← Chapters

စကားလုံးတစ်လုံးအတွင်းမှ လောကတစ်ခု

Vol. 152 Ch. 2155

စကားလုံးတစ်လုံးအတွင်းမှ လောကတစ်ခု

Vol. 152 Ch. 2155

ဘန်း...

လေဟာနယ်အတွင်း ပုံရိပ်တစ်ခု ဆင်းသက်လာသည်။ ထိုသူမှာ မုယွင်လန် ဖြစ်ပေသည်။

သူက မုယွင်ရှု၏ ဘေး၌ တိုက်ရိုက် ဆင်းသက်လိုက်သည်။ တစ်ချိန်တည်းတွင် မျက်မမြင်ထျယ်ကလည်း ရီဖူရှင်း၏ နောက်သို့ ပြန်ရောက်လာခဲ့သည်။ သူတို့၏ တိုက်ပွဲတွင် မုယွင်လန်က သူ မျက်မမြင်ထျယ်ကို မလွှမ်းမိုးနိုင်ကြောင်း သတိပြုမိလိုက်သည်။ မျက်မမြင်တစ်ယောက်အနေနှင့် ရွာသို့ ပြန်ရောက်လာပြီးနောက် သူက ယခင်ကထက်ပင် ပို၍ အားကောင်းသန်မာလာပြီး နားလည်သဘောပေါက်မှု၊ တိုက်ခိုက်မှုနှင့် တုံ့ပြန်ခြင်းအရှိန်တို့၌ ပိုမို တိုးတက်လာပေသည်။ သူသည် မျက်လုံးမမြင်ရသော်လည်း မြင်နိုင်သည့်အခါကထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။

မုယွင်လန်က ခေါင်းကို ငုံ့ကာ သူ့ဘေးရှိ မုယွင်ရှုအား ကြည့်လိုက်သည်။ သူ့မျက်လုံးများက အေးစက်ကာ မှောင်မိုက်နေခဲ့၏။ သူက မုယွင်ရှု အလွန် ငယ်ရွယ်နေသေးသည့် အချိန်၌ ထွက်ခွာသွားခဲ့ပြီး ထိုအချိန်ကတည်းက သူ့ကို ထပ်မတွေ့ခဲ့ရတော့ပေ။ သူနှင့် သူ့ညီငယ်လေးက စာဖြင့် ဆက်သွယ်ခြင်းမှတဆင့်သာ တစ်ချိန်လုံး ဆက်သွယ်နေခြင်း ဖြစ်သည်။ အစ်ကိုကြီးတစ်ယောက်၏ ပျက်ကွက်မှုကြောင့် သူသည် မုယွင်ရှုအပေါ် အများကြီး မလုပ်ပေးနိုင်ဟု တွေးထင်ထားခဲ့ပြီး အလွန် ချစ်မြတ်နိုးပေးကာ သူ့ညီလေး၏ အပြောင်းအလဲ မြန်လှသည့် စိတ်ကိုပင် အလိုလိုက်ပေးခဲ့သည်။

သို့သော် ယခုအခိုက်အတန့်တွင် မုယွင်ရှုက ပေါ့ပေါ့တန်တန် ဆက်ဆံခံနေရပေသည်။

"အစ်ကိုကြီး။" မုယွင်ရှုက သွေးလွှမ်းနေသည့် မျက်လုံးများနှင့် မုယွင်လန်အား ကြည့်လိုက်သည်။ ထိုမျက်လုံးများသည် မုယွင်လန်အား အမျက်ချောင်းချောင်း ထွက်လာစေသည်။

နန်ဟိုင်ချန်းရွှယ်ကလည်း ချက်ချင်းပင် တိုက်ခိုက်နေခြင်းကို ရပ်တန့်ကာ သူ့ဘေးသို့ လာခဲ့သည်။ မုယွင်လန်၏ အမူအရာကို မြင်သောအခါ သူမသည် သူ ယခုအချိန်၌ မည်မျှ ဆိုးရွားစွာ ခံစားနေရကြောင်း သိရှိပေသည်။

"ထ"

မုယွင်လန်က မုယွင်ရှုအား ထရပ်ရန် ကူညီပေးပြီးနောက် နန်ဟိုင်မိသားစု၏ လူများ လက်ထဲသို့ လွှဲပေးလိုက်သည်။ သူက ခေါင်းကို မော့ကာ ရီဖူရှင်းကို ကြည့်လိုက်ပြီး သူ့မျက်လုံးများ၌ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ သူက ရီဖူရှင်းကိုသာ မဟုတ်ဘဲ လေးမျက်နှာကျေးရွာမှ တန်ခိုးရှင်များ အားလုံးကို သတ်ချင်နေပေသည်။ ယခင်က ထိုသို့ စိတ်မရှိခဲ့သည်မှာ သူက ရွာမှ ရွာသားတစ်ယောက် ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ လေးမျက်နှာကျေးရွာက သူ့ကို မလိုချင်တော့ဘဲ တိုက်ခိုက်ရန် ရှုံးနိမ့်ခဲ့လျှင်ပင် သူက ကျေးရွာသမိုင်းကြောင်းကို ဂရုစိုက်နေဆဲဖြစ်သည်။

သို့သော် ၎င်းမှာ သူ၏ ကိုယ်ပိုင်ခံစားချက်သာဖြစ်၍ လေးမျက်နှာကျေးရွာမှ လူများက သူ့ကို ဂရုစိုက်ပုံမရချေ။ လူတိုင်းက ရီဖူရှင်း၏ ဦးဆောင်မှုနောက်ကို လိုက်ကြပြီး သူ့ညီလေးကိုပင် အနိုင်ကျင့်စော်ကားရဲသည်။ သူ့မျက်လုံးထဲ၌ မုယွင်ရှုက အရွယ်မရောက်သေးသော ဆယ်ကျော်သက်လေးသာ ဖြစ်လေသည်။

သူက ရီဖူရှင်း၊ မျက်မမြင်ထျယ်နှင့် အခြားလူများကို ကြည့်လိုက်သည်။ သူက ပြောလိုက်၏။ "ဒီနေ့ကစပြီး ကျုပ် မုယွင်လန်နဲ့ လေးမျက်နှာကျေးရွာရဲ့ ပတ်သတ်မှုက ပြီးဆုံးသွားပြီ။"

မျက်မ​မြင်ထျယ်၊ ဖန်းဟွမ်နှင့် အခြားလူများက ထိုစကားလုံးများအား ကြားသည့်အခါ အနည်းငယ် စိတ်လှုပ်ရှားသွားသော်လည်း ခံစားချက်အများကြီး မရှိခဲ့ပေ။ မုယွင်မိသားစုက သူတို့၏ လုပ်ရပ်များကြောင့် လေးမျက်နှာကျေးရွာမှ နှင်ထုတ်ခံထားခဲ့ရပြီး ဖြစ်လေသည်။ မုယွင်မိသားစုသည် အလွန် ရည်မှန်းချက်ကြီးပြီး ရွာကိုပင် ထိန်းချုပ်ချင်ခဲ့ကာ နန်ဟိုင်မိသားစုနှင့် ပူးပေါင်း၍ သစ္စာဖောက်ရန် ကြံစည်ခဲ့သည်။

မုယွင်ရှုက ပို၍ ယုတ်ညံ့ပေသည်။ လေးမျက်နှာကျေးရွာက လူများသည် မုယွင်လန်နှင့် ပတ်သတ်၍ အာဃာတများများစားစား မရှိသော်လည်း မုယွင်ရှုကိုဖြင့် မျက်မမြင်ထျယ်ကဲ့သို့သော လူမျိုးကပင် သေစေချင်နေပေသည်။ ထိုလူယုတ်မာလေးက လူသားဟု ခေါ်ရန်ပင် မထိုင်တန်ပေ။

ထို့ကြောင့် နှစ်ဖက်လုံး၏ အနေအထားက ကံကြမ္မာစီမံပြီးသားပင် ဖြစ်သည်။ သူတို့က ရန်သူများအဖြစ် ဆန့်ကျင်ဘက်တွင်သာ ရပ်တည်နိုင်ကြပေသည်။

ဘုန်း...

အလွန်တောက်ပသော ရွှေရောင်နတ်ရောင်ဝါက လင်းလက်လာကာ ရွှေတောင်ပံနတ်ငှက်ပုံရိပ်က လေဟာနယ်ထဲ ပေါ်ပေါက်လာပြီး ရီဖူရှင်းထံ တိုးဝင်လာသည်။ ထိုအခိုက်အတန့်တွင် ရီဖူရှင်းက သူ့ကို ဖုံးလွှမ်းလာသော ကြောက်မက်ဖွယ် ထက်ရှသည့် အရှိန်အဝါတို့ကို ခံစားမိပေသည်။

"ဂရုစိုက်။"

မျက်မမြင်ထျယ်က အလွန် လျင်မြန်လှသော အရှိန်အဝါနှင့် သူက ချက်ချင်းပင် ရီဖူရှင်း၏ ရှေ့သို့ ပေါ်ပေါက်လာပေသည်။ သူက လက်ကို မြှောက်ကာ တူရိုက်ချက်တစ်ခု ကျဆင်းလာပေသည်။ ကြီးမားလှသော နတ်တူများနှင့် ကြောက်မက်ဖွယ် ရွှေတောင်ပံငှက်တို့က ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။ ကျယ်လောင်သော အသံနှင့် ရွှေတောင်ပံနတ်ငှက်ကြီး ခန္ဓာကိုယ်က ပြိုကွဲလာသော်လည်း ကောင်းကင်နှင့် မြေကြီးကြား၌ လေပြင်းတစ်သုတ် ဖြစ်ပေါ်လာသည်။

မုယွင်လန်က ဆက်လက်တိုက်ခိုက်ခြင်း မပြုပေ။ သူသည် ဤတိုက်ခိုက်မှု၌ ရှုံးနိမ့်လိမ့်မည်ကို သိရှိပေသည်။ နန်ဟိုင်မိသားစု၌ လှုပ်ရှားခြင်းမပြုရသေးသော သူများ ရှိနေဆဲဖြစ်သော်လည်း အနည်းငယ်သာ အသုံးဝင်ပေသည်။ သူနှင့် နန်ဟိုင်ချန်းရွှယ်မှအပ မည်သူကမှ တိုက်ပွဲ အဆုံးအဖြတ် ဖြစ်အောင် မလုပ်နိုင်ပေ။ ထို့အပြင် ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ လူများသည်လည်း ဘေးတွင် ထွက်ကာ ကြည့်နေဆဲ ဖြစ်သည်။

သူတို့က အရာအားလုံးရင်း၍ အပြင်းအထန် တိုက်ခိုက်လျှင် မုယွင်ရှုနှင့် အခြားလူများက ထိုသို့သော အင်အားကို သည်းခံနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူ့အကြည့်က ရီဖူရှင်းထံသို့ ဦးတည်လိုက်၏။ သူ့မျက်လုံးများထဲမှ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို ဖုံးကွယ်မထားခဲ့ပေ။ သို့သော် သူက ပြန်လှည့်လိုက်ပြီး သူ့ရှေ့မှ အပျက်အစီးနေရာသို့ ဦးတည်ရင်း ပြောလိုက်သည်။ "မင်းတို့ နေခဲ့ပြီး ရှောင်ရှုကို ဂရုစိုက်ထား။ ကျန်တဲ့လူတွေ ငါနဲ့ လာခဲ့။"

ထို့နောက်တွင် သူက အတွင်းသို့ တိုက်ရိုက် ဝင်သွားခဲ့သည်။ သူက ရီဖူရှင်းနှင့် အခြားလူများက မုယွင်ရှုအား ထပ်၍ ထိတော့မည် မဟုတ်ကြောင်း သိရှိပေသည်။ သူတို့သာ မုယွင်ရှုကို အမှန်တကယ် သတ်ဖြတ်လိုလျှင် သူတို့ ယခင်ကတည်းက သတ်ဖြတ်ပြီး ဖြစ်ပေလိမ့်မည်။ ရီဖူရှင်းက ထိုသို့ မလုပ်ရဲပေ။

လူအများကြီးက ဤနေရာ၌ ဖြစ်ပျက်နေသမျှကို စောင့်ကြည့်နေပေသည်။ သူတို့သည် နန်ဟိုင်မိသားစုက ရီဖူရှင်း၏ ဖိနှိပ်မှုကို ခံရပြီး အရေးနိမ့်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူတို့က မုယွင်ရှုအား ရက်ရက်စက်စက် စော်ကားခဲ့ကြသည်။

ရီဖူရှင်းက နန်ဟိုင်မိသားစုနှင့် ပတ်သတ်ပြီး အလေးထားနေ၍သာ မဟုတ်လျှင် သူတို့သည် မုယွင်ရှုအား ချက်ချင်း သတ်ပစ်ပေလိမ့်မည်။ ကြည့်ရသည်မှာ ထိုညှို့ငင်ဖမ်းစားနိုင်သော လူငယ်လေးက ခရီးရှည်ကြီး ဆက်လျှောက်ရန် လိုနေသေးကာ သူစိတ်ရှိတိုင်း ရမ်းကား၍ မရသေးပုံရလေသည်။

"တစ်ချက်လောက် သွားကြည့်ကြရအောင်။" သွမ့်ချုံးက လမ်းလျှောက်လာကာ ခပ်တိုးတိုး ပြောလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး အတွင်းဘက်သို့ ဦးတည်လိုက်၏။

ယခင်က အမွေအနှစ်နယ်မြေမှ ကောင်းကင်ထိတိုင် ထိုးတက်သွားသော အလင်းတန်းတစ်ခုကို အဝေးမှပင် မြင်နိုင်သည်။ ထိုသည်မှာ တစ်စုံတစ်ခု ရှာဖွေတွေ့ရှိသည်ကို ညွှန်ပြ​နေပြီး ၎င်းသည် ဤအပျက်အစီးနယ်မြေအတွင်းမှ ယူငင်ခြင်း မခံရသေးသော အမွေအနှစ်တစ်ခု ဖြစ်နိုင်ပေသည်။ ယခု ဤနေရာရှိ ပဋိပက္ခက ယာယီအားဖြင့် ပြေလည်သွားပြီ ဖြစ်ရာ သူတို့က ထိုနေရာသို့ သွားရောက်စစ်ဆေးကြည့်လိုပေသည်။

နန်ဟိုင်မိသားစုမှ တန်ခိုးရှင်များနှင့် မုယွင်လန်သည်လည်း ဝင်ရောက်သွားကြပြီဖြစ်ကာ သူတို့ကလည်း တစ်ခုခု သွားရောက်ရှာဖွေသင့်ပေသည်။ ထို့အပြင် အပျက်အစီးနယ်​မြေအတွင်း အခြားသော တန်ခိုးရှင်များစွာ ဝင်ရောက်သွားသော်လည်း သူတို့ထဲက မည်သူမှ ထွက်မလာသေးပေ။

ရီဖူရှင်းနှင့် အခြားလူများက အပျက်အစီးနယ်မြေအတွင်း လျှောက်ဝင်သွားကြကာ သူတို့က ခမ်းနားထည်ဝါသော ရှေးဟောင်းမြို့တစ်ခု၏ အပျက်အစီးများအတွင်း ခြေလှမ်းသွားရသလို ခံစားမိကြပေသည်။ ပျက်စီးယိုယွင်းနေသော အဆောက်အအုံများစွာသည် မီတာထောင်ပေါင်းများစွာ ကြီးမားပြီး အံ့သြစရာ ကောင်းလှသည်။ ၎င်းတို့သည် ကျော်ကြားသည့်နေ့ရက်များ၌ အလွန် ခမ်းနားထည်ဝါသော ရှေးဟောင်းအဆောက်အအုံများ ဖြစ်ခဲ့နိုင်သော်လည်း ယခု ၎င်းတို့က အပျက်အစီးများထဲ လဲလျောင်းနေကြပေသည်။

သူတို့က ရှေ့သို့ ဆက်လက်လျှောက်နေကြပြီး သူတို့၏ အရှေ့မှ မမြင်နိုင်သော ဖိနှိပ်မှုက တဖြေးဖြေး တိုးပွားလာသည်။ သူတို့က နီးကပ်မလာခင်မှာပင် ၎င်း၏ သာလွန်သော စွမ်းအားကို ခံစားမိနိုင်ပေသည်။

ရီဖူရှင်းက အံ့အားသင့်မှုတစ်စွန်းတစ်စကို ဖော်ပြလာသည်။ ဤအပျက်အစီးနယ်မြေက မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ရှာဖွေ လုယက်ခံလာရရာ အရာအားလုံးက ကုန်ဆုံးလုနီးပါးဖြစ်နေသင့်ပြီ ဖြစ်သည်။ အရာအားလုံးက ယူသွားခံရနေပြီး ဖြစ်နိုင်သည်။ ယခု နှစ်ပေါင်းများစွာ ကြာပြီးနောက် မဟာလမ်းစဥ် အခွင့်အလမ်းများ ရှိနိုင်ပါဦးမည်လား။

သို့ဆိုလျှင် ယခင်က မည်သည့်အတွက်ကြောင့် ၎င်းကို ရှာဖွေမတွေ့ခဲ့ရသနည်း။

ရီဖူရှင်းက အများကြီး မတွေးနိုင်ခဲ့ပေ။ သူတို့သည် ရှေ့ဆက်သွားလေ ခံစားရသည့် အရှိန်အဝါက ပြင်းထန်လာလေ ဖြစ်သည်။ သိပ်မကြာခင်မှာပင် သူတို့သည် အရှေ့မှ မမြင်နိုင်သော စွမ်းအားများလှိုင်းများက လွှမ်းခြုံလာသောအခါ သူတို့သည် အခြားလောကတစ်ခုသို့ ဝင်ရောက်သွားသလို ခံစားလိုက်ရပေသည်။

"သတိထား။ အဲဒီစွမ်းအားက အရမ်း အစွမ်းထက်တယ်။" မျက်မမြင်ထျယ်က အပြင်ဘက်မှ အခြေအနေကို ရှင်းလင်းစွာ မမြင်နိုင်သောကြောင့် သူက ဤနေရာရှိ အခြေအနေကို အနည်းငယ် ရှုပ်ထွေးနေသဖြင့် ရီဖူရှင်းအား သတိပေးလိုက်သည်။

"အင်း" ရီဖူရှင်းက ခေါင်းည်ိတ်လိုက်၏။ ရီဖူရှင်းနှင့် အခြားလူများက သူတို့ ရှေ့သို့ ရောက်လာလေ ပို၍ အားကောင်းလာလေ ဖြစ်ကြောင်း ခံစားမိကြပြီး တောက်ပသော နတ်အလင်းများ စတင်ထွက်ပေါ်လာသည့် နေရာသို့ ရောက်ရှိလာပေလိမ့်မည်။ သူတို့က ရပ်တန့်လိုက်ပြီး ရှေ့တည့်တည့်မှ မြင်ကွင်းကို ထိတ်လန့်စွာ ကြည့်နေကြသည်။

သူတို့သာမကဘဲ ဤနေရာရှိ လူအများသည် အပြင်ဘက်၌ ဖြစ်ပွားသည့် ပြင်းထန်သော တိုက်ပွဲကို အာရုံစိုက်ရန် အချိန်ရှိမနေဘဲ ဤလေဟာနယ်အတွင်းသာ အံ့သြမှင်တက်စွာ ရှိ​နေကြသည်။

အရှေ့တွင် အပျက်အစီးနယ်မြေ၏ အလယ်ဗဟို၌ ထိုနေရာကို ဝန်းရံထားသော အလွန် ကြီးမားလှသည့် ကျောက်တိုင်လေးခု ရှိနေပေသည်။ ထိုကျောက်တိုင်ကြီးလေးခုက ကြီးမားလေးလံပြီး တစ်ခုနှင့်တစ်ခု ကွာဝေးကာ ထိုနေရာတစ်ခုလုံးကို ဝန်းရံထားသည်။ ထိုနေရာတွင် ကြောက်မက်ဖွယ် တောက်ပလှသည့် အလင်းများနှင့် လွှမ်းခြုံထားကာ ကျောက်တိုင်းလေးခုမှလည်း တောက်ပသော အလင်းများ ပေါက်ကွဲထွက်နေသည်။

"ဒါက လွတ်လပ်တဲ့လေဟာနယ်တစ်ခုပဲ။" ရီဖူရှင်းက ရေရွတ်လိုက်သည်။

"ဟုတ်တယ်။ ဒါက သီးခြားရပ်တည်နိုင်တဲ့ လောကအသေး တစ်ခုပဲ။' မျက်မမြင်ထျယ်က ပြောလိုက်သည်။ နန်ဟိုင်မိသားစုအပြင် အခြားသော အဓိကအင်အားစုများမှ တန်ခိုးရှင်များလည်း ရှိသည်။ သူတို့အားလုံးက အာရုံကို ရှေ့သို့ အလုံးစုံ စူးစိုက်ထားပြီး သူတို့ အမူအရာက တည်ငြိမ်နေကာ သတိအပြည့်နှင့် စောင့်ဆိုင်းနေပေသည်။

မကြာသေးခင်က တစ်စုံတစ်ယောက်သည် အတင်းအကျပ် ထိုးဖောက်ရန် ကြိုးစားခဲ့ရာ အစအနပင်မကျန်အောင် အသတ်ခံလိုက်ရပေသည်။

"ချန်းယွမ်ကုန်းမြေက ဟိုးအရင်ကတည်းက ရှာဖွေခံခဲ့ရတာ။ ဒီဟာက ဘာလို့ အခုမှ ထွက်ပေါ်လာရတာလဲ။" ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ သွမ့်ချုံးက ပြောလိုက်သည်။ သူသည် အနားမှ လူများကို ကြည့်လိုက်ပြီး ထိုလူများက ဤအမွေအနှစ် မည်သို့ ပေါ်လာကြောင်း သိသင့်သည်ဟု တွေးလိုက်မိသည်။

"အဲဒါက စကားတစ်လုံးကြောင့်လို့ ပြောရမှာပဲ။" ထိုအချိန်၌ တစ်စုံတစ်ယောက်က ခေါင်းကိုမော့ကာ လေဟာနယ်အတွင်းရှိ သွမ့်ချုံးကို ပြောလိုက်သည်။

"စကားတစ်လုံးကြောင့်လား။" ရီဖူရှင်းက ပြောသည့်သူကို ကြည့်လိုက်သည်။

"ဟုတ်တယ်။ စကားလုံးတစ်လုံး။" ထိုလူက ခေါင်းညိတ်ကာ ဆက်ပြောလိုက်၏။ "စကားတစ်လုံးမှာ လောကတစ်ခု ပါဝင်နေတယ်။ ဒီနေရာမှာ မြင်နေရတဲ့ အရာအားလုံးက အဲဒီအရာတွေကို ဖြစ်တည်လာစေနိုင်တဲ့ စကားလုံးတစ်လုံး ထွက်ပေါ်လာလို့ပဲ။"

ရီဖူရှင်းက ထိုလူ၏ စကားများကို ကြားသည့်အခါ မလွယ်ကူသလို ခံစားလိုက်ရပေပသည်။ လမ်းတွင် သူက သွမ့်ချုံးနှင့် အခြားလူများထံမှ ဤ ချန်းယွမ်ကုန်းမြေ၏ ယခင်အရှင်သခင်က မည်မျှ ကြောင်မက်ဖွယ် ကောင်းကြောင်း ကြားဖူးခဲ့ပေသည်။ ယခု သူသည် သူတို့ရှေ့မှ အံ့သြဖွယ် မြင်ကွင်းက စကားလုံးတစ်လုံးကြောင့်သာ ဖြစ်ကြောင်း ကြားသိရပေသည်။

"အရင်က တစ်စုံတစ်ယောက် အပျက်အစီးနယ်မြေအတွင်းကနေ 'နယ်နိမိတ်' ဆိုတဲ့ စကားလုံးကို ရှာတွေ့ခဲ့ဖူးတယ်။ အဲဒါနဲ့ ဆက်သွယ်နိုင်ဖို့ ကြိုးစားပြီးတဲ့နောက် ရှေးဟောင်းစာလုံးက အက်ကွဲသွားခဲ့တယ်။ နောက်တော့ အဲဒီစာလုံးက ပျောက်ကွယ်သွားပြီး အခု ကျုပ်တို့ ရှေ့မှာ ပြန်ထွက်ပေါ်လာတယ်။ ဒီလောကက အဲဒီ 'နယ်နိမိတ်' ဆိုတဲ့ စာလုံးအတွင်း မြှုပ်နှံထားတဲ့ လောကပဲ။"

စာလုံးတစ်လုံးအတွင်း လောကတစ်ခုကို မြှုပ်နှံထားခြင်း....

ရီဖူရှင်း၏ နှလုံးသားက ထိုသိလာရသည့် ဗဟုသုတကြောင့် အလွန် တင်းကျပ်လာပေသည်။

***

All Chapters