← Chapters

နှုတ်ဆက်ထွက်ခွာမသွားလိုသော ချစ်သူ (1)

Vol. 22 Ch. 212

နှုတ်ဆက်ထွက်ခွာမသွားလိုသော ချစ်သူ (1)

Vol. 22 Ch. 212

လူသတ်မှု၏ ဖြစ်ကြောင်းကုန်စင်အား သိလိုက်ရချိန်တွင် အင်တာနက်ပေါ်၌ အကြိတ်အနယ်ဆွေးနွေးငြင်းခုံမှုများ ပေါ်လာခဲ့သည်။

ဝေဖန်သူများသည်ကား အမှု၏ အဓိကဇာတ်ဆောင်သုံးဦးနှင့် ပတ်သတ်၍ သူတို့၏ အထင်အမြင်များအား ချပြခဲ့ကြသည်။

[ဘယ်လိုပြောရမလဲ? ဒီကောင်မလေးက တော်တော်လေးတော့ သနားဖို့ကောင်းတာပဲ၊ ဒါပေမဲ့  အဲဒီလို အရမ်းသနားဖို့ကောင်းတဲ့သူတွေမှာ မကောင်းတဲ့ အချက်တစ်ခုရှိတယ်

သူက တစ်ဖက်ကလူက မကောင်းတဲ့ကောင်မှန်းလဲ သိတယ်လေ၊ ဒါတောင်မှ သူ့ကို လက်မလွှတ်ဘဲ ဆွဲထားချင်ခဲ့တာတဲ့၊ ဘာတွေကို တွေးနေခဲ့တာလဲဆိုတာ နားတောင်မလည်တော့ဘူး]

[အကုန်လုံးက လူဆိုးတွေပဲ မဟုတ်ဘူးလား? ယောင်္ကျားတွေကတော့ အဆိုးဆုံးပေါ့( အမျိုးသမီးနှစ်ယောက်လည်း တစ်ယောက်ကကျတော့ ကြံရာပါ၊ နောက်တစ်ယောက်ကျတော့လည်း အစွဲအလမ်းကြီးလွန်းတယ်

ဒါပေမယ့် ဒီလင်မယားကတော့ ရက်စက်လွန်းပါတယ်၊ လူသတ်ရုံတောင်မကဘူး၊ ခန္ဓာကိုယ်ကိုတောင် အပိုင်းပိုင်းဖြတ်လိုက်သေးတယ်၊ ဒီလိုကောင်မျိုးအတွက်နဲ့ တန်လို့လားကွာ?]

[သေချာတာကတော့ အဲဒီစွန့်ပစ်ဆေးကျောင်းကြီးကို သေသေချာချာ စီစဉ်ဖို့လိုအပ်နေပြီဆိုတာပဲ၊ အန္တရာယ် များလွန်းတယ်လေ၊

သုံးလကျော်လောက် အလောင်းကိုစွန့်ပစ်ထားတာတောင် ဘယ်သူမှ မသိကြဘူး! ဒီကိစ္စတစ်ခုလုံးမှာ ကြားထဲက ထိခိုက်သွားတာတော့ လေပြေသရဖူပဲ]

[ငါကြားတာတော့ သူ့မိန်းမလည်း အပြစ်ပေးခံရတယ်တဲ့၊ ဒါပေမယ့် ထောင်ဒဏ်ကိုတော့ ကလေးမွေးတော့မှာမို့လို့ ခဏဆိုင်းထားတာဆိုပဲ

ဒီလင်မယားလို မိဘမျိုးရထားတဲ့ ကလေးကတော့ ကံဆိုးတာပါပဲ၊ လူသတ်သမားနှစ်ယောက်ရဲ့ ကလေးဖြစ်ရတယ်လို့]

[ဘာမှမဖြစ်ရင်တောင် အဲဒီလိုယုတ်မာတဲ့ ကောင်မျိုးက ငရဲအိုး ချိုးကပ်သင့်တယ်]

[ဆိုတော့ ဒီတစ်ခါလည်း ကုကျစ်စုန့်က မှန်ပြန်ပြီပေါ့၊ သူမက နောက်ထပ် သဘာဝလွန်ပညာကို သုံးပြီး အမှုတွေကို ကူညီဖြေရှင်းနိုင်ဦးမလားမသိဘူးနော်?]

[……]

ဝေဖန်သူများ၏ စိတ်ပူသည့်အချက်များအား တစ်ခုပြီးတစ်ခု ဖြေရှင်းပေးခဲ့သည်။

မကြာလိုက်ပါချေ၊ အစိုးရမှ တရားဝင်ကြေငြာချက်တစ်ခု ထုတ်ပြန်လာခဲ့သည်။ ဒေသခံအဖွဲ့များမှ လူများ စေလွှတ်၍ စွန့်ပစ်ခံထားရသော သိပ္ပံနှင့် နည်းပညာပန်းခြံနှင့်အတူ စွန့်ပစ်ခံဆေးကျောင်းများအား သန့်ရှင်းစေခဲ့သည့် သတင်းပင်ဖြစ်၏။

ဆေးကျောင်းမှ ဆရာများကိုယ်တိုင် စွန့်ပစ်ပစ္စည်းများအား စနစ်တကျကိုင်တွယ်ကာ ထိုနေရာသည်လည်း နောင်တစ်ချိန်တွင် အဆောက်အဦးသစ်များ ပြန်လည်ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။

ထိုအမှုနှင့် ပတ်သတ်သည့် စုံစမ်းမှုများလည်း တစ်ခန်းရပ်သွားခဲ့လေသည်။

အစိုးရရဲတပ်ဖွဲ့၏ ကြေငြာစာထုတ်ပြန်ပြီးချိန်တွင် တရားဝင်အဖွဲ့အစည်းများသည်က ကုကျစ်စုန့်ထံသို့ ဦးတည်လာခဲ့ပြန်သည်။

E မြို့တော်ရဲဌာနချုပ် : “တက်ကြွစွာ ပူးပေါင်းကူညီခဲ့သော ပြည်သူ @ကုကျစ်စုန့်ကိုလည်း ယခုအမှုအခင်းအတွက် အရေးကြီးသတင်းများ ရှာဖွေတွေ့ရှိနိုင်ရန် ကူညီပေးခဲ့ပြီး ရဲဌာနအား လူသတ်မှုဖြေရှင်းနိုင်ရန် ကူညီပေးခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်”

အချိန်ခဏအတွင်းမှာပင် #ကုကျစ်စုန့်ရဲ့ သဘာဝလွန်ပညာက လူသတ်မှုဖြေရှင်းခဲ့တယ်# ဆိုသော hashtag သည် ထိပ်တန်းရှာဖွေမှုတစ်ခု ဖြစ်လာခဲ့သည်။

ယခုတစ်ကြိမ်တွင်တော့ လူသတ်မှုဖြစ်စဉ်တစ်ခုလုံးသည်က အင်တာနက်ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

ထိုနေ့မှ ဗီဒီယိုမှတ်တမ်းသည်လည်း လူကြည့်များကာ ဟန်ဆောင်အတုပြုလုပ်ရန်မှာလည်း မဖြစ်နိုင်ပေ။

ထိုအပိုင်းတစ်ပိုင်းကြောင့် ယခင်က စိတ်ဓာတ်ပြင်းထန်သည့် ဘာသာမဲ့များသည်လည်း နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သည်များကို သံသယဝင်ကာ ဤကမ္ဘာကြီးတွင် အမှန်တကယ် သရဲ၊တစ္ဆေများအား မြင်နိုင်သူများ ရှိနေသလော ဆိုသည့် အတွေးများ ပေါ်လာခဲ့ကြသည်။

သို့သော် ထိုအဖြစ်အပျက်များသည်က နောက်ဖြစ်လာမည့် ကိစ္စများသာလျှင် ဖြစ်ပေ၏..



တိုက်ရိုက်ထုတ်လွှင့်မှု ပထမပိုင်းပြီးဆုံးပြီးနောက် ကုကျစ်စုန့် ရိုက်ကူးရေးနေရာတွင်သာ နေ့လည်စာ စားခဲ့သည်။

ခေတ္တအနားယူပြီးနောက် အစီအစဉ်အဖွဲ့မှ သူမအား ခေါ်ဆောင်ရန် ကားတစ်စီးစေလွှတ်ကာ နေ့လည်ခင်းအတွက် ရိုက်ကူးရေးနေရာသို့ သွားရောက်ကြမည်ဖြစ်သည်။

မထွက်ခွာမှီ ကုကျစ်စုန့် တောက်ကျန့်ဝတ်စုံများ ဝတ်ဆင်ထားသည့် ရှင်းယိချင်းနှင့် ဆုံမိခဲ့သည်။

အနည်းငယ်မော့ကြည့်လိုက်ချိန်တွင် ရှင်းယိချင်းမှ သူမအား အဓိပ္ပာယ်ဖော်ရခက်သည့် မျက်ဝန်းများနှင့် ကြည့်နေသည်ကို မြင်တွေ့ခဲ့ရသည်။

ရှင်းယိချင်းအနေဖြင့် သူမအား တစ်ခုခုပြောရန်ရှိသည်ဟု ထင်လိုက်မိသော်ငြား သူမကို အချိန်ကြာကြာ စူးစိုက်ကြည့်နေခဲ့ပြီးနောက် ဝတ်ရုံစကို ခါကာ ထွက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကုကျစ်စုန့်: “???”

ယခုခေတ်၏ ဂျူနီယာတောက်ကျန့်များသည်က သူ့ထက်ငါ အပြိုင်အဆိုင် လူထူးဆန်းများသာလျှင် ဖြစ်နေခဲ့သည်။

နေ့လည် ၂နာရီခွဲအချိန်၌ ဆဌမမြောက်တိုက်ရိုက်ထုတ်လွှင့်ခြင်း၏ ဒုတိယအပိုင်း စတင်လေပြီ!

နေ့လည်ခင်းတွင် ဖုန်းများ၊ တီဗီများရှေ့တွင် မျက်မှောင်ကြုတ်၊ အာရုံစိုက်ကာ စောင့်နေကြသည့် ကြည့်ရှုသူများသည်လည်း တိုက်ရိုက်ထုတ်လွှင့်မှု စတင်ပြီဖြစ်ကြောင်း အချက်ပေးသံကြားသည်နှင့် အပြိုင်အဆိုင် Link အား ဝင်ရောက်ကြသည်။

ပရိုဂရမ်အဖွဲ့သည်လည်း အခန်းတွင်းမှ လူဦးရေများ ဆက်တိုက်တိုးလာနေသည်အားကြည့်ရင်း စိတ်လှုပ်ရှားနေခဲ့ကြပြန်သည်။

ကုကျစ်စုန့်၏ ပထမပိုင်းတိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြဿနာများ ဖြစ်ခဲ့ကာ ယနေ့မနက်ခင်း၌ပင် ထိပ်တန်းရှာဖွေမှုတစ်ခု ဖြစ်ခဲ့သော်ကြောင့် ပရိုဂရမ်အဖွဲ့မှာလည်း ကြည့်ရှုသူများ၏ ဆူပူကြိမ်းမောင်းခြင်း ခံခဲ့ရရှာသေးသည်။

ကံကောင်းစွာပင် အင်တာနက်သုံးစွဲသူများသည်ကား ပြိုင်ပွဲတွင် မပါဝင်ရသောကြောင့် ကြိတ်မနိုင်၊ခဲမရဖြစ်ရုံသာ ဖြစ်ပြီး အင်မတန် စိတ်ဆိုးခြင်းမျိုး မရှိခဲ့ကြပေ။

သို့သော် သဘာဝလွန်ပညာနှင့် ကုကျစ်စုန့်အား မယုံကြည်သော black fan များကတော့ အခွင့်ကောင်းယူကာ တိုက်ခိုက်ကြပြန်သည်။

ပရိုဂရမ်အဖွဲ့သည် ထိပ်တန်းရှာဖွေမှုများအား ဝယ်ယူကာ လူအများ အာရုံစိုက်ခံရအောင် ပြုလုပ်နေကြောင်း ကောလဟာလများ ပေါ်ထွက်လာခဲ့သည်။

ကုကျစ်စုန့်၏ ပရိတ်သတ်များကတော့ ဒေါသအမျက်ခြောင်းခြောင်းထွက်ကာ ပရိုဂရမ်ဒါရိုက်တာသည် မရိုးသားကြောင်း၊ ကုကျစ်စုန့်အား အပြစ်တင်ခံနေရသည်ကို ငြိမ်ကြည့်နေကြောင်း ယိုးစွပ်လာကြပြန်သည်။

ကံကောင်းထောက်မစွာ ဆာဗာက ယခုတစ်ကြိမ်တွင်တော့ ပြဿနာမဖြစ်ခဲ့ပေ။

ဖော်ပြနေသော လူဦးရေနှင့် အမှန်တကယ်ရှိသည့် လူဦးရေတန်ဖိုးမှာ ကွဲပြားနေသေးသေည်လည်း မနက်ခင်းနှင့် ယှဉ်ပါက လွန်စွာ မြန်ဆန်သွားပြီဖြစ်သည်။

စတူဒီယိုအတွင်းမှ ဒါရိုက်တာ လီချန်ဟဲတစ်ယောက် နဖူးမှ ချွေးစေးများကို သုတ်ကာ သက်ပြင်းချလိုက်သည်။

“ဒီဆာဗာက တစ်ခုခုတော့ လွဲနေသေးတယ်.  သူပြနေတာက လူဦးရေ သိန်းတစ်ရာကျော်တောင် ပြနေတာ၊  အဲ့တာဆိုရင် တစ်နိုင်ငံလုံးက လူဦးရေရဲ့ ဆယ်ပုံတစ်ပုံလောက်တောင် ဖြစ်နေပြီ၊ ဒါကြီးကတော့ လွန်လွန်းတယ်လေ၊  ငါတို့ ဘယ်ကုမ္ပဏီကနေ ငှားမိတာပါလိမ့်? မယုံကြည်ရပါဘူးကွာ”

လက်ထောက်ဒါရိုက်တာလည်း ထိုကဲ့သို့ တွေးမိသည်။

“တော်သေးတာက ဒီဒေတာတွေ အပြင်ကို ပေါက်မသွားလို့ပဲ၊ မဟုတ်လို့ကတော့ ပြည်သူတွေနဲ့ အခြားအဖွဲ့တွေ မြင်လို့ရင် ငါတို့က ရေတပ်အဖွဲ့ကိုပါ ငှားထားတယ်လို့ ထင်နေလိမ့်မယ်၊ လူတွေ ဝိုင်းဟားခံရတာနဲ့ သေမှာပဲ!”

ကုကျစ်စုန့် ထုတ်လုပ်ရေးပိုင်း၏ ကြည့်ရှုသည့် မျက်နှာပြင်ရှေ့တွင် ထိုင်နေခဲ့ပြီး မှတ်ချက်ဧရိယာသည် ရံဖန်ရံခါ ယင်စွမ်းအင်နှောသည့် မှတ်ချက်များနှင့် ပြည့်နေကြောင်း တွေ့နေခဲ့ရသည်။

သို့သော် ထိုမှတ်ချက်များသည်ကား ရာထောင်ချီသော မှတ်ချက်များကြားတွင် လျစ်လျူရှုရန် လွယ်ကူလွန်းလှသည်။

ထိုမှတ်ချက်တိုင်းတွင် မှတ်ချက်ပေးသူသည် ထူးဆန်းသည့် နာမည်ပြောင်များ၊ သရဲတစ္ဆေပုံ ပရိုဖိုင်များနှင့်ဖြစ်ကာ ကုကျစ်စုန့်အား မဆိုင်းမတွ ချီးကျူးသည့် စကားများသာ ဆိုကြလေသည်။

သူတို့သည်က ရေတပ်ထက်ပင် ရေတပ်ဆန်နေလွန်းလှသည်။

သူမနှင့် အခြားကြည့်ရှုသူများ မသိခဲ့သည့် အချက်မှာ ယနေ့မနက်ခင်းတိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးချိန်တွင် မြေအောက်ကမ္ဘာမှ ယင်အရာရှိပေါင်း နှစ်ထောင်ကျော်သည်က တစုတဝေးတည်း သဘောတူညီချက်တစ်ခု ချမှတ်ခဲ့သည်။

သဘောတူညီချက်အား ဦးဆောင်သူမှာ ကုကျစ်စုန့်၏ နာမည်ကြီးပရိတ်သတ် မားမြန်ပင်ဖြစ်၏။

[ဒီနေ့ကစပြီး တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ရှိတဲ့ ယင်စွမ်းအင်နဲ့ ယန်စွမ်းအင်တွေ မျှမျှတတဖြစ်အောင် ယမမင်းနန်းတော်ကနေမှ မြေအောက်ကမ္ဘာကွန်ယက်ဖွံ့ဖြိုးရေးဌာနမှ အလုပ်လုပ်ကိုင်တဲ့ သရဲတစ္ဆေတွေကို အမိန့်ပေးလိုက်တယ်

မြေအောက်ကမ္ဘာရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်တဲ့ ဆော့ဖ်ဝဲမှာ မှတ်ချက်ရေးလို့ရအောင် လုပ်ပေးဖို့ပဲ ၊ သရဲတစ်ကောင်က တစ်နာရီကို မှတ်ချက်တစ်စောင်ပဲ ရေးလို့ရမယ်။ အဲဒီတော့ ဒီမှတ်ချက်ကို အကျိုးရှိရှိ အသုံးချပြီး စည်းကမ်းရှိတဲ့ သရဲတစ္ဆေပရိတ်သတ်တစ်ကောင်ဖြစ်အောင် နေကြပါ]

[နောက်ပြီးတော့ ငရဲဒုတိယထပ်က သရဲတစ်ကောင်က အကျိုးအကြောင်းမသင့်တဲ့ အပြုအမူလုပ်လို့ အပြစ်တင်ခံနေရတယ်

ဘာလဲဆိုတော့ မြေအောက်ကမ္ဘာကနေ ခိုးထွက်ပြီး စုန့်စုန့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ မကောင်းပြောတဲ့ ပရိတ်သတ်ကို ထိခိုက်အောင် လုပ်ဖို့ ကြံစည်ခဲ့လို့ပဲ

အဲဒီလို ကြမ်းတမ်းပြီး မဆီလျော်တဲ့ အပြုအမူတွေက ငါတို့ မြေအောက်ကမ္ဘာက ပရိတ်သတ်တွေကို နာမည်ပျက်စေလိမ့်မယ်

ဒါကြောင့် ယမမင်းနန်းတော်ကနေ အခြားသူတွေကိုလည်း သတိပေးပြီးဖြစ်အောင် ပြင်းပြင်းထန်ထန် သတိပေးခဲ့ပြီး သင့်လျော်တဲ့ အပြစ်ဒဏ်ကိုလည်း ခံရလိမ့်မယ်]

ထိုကြေငြာချက်ကြောင့် သရဲတစ္ဆေပရိတ်သတ်များသည် သူတို့၏ မှတ်ချက်များ အရေအတွက် ကန့်သတ်ချက်ရှိကြောင်း သဘောပေါက်သွားခဲ့သည်။

ထိုအရာအားလုံးသည်က လူ့ပြည်မှ ပျက်စီးလွယ်သော တိုက်ရိုက်ထုတ်လွှင့်မှုကွန်ယက် ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ရန်အတွက်သာပင်။

ပြိုင်ပွဲစသည်နှင့် ဝတ်စုံပြည့်ဝတ်ဆင်ထားကာ မိုက်ကရိုဖုန်းကိုင်ထားသည့် တင်ဆက်သူလျှို့သည်က ကင်မရာအား ကြည့်ကာ သူ၏ နာမည်ကျော်အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

“အားလုံးပဲ၊ မင်္ဂလာပါ၊ တိုက်ရိုက်ထုတ်လွှင့်မှုကတော့ ၇ရက်ကြာပြီးချိန်မှာ အသစ်တစ်ခေါက် စခဲ့ပါပြီ

အခု အစီအစဉ်မှာလည်း ဘယ်ပြိုင်ပွဲဝင်တွေက ဘယ်လို စွမ်းရည်တွေကို ထုတ်ပြပြီး ပြဿနာကို ဖြေရှင်းသွားမလဲဆိုတာ စောင့်ကြည့်ကြရအောင်ပါ!”

*

“အဖွဲ့လိုက်ပြိုင်ပွဲ တရားဝင်မစတင်ခင်မှာ အားလုံးကို အရေးကြီးကြေငြာစရာတစ်ခုရှိပါတယ်.

အခုဆိုရင် ပြိုင်ပွဲက ဆဌမမြောက်အပိုင်းဖြစ်ပြီး ပြိုင်ပွဲဝင်ကလည်း ၅ယောက်ပဲ ကျန်ပါတော့တယ်

ပြီးတော့ ဒီနေ့အစီအစဉ်အပြီးမှာဆိုရင် ပြိုင်ပွဲဝင် ၅ယောက်ပဲ ကျန်ရှိတော့မှာပါ၊

တဖြည်းဖြည်းနဲ့ စတုတ္ထ၊ တတိယနဲ့ နောက်ဆုံး ချန်ပီယံအထိ ရွေးချယ်ဖို့ရာ နီးစပ်လာပါပြီ!”

“ပြိုင်ပွဲက ဒီအချိန်ထိတောင် ရောက်လာခဲ့ပြီနော်၊ ပြိုင်ပွဲဝင်တိုင်းကလည်း သူတို့ရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကို အရှေ့ပိုင်းတွေမှာ ထုတ်ပြခဲ့ပြီးပါပြီ၊

နောက်ပြိုင်ပွဲမှာ ဘယ်သူပဲ ရှုံးသည်ဖြစ်ပါစေ သူတို့က ထူးချွန်ပြောင်မြောက်တဲ့ သဘာဝလွန်ကျွမ်းကျင်ပညာရှင်တွေဆိုတော့ ဘယ်သူမှ ငြင်းနိုင်မယ်လို့ မထင်ပါဘူး!”

*

All Chapters