ကံကြမ္မာမျဉ်းကြောင်း၏ ဦးတည်ရာ၊ ချောက်နက်ကြီး အပျက်အစီး
Vol. 49 Ch. 727
လုရီသည် တိုး၍ ထင်ရှားလာသော ကံကြမ္မာမျဉ်းကြောင်းကို ကြည့်ပြီး “သွားကြစို့” ဟု ဆိုလိုက်သည်။
လုရီကို စိတ်အားထက်သန်စွာ ကြည့်နေကြသော မျိုးနွယ်အကြီးအကဲများစွာမှာ မှင်တက်သွားကြ၏။
“သခင်လေးလု၊ ခင်ဗျား အခု သဲလွန်စတစ်ခုခု ရပြီလား”
စာဘန်က တအံ့တဩ မေးလိုက်သည်။
လုရီက ကံကြမ္မာ မျဉ်းကြောင်းကို တစ်ချက်ကြည့်လိုက်ပြီး အသာအယာပြုံးလိုက်သည်။
“ဟုတ်တယ်၊ ကျွန်တော် သဲလွန်စ တစ်ခု ရှာတွေ့ခဲ့ပြီ”
“ကောင်းလိုက်တာ”
စာဘန်နှင့် အခြား အကြီးအကဲများမှာ ချက်ချင်းပင် သက်ပြင်းချနိုင်သွားကြသည်။
စာဘန်သည် မကြာမီ စိတ်တည်ငြိမ်သွားပြီး မတော်တဆမှုများမဖြစ်ပွားစေရန် အကြီးအကဲသုံးဦးအဖွဲ့မှ တစ်ဦးကို မျိုးနွယ်အကြီးအကဲအချို့နှင့်အတူ ဘိုလော့စ်မျိုးနွယ်အတွင်းတွင် နေရစ်ခဲ့စေသည်။
ထို့နောက် သူကိုယ်တိုင်မှာမူ နုခ်နှင့် အခြားမျိုးနွယ်အကြီးအကဲများနှင့်အတူ လုရီနောက်သို့လိုက်ကာ နေနီလှေပျံပေါ်သို့ တက်ရောက်ခဲ့ လေသည်။
လုရီက နေနီလှေပျံကို ထိန်းချုပ်မောင်းနှင်ရင်း ကံကြမ္မာမျဉ်းကြောင်း၏ ဦးတည်ရာသို့ ရွေ့လျားသွား၏။
နေရာလပ်နိယာမနှင့် ကံကြမ္မာနိယာမနှစ်ခုလုံးကို ကျွမ်းကျင်သော လုရီသည် နေရာလပ်ထဲတွင် သွားလာနေစဉ်မှာပင် ဟင်းလင်းပြင်ထဲမှ ကံကြမ္မာမျဉ်းကြောင်းကို မြင်နိုင်သေးရာ၊ နေရာလပ်ကူးပြောင်းမှုကြောင့် သူတို့၏ပစ်မှတ်ကို
မပျောက်ဆုံးစေရန် သေချာစေခဲ့သည်။နေနီလှေပျံ ကြယ်တာရာမြစ်ကို ဖြတ်သန်းသွားလာစဉ်၊ ကံကြမ္မာမျဉ်းကြောင်းက ညွှန်ပြသော ဦးတည်ရာတွင် ကြယ်တာရာတံခါး မရှိသောကြောင့် သူတို့သည် နေရာလပ်ကူးပြောင်းရေးအခင်းအကျင်းကို အသုံးပြု၍ ခရီးသွားခဲ့ရသည်။
အချိန်ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လကျော် ကုန်လွန်သွားခဲ့လေသည်။
နေနီလှေပျံ ရွေ့လျားသွားသည်နှင့်အမျှ လုရီနှင့် စာဘန်တို့အပါအဝင် အခြားသူများမှာ အနည်းငယ် အံ့အားသင့်သွားကြသည်။
နုခ်က နားမလည်နိုင်သော မျက်နှာဖြင့်
ပြောလာ၏။
“ဒါ… ကျွန်တော်တို့ မျက်လုံးသုံးလုံးကြယ်တာရာနယ်မြေကနေ ထွက်ခွာတော့မလို့လား။ မျိုးနွယ်အကြီးအကဲတွေက ဘယ်လိုလုပ် ဒီလောက်အဝေးကြီးကို သွားခဲ့ကြတာလဲ”
စာဘန်မှာလည်း နားမလည်နိုင်ဖြစ်ကာ အံ့အားသင့်နေသည်။
“သခင်လေးလု၊ ကျွန်တော်တို့ လမ်းမှားသွားတာများလား”
လုရီက မျက်မှောင်ကြုတ်လိုက်ပြီး ထင်ရှားနေဆဲ ဖြစိသော ကံကြမ္မာ မျဉ်းကြောင်းကို ကြည့်ကာ ခေါင်းခါလိုက်သည်။
“မမှားပါဘူး၊ ဒါ လမ်းကြောင်းမှန်ပါပဲ။ သူတို့ ဘာလို့ ဒီလမ်းကြောင်းအတိုင်း သွားခဲ့ကြသလဲဆိုတာကိုတော့ ကျွန်တော် မသိဘူး”
ဤစကားကို ကြားသောအခါ မျိုးနွယ်အကြီးအကဲများစွာမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သို့သော် လုရီ၏ ဂုဏ်သိက္ခာနှင့် သူ၏ ယခင်
တာအိုစွမ်းအင်ကို အသက်သွင်းနိုင်စွမ်းတို့မှာ
စာဘန်အပါအဝင် မျိုးနွယ် အကြီးအကဲ အားလုံးကို လုရီအား ယုံကြည်ရန် ရွေးချယ်စေရန် လုံလောက်ခဲ့လေသည်။
နေနီလှေပျံသည် ဟင်းလင်းပြင်ထဲတွင် အလွန်လျင်မြန်စွာ သွားလာခဲ့ပြီး မကြာမီမှာပင် မျက်လုံးသုံးလုံးကြယ်တာရာနယ်မြေကို လုံးဝစွန့်ခွာကာ အဆုံးမဲ့ကြယ်ပင်လယ်ထဲတွင် လှည့်လည်သွားလာနေတော့သည်။ ခဏအကြာတွင် နေနီလှေပျံသည် မျက်လုံးသုံးလုံးကြယ်တာရာနယ်မြေမှ ပို၍ပို၍ ဝေးကွာသွားသည်။
ဤအဖြစ်က လုရီနှင့် အခြားသူများကို အနည်းငယ် နားမလည်နိုင်ဖြစ်စေသည်။
ဘိုလော့စ်မျိုးနွယ်၏ အကြီးအကဲများမှာ သူတို့ ယခင်က မျက်လုံးသုံးလုံးကြယ်တာရာနယ်မြေမှ ထွက်ခွာစွန့်စားခဲ့ဖူးလျှင်ပင်၊ စုပေါင်းထွက်ခွာကြမည်မဟုတ်သလို၊ ဤမျှကြီးမားသော အကွာအဝေးသို့ သွားရောက်ကြမည်မှာ သေချာပေါက်မဟုတ်ပေ။
“…သူတို့ ဒီလောက်အဝေးကြီးကို လာပြီး ဘာလုပ်ဖို့ စီစဉ်နေကြတာလဲ” အားလုံးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သို့သော်လည်း မည်သူမျှ အဖြေမပေးနိုင်ခဲ့ပေ။
ထို့နောက်တွင် သူတို့၏မျက်နှာအမူအရာများမှာ ပို၍ပို၍ သုန်မှုန်လာကြသည်။
အကြောင်းမှာ သူတို့ဦးတည်နေသော ဦးတည်ရာသည် ကောင်းကင်ကြယ်တာရာ နယ်မြေကိုပင် စတင်စွန့်ခွာနေသောကြောင့် ဖြစ်သည်။
လုရီမှာ နက်ရှိုင်းစွာ မျက်မှောင်ကြုတ်လိုက်မိ၏။ အရာအားလုံးမှာ သူ၏ မျှော်လင့်ချက်များထက် ကျော်လွန်သွားပုံရသည်ကို တွေ့ရှိလိုက်ရသည်။
မူလက သူသည် ဘိုလော့စ်မျိုးနွယ်ကို လူရှာဖွေရာတွင် ကူညီပေးခြင်းမျှသာဖြစ်ပြီး ခက်ခဲသောအရာ မရှိဟု ထင်မှတ်ခဲ့သည်။ သို့သော်
ဘိုလော့စ်မျိုးနွယ်၏ အကြီးအကဲများမှာ ကောင်းကင်ကြယ်တာရာ နယ်မြေမှပင် ပြေးထွက်လုနီးပါးဖြစ်နေသော ထိုသို့သော ပြေးသူများဖြစ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ကျစ်… သူတို့ အတိအကျ ဘယ်ကိုသွားချင်နေကြတာလဲ။
“အဲဒီ ဦးတည်ရာက… သလင်းဝိညာဉ်ကြယ်တာရာနယ်မြေ မဟုတ်လား။ သူတို့ အဲဒီကို ဘယ်လို ရောက်သွားကြတာလဲ”
စာဘန်နှင့် အခြား ဘိုလော့စ် မျိုးနွယ် အကြီးအကဲများမှာလည်း အလားတူပင်
နားမလည် ဖြစ်နေကြသည်။
သူတို့အားလုံးမှာ ဘိုလော့စ် မျိုးနွယ်ဝင်များဖြစ်ကြပြီး နှစ်သန်းပေါင်း ဆယ်ချီ၍ အတူတကွနေထိုင်ခဲ့ကြသော်လည်း၊ အကြီးအကဲများ အဘယ်ကြောင့် ထိုသို့သော နေရာသို့ သွားရောက်ကြသည်ကို သူတို့ နားမလည်နိုင်ခဲ့ကြပေ။
လုရီက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
“အကြီးအကဲစာဘန်၊ ခင်ဗျားတို့ရဲ့ ပျောက်ဆုံးနေတဲ့ မျိုးနွယ်အကြီးအကဲတွေ အရင်က ပုံမှန် မဟုတ်တဲ့ လက္ခဏာ တစ်ခုခု ပြသခဲ့တာမျိုး ဒါမှမဟုတ် တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံခဲ့တာမျိုး ရှိခဲ့ပါသလား”
သလင်းဝိညာဉ်ကြယ်တာရာနယ်မြေနှင့် ကောင်းကင်ကြယ်တာရာ နယ်မြေကြားမှ ဆက်ဆံရေးမှာ မဆိုးရွားသော်လည်း၊ ရာရှိုမွန်ကြယ်တာရာနယ်မြေနှင့် အလားတူပင် နယ်စပ်တွင် ပွတ်တိုက်မှုများ အမြဲရှိခဲ့သည်။
သူသည် ဘိုလော့စ်မျိုးနွယ်၏ အကြီးအကဲများ သလင်းဝိညာဉ်ကြယ်တာရာနယ်မြေနှင့် ဆက်သွယ်ခဲ့ခြင်းရှိ၊ မရှိကို သံသယဝင်လာသည်။
စာဘန်နှင့် အခြားသူများမှာလည်း နားမလည်နိုင်ဖြစ်သွားကြပြီးနောက် ခေါင်းခါလိုက်ကြသည်။
“မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့က ပုံမှန်အားဖြင့် ဘိုးဘေးကြယ်ပေါ်မှာ တံခါးပိတ်ကျင့်ကြံလေ့ရှိပါတယ်။ သူတို့သာ တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရင် ကျွန်တော်တို့ သိမှာပါ။ ဘိုးဘေးကြယ်ကနေ မထွက်ခွာခင်မှာ သူတို့ တခြားလူတွေနဲ့
မတွေ့ဆုံခဲ့ပါဘူး”
လုရီက အသာအယာခေါင်းညိတ်လိုက်ပြီး ထိုသည်မှာလည်း ကျိုးကြောင်းဆီလျော်သည်ဟု တွေးလိုက်သည်။ ဘိုလော့စ်မျိုးနွယ်မှာ မျက်လုံးသုံးလုံး ကြယ်တာရာနယ်မြေ အတွင်းတွင်သာ ထိပ်တန်းဖြစ်ပြီး ၎င်းအပြင်ဘက်တွင်မူ အတော်လေး သာမန်မျှသာ ဖြစ်သည်။
သို့သော်လည်း ၎င်းက လုရီကို ပို၍ပင် နားမလည်နိုင်ဖြစ်စေသည်။ အကယ်၍ ဘိုလော့စ်မျိုးနွယ်၏ အကြီးအကဲများတွင် အခြားအလုပ်ကိစ္စများမရှိပါက သူတို့ ဤနေရာတွင် ဘာလုပ်နေကြသနည်း။
ထိုစဉ်မှာပင် လုရီသည် ရှေ့မှ ပြတင်းပေါက်ကိုဖြတ်၍ ကြည့်လိုက်ရာ အံ့အားသင့်သောအမူအရာကို ပြသလိုက်သည်။
ကျယ်ပြောလှသော စကြဝဠာထဲတွင် နေနီလှေပျံနှင့် အလွန်အလှမ်းဝေးသော ဧရိယာတစ်ခု၌ တောက်ပသော ကြယ်ပင်လယ်ကြီးကို စွမ်းအားတစ်ခုခုက ဆုတ်ဖြဲထားသကဲ့သို့ဖြစ်ပြီး ကြမ်းတမ်းသော အနက်ရောင်အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ထွက်နေသည်။
ဤအက်ကွဲကြောင်းမှာ ကြယ်တာရာကောင်းကင်ယံကို ဖြတ်၍ ချထားသော ချောက်နက်ကြီး
တစ်ခုကဲ့သို့ ပေါ်နေပြီး ကျယ်ပြောသောဧရိယာကို ဖုံးလွှမ်းထားလေ၏။
“ဒါ၊ ဒါက ချောက်နက်ကြီးအပျက်အစီးပဲ။ စကြဝဠာတားမြစ်နယ်မြေတစ်ခုပါလား။ ငါတို့ ဒီကိုရောက်လာလိမ့်မယ်လို့ ဘယ်တော့မှ မထင်ထားခဲ့ဘူး” စာဘန်သည် အဝေးမှ ချောက်နက်ကြီးနှင့်တူသော အက်ကွဲကြောင်းကို ကြည့်ရင်း တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး သူ၏မျက်နှာရောင်မှာ ပြောင်းလဲသွားသည်။
ဤစကားကို ကြားသောအခါ လုရီမှာ အနည်းငယ် မှင်တက်သွားသည်။
“ဒါ ချောက်နက်ကြီး အပျက်အစီးလား”
သူသည် ချောက်နက်ကြီး အပျက်အစီးအကြောင်းကို ယခင်က ကြားဖူးခဲ့၏။
သူ အသုံးပြုနေသော ကံကြမ္မာ သိုင်းစွမ်းရည်ကို ယွီမိသားစု၏ ဘိုးဘေး တစ်ဦးက ချောက်နက်ကြီးအပျက်အစီးမှ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ စကြဝဠာတားမြစ်နယ်မြေတစ်ခုဖြစ်ပြီး၊ အတွင်းမှဒေသမှာ အလွန်အန္တရာယ်များသောကြောင့် ထိုသို့တံဆိပ်တပ်ခံထားရခြင်းဖြစ်ကာ၊ ယေဘုယျအားဖြင့် တစ်လမ်းသွားခရီးသာ ဖြစ်သည်။
ပြီးတော့ ဘိုလော့စ်မျိုးနွယ်၏ အကြီးအကဲများမှာ ရွှေအင်မော်တယ်နယ်ပယ်မျှသာရှိပြီး ထိုသို့သောနေရာသို့ စွန့်စားဝင်ရောက်ခဲ့ကြသည်တဲ့လား။
ယွီမိသားစုမှ ဘိုးဘေးတစ်ဦးမှာ အင်မော်တယ်အရှင်သခင် နယ်ပယ်တွင် ရှိသည်ကို သတိပြုသင့်၏။ သို့တိုင်အောင် ထိုနေရာသို့ ဝင်ရောက်ခြင်းသည် သူ့အား ပြန်မလာနိုင်လုနီးပါး ဖြစ်စေခဲ့သည်။
ဘိုလော့စ်မျိုးနွယ်ရဲ့ အကြီးအကဲတွေက အသက်ကြီးလို့ သတိမေ့နေကြတာလား။
လုရီမှာ လုံး နားမလည်နိုင်ဖြစ်နေသည်။
လုရီသာမက စာဘန်နှင့် အခြားသူများမှာလည်း ထိုနည်းတူပင် ခံစားနေရသည်။
အားလုံးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပတ်ဝန်းကျင်မှာ အချိန်အတိုင်းအတာတစ်ခုအထိ တိတ်ဆိတ်သွားလေ၏။
“မဖြစ်နိုင်ဘူး၊ ဆာကီနဲ့ တခြားသူတွေအပေါ် ငါ့ရဲ့နားလည်မှုအရ သူတို့ ဒီကို လုံးဝလာမှာ မဟုတ်ဘူး…” ဟု စာဘန်က ရေရွတ်လိုက်သည်။