့က လုံးဝမမှတ်မိလောက်အောင် ပွနေမယ်။ ပြီးတော့ သူမ တစ်ကိုယ်လုံးက စိုနေတယ်။
ငါစဉ်းစားမိလိုက်တယ် ဒီကလေးမလေးက ရေသရဲ များလားပေါ့။ အဲဒီတုန်းက ငါအရမ်းကြောက်သွားတယ်၊ ဒါပေမယ့်ငါ မနေနိုင်ဘဲ ပြန်သွားပြီး သေချာအောင် အတည်ပြုချင်လာခဲ့တယ်။
အပေါ်ကို ပြန်တက်သွားလိုက်တယ်၊ သူမက အဲဒီမှာရှိနေတုန်းပဲ။ သူမ ငိုနေတယ်။
ငါသူမကို အိမ်ပြန်ပို့ပေးစေချင်လားလို့ မေးခဲ့တယ်၊ ဒါပေမယ့် ငါသူမကို ငါ့ဖုန်းမီးအလင်းနဲ့ ကြည့်လိုက်တဲ့အခါ သူမမှာ အရိပ်ရှိမနေဘူး"
"ဘုရားရေ၊ ငါ လူသေကို မြင်ဖူးတယ်၊ ဒါပေမယ့် သရဲကိုတော့ တစ်ခါမှမမြင်ဖူးဘူး။ သူမ ငါ့အပြုအမူကို သတိထားမိလိုက်သလိုပဲ၊ ဒါကြောင့်ခေါင်းမော့ပြီးငါ့ကိုကြည့်လိုက်တယ်။
သူမရဲ့ မျက်လုံးတွေထဲကနေ ငါ မြင်လိုက်ရတာတွေက အများကြီးပဲ။
ထိတ်လန့်နေပုံ၊ စိုးရိမ်နေပုံ ပြီးတော့ ငါ့ကို ခြိမ်းခြောက်ချင်နေပုံတောင် ရတယ်။
ငါရှုပ်ထွေးသွားပြီး ဘာလုပ်ရမှန်း မသိတော့ဘူး။
ငါအဆောက်အဦးကနေ ထွက်ပြေးသွားပြီး တစ်ယောက်ယောက်ကို တွေ့လိုက်တယ်။
ငါဘာလုပ်နေမိမှန်းမသိဘူး၊ ဒါပေမယ့် စားစရာ နည်းနည်း မှာလိုက်တယ်၊ အရက် နည်းနည်းပါ ထပ်မှာလိုက်တယ်။
ဒါပေမယ့် တကယ်တော့ ငါဘာမှ ထပ်မသောက်နိုင်တော့ဘူး။
ငါ့ဇနီးက အိမ်မှာမီးပျက်သွားတယ်လို့ ဆိုပြီး ငါ့ကိုခေါ်ခဲ့တယ်"
"ဟားဟား၊ ငါအရမ်းကြောက်နေတယ်။
သူမသာ တံခါးအပြင်ဘက်မှာ ငါ့ကို မပိတ်ထားခဲ့ရင် ငါဘယ်လိုလုပ် ဒီကလေးကြောင့် ကြောက်လို့ သေနိုင်မှာလဲ။ အခုမီးပျက်သွားပြီ၊ သူကငါ့ကို အခုမှ အိမ်ပြန်လာစေချင်တယ်။
မဖြစ်နိုင်ဘူး...... ငါပြန်မသွားတော့ဘူး၊ နောက်ထပ် အဲ့ဒီ ဆယ့်နှစ်ထပ်ကို ပြန်တက်တော့မှာ မဟုတ်ဘူး။
ငါက သူမရဲ့ ယောကျာ်းဖြစ်ပြီး သူမရဲ့ လူဖြစ်တယ်၊ သူမရဲ့ ခွေးမဟုတ်ဘူး။ ဘာလို့ ငါက သွားဆိုရင်သွား၊ ပြန်လာလို့ ပြောရင် ပြန်လာရမှာလဲ"
ဗီဒီယိုရဲ့ အခြားဘက်ကလူက ထပ်ပြီး မူးနေသလို ပြောနေခဲ့တယ်။
ကျန်းရီက သူ့ကို ကြည့်ပြီး-"ဒါဆို မင်းအဆောက်အဦးက ထွက်သွားတဲ့အခါ သူမကိုမြင်ခဲ့ရသေးလား" လို့မေးလိုက်တယ်။
"မဟုတ်ဘူး၊ ငါထွက်လာကတည်းက အဲ့ဒီကလေးမလေးအကြောင်းတွေးနေတာ။ နောက်ပိုင်းမှာ မကောင်းဆိုးဝါး ဝိညာဥ်တွေကို နှင်ထုတ်တဲ့နည်းတွေ ရှိမရှိ အင်တာနက်ပေါ်မှာ ရှာဖွေခဲ့တယ်။ မျှော်လင့်မထားဘဲ မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲကို ရောက်လာခဲ့တယ်၊ မင်းဒီကိစ္စကို အခု ကိုင်တွယ်ဖြေရှင်းနေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး"
"အိုကေ၊ ခင်ဗျားပေးတဲ့ သတင်းအချက်အလက်တွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ညီအစ်ကို၊ မင်းဒုတိယအကြိမ် ပြန်သွားတဲ့အခါ ကလေးမလေးက လှေကားထစ်မှာ ရှိနေသေးတယ်မလား"
"ဟုတ်ကဲ့"
"ဒါဆိုမင်းရဲ့ဇနီးက အိမ်မှာ... "
“ဟ f**k... ဒီမိန်းမက ငါ့ရှေ့မှာသာ စိတ်ဆိုးပြနေပေမယ့် တကယ်တော့ သူမက ပျော့ညံ့တဲ့သူပဲ။ ငါကြက်တစ်ကောင်ကို သတ်ခိုင်းတုန်းကတောင် သူမတစ်ချိန်လုံး အော်နေခဲ့တယ်။ မဟုတ်ဘူး ငါပြန်သွားရမယ်။ ဒီလိုမှမဟုတ်ရင် သူမကြောက်လို့ သေသွားလိမ့်မယ်"
"အမြန်သွားပါ”
ကျန်းရီကလည်း ခေါင်းညိတ်ပြီး ထောက်ခံလိုက်တယ်။
ဒီလူက အခုခေတ်ရဲ့ လူတစ်ယောက်နဲ့ တော်တော်လေး တူတယ်။ သူဘယ်လောက် မိန်းမ မကောင်းဘူး ပြောနေတယ်ဆိုတာကို မကြည့်နဲ့၊ တကယ်တော့ သူ့ရဲ့ဇနီးက သူ့ရဲ့စိတ်ထဲမှာ အရမ်းအရေးကြီးတယ်။
အခြားဘက်က ဗီဒီယိုပိတ်သွားတာကို စောင့်ပြီး ကျန်းရီရဲ့မျက်လုံးက မစ္စတာယန်းတို့ဆီ ပြန်ရောက်သွားတယ်- "မစ္စတာယန်း၊ ကြားလိုက်ရတယ်မလား။ ကလေးတစ္ဆေက မင်းရဲ့ အထပ်မှာ ရှိနေသေးတယ်၊ ဒါပေမယ့် သူမမှာ စွမ်းရည်အနည်းငယ် ရှိပုံရတယ်။
ဒီတစ်ချိန်လုံး သူမက မင်းကို မြင်ခွင့်မပေးခဲ့ဘူး၊ ဒါပေမယ့် မင်းအိမ်မှာမရှိတဲ့အခါ သူမမင်းကို ရှာမတွေ့နိုင်တော့ဘူးလို့ ထင်ရတယ်”
"ဟုတ်တယ်၊ ဒီလိုပဲ ဖြစ်မယ်။ ဒါဆို စတွင်မာ၊ အခုငါတို့ သူမကို ဖြေရှင်းဖို့ နည်းလမ်းရှိလား။ ဒီလိုမှ မဟုတ်ရင် သူမဆက်ပြီး နှောက်ယှက်နေမယ်ဆိုရင် ငါတို့မိသားစု ဆက်ရှင်သန်နိုင်မှာမဟုတ်တော့ဘူး"
လောင်ပန်းက တောင်းပန်လိုက်တော့ ကျန်းရီက ခေါင်းညိတ်လိုက်တယ်- "ကောင်းပြီ၊ သူမက လမ်းမှာ မကြာသေးခင်က ရှိနေသေးတော့ အခုမင်းအိမ်ပြန်လို့ရပြီ"
"အမ်? အိမ်ပြန်ရမယ်"
"ဟုတ်တယ်၊ စိတ်ချလက်ချပြန်သွားပါ၊ ငါနဲ့အတူ တစ်ချိန်လုံး ဗီဒီယိုခေါ်ဆိုမှုကိုသာ ချိတ်ထားလိုက်ပါ”
ကျန်းရီက ရယ်ရင်း ပြောလိုက်တယ်။ လောင်ယန်းက ခဏလောက် တုံ့ဆိုင်းနေခဲ့ပေမယ့် နောက်ဆုံးမှာ ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့ ဇနီးနဲ့ကလေးတွေနဲ့ အတူ ကားမောင်းပြန်သွားခဲ့တယ်။
အဆောက်အဦးကို ပြန်ရောက်တဲ့အခါ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေက အဆောက်အဦးရဲ့ မီးစနစ်ကိုပြင်ဆင်ဖို့ရောက်လာတာကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်။
လောင်ယန်းက အောက်ထပ်မှာရပ်နေပြီး ကျန်းရီကို- "စတွင်မာ၊ အခုဘာလုပ်ရမလဲ" လို့မေးလိုက်တယ်။
"မင်းလူအုပ်ကို ပတ်ပြီး လှေကားကနေ တက်လိုက်။ ကံကောင်းရင် လှေကားမှာ သူမနဲ့တွေ့နိုင်မယ်။ လှေကားမှာ သူမနဲ့တွေ့ရင် မကြောက်နဲ့။ ငါသူမနဲ့စကားပြောမယ်"
ကျန်းရီက လောင်ယန်းရဲ့ မိသားစုကို နှစ်သိမ့်ပေးလိုက်ပြီး သူ့သမီးကို သယ်ပြီး အပေါ်ထပ်ကို တက်သွားခဲ့တယ်။
ဒီလိုပူပြင်းတဲ့ နေ့မှာ လူတစ်ယောက်ကို သယ်ပြီး အပေါ်ထပ်တက်တာက မလွယ်ကူပါဘူး။
လောင်ယန်းက တက်နေရင်း အသက်ရှူမဝ ဖြစ်လာပေမယ့် ရပ်မသွားခဲ့ဘူး၊ ဒါပေမယ့် ဆယ့်နှစ်ထပ်အထိ လှေကားထစ်ပေါ်မှာ ကလေးကို မမြင်ခဲ့ရဘူး။
"မင်းအိမ်ကိုသွားကြည့်လိုက်။ မင်းအိမ်နီးချင်း ခုနက ပြောတာက တကယ်ဖြစ်သင့်တယ်။ မင်းအိမ်က ထွက်သွားတဲ့ နှစ်ရက်ကြာတဲ့အထိ သူမဒီရပ်ကွက်ကနေ မထွက်သွားသေးဘူး။ ဒါက သူမ တစ်ခုခုကိုစောင့်နေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်"
ကျန်းရီက ပြောပြီးတော့ လောင်ယန်းက သော့ကို ထုတ်ပြီးတံခါးဖွင့်လိုက်တယ်။
အိမ်က တိတ်ဆိတ် ငြိမ်သက်နေတယ်။ မီးဖွင့်လိုက်တဲ့အခါ လောင်ယန်းက သူနဲ့သူ့ဇနီးရဲ့ အိပ်ခန်းတံခါးက ပွင့်နေတာကို ချက်ချင်းမြင်လိုက်ရတယ်။
သူကကျန်းရီကို ကြည့်လိုက်ပြီး ကျန်းရီ ခေါင်းညိတ်ပြတာကိုမြင်တဲ့အခါ သူ့သမီးကို ချလိုက်ပြီး တံခါးဆီကို လျှောက်သွားလိုက်တယ်။
တံခါးက ပွင့်နေပေမယ့် အတွင်းဘက်က အမှောင်ကျနေတုန်းပဲ။
ဒါပေမယ့် မီးဖွင့်လိုက်တဲ့အခါ လောင်ယန်းရဲ့ မျက်လုံးတွေ ချက်ချင်းပြူးသွားခဲ့တယ်။
အိပ်ရာပေါ်မှာ ပုံရိပ်တစ်ခုရှိနေတယ်။ သူမက ခေါင်းကို ဒူးကြားညှပ်ထိုင်ပြီး အိပ်ရာပေါ်မှာ တုန်ယင်နေတယ်။
လောင်ယန်း ပြန်ရောက်လာပြီဆိုတာ သူမ သိတယ်ထက်တယ်၊ သူမက လှည့်ကြည့်ဖို့ အရမ်းကို ကြိုးစားနေတယ်၊ ဒါပေမယ့် သူမအတွက် လှုပ်ရှားဖို့အရမ်းခက်ခဲနေတယ်။
"မင်းဘယ်သူလဲ၊ မင်းဘာလို့ ငါ့အိမ်ထဲမှာ ရှိနေတာလဲ၊ ဘာလို့ ငါတို့မိသားစုကို နှောက်ယှက်နေတာလဲ!"
လောင်ယန်းက ကြောက်လန့်တကြား အော်လိုက်တယ်။
သေးငယ်တဲ့ ခန္ဓာကိုယ်က ဆက်ပြီးတော့ ခက်ခက်ခဲခဲ လှည့်နေပေမယ့် ကျန်းရီက မယုံနိုင်စွာနဲ့ ပြောလိုက်တယ် - "မင်း၊ မင်း နယ်ကိုကျော်ပြီး ရောက်လာတာပဲ!"