← Chapters

အဖေ…

Vol. 22 Ch. 309

အဖေ…

Vol. 22 Ch. 309

"မင်း တကယ်ပဲ နယ်ကျော်ပြီး ဒီကို ရောက်လာတာပဲ"

ကျန်းရီဟာ ဘယ်သရဲနဲ့ပဲ တွေ့တွေ့ အများဆုံး ပြောလေ့ရှိတဲ့စကားက သရဲတွေက နယ် ကျော်လို့ မရဘူး ဆိုတာပါဘဲ။

တစ်နေရာရာမှာ သေဆုံးသွားတဲ့ တစ္ဆေဟာ ထိုနေရာက ငရဲရဲ့ အုပ်စိုးမှုအောက်မှာ ကျရောက်သွားတတ်ပါတယ်။

ထိုသူက အဲ့ဒီဒေသခံ ဟုတ်မဟုတ် မဆိုထားနှင့်၊ ဒီမှာသေဆုံးခဲ့ရင်၊ သူ့ဘဝကို ဒီမှာပဲ အဆုံးသတ်လိုက်ရတာဖြစ်ပါတယ်။

တစ္ဆေတွေမှာ နယ်နိမိတ် ကျော်လွန်ဖို့ စွမ်းရည်ဆိုတာ မရှိသလောက်ပါဘဲ၊ ဒါပေမယ့် ကျန်းရီက အိပ်ရာပေါ်မှာ ရှိနေတဲ့ ကလေးငယ်ကို ကြည့်ပြီး သူမဟာ ချန်ကျန်းမြို့ရဲ့ တစ္ဆေတွေထဲက တစ်ကောင် မဟုတ်ဘူးဆိုတာ သေချာနေပါတယ်။

လောင်ယန်းက ကျန်းရီရဲ့စကားကို နားမထောင်ပါဘူး။ ကြီးမားလွန်းတဲ့ ကြောက်ရွံ့မှုတွေအောက်မှာ ပေါက်ကွဲ ထွက်လာတာကတော့ ဖိစီးမှုတွေကို ဆန့်ကျင်တဲ့ စိတ်ဓာတ်ပါဘဲ။

သူဟာအခန်းထဲကို ဝင်ရောက်လာခဲ့ပြီး၊ ဘာမှမကြောက်သလိုနဲ့ ကြမ်းပြင်ပေါ်က ခုံတစ်လုံးကို ကောက်ကိုင်ပြီး ကလေးငယ်ဆီသို့ ပစ်ပေါက်ဖို့ ပြင်ဆင်နေခဲ့တယ်။

ကျန်းရီက လောင်ယန်းကိုတားဆီးဖို့ ပြင်တော့မယ့်အချိန်၊ ရုတ်တရက် အိပ်ရာပေါ်က ကလေးငယ်က ခေါင်းလှည့်လာခဲ့ပါတယ်။ သူမရဲ့မျက်နှာဟာ ရောင်ရမ်းနေတဲ့ ပုံစံကနေ ပျောက်ကွယ်သွားပြီး၊ ပိုမို လှလာခဲ့တယ်။

"အဖေ...!"

ကလေးငယ်ရဲ့ အော်သံဟာ ခုံကို မြှောက်ထားပြီးသား လောင်ယန်းကို ချက်ချင်းဘဲ ရပ်တန့်သွားစေခဲ့တယ်။

လောင်ယန်းရဲ့ဇနီးရင်ခွင်ထဲမှာ ရှိနေတဲ့ သူ့ သမီးငယ်လေးကလည်း ပြေးဝင်လာခဲ့တယ်။ သူမဟာတကယ်ဘဲ နေရထိုင်ရ မသက်မသာသလို ဖြစ်နေပုံရပါတယ်။

သူမက မျက်ရည်တွေနှင့် ပြောလိုက်တယ်- "အဖေ.. သူမကို မထိခိုက်ပါနဲ့.. သူမကို ဘာမှမလုပ်ပါနဲ့၊ ဟုတ်ပြီလား? သမီး သူမကို ခံစားလို့ရတယ်

သူမက သမီးတို့ကို ထိခိုက်စေချင်တာ မဟုတ်ဘူး၊ သူမအခု အရမ်း နေရထိုင်ရ မသက်မသာ ဖြစ်နေတယ်၊ သူမ သေဆုံးတော့မယ်... အဖေ၊ သမီး ခံစားမိနေတယ်၊ သူမ သေဆုံးတော့မယ်!"

လောင်ယန်းရဲ့ သမီးပြောလိုက်တဲ့စကားက လောင်ယန်းကို သူ့လက်ထဲက ခုံကို ဖြည်းဖြည်းချင်း ချထားစေခဲ့တယ်။

အိပ်ရာပေါ်က ကလေးရဲ့ ဝိဉာဉ်ဟာပိုပြီး အားနည်းလာပုံရပြီး၊ လက်ရှိအချိန်မှာ သနားစရာအလွန်ကောင်းနေပါတယ်။ ဒါပေမယ့် သူမဟာ ပြုံးနေခဲ့ပြီး၊ လောင်ယန်းရဲ့ သမီးကို ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ကြည့်နေခဲ့တယ်။

"ညီမလေး.. နောက်ဆုံးတော့ မင်း ငါ့ကို လာကြည့်ရဲတဲ့ သတ္တိရှိလာပြီ။ ဒါပေမယ့် အစ်မက မင်းကို ကျောခိုင်းလိုက်ရင်၊ မင်း အစ်မစကားကို နားထောင်မှာလား?"

"နားထောင်မယ်၊ နားထောင်မယ်။ အစ်မ.. အစ်မက သမီးနဲ့ သမီးရဲ့မိဘတွေကို ထိခိုက်မှာ မဟုတ်ပါဘူးနော်? အစ်မက လူကောင်းတစ်ယောက်ပဲ၊ ဟုတ်တယ်မလား?"

အိပ်ရာပေါ်က ကလေးငယ်က ခေါင်းညိတ်ကာ ရယ်မောလိုက်ပြီး၊ သူမရဲ့မျက်လုံးတွေက လောင်ယန်းဆီကို ပြန်ရောက်သွားကာ၊ မျက်လုံးတွေက အရမ်း ဝမ်းနည်းစရာ ကောင်းလာခဲ့တယ်။

"အဖေ.. အဖေက.. သမီးကို သိလား? အဲ့ဒီနေ့တုန်းက၊ အမေနဲ့ သမီး စျေးကို အတူတူ သွားခဲ့တယ်။

ပြန်လာတဲ့လမ်းမှာ၊ အမေက လုံးဝကို ပျော်ရွှင်နေပုံ မရခဲ့ဘူး။ သမီးက သူမ ဘာဖြစ်နေတာလဲလို့မေးတော့၊ သူမက ရုတ်တရက်ဘဲ ကျောက နာလာတယ်လို့ ပြောတယ်။

သမီးက အမေ ပင်ပန်းနေတယ်လို့ ထင်ပြီး၊ တံတားပေါ်မှာ ထိုင်ခိုင်းကာ ကျောကို နှိပ်ပေးခဲ့တယ်။

သမီး အဲ့ဒီတုန်းက နေမကောင်း ဖြစ်နေတော့၊ အရမ်းကို မသက်မသာဖြစ်နေခဲ့ပေမယ့်၊ အမေကို ပိုပြီး ဆိုးဆိုးရွားရွား ဖြစ်စေချင်တဲ့ စိတ် မရှိခဲ့ဘူး၊ ဒါကြောင့် အားမသုံးခဲ့ဘူး။

ဒါနဲ့ အမေက စိတ်ဆိုးသွားတယ်၊ သူမရဲ့ မျက်နှာက အရမ်းကို လိမ်ကောက်သွားခဲ့ပြီး၊ သမီးကို ဆွဲကိုင်ကာ၊ နားမလည်စွာနဲ့ အော်ဟစ်ပြီး ဆူခဲ့တယ်"

"သူမက သမီးကို ဘာလို့ ဒီကမ္ဘာမှာ ပေါ်လာခဲ့တာလဲ၊ ဘာလို့ သူမရဲ့သမီး ဖြစ်လာတာလဲလို့ ပြောတယ်။

သူမက သမီးကို ဘာလို့လဲ ဆိုပြီး ဆက်တိုက် မေးနေတယ်၊ သမီးက ဘယ်လို ဖြေရမှန်း မသိခဲ့ဘူး၊ အရမ်းကို ကြောက်ရွံ့နေခဲ့ပြီး၊ သူမကို တောင်းပန်နေခဲ့တယ်။

အမေက ငိုကြွေးနေခဲ့ပြီး၊ သူမ အရမ်းကို ပင်ပန်းတယ်လို့ ပြောတယ်၊ သူမကိုယ်သူမ ပင်ပန်းမှုကနေ လွတ်မြောက်စေမယ့် နည်းလမ်းရှိတယ်လို့ ပြောကာ၊ သမီးကို သူမစကား နားထောင်မလားလို့ မေးတယ်။

သမီးက အမေ့စကား နားထောင်မှာပေါ့၊ အမြန်ဘဲ ခေါင်းညိတ်လိုက်တယ်။

အမေက သမီးကို မျက်လုံးမှိတ်ဖို့ပြောတယ်၊ သမီးလည်း မျက်လုံးမှိတ်လိုက်တယ်၊ သူမက သမီးကို ပွေ့ဖက်လိုက်တယ်လို့ ခံစားရပြီး၊ ရုတ်တရက်ဘဲ သမီးတို့ရဲ့ခန္ဓာကိုယ်တွေ အောက်ကို ကျဆင်းသွားတယ်"

"သမီး မျက်လုံးဖွင့်လိုက်တော့၊ အမေက သမီးကို ပွေ့ဖက်ထားပြီး မြစ်ထဲကို ခုန်ချလိုက်တာပါ။ ရေအောက်မှာ၊ သမီး ရုန်းကန်နေခဲ့ရတယ်။

ဒါပေမယ့် သမီး အမေ့ကို မြင်လိုက်ရတယ်၊ သူမက ရုန်းကန်ခြင်း မရှိဘဲ ရေအောက်မှာ မျက်လုံးတွေကို ဖွင့်ထားပြီး၊ အမေက ပြုံးနေတာကို မြင်လိုက်ရတယ်။

သမီး ရေတွေအများကြီး သောက်မိသွားပြီး ချောင်းဆိုးလိုက်တယ်။ အမေက သမီးရဲ့ လက်ကိုဆက်ကိုင်ထားပြီး၊ သမီးဆီ ခေါင်းခါပြခဲ့တယ်။

သူမက သမီးကို မရုန်းကန်ဖို့ ပြောနေပုံရတယ်၊ ဒါပေမယ့် သမီး တကယ်ဘဲ မသက်မသာ ဖြစ်နေခဲ့တယ်!"

"တဖြည်းဖြည်းနဲ့၊ သမီး အိပ်ချင်လာပြီး၊ အိပ်ပျော်သွားခဲ့တယ်။

သမီး နိုးလာတဲ့အခါ၊ အမေကို ရှာမတွေ့တော့ဘူး။

ဒါပေမယ့် သမီးရဲ့ ခန္ဓာကိုယ်ကို ရေအောက်မှာ မြင်လိုက်ရတယ်

သမီး သေဆုံးသွားပြီ...

အဖေ သမီး သေသွားခဲ့ပြီ။

သမီး သေဆုံးတုန်းက အသက်၁၀ နှစ်ဘဲ ရှိသေးတယ်၊ ဒါပေမယ့် အဖေ့ကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး။

သမီး အဖေ့ကို သိပါတယ်၊ အမေရဲ့ ဒိုင်ယာရီထဲမှာ ခိုးကြည့်ခဲ့ရတယ်။

အမေက ဒိုင်ယာရီထဲမှာ သမီးအဖေ့နာမည်က ယန်းလင်းလို့ ရေးထားတယ်၊ တကယ်ဆို သမီးကို ယန်းရှောင်ရှီ လို့ခေါ်ရမှာ၊ ဒါပေမယ့် သမီးက အမေ့ရဲ့ မိသားစုနာမည် ဖန်းကို ယူထားတယ်။

ဒိုင်ယာရီထဲမှာသူမက အဖေဘယ်မှာရှိမှန်း သိတယ်လို့ ရေးထားပေမယ့်၊ အမေက အဖေ့ကို အရမ်းမုန်းတယ်။ သူမက အဖေက သူမကိုစွန့်ခွာသွားတယ်လို့ ပြောတယ်၊ အဖေ ဘယ်မှာရှိမှန်း သိရင်တောင် သူမက အဖေ့ကို မသွားရှာတော့ဘူး၊ သေသွားရင်တောင် မသွားရှာဘူးလို့ ရေးထားတယ်!"

"အမေ့ရဲ့ ဒိုင်ယာရီကြောင့် သမီး အဖေ့ကို ဘယ်လိုရှာရမှန်း သိသွားတော့၊ ဒါကြောင့် အားကုန်သုံးပြီး ဒီကိုရောက်လာခဲ့တာ။

သမီး သေဆုံးသွားပြီဆိုတော့၊ အရမ်း မြန်မြန်ပြေးလို့ရတယ်။

သမီး တစ်ညအတွင်းမှာဘဲ ချန်ကျန်းကို ရောက်လာခဲ့တယ်၊ ဒါပေမယ့် ကျွန်မကို တားဆီးထားတဲ့ မမြင်ရတဲ့အရာတစ်ခု ရှိနေတယ်ဆိုတာ တွေ့ရှိခဲ့ရတယ်။

သမီး ၅ နှစ်ကတည်းက ဒီကို ရောက်လာခဲ့တယ်၊ သမီးက ၅ နှစ်လုံးလုံး သွားတွေနဲ့ကိုက်၊ လက်တွေနဲ့ဆုတ်ဖြဲပြီး နောက်ဆုံးမှာတော့ အတွင်းကို ဝင်ရောက်နိုင်ခဲ့တယ်"

"ဒါပေမယ့် သမီး အတွင်းကို ရောက်လာတဲ့အခါ၊ အရမ်းကို အားနည်းနေတယ်လို့ ခံစားမိပြီး၊ ထပ်ပြီး အိပ်ချင်လာခဲ့တယ်။ သမီး နောက်တစ်ခါ သေဆုံးတော့မယ်လို့ ထင်မိလိုက်တယ်။

နောက်တစ်ခါသေဆုံးသွားရင်၊ သမီး ထပ်ပြီး နိုးထလာနိုင်မလား? နိုးမထနိုင်တော့ဘူးလို့ ထင်မိတယ်။

သမီး လုံးဝ မသေဆုံးခင်မှာ၊ အဖေ့မှာ ရှောင်ရှီဆိုတဲ့ သမီးတစ်ယောက် ရှိတယ်ဆိုတာ အဖေ့ကို သိစေချင်တယ်။

ဒါပေမယ့် သမီး နောက်ဆုံးမှာ အဖေ့ကို တွေ့ရှိခဲ့တဲ့အခါ၊ အမေကလည်း ရောက်လာခဲ့တယ်...

သူမကလည်း သမီးဆုတ်ဖြဲခဲ့တဲ့ နေရာကနေတစ်ဆင့် ဝင်ရောက်လာခဲ့တယ်၊ လူတွေအများကြီးပါ ပါလာကြတယ်။

အမေက သမီးကို အဖေ့ကို မတွေ့ခိုင်းဘူး၊ အဖေဟာ ဒီကမ္ဘာမှာ အယုတ်မာဆုံး၊ မရှက်မဆုံး လူသားလို့ ပြောတယ်။

ဒါပေမယ့် သမီးက အဖေက ညီမလေးကို အရမ်းချစ်တာကို မြင်တွေ့ခဲ့ရတယ်၊ အဖေက ဒီလိုလူမျိုး ဘယ်လိုဖြစ်နိုင်မှာလဲ? သမီးက အမေ့ကို ရှင်းပြခဲ့တယ်၊ ဒါပေမယ့် အမေက သမီးကို အဖေ့ကို လာမတွေ့စေခဲ့သေးဘူး"

"သမီး တစ်ရက်ပြီးတစ်ရက် သည်းခံခဲ့ရတယ်၊ သေဆုံးပြီးနောက် သမီးရဲ့ စွမ်းအားကို အသုံးပြုပြီး ညီမလေးနဲ့ဘဲ ကစားခွင့်ပြုခဲ့တယ်။

ဒါပေမယ့်၊ အချိန်ကုန်လွန်လာတာနဲ့အမျှ၊ သမီး ပိုပိုပြီး အားနည်းလာခဲ့ပြီး၊ အဖေ့ကို တွေ့ချင်လာတယ်။

ဒါပေမယ့် အဖေက ဘယ်ရောက်သွားတာလဲ၊ ရှောင်ရှီက အဖေ့ကို ၂ ရက်လုံးလုံး ရှာခဲ့တယ်၊ မတွေ့ခဲ့ဘူး။ ရှောင်ရှီက အဖေ့ကိုထပ်မြင်ရမှာ မဟုတ်တော့ဘူးလို့ ထင်မိလိုက်တယ်"

အိပ်ရာပေါ်က ကလေးမလေးက စကားပြောရင်း ငိုကြွေးလာခဲ့ပြီးတော့ လောင်ယန်းကတော့ လုံးဝကိုဘဲ ကြောင်အနေခဲ့တယ်။ သူက ခေါင်းကို အပြင်းအထန် ခါနေခဲ့ပြီး၊ တစ်ခုခု ပြောချင်ပေမယ့်၊ ပြောလို့မရခဲ့ဘူး။

လောင်ယန်းရဲ့ ဇနီးက ဒါကိုမြင်တော့၊ ကလေးမလေးကို အရမ်းသနားမိသွားကာ- "လောင်ယန်း.. ရှင် ကျွန်မတို့ကို လိမ်နေတာလား" လို့ မေးလိုက်တယ်။

"မဟုတ်ဘူး၊ သူမမှာ ဘယ်လိုလုပ် ကိုယ်ဝန်ရှိနိုင်မှာလဲ? ငါတို့ ငြိမ်းချမ်းစွာနဲ့ လမ်းခွဲခဲ့တာ၊ သူမကိုလည်း မေ့လုနီးပါးဖြစ်နေပြီ။

၁၅ နှစ်၊၁၅ နှစ်တောင် ကြာသွားခဲ့ပြီ။

ငါ တကယ်ဘဲ သူမကို မေ့သွားပြီ။ သူမမှာ ငါ့ကလေးကို ကိုယ်ဝန်ရှိနေရင်၊ ဘာလို့ ငါ့ဆီ မလာခဲ့တာလဲ!"

လောင်ယန်းက ပြောရင်းနဲ့ ရုတ်တရက်ဘဲ ရူးသွပ်သွားသလို အိပ်ရာဆီကို ပြေးဝင်သွားပြီး၊ အားနည်းနေတဲ့ ကလေးမလေးကို ကောက်ချီဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမယ့် သူမကို ချီလို့ မရတာကို တွေ့ရှိခဲ့ရတယ်။

"မင်း... မင်းအမေက တကယ်ဘဲ မင်းအဖေ နာမည်ကို ယန်းလင်း၊ မင်းကို ယန်းရှောင်ရှီလို့ ခေါ်ရမယ်လို့ ပြောခဲ့တာလား? မင်းအမေနာမည်က ဖန်းချင်းလား?!"

"ဟုတ်တယ်၊ သမီးအမေနာမည်က ဖန်းချင်းပါ သူမက နင်းယန်းခရိုင်က!"

"ဖန်းချင်း..နင်ဘယ်မှာလဲ၊ ထွက်လာခဲ့... ဘာလို့လဲ၊ ငါမင်းကို မင်းလိုချင်တာတွေကို မပေးနိုင်ဘူးလို့ ပြောပြီး၊ ငါ့ကို စွန့်ခွာသွားတာလဲ! ဘာလို့၊ဘာလို့ ငါ့ရဲ့ ရင်သွေး လွယ်ထားရတာကိုလည်း ငါ့ကို မပြောခဲ့တာလဲ၊ ထွက်လာခဲ့စမ်း!"

All Chapters