← Chapters

ရိတ်သိမ်းခြင်း၊ ကြယ်တာရာအမြုတေ (၂)

Vol. 49 Ch. 722

ရိတ်သိမ်းခြင်း၊ ကြယ်တာရာအမြုတေ (၂)

Vol. 49 Ch. 722

မည်သို့ဆိုစေ၊ ဤတစ်ကြိမ် ကျိုယိုမိစ္ဆာအားလုံးကို သုတ်သင်ပြီးနောက်တွင်တော့ အလုပ်မျက်နှာပြင်ပေါ်မှ ဆုလာဘ်များ စာရင်းသည်

တစ်ခုပြီးတစ်ခု တန်းစီနေတော့၏။

ဤနေရာတွင် ရွှေအင်မော်တယ် အဆင့် ကျိုယိုမိစ္ဆာများ အလွန် များပြားလှသည့်အပြင် နက်ရှိုင်းခြင်း အင်မော်တယ်နှင့် အစစ်အမှန်

အင်မော်တယ်အဆင့် ကျိုယိုမိစ္ဆာ အမြောက်အမြားလည်း ပါဝင်သောကြောင့် လုရီ ရရှိခဲ့သော ဆုလာဘ်များသည် ကျန်းအန်း စစ်မြေပြင်သို့ သွားခဲ့စဉ်က ရခဲ့သည်ထက် အဆတစ်ရာမက သာလွန်နေလေသည်။

မကြာမီပင် လုရီသည် သူ အမြင်ချင်ဆုံး ဖြစ်နေသော အလုပ် သတင်းစကားကို တွေ့လိုက်ရသည်။

ထိုလူသားပုံသဏ္ဌာန် ကျိုယိုမိစ္ဆာကို သုတ်သင်လိုက်ခြင်းက တာအိုစွမ်းအင်မျှင်ပေါင်း ငါးဆယ်တိတိကို ဆုချီးမြှင့်ခဲ့သည်တဲ့။

အစောပိုင်းက ကျန်းအန်းစစ်မြေပြင်တွင် နက်ရှိုင်းခြင်းအင်မော်တယ်အဆင့် လူသားပုံသဏ္ဌာန် ကျိုယိုမိစ္ဆာတစ်ကောင်ကို သတ်ဖြတ်ခဲ့စဉ်က တာအိုစွမ်းအင် ငါးမျှင်သာ ရရှိခဲ့သည်ဖြစ်ရာ ယခုတစ်ကြိမ်တွင် ဆုလာဘ်က ဆယ်ဆအထိ တိုးလာခဲ့သည်တကား။

အကယ်၍ တာအိုစွမ်းအင်တစ်မျှင်သည် အင်မော်တယ် အရှင်သခင် တစ်ပါးကို အင်မော်တယ်ဘုရင်အဆင့်သို့ ကျော်ဖြတ်စေနိုင်သည်ဆိုပါက၊ သူလက်ထဲတွင်ရှိသော တာအိုစွမ်းအင်သည် အင်မော်တယ်အရှင်သခင် နှစ်ဆယ့်ငါးယောက်ကို အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းစေနိုင်လောက်ပေသည်။

အင်မော်တယ်ဘုရင်အဆင့်သို့ ကျော်ဖြတ်ရန် နောက်ထပ်အမျှင်အနည်းငယ် ပိုလိုအပ်ဦးမည်ဆိုလျှင်ပင်၊ ၎င်းသည် အင်မော်တယ် ဘုရင်များစွာကို ဖန်တီးပေးနိုင်သေးသည်။ ဤတာအိုစွမ်းအင်သာဆိုလျှင် စကြဝဠာ တစ်ခုလုံးရှိ အင်မော်တယ်ဧကရာဇ်များနှင့် အင်မော်တယ် အရှင်သခင်အားလုံးကို အရူးအမူး ဖြစ်သွားစေလောက်သည်။

လုရီသည် လေကို ပြင်းစွာ ရှိုက်သွင်းလိုက်ပြီး သူ၏ ခွန်အား ပိုမို အစွမ်းထက်လာသည့်အခါမှ သည်ကိစ္စအား စီစဉ်ရန် ဆုံးဖြတ်လိုက်သည်။ထို့နောက် ၎င်းတို့ကို သူ၏ စီနီယာအစ်မနှင့် ယွီမိသားစု၏ ဘိုးဘေးများထံ ပေးအပ်ရန် နည်းလမ်းရှာဖွေရပေမည်။

မည်သို့ပင် ဖြစ်စေ ယွီမိသားစု၏ ဘိုးဘေးများသည် သူ့အပေါ် အလွန် ကောင်းမွန်စွာ ဆက်ဆံခဲ့သည် ဖြစ်ရာ ဤသို့သော အရာများအတွက် လုရီက နှမြောတွန့်တိုနေမည် မဟုတ်သည်မှာ ဓမ္မတာပင်။

"လုရီ၊ ဘာတွေ စဉ်းစားနေတာလဲ။"

ယွီဟန်ကွမ်းသည် လုရီ ငေးကြောင်ကာ ရပ်နေသည်ကိုမြင်၍ မေးလိုက်သည်။

လုရီသည် သတိပြန်ဝင်လာပြီး ပြုံးတုံ့တုံ့ဖြင့် "ဘာမှမဟုတ်ပါဘူး၊ သွားကြစို့၊ ကျွန်တော်တို့ အခုပြန်လို့ရလောက်ပြီ" ဟု ဆိုလိုက်သည်။

"ကောင်းပြီ။"

လုရီသည် ကောင်းကင်ဥမင် သိုင်းနည်းစနစ်ကို အသုံးပြုကာ လူတစ်စုကို ဦးဆောင်လျက်

ဟင်းလင်းပြင်ကို ဖြတ်ကျော်ခဲ့ရာ သူတို့၏ စခန်းသို့ လျင်မြန်စွာ ပြန်လည် ရောက်ရှိသွားကြတော့သည်။

သူတို့စခန်းသို့ ပြန်ရောက်ရောက်ချင်းမှာပင် လုရီသည် ကျင့်ကြံသူ အမြောက်အမြား စုရုံးကာ တက်ကြွစွာ စကား ပြောဆိုနေကြသည်ကို တွေ့လိုက်ရသည်။

လုရီ အနည်းငယ် အံ့အားသင့်သွားပြီးနောက်

ထိုသူများ ပြောဆိုနေသည့် အကြောင်းအရာကို ကြားလိုက်ရ၏။

"ဟိုဘက်မှာ ခုနက ဘာဖြစ်သွားလဲ သတိထားမိကြလား။"

"သတိထားမိတာပေါ့ဗျာ။ အဲ့ဒါ ဘာကြီးလဲ မသိဘူး။ အဲ့ဒီဘက်ကနေ ကြောက်စရာ

ကောင်းလောက်အောင် မြင့်တဲ့ အပူချိန် တစ်ခု ထွက်ပေါ်လာနေသလိုပဲ၊ တည်ငြိမ်တဲ့ ကြယ်ကြီးတစ်လုံး ကျနေသလိုပဲဗျာ။"

"ကျွန်တော်တော့ မသိဘူး၊ ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက ကျိုယို မိစ္ဆာတွေ အလုံးအရင်းနဲ့ စုနေကြတယ်လို့ ကြားတယ်။ ကျွန်တော့်သူငယ်ချင်း

တစ်ယောက်ဆို ကျိုယို မိစ္ဆာအုပ်ထဲကနေ

မလွတ်မြောက်နိုင်ဘဲ သေဆုံးသွားရှာတယ်၊ စိတ်မကောင်းစရာပဲဗျာ။"

"ဒီအကြောင်း ကျွန်တော်လည်း ကြားမိတယ်၊ ကျိုယိုမိစ္ဆာတွေ ဒီလောက်အင်အားအများကြီးနဲ့ စုဝေးတယ်ဆိုတာမျိုးက မကြားဖူးဘူးပဲ။ ပြီးတော့ ခုနက တော်တော်လေး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတာနဲ့ဆိုရင် ကိစ္စကြီးတစ်ခုခုတော့ ဖြစ်ခဲ့လောက်တယ်နော်။"

ကျင့်ကြံသူများသည် စိုးရိမ်သောကရောက်နေသည့် မျက်နှာထားများဖြင့် ရှိနေကြသည်။

"ဒါပေမဲ့ ကြယ်တာရာနယ်မြေတပ်မတော်ရဲ့ စစ်တပ်ခေါင်းဆောင်ကတော့ ဟိုဘက်ကို သွားနှင့်ပြီ။ သိပ်ပြီး ပြဿနာကြီးကြီးမားမားတော့

မရှိလောက်ပါဘူး၊ တကယ်လို့ အခြေအနေဆိုးလာရင်တော့ ကျွန်တော်တို့ အင်အားဖြည့်ကူညီဖို့ တောင်းဆိုရလောက်တယ်။"

"ဘာမှ ပြင်းပြင်းထန်ထန် မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရတာပဲ။"

လုရီနှင့် ယွီဟန်ကွမ်းတို့သည် ဤစကားဝိုင်းကို နားထောင်ရင်း သူတို့၏ မျက်နှာအမူအရာများမှာ ပို၍ပင် ထူးဆန်းလာတော့သည်။

ဒါ သူတို့ ခုလေးတင် တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲကြီးအကြောင်း မဟုတ်ဘူးလား။

ရုတ်တရက် လုရီသည် ယခင်က ကျန်းအန်းစစ်မြေပြင်တွင် ထိုလူသားပုံသဏ္ဌာန် ကျိုယိုမိစ္ဆာနှင့် တွေ့ဆုံခဲ့စဉ်ကလည်း တော်တော်လေး ဂယက်ရိုက်ခတ်ခဲ့ပြီး ကျန်းအန်းစစ်မြေပြင်ရှိ စခန်းတစ်ခုလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်ကို သတိရလိုက်မိသည်။

ယခုလည်း အခြေအနေ အတူတူပင် ဖြစ်တန်ရာ၏။

သို့သော် ဤတစ်ကြိမ်တွင် သူတို့သည် ကျန်းအန်းစစ်မြေပြင်မှာကဲ့သို့ လမ်းတွင် စုံစမ်းစစ်ဆေးနေသော ကြယ်တာရာနယ်မြေ တပ်မတော်နှင့်

မတွေ့ဆုံဘဲ နေရာလပ် ကူးပြောင်းမှုဖြင့် တိုက်ရိုက်ပြန်လာခဲ့ခြင်းဖြစ်သည်။

"လုရီ၊ မင်း ရှင်းပြချင်သေးလား။" ယွီဟန်ကွမ်းက ထူးဆန်းသော မျက်နှာထားဖြင့် စိတ်စွမ်းအာရုံသုံးကာ သတင်းစကားပို့လိုက်သည်။

လုရီ၏ နှုတ်ခမ်းများ တွန့်သွားသည်။

"မလိုတော့ပါဘူး၊ နောက်မှ အပြင်ထွက်တဲ့အခါ ကြယ်တာရာနယ်မြေတပ်မတော်ရဲ့ တာဝန်ခံကို အသိပေးလိုက်ရုံပါပဲဗျ။"

မည်သို့ဆိုစေ ဤမျှကြီးမားသော လှုပ်ခတ်မှုကို သူ ဖန်တီးခဲ့သည်ဖြစ်ရာ လူအများ၏ အကြည့်ကို ခံရမည့်ဘေးမှ ရှောင်ရှားလိုပါသည်။

"အဲ့ဒါလည်း ကောင်းတာပဲ။"

ယွီဟန်ကွမ်းက ခေါင်းညိတ်ပြီး ဆက်မပြောတော့ပေ။

ထို့နောက် လူတစ်စုသည် စခန်းမှထွက်ခွာခဲ့ကြပြီး ယွီဟန်ကွမ်းက ထိုနေရာတွင် တပ်စွဲထားသော ကြယ်တာရာနယ်မြေတပ်မတော်၏ စစ်တပ်ခေါင်းဆောင်ထံ အခြေအနေကို သတင်းပို့ရန် ခေတ္တခွဲထွက်သွားလေသည်။

-----

ပြန်ရောက်လာသောအခါ ယွီဟန်ကွမ်းသည် လုရီနှင့်အခြားသူများနှင့်အတူ ထျန်းမင်သို့ လိုက်သွားရန် စီစဉ်တော့သည်။

အစကတည်းက သဘောတူထားပြီးဖြစ်သည့်အပြင် ယခု လုရီ၏အစွမ်းသည် ဤမျှအစွမ်းထက်နေသည်ကို မြင်တွေ့ပြီးနောက်

ယွီဟန်ကွမ်းသည် ထျန်းမင်သို့သွားကာ လုရီ၏ သင်ကြားမှုကို နာယူပြီး ထိုတွင် ကျင့်ကြံရန် ပို၍ပင် စိတ်ပိုင်းဖြတ်လိုက်တော့သည်။

မကြာသေးမီက ယွီယွမ်ဝူလည်း ထိုနေရာသို့ရောက်နေပြီး အလွန် အဆင်ပြေနေသည်ဟု သူ ကြားသိရသည်လေ။

လုရီကလည်း သူတို့ကို ကြိုဆိုသည့်အတွက်

လူတစ်စုသည် နေနီလှေပျံပေါ် တက်ကာ နင်ယင်စစ်မြေပြင်မှ ထွက်ခွာခဲ့ကြသည်။

…

ကြယ်တာရာ တံခါးကို ဖြတ်ကျော်ပြီးနောက် နေနီလှေပျံသည် ထျန်းမင်ကြယ်အပြင်ဘက် ဟင်းလင်းပြင် လေဟာနယ်သို့ ပြန်လည်ရောက်ရှိလာသည်။

ယွီဟန်ကွမ်းသည် ပြတင်းပေါက်နားတွင်ရပ်ရင်း အဝင်အထွက်သွားလာနေသော ကောင်းကင်ယာဉ်ပျံသင်္ဘောများနှင့် အဝေးမှ ကုန်သွယ်ရေးဂြိုဟ်ကို ကြည့်ကာ အံ့အားသင့်သော မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။

"ဒီနေရာက ဒီလောက်တောင် စည်ကားနေလိမ့်မယ်လို့ ငါ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး။"

ယွီဟန်ကွမ်း၏ မှတ်ဉာဏ်ထဲတွင် ထျန်းမင်သည် အလွန်ခေါင်သော ဂြိုဟ်တစ်ခုသဖွယ်ဖြစ်ပြီး

လုရီကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာသောကြောင့်သာ ယွီမိသားစုက သိရှိခဲ့ခြင်းဖြစ်သည်။

မဟုတ်လျှင် ထျန်းမင်သည် မည်သည့်နေရာတွင်ရှိသည်ကိုပင် သူ သိလိမ့်မည်မဟုတ်ပေ။

ယခုမူ ထျန်းမင်ကြယ်တာရာစနစ်သည် ဤမျှစည်ကားလာသည်ကို သူ အံ့အားသင့်နေမိသည်။

ထိုအခါ လင်းလောင်တောင်ထိပ်သခင်မက လက်ပိုက်ကာ ခပ်ဟဟရယ်ရင်း ပြောလာသည်။

"ဒါက ဦးလေးထျန်းဖုန်းက ဒီမှာ ကြယ်တာရာတံခါးတစ်ခု ဆောက်ပေးခဲ့လို့လေ။ ပြီးတော့ မျက်လုံးသုံးလုံး ကြယ်တာရာနယ်မြေက အင်အားစုတစ်ခုက လုရီကို ဆွဲဆောင်ချင်လို့ သူ့အတွက် ကုန်သွယ်ရေးဂြိုဟ်တစ်ခု အထူးတလည် ဆောက်ပေးခဲ့သေးတယ်။ ဒါကြောင့် ဒီနေရာက ဖွံ့ဖြိုးလာတာပေါ့… ဒါပေမယ့် အရေးအကြီးဆုံးကတော့ ဒီသောက်ကလေးက တာအို ဟောပြောပွဲ လုပ်ပေးတာပဲ၊ အဲ့ဒါက သာမန် အင်မော်တယ်တွေအတွက် စိတ်ကူးနဲ့တောင် မမှန်းနိုင်တဲ့ အခွင့်အရေးကြီးပဲ။"

"ဟုတ်ပေသားပဲ၊ ဒီလို အခွင့်အရေးမျိုး ရှိနေမှတော့ ခေါင်တဲ့ နေရာတစ်ခု ဖြစ်နေရင်တောင် ကျင့်ကြံသူ အများကြီးက ဒီမှာ နေဖို့ ဆန္ဒရှိကြမှာပဲ" ဟု ယွီဟန်ကွမ်းက သက်ပြင်းချရင်း ဆိုသည်။

လုရီကလည်း ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ကာ ခပ်ဖျော့ဖျော့ပြုံးရင်း

"ခင်ဗျားတို့ပြောသလောက်လည်း မဟုတ်ပါဘူးဗျာ… ကျွန်တော့်အတွက်တော့ တာအိုဟောပြောပွဲလုပ်တယ်ဆိုတာ လက်ဖျောက်တစ်ချက်တီးလိုက်သလောက်ပါပဲ။"

"....."

လင်းလောင်တောင်ထိပ်သခင်မသည် သူ့ကို မျက်လုံးလှန်ကာ ရွဲ့စောင်းလိုက်ပြီး ယွီဟန်ကွမ်းမှာလည်း စကားဆွံ့အသွားသည်။

သာမန် နက်ရှိုင်းခြင်းအင်မော်တယ်အဆင့် ကျင့်ကြံသူများသည် သူတို့ကိုယ်တိုင် တံခါးပိတ်ကျင့်ကြံခြင်းနှင့် ဉာဏ်အလင်းရရန်အတွက်ပင် အချိန်မလောက်ငှကြပေ။ တစ်ကြိမ် တံခါးပိတ်ကျင့်ကြံလျှင် နှစ်ထောင်ချီ၊ သောင်းချီ ကြာမြင့်ခြင်းသည် သာမန်ပင်ဖြစ်သည်။ ဆယ်စုနှစ်အနည်းငယ်တိုင်း တစ်ခါထွက်ပြီး ဟောပြောပွဲလုပ်ပေးရန် မည်သူ့မှာ အချိန်ရှိမည်နည်း။

ထိုသို့ပြုလုပ်ခြင်းသည် သူတို့ကိုယ်တိုင်၏ ဉာဏ်အလင်းရမှုကိုပင် အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ထို့အပြင် သာမန် နက်ရှိုင်းခြင်း

အင်မော်တယ်များက တာအို ဟောပြောပွဲလုပ်လျှင်ပင် သူတို့၏ မျိုးနွယ် သို့မဟုတ် ဂိုဏ်းသားများအတွက်သာ လုပ်ပေးကြမည်ဖြစ်သည်။ ဂြိုဟ်တစ်လုံးလုံးအတွက် ကိုယ်ကျိုးမဖက် ဟောပြောပေးမည့်သူ မည်သူရှိမည်နည်း။

လုရီကမူ မည်သူလာသည် ဖြစ်စေ ဂရုမစိုက်၊ မည်သူမဆို နားထောင်နိုင်ပေသည်။

ထိုသို့သော ပုဂ္ဂိုလ်မျိုး ရှိကောင်းရှိနိုင်သော်လည်း လုရီမှလွဲ၍ ထိုသို့ ပြုလုပ်နိုင်သည့် ကျင့်ကြံမှုအဆင့်နှင့် ထိုးထွင်းဉာဏ် နှစ်မျိုးလုံးရှိသူကို ရှာဖွေရန်မှာ အမှန်တကယ်ပင် ခက်ခဲလှပေသည်။

လူတစ်စု စကားစမြည်ပြောနေကြစဉ်မှာပင် နေနီလှေပျံသည် လေဟာနယ်ကို ဖြတ်ကျော်ကာ

တိမ်ဖြူ အင်မော်တယ်ဂိုဏ်း၏ အထက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

နေနီလှေပျံပေါ်မှ ဆင်းသက်ပြီးနောက်

ယွီဟန်ကွမ်းက ပြုံးကာ မေးသည်။

"ယွမ်ဝူ၊ အဲ့ကောင်လေး ဘယ်မှာလဲ။"

"ကျွန်မက သူ့ကို ကျွန်မ နေတဲ့နေရာဘေးမှာ အိမ် တစ်လုံးဆောက်ခိုင်းထားတယ်၊ ဘာဖြစ်လို့လဲ။"

လင်းလောင်တောင်ထိပ် သခင်မက ပြန်မေးလိုက်သည်။

ယွီဟန်ကွမ်း၏ မျက်လုံးများ အရောင်တောက်သွားပြီး ပြုံးတုံ့တုံ့ဖြင့် "ဒါဆို အစ်ကိုကြီးနေဖို့ နေရာရှာစရာမလိုတော့ဘူးပေါ့၊ လင်းလောင်၊ ငါ့ကို လမ်းပြပေးပါဦး။" ဟု ဆိုလိုက်လေသည်။

လင်းလောင်တောင်ထိပ်သခင်မသည် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် သူမ၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားသည်။

လုရီ၊ လျိုနင်ရွှမ်းနှင့် အခြားသူများမှာမူ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိကြဘဲ လူတစ်စုသည် လင်းလောင်တောင်ထိပ်သို့ တက်သွားကြ၏။

နောက်တစ်ခဏတွင် ယွီဟန်ကွမ်းသည်

ယွီယွမ်ဝူ၏ ဝါးအိမ် အပြင်ဘက်တွင် ရပ်ကာ ပြုံးတုံ့တုံ့ဖြင့် "ယွမ်ဝူ၊ ငါလာပြီ။" ဟု အော်ဟစ်ခေါ်လိုက်သည်။

မကြာမီ ယွီယွမ်ဝူသည် တံခါးဖွင့်လာပြီး ယွီဟန်ကွမ်းကို မြင်သောအခါ အနည်းငယ် စိတ်ရှုပ်သွားသည်။

"အစ်ကိုကြီး၊ ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ။"

"လုရီက ဒီမှာ တာအို ဟောပြောပွဲ လုပ်တယ်ကြားလို့ လာနားထောင်တာပေါ့ကွာ"

ယွီယွမ်ဝူ၏ မျက်လုံးများ တောက်ပလာပြီး ပြုံးကာ၊

"ဒါဆို အစ်ကိုကြီး နေရာမှန်ကို ရောက်လာတာပဲ။ ကျွန်တော်ပြောမယ်၊ ယောက်ဖက အရမ်းတော်တာ၊ သူ့ရဲ့ တာအိုအပေါ် ထိုးထွင်းသိမြင်မှုက ကျွန်တော်တို့ ဘိုးဘေးထက်တောင် သာလွန်နိုင်တယ်…"

ယွီယွမ်ဝူ စကားဆက်မပြောမီမှာပင် ယွီဟန်ကွမ်းက ပြုံးကာ ဖြတ်ပြောလိုက်သည်။

"ငါသိတယ်၊ ငါ ခုလေးတင်ပဲ တွေ့ခဲ့ပြီးပြီ။ ထားပါတော့၊ ငါက ခုမှရောက်လာတော့ နေစရာမရှိဘူး၊ ဒါကြောင့် ဒီမှာပဲ နေလိုက်မယ်။"

ယွီယွမ်ဝူ: "???"

သူ လုံးဝ မှင်တက်သွားသည်။

"ဟင်..ဒီမှာ နေမယ်။ ဒီလောက်သေးတဲ့ ဝါးအိမ်လေးထဲမှာ အစ်ကိုကြီး ဝင်နေရင် ကျွန်တော် ဘယ်မှာ နေရမှာလဲဗျာ"

"မင်း ဘေးမှာ နောက်တစ်လုံး ထပ်ဆောက်လိုက်ပေါ့" ဟု ယွီဟန်ကွမ်းက အနီးအနားရှိ ကွက်လပ်ကို ညွှန်ပြကာ ပြုံးရင်း အကြံပေးသည်။

ယွီယွမ်ဝူ: "???"

ယွီယွမ်ဝူ ကန့်ကွက်ခွင့်မရလိုက်မီမှာပင် ယွီဟန်ကွမ်းက သူ့ကို အပြင်သို့ ဆွဲထုတ်ကာ ဝင်သွားပြီးနောက် တံခါးကို ပိတ်လိုက်ရာ အပြင်ဘက်တွင် ငေးကြောင်ကာ ကျန်ရစ်ခဲ့သော ယွီယွမ်ဝူကိုသာ ထားခဲ့တော့သည်။

လုရီနှင့် အခြားသူများမှာ စကားဆွံ့အသွားကြပြီး လင်းလောင်တောင်ထိပ် သခင်မမှာမူ အနည်းငယ် ခန့်မှန်းမိကာ သူမ၏ မျက်နှာအမူအရာမှာ ခွကျကျဖြစ်သွားပြီး နှုတ်ခမ်းထောင့်ကို ဆွဲတင်ကာ "ယွမ်ဝူ၊ နင် နောက်တစ်လုံးထပ်ဆောက်ရတော့မှာပဲ ထင်တယ်" ဟု ဆိုလိုက် တော့သည်။

"မရဘူး..အီးဟီးဟီး။"

ယွီယွမ်ဝူသည် ကြားရသူပင် စိတ်မကောင်းဖြစ်ကာ မြင်ရသူအဖို့ မျက်ရည်ဝဲစရာ ကောင်းလှသည့် အသံပြဲကြီးဖြင့် အော်ဟစ်လိုက်လေသည်။

ထိုစဉ် လုရီနှင့် လျိုနင်ရွှမ်းတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ပြီးနောက် တိတ်ဆိတ်စွာပင် နောက်လှည့်ကာ လင်းလောင်တောင်ထိပ်မှ ထွက်ခွာသွားကြသည်။

ဂူစံအိမ်သို့ ပြန်ရောက်ပြီးနောက် လုရီသည် ဤခရီးစဉ်မှ ရရှိခဲ့သော အကျိုးအမြတ်များကို စိတ်ကျေနပ်စွာဖြင့် ပြန်လည် စစ်ဆေး သုံးသပ်နေတော့သည်။

များစွာသော ကြယ်တာရာ ခြင်ဆီများအကြောင်းကို ပြောနေရန် မလိုသော်လည်း လုရီကို ပျော်ရွှင်စေသော အရာမှာ ရွှေအင်မော်တယ်အဆင့် ကျိုယိုမိစ္ဆာ တစ်ကောင်ကို သတ်ဖြတ်ပြီးနောက် သူသည် ကြယ်တာရာ အမြုတေဟု

ခေါ်သော ကျင့်ကြံခြင်း အရင်းအမြစ် အမျိုးအစားသစ်တစ်ခုကို ဆုလာဘ်အဖြစ် ရရှိခဲ့ခြင်းပင်ဖြစ်သည်။

All Chapters