← Chapters

ငိုတဲ့ကလေးက သကြားလုံး စားရတယ်

Vol. 22 Ch. 310

ငိုတဲ့ကလေးက သကြားလုံး စားရတယ်

Vol. 22 Ch. 310

ဘယ်သူကမှ လောင်ယန်းကို မတုံ့ပြန်ခဲ့ကြပေ။

ထိုအချိန်တွင် လောင်ယန်းသည် ပို၍ပင် ရူးသွပ်သည့် ပုံရသည်။

သူ့သမီးငယ်လေးအပေါ် ထားရှိသည့် မေတ္တာကြီးမားမှုကနေ သူသည် အလွန်ကောင်းမွန်ပြီး ထက်မြက်သော ဖခင်တစ်ဦးဖြစ်ကြောင်းကို ပြသနေသည်။

သို့သော်သူသည် သူ့သမီးကို ဤမှလောက်ထိ ချစ်ခင်မှုကြောင့်သာ ထိုအချိန်တွင် သူ့နှလုံးကို နာကျင်စေလောက်သော ခံစားချက်ကို ခံစားရစေခဲ့သည်။

"ဖန်းချင်း ထွက်လာစမ်း၊ မင်း ထွက်လာစမ်း"

လောင်ယန်းသည် အသံပြင်းပြင်းဖြင့် အော်ဟစ်လိုက်ပြီး သူ၏အော်သံသည် အခန်းတစ်ခုလုံးနှင့် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းတစ်ခုလုံးတွင် ကြားနေရသည်။

“မစ္စတာယန်း စိတ်အေးအေးထားပါ"

"ငါဘယ်လို စိတ်အေးရမှာလဲ။ သူမသေဆုံးသွားပြီ သေဆုံးသွားခဲ့ပြီ! သူမ အသက်ရှင်နေစဉ်က ငါ့ကို တစ်ကြိမ်တောင် မတွေ့လိုက်ခဲ့ရ။ ငါကသူ့အဖေပါ…!"

လောင်ယန်းသည် မျက်ရည်များ ကျလျက် ပြောလိုက်သည်။ သို့သော်ချက်ချင်းပင် သူသည် တစ်စုံတစ်ရာကို စဉ်းစားမိလိုက်သည့် ပုံရပြီး ကျန်းရီထံ ဒူးထောက်လိုက်သည်-"စတွင်မာ၊ ကျေးဇူးပြုပြီး​တော့ ခင်ဗျားက အစွမ်းထက်တဲ့ လူတစ်ယောက် ဟုတ်တယ်မလား? ရှောင်ရှီးကို ပြန်ရှင်အောင် လုပ်ပေးနိုင်တယ်မလား? ကျွန်တော် မျှော်လင့်တာ အများ​ကြီးမဟုတ်ပါဘူး၊ ခဏလေးဖြစ်ဖြစ်ပါ။ သူရှင်သန်နေတုန်း သူ့မှာ အဖေရှိကြောင်းသိရှိစေချင်ယုံလေးပါ”

"အဖေ ဒုက္ခမရှာပါနဲ့တော့။

သမီး သေဆုံးတာ နှစ်ပေါင်းများစွာရှိနေပြီ။

ဘယ်လိုလုပ် ပြန်ရှင်နိုင်မှာလဲ?

အဖေက သမီးကို မလိုချင်ဘူးဆိုတာ သမီး ဘယ်တော့မှမယုံခဲ့ပါဘူး။

ရှောင်ရှီးက တော်တော်လေး ရင့်ကျက်ပါတယ်။

အသက်ငယ်ငယ်လေးကတည်းက ဆံပင်ဖြီးတတ်နေပြီ။

အသက်ကြီးလာတော့ အဝတ်လျှော်တာ၊ ချက်ပြုတ်တာတွေ လုပ်တတ်လာြပီ။

နောက်ပိုင်းရှောင်ရှီး ကျောင်းတက်တော့ စာမေးပွဲတွေမှာ အမြဲတမ်း နံပါတ်တစ်ရတယ်။

လူတွေက သမီးကို မကြာခဏ လှောင်ပြောင်ကြတယ်၊ အမေက သမီးကို အဖေမရှိဘဲ ကောက်ယူထားတဲ့ ကလေးလို့ပြောကြတယ်။

ရှောင်ရှီး တကယ်စိတ်မကောင်းဘူး။

ဒါပေမယ့် ရှောင်ရှီးက လိမ္မာတဲ့ကလေးက အခြားသူတွေနဲ့ မစကားမများ ရန်မဖြစ်တတ်ဘူးဆိုတာ သိတယ်"

"အဖေ ရှောင်ရှီးသာ အသက်ရှင်နေသေးရင် အဖေက သမီးကို လက်ခံမှာလား? မဟုတ်ဘူး... အဖေမရှိရင် ​ရှောင်ရှီး တကယ်ကို...တကယ်ကို မပျော်ရွှင်ဘူး!"

ငိုတက်တဲ့ ကလေးက သကြားလုံး စားရတယ်ဆိုတဲ့ စကားပုံ ရှိတယ်။ ကျန်းရီက သူဘာကြောင့် ရုတ်တရက် ဒီစကားပုံကို စဉ်းစားမိလိုက်လဲ မသိဘူး။

သို့သော်ဤစကားပုံမှာ သူ၏စိတ်ထဲတွင် ဆက်လက် နေရာယူလျက်ရှိနေသည်။ သူသည် အချစ်ခံရပြီး စိတ်ကြိုက်ပြုမူနေသင့်တဲ့ အရွယ်ရှိတဲ့ ကလေးတစ်ဦးကို ဤမျှလောက်ထိ ရင့်ကျက်ပြီး၊ နားလည်မှု မရှိစေချင်လိုပေ။

လူကြီးတစ်ယောက်က ရင့်ကျက်သင့်တဲ့ ခန္ဓာကိုယ် ရှိနေပေမယ့်၊ တကယ်တော့ လူကြီးတိုင်းက ကမ္ဘာကြီးကို အပြည့်အဝ နားလည်တယ်လို့ မပြောနိုင်ပါဘူး။

နားလည်သိတတ်သည့် ကလေးသည် အချစ်ခံရပြီး၊ စိတ်ကြိုက်ပြုမူတက်သည့် ကလေးထက် မိဘဂရုစိုက်မှု ပိုမိုခံစားရသည်။

မိဘတွေက အပြင်မှာ နားလည်သိတတ်တဲ့ ကလေးတွေက ကောင်းတယ်လို့ အမြဲတမ်း ပြောကြပေမယ့်၊ အချစ်ခံရတဲ့ ကလေး ငိုတာနဲ့ နားလည်သိတတ်တဲ့ ကလေးရဲ့ လက်ထဲက အရာတွေက မကြာခဏ ငိုလေ့ရှိတဲ့ ကလေးထံ ရောက်သွားတက်တယ်။

သူမက သိတတ်နားလည်တဲ့အတွက် ပိုပြီး စွန့်လွှတ်ရန်နှင့် လိုက်လျောပေးရန် လိုအပ်သည်။

ဒီစကားက ရှောင်ရှီးတွင် သုံးရန် နည်းနည်း မသင့်တော်ဘူးလို့ ထင်ရပေမယ့် သေသေချာချာ စဉ်းစားကြည့်ရင် ဘာကြောင့်မသင့်တော်ရတာလဲ?

သူမသည် အလွန်နားလည် သိတတ်သဖြင့် ငယ်စဉ်ကတည်းက အဝတ်လျှော်၊ ချက်ပြုတ်တတ်ရန်သင်ယူခဲ့ရသည်။

သူမနားလည်သိတတ်သဖြင့် စာမေးပွဲတိုင်းတွင် သူမကိုယ်သူမ နံပါတ်တစ်ရရန် ကြိုးစားခဲ့သည်။

အနာဂတ်မှာ ရှောင်ရှီး ကြီးပြင်းလာရင်လည်း သူ့အတွက် အကောင်တွေပဲရှိပြီး၊ ဆိုးကျိုးမရှိပေ။

သို့သော် သူမအခု သေဆုံးသွားပြီဖြစ်သည်၊ သူမသေဆုံးသွားခဲ့ပြီ!

ဤမျှ နားလည်သိတတ်သော ရှောင်ရှီး သေဆုံးခြင်းထက်၊ လူများစွာတို့၏ စိတ်ထဲတွင် ရှောင်ရှီးသည် ဤမျှလောက်ထိ နားလည်မသိတက်စေဖို့သာ ဆန္ဒရှိကြပေလိမ့်မည်။

ဤသို့ဖြင့် အနည်းဆုံး နားလည်သိတက်သည့် ရှောင်ရှီးအတွက် စိတ်မကောင်း ဖြစ်စရာ လိုမည်မဟုတ်ပေ။

လောင်ယန်းက အဆိုးဆုံး ခံစားရသူ ဖြစ်သည်။ သူနှင့် ရှောင်ရှီးတွင် ခံစားချက် မရှိသော်လည်း သူတို့ကြားတွင် သွေးသားရင်းချာ ဆက်နွှယ်မှုရှိနေသည်။

အသွင်အပြင် မှေးမှိန်လုနီးပါး ဖြစ်နေပြီး ခန္ဓာကိုယ်ကိုပါ ဖောက်မြင်နေရသည့် သူ၏ သမီးကိုကြည့်ရင်း လောင်ယန်းသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေပြီး ကျန်းရီအား ဦးညွတ်ေတာင်းဆိုနေခဲ့သည်။

“မစ္စတာယန်း ကျွန်တော်က သူများကို မကူညီချင်တဲ့ လူမျိုးမဟုတ်ပါဘူး။

ဒါပေမယ့် ရှောင်ရှီးပြောတာ မှန်တယ် သူမသေဆုံးသွားခဲ့ပြီ။ နှစ်ပေါင်းများစွာ သေဆုံးသွားခဲ့ပြီ။ ဒါက သူမရဲ့ဝိဉာဉ်ပါ ခန္ဓာကိုယ်မဟုတ်ဘူး။

သူမရဲ့ခန္ဓာကိုယ်ကို တွေ့ရှိရင်တောင်မှ ပြန်ရှင်အောင် မလုပ်နိုင်ဘူး။

ကျွန်တော် လုပ်ပေးနိုင်တာက တစ်ခြားအရာတွေပါ"

ကျန်းရီ ပြောလိုက်သည်။ ရှောင်ရှီး၏ မျက်နှာသည် အရင်က ချောမောလှပသည့် ပုံစံသို့ပြန်ရောက်သွားသည်။

ရှောင်ရှီးက သူ့ကိုယ်သူ ပြောင်းလဲမှုကို ခံစားမိပြီး ကျန်းရီအား ပြုံးရွှင်စွာ ပြောလိုက်သည်- "ကျေးဇူးတင်ပါတယ် အစ်ကို"

"ရပါတယ် ရှောင်ရှီး နောက်ထပ်တစ်ခု ပေးမယ်"

ကျန်းရီ ပြုံးလျက် ပြောလိုက်သည်-"ရှောင်ရှီး ဖယောင်းတိုင်ကို မြင်ရဲ့လား? သွားပြီး ဖယောင်းတိုင်ကို ကိုင်လိုက်ပါ"

ဖယောင်းတိုင်က ရှောင်ရှီးရဲ့ ရှေ့မှာ ရှိနေတယ်။ သူမက လက်ကို ဆန့်ထုတ်လိုက်ပေမယ့် မရဏ ဖယောင်းတိုင်ကို ဆက်လက်ကိုင်ထားဖို့ ခက်ခဲနေတယ်။

အကြောင်းတစ်စုံတစ်ရာကြောင့် သူမက မရဏ ဖယောင်းတိုင်ကို လက်ဝါးထဲမှာ ကိုင်ထားပြီးနောက် သူမ၏ခန္ဓာကိုယ်သည် သူမ အသက်ရှိစဥ်က သန်မာလာသည်ကို တွေ့လိုက်ရသည်။

လောင်ယန်းသည် မရဏ ဖယောင်းတိုင်၏ အသုံးဝင်ပုံကို မသိသော်လည်း၊ ရှောင်ရှီး ကိုင်လိုက်သည်နှင့် ကျန်းမာလာသည်ကို မြင်သောအခါ သူသည် အလွန်ပျော်ရွှင်သွားပြီး ကျေးဇူးတင်စွာဖြင့် ကျန်းရီအား နောက်တစ်ကြိမ်ဒူးထောက်လိုက်သည်။

ကျန်းရီက သူ့ကို ထခိုင်းပြီးနောက် သူ၏မျက်လုံးများက လောင်ယန်း၏ ဇနီးအပေါ်သို့ ကျရောက်သွားသည်-"မစ္စယန်း အခု ဘယ်လိုခံစားရပါသလဲ?"

မစ္စယန်း၏ မျက်လုံးများက နီရဲနေခဲ့သည်။ သူမက မျက်ရည်များကို သုတ်ပြီး ဝမ်းနည်းစွာ ပြောလာခဲ့သည်-"ကျွန်မ ဘာမှတော့ မခံစားပါဘူး။

ဒီမိန်းကလေးအတွက် အရမ်း ခက်ခဲခဲ့တယ်လို့ပဲ ထင်ပါတယ်။

သူ့အမေက တကယ်ကို ရက်စက်တာပဲ။

လောင်ယန်းရဲ့ စီးပွားရေးက လွန်ခဲ့တဲ့ ဆယ်နှစ်က အရမ်းကို ဆိုးဝါးခဲ့တယ်။ အခုမှ အခြေအနေတွေက ကောင်းမွန်လာခဲ့တာ။

ကလေးက အဲဒီတုန်းက သူမ နေမကောင်းဖြစ်နေတယ်လို့ ပြောခဲ့တယ်။

"ဘာလို့သူမကို ဆေးရုံမှာ ကုဖို့ လောင်ယန်းဆီ ခေါ်မလာတာလဲ။ သူမက ဘယ်လောက်ထိ မာနကြီးခဲ့တာလဲ? လောင်ယန်းကို နောက်တစ်ခါ မြင်ရမှာထက် ကလေးကို ဆွဲခေါ်ပြီး သူမနဲ့အတူ သေဖို့ကို ရွေးချယ်ခဲ့တယ်လား?"

"လောင်ယန်း၊ အမှန်တရားကို ပြောစမ်း။ နင့်ရဲ့ ဇာတိမြို့ကို စွန့်ခွာပြီး ချန်ကျင်းကို ရောက်လာတဲ့အခါတုန်းက သူမမှာ မင်းရဲ့ကလေး ကိုယ်ဝန်ရှိနေတယ်ဆိုတာ တကယ်ပဲ မသိခဲ့တာလား"

ကျန်းရီအနေနဲ့ တကယ်တော့ ဒါကို မေးချင်ခဲ့တာဖြစ်သည်၊ ဒါပေမယ့် သူကိုယ်တိုင် မေးဖို့ မသင့်တော်နေဘူး။

လောင်ယန်းရဲ့ ဇနီးကိုယ်တိုင် မေးမြန်းတာက ပိုပြီး သင့်တော်မှန်ကန်တယ်။

လောင်ယန်းက အသက်ကို နက်ရှိုင်းစွာ ရှူလိုက်ပြီး ပြောခဲ့တယ်- "အဲဒီနှစ်က ငါက အသက် နှစ်ဆယ်ပဲ ရှိသေးတယ်။ ဖန်းချင်းက ငါ့ရဲ့ ငယ်ချစ်ဦးလည်း မဟုတ်ခဲ့ဘူး။

ကျွန်တော်တို့ ခရိုင်မြို့မှာ တွေ့ဆုံခဲ့တာ။ ကျွန်တော်တို့ရဲ့ ဇာတိမြို့က အဲဒီတုန်းက လုံးဝကို မဖွံ့ဖြိုးခဲ့ဘူး။

ခရိုင်မြို့မှာနေတဲ့ လူတွေတောင် ဆင်းရဲကြတယ်လို့ ပြောလို့ရတယ်။

ကျွန်တော်က ယောက်ျားတစ်ယောက် အနေနဲ့ သာမန် ဘဝမှာ မနေချင်ခဲ့ဘူး။

ကျွန်တော် အပြင်ကို ထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်ချင်ခဲ့တယ်။

ဖန်းချင်းက နိုင်ငံပိုင်အဖွဲ့အစည်းက ဝန်ထမ်းဖြစ်တာကြောင့် အစကတည်းက မာန်မာန အရမ်းကြီးတယ်။

အဲဒီတုန်းက ကျွန်တော်စိတ်ထဲမှာတကယ်ကို သူမနဲ့ ထိုက်တန်ချင်ခဲ့တယ်။ ဒါကြောင့် အပြင်ထွက်ပြီး ကြိုးစားဖို့ကို ဆုံးဖြတ်ခဲ့တာ"

"ဖန်းချင်းက အစတုန်းက ကျွန်တော့်ရဲ့ အိုင်ဒီယာကို ကြားတဲ့အခါ ပြက်ရယ်လုပ်ပြီး ကျွန်တော့်ကို နေခင်းကြောင်တောင့ အိပ်မက်မက်နေတယ်လို့ လှောင်ပြောင်ခဲ့တယ်။

သူမအဲဒီတုန်းက ကျွန်တော်တကယ်ပဲ အောင်မြင်ချင်တယ်ဆိုတာ ဘယ်တော့မှ မထင်ခဲ့မိဘူးထင်တယ်။ ဒါကြောင့် ကျွန်တော် ထပ်ခါထပ်ခါ ပြောပြတဲ့အခါမှာ၊ ကျွန်တော် မထွက်ခွာခင် နှစ်ရက်အလိုမှာ သူမက ကျွန်တော့်ဆီလာပြီး လမ်းခဲဲကြဖို့ ပြောခဲ့တယ်။

သူမက ကျွန်တော်က သူမ လိုချင်တာတွေကို မပေးနိုင်ဘူးလို့ ပြောခဲ့တယ်။

သူမကို ဆက်ဆွဲထားဖို့က ကျွန်တော့်အတွက် အသုံးမဝင်ဘူး၊ နှစ်ရက်အတွင်းမှာ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်နေပေမယ့်

ကျွန်တော် တစ်လလောက်ထိ ဇာတိမြို့မှာ ဆက်ပြီး နေခဲ့​သေးတယ်"

"ကျွန်တော်သူမကို ပြန်မရနိုင်တာကို သိတဲ့အထိ ဒီတစ်လလုံးနီးပါး သူမကို လိုက်ပြီး တောင်းပန်ခဲ့သေးတယ်၊ နောက်ဆုံးမှာတော့ ချန်ကျင်းကို ရောက်လာခဲ့တယ်။

အဲဒီတုန်းက ကျွန်တော်စဉ်းစားမိတာက ကျွန်တော်က ဆင်းရဲတယ်၊ ဘာလို့လဲဆိုတော့ ဆယ်ကျော်သက်အရွယ်မှာ မိဘနှစ်ပါးစလုံး ဆုံးပါးခဲ့လို့ပဲ။

သူတို့နှစ်ယောက်စလုံး ဆက်တိုက်ဆိုသလို ဆုံးပါးသွားခဲ့တယ်။

ကျွန်တော်တို့ မိသားစုမှာ ကျွန်တော် တစ်ယောက်တည်းပဲ ရှိတော့တယ်၊ ကျွန်တော် နေတဲ့အိမ်တောင် အမိုးအကာတွေက ပျက်စီးနေပြီ။

ကျွန်တော်က နိုင်ငံပိုင် အဖွဲ့အစည်းက ကောင်မလေး တစ်ယောက်နဲ့ တကယ်ကို မထိုက်တန်ဘူးလို့ ကျွန်တော်ထင်တယ်၊ ဒါကြောင့် အခြားဒေသမှာ ကြိုးစားချင်ခဲ့တယ်"

"နောက်ပိုင်း ကျွန်တော် ချန်ကျင်းကို ရောက်လာပြီး ဖန်းချင်းကို ဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမယ့် သူမက ကျွန်တော့်ဖုန်းကို ဘယ်တော့မှ မဖြေခဲ့ဘူး။

သူမက ကျွန်တော့်ကိုမနှောင့်ယှက်ဖို့ပဲ ပြောခဲ့တယ်။ သူမမှာ ဘဝသစ် ရှိနေပြီလို့လဲ ပြောခဲ့တယ်။

အဲ့ဒီတော့မှ ကျွန်တော် သူမကို မေ့ပစ်ဖို့ စတင်ခဲ့တယ်။ ကျွန်တော်စီးပွားရေး အောင်မြင်လာတဲ့အခါ ကျွန်တော့်ဇနီးနဲ့ တွေ့ဆုံခဲ့ပြီး သမီးတစ်ယောက်လည်း ရှိလာတယ်။

ဖန်းချင်းမှာ ကျွန်တော့်ကလေး ကိုယ်ဝန်ရှိနေမယ်ဆိုတာ ကျွန်တော် ဘယ်တော့မှ မတွေးခဲ့ဖူးဘူး၊ ကျွန်တော် တကယ်ကို လုံးဝ ပြောင်းလဲဖို့ မစဉ်းစားခဲ့ဖူးဘူး"

"ဒါပေမယ့်အခု ကျွန်တော် ရုတ်တရက် နားလည်သွားတယ်၊ ကျွန်တော် ဘာကြောင့် ကျွန်တော့် ဇာတိမြို့ကနေ ထွက်ခွာဖို့ သူမက ဒီလောက်ကြီး ကန့်ကွက်ခဲ့တယ်ဆိုတာ နားလည်သွားတယ်..."

All Chapters