← Chapters

ရိတ်သိမ်းခြင်း၊ ကြယ်တာရာအမြုတေ...

Vol. 49 Ch. 721

ရိတ်သိမ်းခြင်း၊ ကြယ်တာရာအမြုတေ...

Vol. 49 Ch. 721

ဘုန်း!

မီးလျှံများက ကောင်းကင်ထက်သို့ အရှိန်ပြင်းစွာ ထိုးတက်သွား၏။ မာကျောသော မြေပြင်ကို အရည်ပျော်စေကာ မိစ္ဆာချီများကိုပင် ရွှမ်ယန်မုန်တိုင်း၏ အရှိန်ဖြင့် အငွေ့ပျံသွားစေတော့သည်။

ကျိုယိုမိစ္ဆာ တစ်ကောင်ပြီးတစ်ကောင် မီးလျှံများ၏ ချက်ချင်းဆိုသလို ဝါးမြိုခြင်းကို ခံလိုက်ရပြီး အသံတိတ် ပျောက်ကွယ်သွားကြလေသည်။

လူသား ပုံသဏ္ဌာန်ရှိသော ကျိုယိုမိစ္ဆာ

တစ်ကောင်သာလျှင် တစ်ကိုယ်လုံးရှိ မိစ္ဆာချီများကို လှည့်ပတ်ကာ မီးလျှံ၏ အလျှံများအား ခုခံနိုင်စွမ်း ရှိနေသေး၏။

အောက်ဘက်တွင် ယွီဟန်ကွမ်းနှင့် အခြားသူများသည် ယင်ယန်တာအို မြေပုံအတွင်း၌ ရှိနေကြသည်။ လုရီက သူ၏ သိုင်းပညာကို အသုံးပြုလိုက်သောကြောင့် သူတို့မှာ ဘေးလွတ်ပြီး ချော်ရည်အဖြစ်သို့ မပြောင်းလဲသေးသော တစ်ခုတည်းသော မြေကွက်ပေါ်တွင်သာ ရှိနေကြ၏။

မဟုတ်လျှင် လုရီ၏ အဆက်မပြတ် ပေါက်ကွဲထွက်နေသော ရွှမ်ယန် မုန်တိုင်းဒဏ်ကို ယင်ယန်တာအို မြေပုံပင်လျှင် ကြာရှည်စွာ တောင့်ခံနိုင်မည်မဟုတ်ပေ။

သို့သော်ငြားလည်း ယွီဟန်ကွမ်းနှင့် သူ၏အဖော်များသည် ကြောက်မက်ဖွယ် အပူရှိန်ကိုမူ ခံစားနေရဆဲဖြစ်သည်။

မြေပြင်ကြီးတစ်ခုလုံး ချော်ရည်အဖြစ်သို့ ပြောင်းလဲသွားသည်ကို ကြည့်ရင်း ယွီဟန်ကွမ်းသည် မှင်တက်ကာ နေရာတွင်ပင် ကျောက်ရုပ်အလား တောင့်တင်းသွားတော့သည်။

အကြောင်းမူကား၊ ကျိုယိုမိစ္ဆာများ ကျိုယိုစစ်မြေပြင်ကို ဖောက်ထွက်မသွားစေရန်အတွက် စစ်မြေပြင်တစ်ခုချင်းစီကို ယွီမိသားစု ဘိုးဘေးမှ အထူးခိုင်ခံ့အောင် ပြုလုပ်ထားရာ ကြီးမားသော ပျက်စီးမှုဒဏ်ကိုပင် ကြံ့ကြံ့ခံနိုင်စွမ်းရှိသောကြောင့် ဖြစ်သည်။

ဤသို့ ကြောက်မက်ဖွယ်ရာ ပျက်စီးမှုကို ဖြစ်ပေါ်စေခဲ့သော ဤသိုင်းပညာ၏ စွမ်းအားသည်

အင်မော်တယ်ဧကရာဇ်အဆင့်သို့ပင် ရောက်ရှိနေပြီလော။

ဒါက တကယ်ပဲ နက်ရှိုင်းခြင်းအင်မော်တယ် ကျင့်ကြံသူတစ်ယောက်ရဲ့ လုပ်ရပ်ဖြစ်နိုင်ပါ့မလား။

ယွီဟန်ကွမ်းမှာ မည်သို့မျှ နားလည်နိုင်စွမ်း မရှိတော့ချေ။

နားမလည်နိုင်ဖြစ်နေသည်မှာ ယွီဟန်ကွမ်း တစ်ယောက်တည်းမဟုတ်။ လူသားပုံသဏ္ဌာန် ကျိုယိုမိစ္ဆာသည်လည်း ထိုနည်းတူပင် မယုံကြည်နိုင်ဖြစ်နေပြီး မီးလျှံများ၏ ပြင်းထန်မှုအောက်တွင် မိစ္ဆာချီများ လျင်မြန်စွာ ယုတ်လျော့လာသည်နှင့်အမျှ မီးတောက်များကို ရုန်းကန်ခုခံနေရလေသည်။

သူ ကြာကြာ တောင့်ခံနိုင်တော့မည် မဟုတ်ချေ။

သေခြင်းတရားသည် လူသားပုံသဏ္ဌာန် ကျိုယိုမိစ္ဆာအတွက် အရေးမကြီးလှပေ။ အကြောင်းမှာ ၎င်းသည် သူ၏စွမ်းအား အစိပ်အပိုင်းတစ်ခုမျှသာဖြစ်ပြီး သေဆုံးသွားသည့်တိုင် သူ့အတွက် ဆုံးရှုံးမှုတစ်စုံတစ်ရာ မရှိသောကြောင့်တည်း။

သို့သော် သူ လက်မခံနိုင်သည့်အချက်မှာ လွန်ခဲ့သော နှစ်တစ်ထောင်က အခြားကျိုယိုစစ်မြေပြင်တစ်ခုတွင် လူသားမျိုးနွယ်၏ အစွမ်းသည် ယခုထက် များစွာ အားနည်းခဲ့ခြင်းဖြစ်သည်။

နှစ်တစ်ထောင်မျှသော အချိန်တိုအတွင်း အဘယ်ကြောင့် ဤမျှကြီးမားသော ပြောင်းလဲမှု ဖြစ်ပေါ်လာခဲ့ရသနည်း။

ဤသို့သော အစွမ်းတိုးတက်မှုနှုန်းသည် ကျိုယိုမိစ္ဆာတစ်ကောင်အတွက်ပင် စိတ်ကူးဖြင့် မှန်းဆရန် ခက်ခဲလှပေသည်။

အကယ်၍ ဤကျင့်ကြံသူသာ ဤသို့ လျင်မြန်သော တိုးတက်မှုနှုန်းကို ဆက်ထိန်းထားမည်ဆိုလျှင် သူသည် အနာဂတ်တွင် ကျိုယိုတို့အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

အတိတ်က အင်မော်တယ်ဘုရင်များ၊ အင်မော်တယ်အင်ပါယာများထက် များစွာ ပို၍ ကြီးမားသော ခြိမ်းခြောက်မှုပင်တည်း။

သူ၏နက်ရှိုင်းသော မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်တစ်ချက် လက်သွားပြီး မီးပင်လယ်အထက်၌ ဆံနွယ်များ လေတွင်လွင့်ကာ မီးနတ်ဘုရားတစ်ပါးအလား ရပ်နေသော

လုရီကို မီးလျှံမုန်တိုင်းကြားမှ စူးစိုက်ကြည့်လိုက်သည်။

လုရီကလည်း ကျိုယိုမိစ္ဆာ၏ အကြည့်ကို တည်ငြိမ်စွာပင် ပြန်လည်ရင်ဆိုင်လိုက်၏။

သူတို့နှစ်ဦး အကြည့်ချင်း ဆုံမိသည့် ထိုအခိုက်အတန့်၌ ကျိုယိုမိစ္ဆာ၏ ပတ်လည်မှ မိစ္ဆာချီများသည် ဖိအားကို လုံးဝမခံနိုင်တော့ဘဲ ကွဲအက်သွားလေသည်။

နောက်တစ်ခဏ၌ ကျိုယိုမိစ္ဆာသည် မီးလျှံများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားတော့လေသည်။

မကြာမီပင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ဆိုးများလည်း ပျောက်ကွယ်သွားခဲ့ပြီး လုရီ၏ နတ်ဘုရားအသိစိတ် လှုပ်ရှားလိုက်သည်နှင့်အတူ အရှိန်ပြင်းစွာ တိုက်ခတ်နေသော မီးလျှံမုန်တိုင်းသည် တဖြည်းဖြည်း ငြိမ်သက်သွား၏။

မီးလျှံမုန်တိုင်း ပျောက်ကွယ်သွားသောအခါ မိစ္ဆာချီများလည်း လွင့်ပြယ်သွားပြီး မိုင်သောင်းချီ ကျယ်ပြောသော တောကန္တာရကြီးသည် နီရဲနေသော ချော်ရည်ပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည်။ မြင့်မားသောအပူချိန်ကြောင့် လေထုသည် လှိုင်းထနေပြီး မီးတောက်များ၏ လောင်ကျွမ်းခြင်းကို အလုံးစုံ ခံလိုက်ရသည့်နှယ် ရှိလေသည်။

ဤနေရာသည် လုရီတို့ကဲ့သို့ အင်မော်တယ်များသာ ရှင်သန်နိုင်သည့် နေရာဖြစ်ပြီး သာမန်လူသားတစ်ဦးသာဆိုလျှင် အပူရှိန်ကြောင့် တိုက်ရိုက်မီးလောင်ခြင်းမရှိသည့်တိုင် အသက်ရှူကျပ်ကာ သေဆုံးသွားမည်ဖြစ်သည်။

လုရီသည် လူသားပုံသဏ္ဌာန် ကျိုယိုမိစ္ဆာ ရှိခဲ့သောနေရာသို့ လှမ်းကြည့်လိုက်ရာ ယခုအခါတွင် လုံးဝ ဟာလာဟင်းလင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

လုရီသည် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း သူ့စိတ်ထဲတွင် အလွန်ပင် ကျေနပ်နေမိသည်။

အမှန်ပင် ရွှေအင်မော်တယ်အဆင့် လျှို့ဝှက်သိုင်းနည်းစနစ်နှင့် ထိုက်တန်ပေစွ။ သူသည် ပြည့်စုံသော နိယာမနှစ်ခု၏ စွမ်းအားကိုသာ အသုံးပြုခဲ့ရုံဖြင့် ကောင်းကင်နှလုံးသားသိုင်းနည်းစနစ်က ကြီးမားလှသော စွမ်းအားကို ထုတ်ဖော်ပြသခဲ့လေပြီ။

အကယ်၍ သူသာ နိယာမဆယ်ခု၊ အခုနှစ်ဆယ်ကို အသုံးပြုလိုက်မည်ဆိုလျှင်...

သူ၏အစွမ်းသည် မည်မျှအထိ အစွမ်းထက်လာမည်ကို စိတ်ကူးကြည့်နိုင်ပေသည်။

သို့သော်လည်း နိယာမစွမ်းအားများ လွန်ကဲစွာအသုံးပြုခြင်းသည် ကောင်းကင်နှလုံးသားသိုင်းနည်းစနစ်၏ ကြီးမားသော အစွမ်းမြှင့်တင်မှုကြောင့် သူ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်တို့အတွက် ဝန်ပိစေနိုင်ပေသည်။

လုရီသည် ဆက်လက် မစဉ်းစားတော့ဘဲ သူ၏အာရုံကို နောက်ဘက်ရှိ ယွီဟန်ကွမ်းနှင့် သူ၏အဖော်များထံသို့ ပြောင်းလိုက်သည်။

ယင်ယန်တာအိုမြေပုံသည် လည်ပတ်နေဆဲဖြစ်ပြီး ယွီဟန်ကွမ်းနှင့် သူ၏အဖော်များ ရပ်နေသောနေရာသည် ချော်ရည်အဖြစ်သို့ မပြောင်းလဲဘဲ တောကန္တာရအတိုင်းပင် ရှိနေသေးသည်။

ထိုအခိုက်တွင် ယွီဟန်ကွမ်းသည် မှင်တက်အံ့ဩနေသော အမူအရာရှိနေပြီး လင်းလောင်တောင်ထိပ်သခင်မမှာလည်း ထိုနည်းတူပင်။

လျိုနင်ရွှမ်းနှင့် သူမ၏ အဖော်သုံးယောက်မှာမူ ပုံမှန်အတိုင်းပင် ရှိနေကြသည်။

အကြောင်းမှာ သူမတို့သည် လုရီ၏ စွမ်းအားသည် မည်မျှအထိ ကြီးမားသည်ကို... ကဏ္ဍတိုင်းတွင် သိရှိပြီးဖြစ်သောကြောင့်တည်း။

"အားလုံး အဆင်ပြေကြရဲ့လား။"

လုရီသည် အောက်သို့ဆင်းသက်လာပြီး ယင်ယန်တာအိုမြေပုံကို ရုတ်သိမ်းလိုက်ကာ ပြုံးတုံ့တုံ့ဖြင့် မေးလိုက်သည်။

ထိုအခါမှ ယွီဟန်ကွမ်းသည် သတိပြန်ဝင်လာပြီး လုရီကို အလွန်ထူးဆန်းသော အမူအရာဖြင့် ကြည့်ကာ နှုတ်ခမ်းထောင့်များ တွန့်ချိုးရင်း ဆိုလာသည်။

"…ညီလေး၊ မင်းက အင်မော်တယ်ဧကရာဇ်တစ်ပါးနဲ့တောင် ရင်ဆိုင်တိုက်ခိုက်နိုင်လောက်တယ်လို့ ငါ ခံစားရတယ်ကွာ။"

လုရီသည် အံ့အားသင့်သွားပြီး ခေါင်းကို အလျင်အမြန် ခါယမ်းကာ ပြောလိုက်သည်။

"အစ်ကို ဟန်ကွမ်းက ကျွန်တော့်ကို မြှောက်ပင့်လွန်းနေပါပြီ။ ကျွန်တော့်ရဲ့ အစွမ်းက အလွန်ဆုံး ရွှေအူတိုင်နယ်ပယ်အဆင့်လောက်နဲ့ပဲ နှိုင်းယှဉ်လို့ရပါတယ်၊ အင်မော်တယ်ဧကရာဇ်အဆင့်နဲ့တော့ အလှမ်းဝေးပါသေးတယ်။ မျှော်လင့်ချက်ကို အရမ်းကြီးထားလို့ မဖြစ်ဘူးလေ။"

ယွီဟန်ကွမ်းသည် စကားဆွံ့အသွားပြီး လုရီသည် နှိမ့်ချနေသလား သို့မဟုတ် တကယ်တမ်း မာနကြီးနေသလား ဆိုသည်ကို ရုတ်တရက်

မဝေခွဲတတ်တော့ချေ။

သူ၏ကျင့်ကြံခြင်းအခြေခံမှာ နက်ရှိုင်းခြင်း

အင်မော်တယ်အဆင့်ဖြစ်ပါလျက် သူ၏အစွမ်းကို ရွှေအူတိုင်နယ်ပယ်အဆင့်နှင့်သာ နှိုင်းယှဉ်သည်ဟု ဆိုသောကြောင့် အခြားသူများသာဆိုလျှင် သူ့ကို အရူးဟု ထင်ကောင်းထင်ကြပေမည်။ သို့သော် သူ၏အစွမ်းမှာမူ ငြင်းမရအောင်ပင် အားကြီးလှသည်။

အင်မော်တယ်ဧကရာဇ် အဆင့်နီးပါးရှိသော

ကျိုယိုမိစ္ဆာပင်လျှင် သူ၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။

ဤအမြင်အရဆိုလျှင် လုရီသည် အလွန်အမင်း နှိမ့်ချလွန်းနေပုံရသည်။

ယွီဟန်ကွမ်းသည် ခေါင်းကိုခါယမ်းကာ ဆက်မတွေးတော့ဘဲ ရယ်မောလိုက်ပြီး

"ဒီတစ်ကြိမ် မင်း ကျိုယိုမိစ္ဆာတွေ အများကြီးကို သတ်လိုက်တော့ နင်ယင် စစ်မြေပြင်က နောင်နှစ်ပေါင်း ရာချီပြီး တည်ငြိမ် အေးချမ်းသွားလောက်ပြီ။ ဒီမှာတပ်စွဲထားတဲ့ ကြယ်တာရာ နယ်မြေတပ်မတော်က မင်းကို ကျေးဇူး အထူးတင်သင့်တယ်" ဟု ပြောလိုက်လေသည်။

လုရီက ခပ်ရေးရေးပြုံးလိုက်ရင်း ပြန်ပြောလိုက် တော့သည်။

"ကျိုယိုမိစ္ဆာတွေက စကြဝဠာတစ်ခုလုံးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုပါ၊ ကျွန်တော်က လုပ်သင့်တာကို လုပ်တာပါ။ ကျေးဇူးတင်စရာ မလိုပါဘူး။ နောက်ပြီး ကြယ်တာရာနယ်မြေတပ်မတော်က ကျင့်ကြံသူတွေက ကျိုယိုမိစ္ဆာတွေကို မရေမတွက်နိုင်တဲ့ နှစ်တွေကြာကြာ ဟန့်တားပေးခဲ့တာပါ။ တစ်ယောက်ယောက်ကို ကျေးဇူးတင်ရမယ်ဆိုရင် အဲ့ဒါ သူတို့ပါပဲ"

"ဟားဟားဟား၊ မင်း သူတို့ကို တကယ်ကျေးဇူးတင်ချင်တယ်ဆိုရင်တော့ ကြယ်တာရာနယ်မြေတပ်မတော်ရဲ့ တိုက်ပွဲအခင်းအကျင်းတွေကို တိုးတက်အောင် လုပ်ပေးလိုက်ပေါ့"

ယွီဟန်ကွမ်းက အားရပါးရ ရယ်မောလိုက်သည်။

"ကောင်းပြီလေ၊ ကျွန်တော်တို့ ပြန်ရောက်ရင် အဲ့ဒီအကြောင်း စဉ်းစားကြည့်ပါ့မယ်" ဟု လုရီက စိတ်ကြည်လင်စွာဖြင့် ပြောလိုက်လေတော့သတည်း။

All Chapters