ယွီမိသားစုမှ တင်းမာသော အခိုက်အတန့်များ...
Vol. 49 Ch. 731
ထိုအခိုက်အတန့်တွင် နုခ်နှင့် အခြားသူများအားလုံး၏ မျက်နှာများပေါ်၌ ကြောက်ရွံ့မှုများ ကျန်ရှိနေသေးသော အမူအရာများ ရှိနေကြသည်။ လုရီ၏ စကားကို ကြားပြီးနောက်မှသာ သူတို့သည် စိတ်တည်ငြိမ်မှုကို ပြန်လည် ရရှိနိုင်ခဲ့ကြသည်။
စာဘန်နှင့် မျိုးနွယ် အကြီးအကဲအဖွဲ့မှာ
တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အားလုံး၏ မျက်နှာများပေါ်တွင် ခါးသီးသော အမူအရာများ ရှိနေကြ၏။
ထို့နောက် စာဘန်သည် လုရီအား နက်ရှိုင်းစွာ ဦးညွှတ်လိုက်ပြီး သက်ပြင်းချကာ တောင်းပန်လိုက်သည်။
“ဒီတစ်ကြိမ်မှာ သခင်လေးလု ဒီလိုအန္တရာယ်ရှိတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ ဒါ ကျွန်တော်တို့ ဘိုလော့စ်မျိုးနွယ်ရဲ့ ပေါ့ဆမှုတစ်ခုပါပဲ”
လုရီက လက်ကို ဝှေ့ယမ်းလိုက်သည်။
“အဆင်ပြေပါတယ်၊ ကျွန်တော်တို့အားလုံး အသက်ရှင်နေကြသေးတာပဲ မဟုတ်လား”
“ကျွန်တော်တို့ ဘိုလော့စ်မျိုးနွယ်ကို အပြစ်မတင်တဲ့အတွက် သခင်လေးလုကို ကျေးဇူးတင်ပါတယ်” ဟု စာဘန်က ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
သူတို့သည် ဤတစ်ကြိမ်တွင် အင်မော်တယ် ဧကရာဇ် အဆင့် စွမ်းအားရှင် တစ်ဦးနှင့် ရင်ဆိုင်ခဲ့ရသည် မဟုတ်ပါလား။
စာဘန်သည် ထိုသို့သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးနှင့် ကြုံတွေ့ရလိမ့်မည်ဟု ဘယ်တော့မှ မမျှော်လင့်ထားခဲ့သော်လည်း၊ အဖြစ်မှန်မှာမူ ၎င်းသည် လုရီကို အန္တရာယ်ကျရောက်စေခဲ့သည်။
လုရီသည် ယွီမိသားစု၏ အရေးပါသောပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး၊ သူ ဘိုလော့စ်မျိုးနွယ်အား သူတို့၏ပျောက်ဆုံးနေသော မျိုးနွယ်ဝင်များကို ရှာဖွေရာတွင် ကူညီပေးခဲ့ခြင်းမှာပင် ကြီးမားသောကျေးဇူးတစ်ခု ဖြစ်နေလေပြီ။ သူ အန္တရာယ်ကျရောက်ခဲ့သည့်အဖြစ်မှာ သတင်းသာထွက်သွားပါက လုရီက ဂရုမစိုက်လျှင်ပင် ယွီမိသားစုနှင့် မသင့်မမြတ်ဖြစ်စေပေလိမ့်မည်။
ထို့အပြင် လုရီသည် သူတို့ကို သူတို့၏ပျောက်ဆုံးနေသော မျိုးနွယ်ဝင်များကို ရှာဖွေတွေ့ရှိရန် အမှန်တကယ်ပင် ဦးဆောင်ခေါ်ဆောင်ပေးခဲ့သည်။
သခင်လေးလုထံမှ ဤမျှကြီးမားသော ကျေးဇူးတရားကို ဘိုလော့စ်မျိုးနွယ်က ရက်ရောစွာ ပြန်လည်ပေးဆပ်ရန် လိုအပ်ပါ၏။
ဘိုလော့စ်မျိုးနွယ်မှ အဖွဲ့ဝင်များစွာမှာ တစ်ယောက်ပြီးတစ်ယောက် စကားဆိုလာကြသည်။
“သခင်လေးလုက နှလုံးသား ကြီးမြတ်လှပါတယ်၊ သခင်လေးလုကို ကျေးဇူးတင်ပါတယ်”
“နောက်ဆုံးမှာ အင်မော်တယ်ဧကရာဇ် တစ်ပါးနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ သခင်လေးလုရဲ့အစွမ်းက အံ့မခန်းပါပဲ၊ အင်မော်တယ် ဧကရာဇ် တစ်ပါးရဲ့ လက်ထဲကနေ ကျွန်တော်တို့နဲ့အတူ လွတ်မြောက်လာနိုင်ခဲ့တယ်”
လုရီသည် သူတို့ အလွန်အကျွံ မြှောက်ပင့်ပြောဆိုနေကြသည်ကို ကြည့်ရင်း အတွင်းစိတ်ထဲတွင် လုံးဝ မလှုပ်ရှားခဲ့ပေ။
သူသည် ထိုသို့သောစကားများကို အကြိမ်များစွာ ကြားဖူးခဲ့ပြီးဖြစ်ပါသည်။
သူက “ကောင်းပြီ၊ ပြန်ကြရအောင်ဗျ” ဟု ဆိုလိုက်သည်။
လုရီသည် အမြန်ဆုံးပြန်လည်ရောက်ရှိပြီး ချောက်နက်ကြီးအပျက်အစီးတွင် ကျိုယိုမိစ္ဆာများနှင့် တွေ့ဆုံခဲ့သည့်အကြောင်းကို ယွီမိသားစုအား အကြောင်းကြားရန် စီစဉ်ထားသည်။ သူတို့သာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေပါက ကြီးမားသောဒုက္ခများ ဖြစ်ပေါ်လာမည်ကို လုရီ စိုးရိမ်မိသည်။ အကြောင်းမှာ ကျိုယိုချီ၏ တိုက်စားနိုင်စွမ်းမှာ အလွန်အားကောင်းလွန်းသောကြောင့် ဖြစ်၏။
ထို့နောက်တွင် လုရီသည် နုခ်နှင့် အခြားသူများကို နေနီလှေပျံပေါ်သို့ ခေါ်ဆောင်သွားပြီး အမြင့်ဆုံးအရှိန်ဖြင့် ထျန်းမင်ဘက်သို့ ပျံသန်းသွားလေသည်။
……
သူတို့ ပျောက်ဆုံးနေသော ဘိုလော့စ်မျိုးနွယ်ဝင်များကို ရှာဖွေရန် ထွက်ခွာခဲ့စဉ်က ကံကြမ္မာမျဉ်းကြောင်းကို လိုက်ရန်လိုအပ်သောကြောင့် ကြယ်တာရာတံခါးကို အသုံးမပြုခဲ့ကြပေ။ သို့သော် ယခုမူ ကံကြမ္မာမျဉ်းကြောင်းကို လိုက်ရန်မလိုအပ်တော့ဘဲ ကြယ်တာရာတံခါးကို အသုံးပြု၍ ခရီးသွားနိုင်ရာ၊ သူတို့၏ခရီးမှာ များစွာမြန်ဆန်လာသည်။ နှစ်ဝက်မျှသာ ကြာမြင့်ပြီးနောက် သူတို့သည် မျက်လုံးသုံးလုံးကြယ်တာရာနယ်မြေကို ဖြတ်သန်းသွားခဲ့ကြပါတော့သည်။
စညဘန်နှင့် အခြားမျိုးနွယ်အကြီးအကဲများမှာ လုရီအား နှုတ်ဆက်ကြသည်။ သူတို့သည် ပြန်လည်ရောက်ရှိပြီး မကြာသေးမီက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို သူတို့၏နေအိမ်မှ အခြားမျိုးနွယ် အကြီးအကဲများနှင့် ဆွေးနွေးရန် လိုအပ်သည့်အပြင်၊ အနာဂတ်အတွက် အစီအစဉ်များ ရေးဆွဲရန်လည်း လိုအပ်လေသည်။
မထွက်ခွာမီ စာဘန်သည် လုရီအား လေးနက်တည်ကြည်စွာဖြင့် ကတိပြုလိုက်သည်။
“ဒီကိစ္စအတွင်းမှာ သခင်လေးလုက ကျွန်တော်တို့ ဘိုလော့စ်မျိုးနွယ်အတွက် အများကြီးလုပ်ပေးခဲ့ပါတယ်။ ဒီလောက်ကြီးမားတဲ့ ကျေးဇူးတရားကို ကျွန်တော်တို့ ဘယ်တော့မှ ပြန်ဆပ်နိုင်မှာမဟုတ်ပါဘူး။ အခုချိန်ကစပြီး သခင်လေးလုသာ တောင်းဆိုစရာ တစ်ခုခုရှိခဲ့ရင် ကျွန်တော်တို့
ဘိုလော့စ်မျိုးနွယ်က အစွမ်းကုန် ကူညီဆောင်ရွက်ပေးပါ့မယ်”
လုရီက ခပ်အေးအေးရယ်မောလိုက်သည်။
“ တကယ်တော့ ခင်ဗျားတို့ကို အများကြီးလုပ်ပေးဖို့ မလိုအပ်ပါဘူးဗျာ။ ထျန်းမင်က အဲဒီကုန်သွယ်ရေးဂြိုဟ်ကိုပဲ ကောင်းကောင်းစီမံခန့်ခွဲပေးပါ”
စာဘန်က လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီးနောက် နုခ်ဘက်သို့ လှည့်ကာ “နုခ်၊ ဒီကိစ္စ အခုမင်းလက်ထဲမှာပဲ။ အခုချိန်ကစပြီး ထျန်းမင်က ကုန်သွယ်ရေးဂြိုဟ်က ငါတို့ဘိုလော့စ်မျိုးနွယ်အတွက် အရေးအကြီးဆုံး စီမံကိန်းပဲနော်” ဟု မှာကြားလိုက်သည်။
နုခ်သည် ဘိုလော့စ်မျိုးနွယ်၏ ပထမဆုံးအမွေဆက်ခံသူဖြစ်ပြီး သူသည် အနာဂတ်မျိုးနွယ်ခေါင်းဆောင်ဖြစ်ရန် နီးပါးသေချာနေသည်။ အထူးသဖြင့် သခင်လေးလုနှင့် သူ၏ဆက်ဆံရေးမှာ စာဘန်အတွက် ၎င်းကို အသေအချာအတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်နေသည်။
နုခ်က လေးနက်တည်ကြည်စွာ ခေါင်းညိတ် နာခံလိုက်သည်။
“ကျွန်တော် နားလည်ပါတယ်”
ထို့နောက်တွင် စာဘန်နှင့် မျိုးနွယ်အကြီးအကဲအဖွဲ့မှာ ထွက်ခွာသွားကြသည်။
နေနီလှေပျံပေါ်တွင် လုရီနှင့် နုခ်တို့သာ ကျန်ရစ်ခဲ့ပြီး ပတ်ဝန်းကျင်မှာ တည်ငြိမ်သွား၏။
နုခ်က လုရီကို မခန့်မှန်းနိုင်သော ကျေးဇူးတင်စိတ်များဖြင့် ကြည့်လိုက်သည်။
“သခင်လေးလု၊ ကျွန်တော်တို့ရဲ့ ပျောက်ဆုံးနေတဲ့ မျိုးနွယ်ဝင်တွေကို ရှာဖွေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားကို ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့စေလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့ပါဘူး”
လုရီက ခပ်အေးအေးရယ်မောလိုက်သည်။
“အဟားားဟား။ ဒါကို ထပ်ပြောနေစရာ မလိုတော့ပါဘူး၊ မင်းတို့မျိုးနွယ်အကြီးအကဲတွေက အကြိမ်များစွာ ပြောခဲ့ပြီးပြီ၊ ငါ့ရဲ့နားတွေတောင် ထုံနေပြီ”
နုခ်က ခပ်ခြောက်ခြောက်ရယ်မောလိုက်ပြီးနောက် သူ၏မျက်နှာအမူအရာမှာ အနည်းငယ် ညှိုးငယ်သွားသည်။
“နောက်ဆုံးမှာ အင်မော်တယ်ဧကရာဇ် တစ်ပါးနဲ့ ကြုံတွေ့ခဲ့ရတာ နှမြောစရာပဲ။ မဟုတ်ရင် သခင်လုက ဆာကီမျိုးနွယ်အကြီးအကဲတွေကို သေချာပေါက် ကယ်တင်နိုင်ခဲ့မှာဗျ”
ထိုအခါ လုရီက နုခ်၏ ပခုံးကို ပုတ်ကာ အားပေးလိုက်သည်။
“အများကြီး မတွေးနေပါနဲ့တော့၊ ဒါတွေအားလုံးက ကံကြမ္မာက စီမံတာပဲ။ မင်း ကျင့်ကြံမှုအပေါ်မှာပဲ အာရုံစိုက်လိုက်တာ ပိုကောင်းလိမ့်မယ်။ မင်းသာ ရွှေအင်မော်တယ်အထွတ်အထိပ်ကို ရောက်နိုင်ခဲ့ရင် ဘိုလော့စ်မျိုးနွယ်ရဲ့ ထိပ်တန်းအစွမ်းက ပြန်လည်တည်ဆောက်နိုင်မှာဖြစ်ပြီး၊ မင်းသာ အင်မော်တယ် ဧကရာဇ်ကို အဆင့်ချိုးဖြတ်နိုင်ခဲ့ရင် အနာဂတ်မှာ မင်း ဘိုလော့စ်မျိုးနွယ်ကို မျက်လုံးသုံးလုံးကြယ်တာရာနယ်မြေထဲကနေ ပိုကျယ်ပြန့်တဲ့ စင်မြင့်တစ်ခုဆီကို ဦးဆောင်ခေါ်ဆောင်သွားနိုင်လိမ့်မယ်”
ဤစကားကို ကြားသောအခါ နုခ်၏မျက်လုံးများတွင်လည်း ခိုင်မာသော အသွင်တစ်ခု ပေါ်ပေါက်လာသည်။
“လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် သခင်လေးလု။ ကျွန်တော် နားလည်ပါပြီ”
ထို့နောက် နေနီလှေပျံသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကြယ်တာရာတံခါးကို ဖြတ်သန်းသွားကာ မကြာမီမှာပင် သူတို့သည် ထျန်းမင်ကြယ်တာရာစနစ်သို့ ပြန်လည်ရောက်ရှိလာကြသည်။
နုခ်နှင့် လုရီတို့ အချင်းချင်း နှုတ်ဆက်လိုက်ကြ၏။ နုခ်သည် ကုန်သွယ်ရေးဂြိုဟ်သို့ ဦးတည်သွားပြီး လုရီမှာမူ လင်းလောင်တောင်ထိပ်သို့ ပြန်လာခဲ့သည်။
သူသည် သူ၏ကိုယ်ပိုင်ဂူစံအိမ်သို့ ပြန်မသွားဘဲ လင်းလောင်တောင်ထိပ်၏ အထွတ်အထိပ်၊
ဟန်ကွမ်း၏ ဝါးတဲအပြင်ဘက်သို့ သွားရောက်ခဲ့သည်။
“အစ်ကိုဟန်ကွမ်း၊ ထွက်လာခဲ့ပါဦး၊ ကျွန်တော် ခင်ဗျားနဲ့ စကားပြောစရာရှိတယ်”
သူက လှမ်းခေါ်လိုက်သည်။
ဟန်ကွမ်း၏ ဝါးတဲတံခါးမှာ မပွင့်လာဘဲ၊ ၎င်းအစား ဘေးမှ ယွမ်ဝူ၏ ဝါးတဲတံခါးမှာ အရင်ပွင့်လာသည်။
ယွမ်ဝူက သူ၏ခေါင်းကို ထုတ်ကြည့်လိုက်ပြီး
လုရီကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။
“ယောက်ဖ၊ ဘာဖြစ်နေတာလဲ”
“နောက်မှ ရှင်းပြမယ်” ဟု လုရီက တုံ့ပြန်လိုက်သည်။
ခဏအကြာတွင် ဟန်ကွမ်းသည်လည်း သူ၏
ဝါးတဲတံခါးကို ဖွင့်လိုက်ပြီး လုရီကို စူးစမ်းစွာ ကြည့်လိုက်သည်။
“လုရီ၊ မင်း ဘာလိုအပ်လို့လဲ”
လုရီ၏ တည်ကြည်သော မျက်နှာထားကို မြင်သောအခါ ဟန်ကွမ်း၏မျက်နှာပေါ်မှ အပြုံးမှာလည်း ပျောက်ကွယ်သွားသည်။
သူက ဝါးတဲအတွင်းဘက်သို့ ညွှန်ပြလိုက်သည်။
“လာ၊ အထဲဝင်ပြီး စကားပြောကြရအောင်”
လုရီက ခေါင်းညိတ်ပြီး ယွမ်ဝူနှင့်အတူ ဝင်သွားလိုက်သည်။
သူတို့ ထိုင်ခုံများပေါ်တွင် ထိုင်ချလိုက်သည်နှင့် ဟန်ကွမ်းနှင့် ယွမ်ဝူတို့မှာ လုရီကို စူးစမ်းစွာ ကြည့်လိုက်ကြသည်။
ဟန်ကွမ်းက “ဘာကိစ္စက မင်းကို ဒီလောက်လေးနက်တည်ကြည်စေတာလဲ” ဟု မေးလိုက်သည်။
ဟန်ကွမ်းသည် အလွန် မာနကြီးသူတစ်ဦးဖြစ်သော်လည်း၊ နင်ယင်စစ်မြေပြင်တွင်
လုရီ၏အစွမ်းကို မြင်တွေ့ခဲ့ရပြီးကတည်းကနှင့်၊ သူ ထျန်းမင်ကြယ်တာရာစနစ်တွင် နှစ်များတစ်လျှောက် လုရီ၏ တာအို တရားဟောကြားမှုများကို နားထောင်ခဲ့ရသည်နှင့်အမျှ၊ လုရီအပေါ် သူ၏လေးစားအားကျမှုမှာ တိုး၍တိုး၍ ကြီးမားလာခဲ့ပြီး၊ သူကိုယ်တိုင်ပင် လုရီထက် များစွာနိမ့်ကျသည်ဟု ခံစားနေရလေသည်။