← Chapters

အဖြစ်မရှိတဲ့.…

Vol. 22 Ch. 311

အဖြစ်မရှိတဲ့.…

Vol. 22 Ch. 311

"သူမက စိတ်ကြီးဝင်ပြီး အတ္တကြီးတဲ့သူပဲ။ ငါတို့အတူတူဆုံကတည်းက သူမဟာ အမြဲတမ်း မောက်မာ နေတတ်တယ်။ သူမပြောသမျှကို ငါလိုက်နာရတယ်။ သူမကသာ ဉာဏ်အကောင်းဆုံးဖြစ်ပြီး ဆန့်ကျင်ဘက်အနေနဲ့ ငါကတော့ အတုံးအဆုံးပဲ"

"ငါအနာဂတ်အတွက် ဒီခရိုင်ကနေ ထွက်သွားချင်ခဲ့တယ်။ ဒါပေမယ့် သူမရဲ့ စိတ်ထဲမှာတော့ ငါ့ကို ထိန်းချုပ်လို့ မရတော့ဘူးလို့ ခံစားနေရတယ်။

သူမပြောတဲ့စကားတွေဟာ အသုံးမဝင်တော့ဘူးလို့ သူမခံစားနေရပြီး ငါ့လို ဆင်းရဲတဲ့မိသားစုက ကောင်ကိုတောင် ထိန်းချုပ်လို့မရတော့ဘူးလို့ ထင်နေခဲ့တယ်။

သူမကိုယ်တိုင် စိတ်ပျက်နေခဲ့တာကြောင့် ငါ့ကို လှောင်ပြောင်လာတယ်။

သူမဟာ အလွန်အမင်း အတ္တကြီးလို့သာ ကိုယ်ဝန်ရှိတဲ့အချိန်၊ ကလေးမွေးပြီးတဲ့ အချိန်တွေအထိ ငါ့ကို ကွယ်ဝှက်ထားတာ ဖြစ်တယ်။

ငါသာ သူမစကားကို နားမထောင်ရင် အနှေးနဲ့အမြန် နောင်တရမယ်ဆိုတာကို သူမ ငါ့ကိုပြောပြချင်နေတာပဲ"

"ဖန်းချင်း၊ မင်းငါ့အိမ်ထဲ ရောက်နေလားဆိုတာ ငါမသိဘူး။

တကယ်လို့ ရောက်နေရင် ကျေးဇူးပြုပြီး ငါ့စကားကို နားထောင်ပေးပါ။

ဟုတ်တယ်၊ သတင်းကို မြင်တဲ့ အခိုက်အတန့်မှာ ငါနောင်တရမိတယ်။

မင်းလိုမိန်းမမျိုးကို ငါ ဆုံမိလိုက်လို့ ငါနောင်တရမိတယ်။

မင်းငါ့ကို မုန်းတီးလို့ရတယ်၊ ကလေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုတောင် ဝှက်ထားလို့ရတယ်၊ ဒါပေမယ့် ကလေးဖျားနာတဲ့အခါ မင်းဘာလို့ ငါ့ဆီမလာတာလဲ? မင်းဒီလောက်ထိ အတ္တကြီးနေတာလား? ကုဖို့ပိုက်ဆံမရှိရင် သူမကို အတူတူသေဖို့ ခေါ်သွားရမှာလား?!"

လောင်ယန်းဟာ အော်ဟစ်ခဲ့တယ်၊ ဒါပေမယ့် စိုစွတ်နေတဲ့ပုံရိပ်တစ်ခုဟာ တိတ်တဆိတ်နဲ့ တံခါးဝမှာ ပေါ်လာလိမ့်မယ်ဆိုတာကိုတော့ သူ မမျှော်လင့်ထားခဲ့ဘူး။

ရှောင်ရှီးက သူမကို မြင်တော့ "အမေ" လို့အော်လိုက်တယ်။

လောင်ယန်းဟာ ချက်ချင်း လှမ်းကြည့်လိုက်ပြီး တံခါးဝမှာရှိတဲ့ ပုံရိပ်ကို မြင်လိုက်ရတယ်။ ဒါပေမယ့်မကြာခင်မှာပဲ သူဟာ ရူးသွားသလို မျက်လုံးတွေ နီမြန်းလာပြီး နံရံနဲ့ ခေါင်းနဲ့ ရိုက်တော့တယ်။

"ဒုန်း..."

လောင်ယန်းရဲ့ ဇနီးနဲ့သမီးက လန့်သွားခဲ့တယ်။ ရှောင်ရှီးက ဖယောင်းတိုင်ကို ချက်ချင်းချပစ်လိုက်ပြီး လောင်ယန်းရဲ့ လက်ကိုဆွဲကာ လောင်ယန်းရဲ့ ရှေ့မှာရပ်ကာ ဟန့်တားလိုက်တယ်။

"အမေ၊ဘာလို့ အဖေ့ကို ထိခိုက်အောင် လုပ်ချင်နေရတာလဲ!"

" ဖယ်စမ်း။ ဒါက သူနဲ့ ငါကြားက ကိစ္စပဲ၊ နင်နဲ့မဆိုင်ဘူး"

တစ္ဆေ ဖန်ချင်းက အေးစက်စွာ ပြောလိုက်တယ်၊ ဒါပေမယ့် ရှောင်ရှီးက ခေါင်းခါရင်း "အမေ၊ အဖေ့ကို အမေ အထင်လွဲနေတာ။

အမေက သူ့ကိုမလိုချင်တော့ဘူးလို့ သူ ထင်ခဲ့တာ၊ဒါကြောင့် အဒေါ်နဲ့ ညီမလေးကိုရဖို့ နှစ်ပေါင်းများစွာကြာခဲ့တာ။

အမေ၊ အ​မေနဲ့ အဖေ ငြိမ်းအေးလိုက်ရင်ရော ဘယ်လိုလဲ? သမီးတို့ အားလုံးသေဆုံးပြီး မကြာခင်မှာပဲ ပြန်လည် မွေးဖွားကြရတော့မယ်လေ။

အမေသူ့ကို ဒီလောက်ထိ မုန်းတီးနေဖို့ လိုအပ်ရဲ့လား?အဖေဟာ အမေပြောသလို မဆိုးရွားပါဘူး!"

"တိတ်စမ်း၊ ငါမင်းကို ဘယ်လို သင်ပေးခဲ့တာလဲ? ငါစကားပြောနေတဲ့အချိန် ဝင်မပြောဖို့ ငါမသင်ပေးခဲ့ဘူးလား? ငါ့စကားကို နားထောင်ဖို့ မသင်ပေးခဲ့ဘူးလား! မင်း ယန်းလင်းကို ရှာတွေ့တယ်ဆိုပြီး ငါ့ကို မနာခံရဲတော့တာလား!"

တစ္ဆေမိန်းမရဲ့မျက်နှာဟာ မှတ်မိဖို့ ခက်ခဲနေရာကနေ ပိုပြီး ကြောင်စရာ ကောင်းလာတယ်။

ခဏနေတော့ လောင်ယန်းရဲ့ မျက်လုံးတွေ နီမြန်းလာပြန်ပေမယ့် ရှောင်ရှီးက လောင်ယန်းရဲ့ လက်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ရင်း ငိုကြွေးလျက် "အမေ၊ ရှောင်ရှီး တောင်းပန်ပါတယ်၊ နောက်ထပ်အဖေ့ကို ဒီလိုမလုပ်ပါနဲ့တော့၊ သမီးတို့ ချန်ကျန်း ခရိုင်ကနေ ထွက်သွားကြရင်ဘယ်လိုလဲ..."

ရှောင်ရှီး ရဲ့ကာကွယ်မှုကြောင့် လောင်ယန်းဟာ စကားပြောခွင့် ရသွားခဲ့တယ်။ သူဟာ ဖန်းချင်းကို ကြည့်ရင်း "မင်းကိုတစ်ခုပဲမေးချင်တယ်၊ ဘာလို့ ကလေးကို ခေါ်ပြီး မြစ်ထဲခုန်ချတာလဲ!"

"သူမကိုကုသဖို့ ငါပိုက်ဆံအားလုံး သုံးပစ်လိုက်တယ်။ သူမ ရောဂါ ရှာတွေ့ပြီးနောက်ပိုင်း တစ်နှစ်တာလုံး ငါဘယ်လောက်ထိ ခက်ခဲခဲ့တယ်ဆိုတာ မင်းသိသလား!"

"ဒါဆိုဘာလို့ ငါ့ဆီ မလာတာလဲ? ငါအဲဒီတုန်းက သူမကို ဂရုစိုက်နိုင်တယ်ဆိုတာ မင်းလည်း သိတာပဲ!"

"မင်းဆီလား? မင်းအခုအောင်မြင်နေတော့ ငါအဲဒီတုန်းက မှားခဲ့တယ်လို့ မင်းထင်နေတာလား? မင်းအဲဒီတုန်းက မင်းဘာဖြစ်နေမှန်းတောင် မင်းမသိခဲ့ဘူးလား။

မင်းအခုရှိသမျှ အားလုံးက ကံကောင်းလို့ရခဲ့တာ။

ငါမင်းဆီလာခဲ့ရင် အဲဒီတုန်းက ငါ့ကို မင်း ရယ်စရာလို့ထင်မှာမလား? မင်းမှန်တယ်၊ ငါစိတ်ကြီးဝင်ခဲ့တယ်၊ ဒါကြောင့် မင်းရှေ့မှာ ငါ့ကိုယ်ငါ အရည်အချင်း မရှိဘူးလို့ ဘယ်တော့မှထင်စေချင်ဘူး။

မင်းထွက်သွားတဲ့ အချိန်မှာငါ ကိုယ်ဝန်ရှိနေတယ်ဆိုတာ ငါသိခဲ့တယ်၊ ဒါပေမယ့် မင်းကိုငါ မပြောချင်ခဲ့ဘူး"

"မင်းကံဆိုးတဲ့နေ့ ရောက်လာမှာကို ငါစောင့်နေခဲ့တယ်။

အဲဒီနေ့ရောက်လာရင် ငါကလေးကိုခေါ်ပြီး မင်းကိုရှာလာမယ်။

စိတ်မကောင်းစရာက၊ ဘုရားသခင်က မတရားဘူး၊ ဘာလို့မင်းမှာ အခု အားလုံးရှိနေပြီး ငါက ဆင်းရဲစွာနဲ့ နေနေရတာလဲ! ငါ အစကတော့ ကလေးရှိတဲ့ မိန်းမတစ်ယောက်ဖြစ်နေရင်တောင် ငါ့စွမ်းရည်နဲ့ ငါ ကောင်းကောင်း နေနိုင်မယ်လို့ ထင်ခဲ့တာ။

ဘုရားသခင်က ဘာလို့ငါ့ကို ဒီလိုလုပ်ရတာလဲ၊ငါ့ ဘဝကို ပိုပိုပြီး ဆင်းရဲအောင်လုပ်ရတာလဲ!"

ဖန်းချင်းဟာ သူ့ဘဝအကြောင်းပြောတာနဲ့ လောင်ယန်းအပေါ် ထားတဲ့ အမုန်းတရားတွေက ပိုပြင်းထန်လာခဲ့တယ်။

လောင်ယန်းဟာ တစ်ခုခုကို ပြောချင်ပေမယ့် စဉ်းစားပြီးတဲ့နောက်မှာ ဖန်းချင်းရဲ့စကားကို ဆန့်ကျင်ဖို့စကားလုံး ရှာမတွေ့ခဲ့ဘူး။

ဖန်ချင်းရဲ့ စကားတွေက အဓိပ္ပါယ်ရှိတယ်လို့ သူထင်လို့တော့မဟုတ်ဘူး၊ သူမရဲ့ စိတ်ကြီးဝင်မှုတွေက ရီစရာကောင်းလွန်းလို့ပဲ ဖြစ်တယ်။

အရမ်းကို ရီစရာကောင်းလွန်းတာကြောင့် သူဘာမှ ဆက်ပြောချင်စိတ် မရှိတော့ဘူး။

သူဟာ အေးစက်စွာ ရယ်မောရင်းနဲ့ပဲ "စိတ်မပူပါနဲ့၊ ငါပြန်သွားမယ်။ ရှောင်ရှီးရဲ့ ဂူကိုငါရှာမယ်။ သူမကို မီးသင်္ဂြိုဟ်ထားတာပဲ ဖြစ်ဖြစ်၊ မြှုပ်နှံထားတာပဲဖြစ်ဖြစ် သူမအတွက် ဈာပနအခမ်းအနားကျင်းပပြီး ဂူရှိရာ ကျောက်တိုင်မှာ သူမက ငါ့သမီးလို့ အမှန်အတိုင်းရေးထိုးပေးမယ်”

“ ဖန်းချင်း၊ မင်းက ရူးနေတာပဲ"

"ငါအပြင်ထွက်ပြီး တိုးတက်ဖို့လမ်း ရှာချင်ခဲ့တာ။ ဆယ်နှစ်အတွင်းမှာ မိန်းမတစ်ယောက်နဲ့တောင်မှ ငါ အတူတူ မနေခဲ့ဘူး၊ ဒါကြောင့် မင်းကို ရှင်းပြဖို့ မလိုအပ်ဘူး။

မင်းကငါမင်းကို စွန့်ခွာသွားတယ်လို့ ထင်ရင် စွန့်ခွာသွားတယ်လို့ မှတ်လိုက်၊ ဒီဘဝမှာ မင်းနဲ့ ငါ ဆက်ဆံရေးက ပြတ်ပြီ။

မင်းငါ့ကို ဘာအကြွေးမှ မတင်ပေမယ့် မင်းရှောင်ရှီးကိုတော့ မင်း နောက်ဘဝ ပေါင်းများစွာဆပ်ရမယ်။

မင်းမယုံရင် မင်းက ဘယ်လောက် ရီစရာကောင်းပြီး သနားစရာ ကောင်းတယ်ဆိုတာ ငရဲရောက်ရင် သိသွားလိမ့်မယ်!"

"တိတ်စမ်း!"

လောင်ယန်းစကားပြောပြီးတာနဲ့ သူမဟာ ကြမ်းတမ်းစွာ အော်ဟစ်လိုက်တယ်။

ဒါပေမယ့်ခဏနေတော့ သူမဟာပြန်ရယ်ပြီး "ငါက ဘာလို့ငရဲသွားရမှာလဲ? ဒီလောကမှာ ငါ့နောက်ကို လိုက်တဲ့သူတွေ ဘယ်နှစ်ယောက်ရှိလဲဆိုတာ မင်းသိသလား? ​ရှောင်ရှီး ကျေးဇူးကြောင့်လည်းပါတယ်။

နှစ်ပေါင်းများစွာကြာအောင် အတားအဆီးကို ဘယ်သရဲမှ ဆုတ်ဖြဲတာ မမြင်ဖူးဘူးလို့ သူတို့ပြောကြတယ်။

ရှောင်ရှီးက ချန်ကျန်းကိုရောက်ဖို့ အတားအဆီးကို ဖြတ်ကျော်လာတဲ့ ပထမဆုံး တစ္ဆေဖြစ်ပေမယ့်၊ ငါကိုသာ ပထမဆုံးလို့ သူတို့ထင်နေကြတယ်။

အဲဒီ တစ္ဆေတွေဟာ အခုကစပြီး ငါ့နောက်ကို လိုက်မယ့် ဆိုးယုတ်တဲ့ တစ္ဆေတွေ ဖြစ်လာကြတော့မယ်။

ငါက ဘာလို့ ပြန်လည်မွေးဖွားရမှာလဲ?

သေပြီးတဲ့နောက်မှာတောင် ငါက ဂုဏ်သိက္ခာရှိရှိနဲ့ ရှိနေနိုင်သေးတယ်၊ ဒါဆို ငါက ဘာလို့ငရဲသွားပြီး လေလွင့် ဝိညာဥ် ဖြစ်လာရမှာလဲ?"

"မင်းမသွားချင်ဘူး ဆိုရုံနဲ့ ငရဲကို မသွားရတော့ဘူးလို့ မင်းထင်နေတာလား"

ကျန်းရီဟာ နောက်ဆုံးမှ စကားစပြောလိုက်တယ်။ တစ္ဆေမိန်းမ ဖန်းချင်း အဆောက်အဦးနား ကပ်လာတဲ့အချိန်ကတည်းက သူပုန်းနေခဲ့ပြီး အခုမှပဲ တစ္ဆေမိန်းမက သူ့ကိုမြင်လိုက်ရတာ ဖြစ်သည်။

ကျန်းရီကို မြင်တဲ့အခိုက်အတန့်မှာ တစ္ဆေမိန်းမရဲ့မျက်နှာဟာ ရုတ်တရက် ပြောင်းလဲသွားပြီး "မင်းဘယ်သူလဲ!" လို့အော်လိုက်တယ်။

"မစ္စတာယန်း ပြောတာမှန်တယ်။ မင်းနဲ့ သူကြားက အကြွေးတွေက ရှုပ်ထွေးပြီးရှင်းရခက်တယ်။ ဒါပေမယ့် မင်း ရှောင်ရှီးကိုတော့ နောက်ဘဝပေါင်းများစွာ ဆပ်ရမယ်။

ဘယ်လောက်တောင် တော်တဲ့ ကလေးလဲ။

သူမသေဆုံးရတာက မတရားဘူး။

သူမက သူ့အဖေ့ကို မြင်ချင်ခဲ့ယုံလေးပဲ။

ငါးနှစ်၊ တစ္ဆေတွေ မဖြတ်ကျော်နိုင်တဲ့ အတားအဆီးကို ဖြတ်ကျော်ဖို့ သူမ ငါးနှစ်ကုန်ဆုံးခဲ့ရတယ်၊ နောက်ဆုံးမှာတော့ သူမဟာ လုံးဝ ပျောက်ကွယ်သွားတော့မလို ဖြစ်ခဲ့ရတယ်"

"ဒါပေမယ့် အမေတစ်ယောက်အနေနဲ့ မင်းဘာလုပ်ပေးခဲ့တာလဲ? မင်းသမီး ယူဆောင်လာတဲ့ အရာတွေအားလုံးကို မင်းလောဘတကြီးခံစားနေပြီး သူမကိုတောင်မှ ကျိန်ဆဲနေသေးတယ်"

ကျန်းရီရဲ့ စကားတွေဟာ အင်မတန် အေးစက်နေခဲ့တယ်။ တစ္ဆေမိန်းမက ပြန်ပြောမယ့် အချိန်မှာပဲ ရုတ်တရက် တံခါးနောက်က ပုံရိပ်တွေကို သူမရှေ့ကို ပစ်ထုတ်လိုက်တယ်။ အဲဒါတွေက သူမပြောခဲ့တဲ့ အထီးကျန်တစ္ဆေတွေဖြစ်တယ်။

"မင်းလိုလူမျိုးတွေက ဘာကို စိတ်ကြီးဝင်နေမှန်း တစ်ခါတလေ ငါနားမလည်ဘူး။

လောင်ယန်းက မမှားဘူး။

ယောက်ျားတစ်ယောက်အနေနဲ့ ရည်မှန်းချက်မရှိရင် ဆင်းရဲစွာနဲ့ပဲ နေရလိမ့်မယ်။

ဒါပေမယ့် သူ့မှာ ရည်မှန်းချက်ရှိပြီး တက်ကြွမှုလည်း ရှိတဲ့သူဖြစ်တယ်၊ ဒါဟာ မင်းနဲ့ တကယ် လက်တွဲဖို့အတွက်ပဲ ဖြစ်တယ်၊ ဒါပေမယ့် မင်းက သူ့ကို မင်းနဲ့ ချည်နှောင်ထားချင်တဲ့ အမှားကိုလုပ်ခဲ့တယ်။

မင်းတကယ်ပဲ ရှောင်ရှီး သေဆုံးရတဲ့ အကြောင်းရင်းကို မစဉ်းစားခဲ့ဘူးလား? တကယ်တော့ အကြောင်းရင်းက မင်းရဲ့ အရည်အချင်းမရှိမှုပဲ!"

"မင်းမှာက အရည်အချင်းလုံးဝမရှိဘူး၊ ဒါပေမယ့် မင်းရဲ့ယောက်ျားဟာ မင်းရဲ့ ထိန်းချုပ်မှုကို နာခံရမယ်လို့မင်းထင်နေတာ။

တကယ်လို့ မင်းမှာ အရည်အချင်း တကယ်ရှိခဲ့ရင် ရှောင်ရှီးအတွက် မင်းမှာ ကုသဖို့ ပိုက်ဆံမရှိလို့ မင်းနဲ့အတူ မြစ်ထဲခုန်ချရမှာလား? ကိုယ်တိုင်ကိုယ်က အဖြစ်မရှိဘဲ မင်းက ဒီလောကမှာနေပြီး သူများရဲ့ ဖားယားမှုတွေကို ခံယူပြီး ဂုဏ်သိက္ခာပြချင်နေတာက ရီစရာပဲ"

ကျန်းရီပြောပြီးတာနဲ့ လက်ဝါးကို ဝှေ့ယမ်းလိုက်ပြီး တစ္ဆေမိန်းမကို နောက်ထပ် စကားတစ်ခွန်းမှ ပြောခွင့်မပေးတော့ဘဲ ငရဲထဲကို တန်းပစ်ထုတ်လိုက်သည်။

All Chapters