နှုတ်ဆက်ထွက်ခွာမသွားလိုသော ချစ်သူ (2)
Vol. 22 Ch. 213
[ဟားဟား ရှုဖူလည်း ထွက်သွားပြီဆိုတော့ တင်ဆက်သူလည်း အာချောင်လို့ ကောင်းသွားတာပေါ့. ပြိုင်ပွဲက လူတွေအကုန်လုံး မိုက်တယ်တို့ ဘာတို့လေ]
[ပြိုင်ပွဲက တစ်ဝက်လောက်တောင် ရောက်နေပြီလား၊ မဖြစ်ဘူး!! ငါ့ရဲ့ ပျော်ရွှင်မှုတွေက နောက်တစ်လ၊နှစ်လလောက်ဆိုရင် ပျောက်သွားတော့မှာလား?!]
[အခုပြိုင်ပွဲမှာကျန်နေတာတွေကတော့ တကယ့်ခေါင်တွေပဲ၊ အမှန်အတိုင်းပြောရရင်တော့ နာမည်အကြီးဆုံးက သူများတွေနဲ့တော့ မတူဘူးနော်၊
နောက်ဆုံးမှာ ဘယ်သူက စွမ်းအားအကြီးဆုံးဖြစ်ပြီး ဘယ်သူနောက်ဆုံးကျန်ခဲ့မယ်ဆိုတာ တော်တော်များများ သိနေလောက်ပါပြီ၊ ဒီတော့ ဘယ်သူက ပထမ၊ဒုတိယနဲ့ တတိယဖြစ်မလဲဆိုတာကိုပဲ ရင်ခုန်ရတော့မှာပဲ]
[အမှန်ပဲ၊ ပြန်တွေးကြည့်ရင် ပြီးခဲ့တဲ့ နှစ်လလောက်တုန်းကတော့ ငါတို့အားလုံး ဒီမင်းသမီးက ဒီမှာလာပြီး ကိုယ့်အရှက်ကိုခွဲတာလို့ ထင်ခဲ့ကြတာပဲ၊ ဒါပေမယ့် နှစ်ပိုင်းလောက်ပဲ ကြည့်လိုက်ရတယ်၊
သူ့ရဲ့ ပညာနဲ့ ငါ့ကို ရောင်ကိုင်းနေအောင်များ ပါးချလိုက်သလား အောက်မေ့မိတယ်၊ အခုတော့ ရယ်ချင်စရာအဖြစ်တွေပါပဲ]
တင်ဆက်သူလျှို့၏ အသံကတော့ ဇာတ်ညွှန်းအတိုင်း ဆက်၍ ပြောနေဆဲပင်။
“အခုဆိုရင် ပြိုင်ပွဲဝင်တိုင်းအတွက်တော့ ပရိတ်သတ်တစ်ယောက်ချင်းစီရဲ့ မဲတွေက အရေးကြီးပြီးအသက်သွေးကြောတွေလိုပါပဲ၊
ကြည့်ရှုသူတွေအားလုံးက ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီရဲ့ စွမ်းအင်တွေကို သေသေချာချာအသေးစိတ်သိနိုင်ပြီး ထိပ်တန်း(၅)ယောက်ရွေးချယ်ရာမှာ သံသယ ကင်းကင်းနဲ့ ရွေးချယ်နိုင်အောင် ပရိုဂရမ်အဖွဲ့က ဒီအဖွဲ့လိုက်ပြိုင်ပွဲအပြီးမှာ နောက်ထပ် ပြိုင်ပွဲတစ်ခုကိုလည်း ပြင်ဆင်ထားပါသေးတယ်!”
“ပြီးတော့ နောက်တစ်ပိုင်းကနေ စပြီး ပြိုင်ပွဲအစီအစဉ်လည်း အနည်းငယ်စတင်ပြောင်းလဲမှာ ဖြစ်ပါတယ်”
“အပိုပြိုင်ပွဲကတော့ မနက်ဖြန်မနက် ၁၀နာရီမှာဖြစ်တာကြောင့် စောင့်ကြည့်ပေးကြပါဦး! အခုချိန်မှာတော့ ဒီနေ့ပြိုင်ပွဲကို အခုပဲ စတင်လိုက်ကြရအောင်ပါ!”
ကြိုတင်ပြင်ဆင်ခြင်းတစ်စုံတရာမရှိပဲ တင်ဆက်သူမှ ပြိုင်ပွဲပုံစံပြောင်းမည့်အကြောင်းနှင့် အပိုပြိုင်ပွဲတစ်ခုရှိသည့်အကြောင်း သတင်းများအား ကြေငြာလိုက်သောကြောင့် ကြည့်ရှုသူတော်တော်များများ အံ့အားသင့်သွားခဲ့ရသည်။
မှတ်ချက်များလည်း များပြားလွန်းသောကြောင့် စာကို မှီအောင်လိုက်ဖတ်ရန်ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။
လူအများ အဓိက စိတ်ဝင်စားသည့် အကြောင်းအရာမှာတော့ မနက်ဖြန်တွင် ကြည့်စရာအပိုင်းရှိသေးသည်ဆိုသော အချက်ပင်!
ပထမဆုံးအကူအညီတောင်းသူ ပေါ်လာခဲ့ချိန်တွင် ပြိုင်ပွဲပုံစံပြောင်းလဲမည့်အကြောင်း မှတ်ချက်ဧရိယာတွင် ဆွေးနွေးနေခဲ့ကြသေးသည်။
ပို၍ အံ့အားသင့်ဖွယ်ကောင်းသည်မှာ အကူအညီတောင်းသူသည်က ပရိုဂရမ်သို့ မိသားစု၊ သို့မဟုတ် အဖော်ပြုမည့်သူ တစ်ဦးတစ်ယောက်မျှ မပါဘဲ တစ်ဦးတည်း လာခဲ့ခြင်းပင်?
သူမသည်က ပန်းပွင့်ဂါဝန်အား ဝတ်ဆင်ထားပြီး ကျစ်ဆံမြီးကျစ်ထားသည့် ဆံနွယ်များသည်လည်း ပုခုံးပေါ်သို့ ဝဲကျနေခဲ့သည်။
သူမ၏ ဖြူနုနေသော အသားအရည်သည်လည်း နေမထိ၊လေမထိထားသည့်အလား နူးညံ့ကြည်လင်နေသည်။
“ဒါကတော့ ကျွန်တော်တို့ရဲ့ ပထမဆုံး တင်ဆက်သူပဲ ဖြစ်ပါတယ်၊ သူ့ရဲ့ မျိုးရိုးနာမည်ကတော့ လျှို့ပါ၊ အားလုံးကို နှုတ်ဆက်ပေးပါဦး မစ်စ်လျှို့”
မစ်စ်လျှို့လည်း နှုတ်ခမ်းများကို စေ့ကာ ပြုံးလိုက်ရင်း ကင်မရာဘက်သို့ လက်ပြနှုတ်ဆက်လိုက်သည်။
“အားလုံးပဲ မင်္ဂလာပါ”
[အို.. ဒီကျဲကျဲက အရမ်းကို နူးညံ့တဲ့ ပုံပေါ်ပြီး လှလွန်းတယ်၊ ကျက်သရေရှိတဲ့ မိန်းကလေးတစ်ယောက်ပဲ]
[အရင်တစ်ခေါက်အပိုင်းတုန်းကတော့ အကူအညီတောင်းခဲသူတွေရဲ့ အချက်က ကလေးတွေနဲ့ ပတ်သတ်တာတွေ များတယ်၊ လာတဲ့ ကလေးတိုင်းကလည်း ဖျားနာနေတဲ့ ကလေးတွေပဲ၊
ဒီတစ်ခါတော့ သူမ တစ်ယောက်တည်းလာတာဆိုတော့ ဘယ်လို ပြဿနာမျိုးဖြစ်မလဲဆိုတာ မှန်းမရဘူး]
“ကောင်းပါပြီ၊ ဒါဆိုရင် ပထမဆုံး ပြိုင်ပွဲဝင်ကို စင်ပေါ်သို့ ဖိတ်ခေါ်လိုက်ရအောင်ပါ၊ အားလုံးပဲ ပြိုင်ပွဲဝင် နံပါတ် ၂ ပိုင်စစ်ကို ကြိုဆိုပေးကြပါဦး”
ယနေ့တွင် ပိုင်စစ်သည်က အနက်ရောင်တီရှပ်အား ဝတ်ဆင်ထားသောကြောင့် ပင်ကိုက ဖြူသည့် အသားအရည်က ပို၍ပင် ဖြူဥနေခဲ့သည်။
စင်ပေါ်သို့ ရောက်လာပြီးသည်နှင့် သူမ မစ်စ်လျှို့ထံသို့ သွားကာ သူ့ထံသို့ လက်ပေးရန် တောင်းဆိုလိုက်သည်။ နှစ်မိနစ်ခန့် ကြည့်ရှုစစ်ဆေးကာ အာရုံခံပြီးနောက် သူခေါင်းကို အသာရမ်းသည်။
“မင်းက တော်တော်လေး ကျန်းမာပါတယ်၊ ဖျားနာတာတွေ၊ ကပ်ဆိုးတွေ ဘာမှ မရှိဘူး၊ ဒီအတိုင်း ယင်စွမ်းအင်နဲ့ ထိတွေ့တာ များနေလို့ပဲ၊ ထူးဆန်းတာ တစ်ခုခုကြုံခဲ့ရတာလား? သရဲ၊တစ္ဆေတွေ့တာမျိုးရော ရှိလား?”
မစ်စ်လျှို့ ခေါင်းငြိမ့်ကာ ဝန်ခံလိုက်သည်။
ထို့နောက် ပိုင်စစ် တင်ဆက်သူအား ကြည့်ကာ သူ့အလှည့်ပြီးပြီဖြစ်ကြောင်း ပြောလိုက်သည်။
သူ၏ လေသံသည် ခပ်အေးအေးပင်။
“ကျွန်တော်ပင့်ဖိတ်ထားတဲ့ ဖြူကောင်မသေမျိုးက ရောဂါကို ကုသပြီး လူတွေကို ကယ်ဆယ်ပေးတာပဲ၊ သရဲ၊တစ္ဆေ မြင်တွေ့တာက ကျွန်တော် ကျွမ်းကျင်တဲ့ ကိစ္စမဟုတ်တာ အမှန်ပဲ၊
ဒီလိုဆိုမှတော့ အချိန်လည်း မဖြုန်းချင်တော့ဘူး၊ နောက်လာမဲ့ စီနီယာတွေ မြန်မြန်စစ်ဆေးလို့ရအောင် လုပ်ပေးတာပေါ့”
သူက စကားဆုံးသည်နှင့် ချာကနဲ လှည့်ထွက်သွားခဲ့သည်။
[ပိုင်စစ်က ဘာတွေလုပ်နေတာလဲ? အခြားမသိ၊မတတ်တဲ့ ကစားသမားတွေတောင် ဟန်ဆောင်ပန်ဆောင်လေး ကြည့်သေးတယ်လေ!]
[ရှောင်စစ်ပြောတာ အမှန်ပဲ၊ ကိုယ်မကျွမ်းကျင်တဲ့ အရာကို တတ်ယောင်ကားလုပ်ပြီး အရူးပုံစံပေါက်နေတာထက်စာရင် ဝန်ခံလိုက်တာက အကောင်းဆုံးပဲ
သူက အားနည်းတဲ့သူတွေကို ကုသပေးတဲ့ ကုသသူ တစ်ယောက်လေ၊ အခုမနက်က တိုက်ရိုက်ထုတ်လွှင့်မှုမှာတောင် သူ လူ၄ယောက်ကို ကုသပေးခဲ့တယ်၊
အားလုံးလည်း သက်သာသွားကြတယ်၊ အဲဒါက သူ့စွမ်းအားရဲ့ သက်သေမဟုတ်ဘူးလား?]
[ဒီတစ်ယောက်က မိုက်ပါတယ်ကွာ၊ လူတွေကလည်း သူ့ကိုဆို မကောင်းပြောမယ်ဆိုတာချည်းပဲ]
တင်ဆက်သူလျှို့လည်း ပိုင်စစ်မှ ထိုကဲ့သို့ ဘွင်းဘွင်းကြီး ပြောသွားလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် မည်သို့ ပြန်ဖြေရမှန်းပင် မသိဖြစ်နေခဲ့သည်။
စင်နောက်မှ ပရိုဂရမ်အဖွဲ့မှ သူ့အား လက်ဟန်ခြေဟန်ဖြင့် ဆက်ပြောရန် အမူအယာပြမှ ချောင်းဟန့်လိုက်သည်။
“ပြိုင်ပွဲဝင်ပိုင်စစ်ကတော့ မစ်စ်လျှို့က သရဲတစ္ဆေနဲ့ ဆုံခဲ့ရတယ်လို့ ပြောလာပါတယ်၊ သူ့အနေနဲ့ ဒီနေရာက သူကျွမ်းကျင်တဲ့ အရာမဟုတ်တာကြောင့် အခု ပထမဆုံးအခေါက်ကိုတော့ လက်လျှော့သွားပါတယ်”
“နောက်ထပ်ကတော့ ဒုတိယမြောက်ပြိုင်ပွဲဝင်၊ အမှတ်စဉ် ၉ ဟဲမီတူကို ဖိတ်ခေါ်လိုက်ရအောင်ပါ”
ဟဲမီတူစင်ပေါ်သို့ ရောက်လာချိန်တွင် သူသည်က ယခင်အပိုင်းက ဝတ်ဆင်ခဲ့သော ထိုင်းဝတ်စုံနှင့် နေကာမျက်မှန်ကိုသာ ဝတ်ဆင်ထားဆဲဖြစ်သည်။
ရိုက်ကူးရေးနေရာသို့ ရောက်ရှိလာပြီးနောက် တင်ဆက်သူမှလွဲ၍ ရှိနေသူမှာ မစ်စ်လျှို့သာလျှင် ဖြစ်သောကြောင့် သူမသည်သာလျှင် အကူအညီတောင်းဆိုသူ ဖြစ်ရမည်ဟု သိလိုက်သည်။
သူက မစ်စ်လျှို့အား ခေါင်းအစ၊ခြေအဆုံးကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်ရင်း အနားကို တိုးကာ ပြောလိုက်သည်။
“မင်းရဲ့ ခန္ဓာကိုယ်အရှိန်အဝါက စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ. ပထမဆုံးကြည့်လိုက်တဲ့ အချိန်မှာ မင်းရဲ့ ခန္ဓာကိုယ်ကို အဖြူရောင်မြူခိုးနဲ့ လွှမ်းခြုံထားပြီး မင်းရဲ့ စိတ်သဘောထားကလည်း အင်မတန်ဖြူစင်တယ်
အဲဒီလောက်ပဲဆိုရင်တော့ ငါက မင်းကို ကြင်နာပြီး ရိုးရှင်းတဲ့ လူတစ်ယောက်လို့ သတ်မှတ်လိုက်မိမှာပဲ၊
ဒါပေမယ့် နည်းနည်း အနားကပ်ပြီး သေချာကြည့်လိုက်တဲ့ အချိန်မှာဆိုရင် မင်းရဲ့ ကိုယ်မှာ အင်မတန်ကို အားပြင်းတဲ့ မကောင်းမှုအရှိန်အဝါတွေ လွှမ်းခြုံနေခဲ့တာပဲ”
တင်ဆက်သူလျှို့: “သရဲများလား?”
“အဲဒီလိုလည်း မဟုတ်ဘူး၊ အဲဒါက သရဲတော့ မဟုတ်ဘူး၊ ဘာလဲဆိုတော့ ဒီကမ္ဘာပေါ်မှာမှ မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ကျန်ရစ်ခဲ့တဲ့ မကောင်းဆိုးဝါးဝိဉာဉ်တစ်ခုပဲ
အဲဒါက မင်းရဲ့ ခန္ဓာကိုယ်အရှိန်အဝါနဲ့ ရောနေတာ ၅နှစ်လောက်တောင် ရှိပြီပဲ၊ မင်း မကောင်းတာ တစ်ခုခုများ မွေးမိသေးလား?”
ဟဲမီတူ သူ၏ မျက်လုံးများအား မှေးစင်းကာ မေးလိုက်သည်။
တင်ဆက်သူလျှို့လည်း အပြင်ပန်းမှကြည့်လျှင် နူးညံ့ကာ ဖြူစင်ပုံပေါ်သည့် အမျိုးသမီးငယ်သည် ထိုကဲ့သို့ မကောင်းမှုအား ကျုးလွန်နိုင်သည်ဆိုသော အဖြစ်အား မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။
သူ့အကြည့်အား မြင်လိုက်ရပြီးနောက် မစ်စ်လျှို့လည်း ချက်ချင်း လက်ကို ခါရမ်းကာ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
“ကျွန်မ ဘယ်တုန်းကမှ ရှင်ပြောတဲ့ ဘယ်လို မကောင်းဆိုးဝါးဝိဉာဉ်မျိုးကိုမှ မမွေးခဲ့ဖူးဘူး”
သူမ လက်မခံသော်ငြား ဟဲမီတူကတော့ သူ၏ အာရုံခံနိုင်စွမ်း မှားယွင်းသည်ဟု မထင်ချေ။ သူမကိုယ်ပေါ်မှ ယင်စွမ်းအင် အရှိန်အဝါများအား မြင်တွေ့နေရသည်ဟုသာ ဆိုခဲ့သည်။
ဟဲမီတူ ထွက်သွားပြီးနောက် တင်ဆက်သူလျှို့မှ မစ်စ်လျှို့အား ထပ်၍ မေးလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ သူမ သေသေချာချာ ပြန်စဉ်းစားခဲ့သည်။
ထို့နောက် အသက်မပါသည့် အပြုံးငယ်ဖြင့် ပြောလာခဲ့သည်။
“ဘယ်လိုပြောရမလဲ? အရင်က တောက်ကျန့်နှစ်ဦးလည်း ပြောခဲ့တာပဲလေ၊ ကျွန်မ သရဲခြောက်ခံရတာတဲ့၊ ကျွန်မလည်း သိပါတယ်၊
ဒါကြောင့်မို့လည်း ဒီအစီအစဉ်ကို လာခဲ့တာ. ဒါပေမယ့်…. အဲဒါက ကျွန်မမွေးထားတာ လုံးဝမဟုတ်ဘူးနော်၊ ဘာလို့ ကျွန်မနဲ့ အတူ ၅နှစ်လောက်ရှိနေလဲဆိုတာကို မသိတော့ပါဘူး”
“ဒါဆိုရင် မင်းက သူ့ရဲ့တည်ရှိမှုကိုတော့ သိနေတယ်ပေါ့၊ သူ ဘယ်သူလည်းဆိုတာထိတောင် သိနေခဲ့ပုံပဲ၊ ဒါဆိုရင် ဘာလို့ အဲဒီအရာက မင်းကို နှောင့်ယှက်နေရတာလဲ?”
မစ်စ်လျှို့လည်း အားလျော့စွာ ပြုံးပြလိုက်ပြီး မငြင်းဆိုခဲ့ပေ။
“မှန်ပါတယ်၊ ခုနက တောက်ကျန့်ပြောသွားတာ အမှန်ပါပဲ၊ အဲဒါက လွန်ခဲ့တဲ့ ငါးနှစ်က ကျွန်မရဲ့ ‘သူငယ်ချင်းဟောင်း’ပါပဲ”
[ဒါဆိုရင် အတိတ်တုန်းကတည်းက နှောင့်ယှက်ခဲ့တာပေါ့ ၊ သူမရဲ့အသံကို နားထောင်ရတာတော့ ဒီသရဲကို ကြောက်တဲ့ပုံမပေါ်ဘူး၊ အတိတ်မှာ ဇာတ်ကြောင်းတွေတော့ ရှိခဲ့မှာပဲ]
ပြိုင်ပွဲဝင်နှစ်ဦးဆက်တိုက် မြန်မြန်ဆန်ဆန် ထွက်ခွာသွားကာ အချက်အလက်များလည်း အသေးစိတ်မသိရသေးပေ။
ကြည့်ရှုသူအချို့ကတော့ စိတ်တုန်လှုပ်နေခဲ့သည်။
“နောက်ထပ် လာမယ့် ပြိုင်ပွဲဝင်ကတော့ ကျွန်တော်တို့ရဲ့ တောက်ကျန့်, ပြိုင်ပွဲဝင် နံပါတ် (၁) ရှင်းယိချင်းပဲ ဖြစ်ပါတယ်၊ သူကရော ဘယ်လို အချက်အလက်တွေကို ဖော်ထုတ်ပေးနိုင်မလဲဆိုတာ သိချင်နေပါပြီ”
မီးခိုးဖျော့ရောင် ဝတ်စုံအား ဝတ်ဆင်ထားဆဲဖြစ်သည့် ရှင်းယိချင်းသည်ကား မစ်စ်လျှို့အား မြင်သည်နှင့် မျက်မှောင်ကြုတ်လိုက်မိသည်။
သူက ခါးကြားမှ ဓားကို ထုတ်လိုက်ပြီး အင်္ကျီအိတ်ကပ်တွင်းမှ အဝါရောင်ကျမ်းစာရွက်တစ်ရွက် ထုတ်ယူလိုက်သည်။
ထိုအချင်းအရာအား မြင်တွေ့ရပြီးနောက် တင်ဆက်သူလျှို့ နားမလည်စွာ မေးလိုက်မိသည်။
“ဘာဖြစ်လို့လဲ၊ ရှင်းတောက်ကျန့်?”
“ဒီအမျိုးသမီးရဲ့နောက်မှာ အမြဲလိုလိုလိုက်နေတဲ့ သရဲတစ်ကောင်ရှိတယ်”
တင်ဆက်သူလျှို့ မျက်လုံးများပင် ပြူးကျယ်သွားခဲ့သည်။
“အခုလား!? ဒီနေရာမှာလေ!?”
*