← Chapters

ယွီမိသားစုမှ တင်းမာသော အခိုက်အတန့်များ (၂)...

Vol. 49 Ch. 732

ယွီမိသားစုမှ တင်းမာသော အခိုက်အတန့်များ (၂)...

Vol. 49 Ch. 732

ယွီဟန်ကွမ်း၏ မှတ်ဉာဏ်ထဲတွင် လုရီ၏ ဤသို့သော မျက်နှာအမူအရာမျိုးကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။ နင်ယင်စစ်မြေပြင်တွင် ရှိစဉ်အခါကပင် ဤသို့မဖြစ်ခဲ့ပေ။

လုရီက အသက်ကိုပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး သူမြင်တွေ့ခဲ့ရသမျှ အရာအားလုံးကို ဖြည်းညင်းစွာ ပြန်လည်ပြောပြလိုက်လေသည်။ လုရီက ချောက်နက်ကြီး အပျက်အစီး တားမြစ်နယ်မြေ အပြင်ဘက်တွင် ပြင်းထန်သော ကျိုယိုချီများပါဝင်သည့်၊ ကျိုယိုချီ မိစ္ဆာများဟု သံသယရှိရသော သတ္တဝါ တစ်ကောင်နှင့် တွေ့ဆုံခဲ့ရကြောင်း ကြားသိရသောအခါ ယွီဟန်ကွမ်းနှင့် ယွီယွမ်ဝူ နှစ်ဦးလုံး၏ မျက်လုံးများမှာ တုန်လှုပ်အံ့ဩမှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ပြူးကျယ်သွားခဲ့ရသည်။

"ကျိုယိုချီမိစ္ဆာတွေ ဟုတ်လား။ စကြဝဠာထဲမှာတဲ့လား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

ယွီဟန်ကွမ်းက အံ့အားတသင့် အော်ဟစ်လိုက်၏။

"ဟုတ်တယ်၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကြယ်တာရာနယ်မြေတပ်မတော်က ကျိုယိုချီကြောင့် တိုက်စားခံရတဲ့ ကျင့်ကြံသူတွေကို အမြဲတမ်း တင်းတင်းကျပ်ကျပ် လိုက်လံချေမှုန်းနေတာ၊ ကျိုယိုချီမိစ္ဆာတွေဆိုရင် ပြောစရာတောင်မလိုဘူး။ တကယ်လို့ ကျိုယိုချီမိစ္ဆာတွေသာ တကယ်ရှိနေခဲ့ရင် သူတို့ အစောကြီးကတည်းက ရှာဖွေတွေ့ရှိခံရပြီးလောက်ပြီ၊" ဟု ယွီယွမ်ဝူက ဆိုသည်။

သူ၏ ကျင့်ကြံမှုအခြေခံမှာ သိပ်မ‌ကောင်းသော်လည်း သူသည် ယွီမိသားစု၏ သခင်လေးတစ်ဦးဖြစ်သည့် အားလျော်စွာ ကျိုယိုချီမိစ္ဆာများအကြောင်းကို သိရှိနားလည်ပါ၏။

လုရီ၏ မျက်နှာအမူအရာမှာ လေးနက်သွားပြီး သူက ခပ်ဖွဖွသက်ပြင်းချလိုက်သည်။

"ဟုတ်တယ်၊ ကျွန်တော်လည်း ဒါက မဖြစ်နိုင်ဘူးလို့ ထင်တာပဲ၊ ဒါပေမဲ့ ကျွန်တော် ဒါကို ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတာပါ။ ပြီးတော့ ပျောက်ဆုံးသွားတဲ့ ဘိုလော့စ်မျိုးနွယ်ဝင်တွေ... သူတို့အားလုံး ကျိုယိုချီချီကြောင့် တိုက်စားခံထားရပြီး လုံးဝကို ပုံစံပြောင်းသွားကြပြီ။"

ယွီဟန်ကွမ်းနှင့် ယွီယွမ်ဝူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စကားမဆိုနိုင်အောင် ဖြစ်သွားကြသည်။

ထို့နောက် ယွီဟန်ကွမ်းက ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ပြီး "ငါ ကျောက်စိမ်းကြယ်တာရာဂြိုဟ်ကို သွားမှဖြစ်မယ်။ ဒီကိစ္စက အရမ်းကြီးကျယ်လွန်းတယ်၊ အဖေ့ကို သွားသတင်းပို့ရမယ်။"

လုရီက ခေါင်းညိတ်လိုက်သည်။

"ကျွန်တော်လည်း အဲ့ဒီလိုပဲ တွေးနေတာ။ ဦးလေးယွီနဲ့ ပြောကြည့်လိုက်ပါ၊ ကျွန်တော် ကူညီနိုင်တာတစ်ခုခုရှိရင် အချိန်မရွေးသာ ပြောပါ။"

ယွီဟန်ကွမ်းက ခေါင်းညိတ်လိုက်ရင်း မနာလိုဟန်ဖြင့် မှတ်ချက်ပေးလိုက်သည်။

"မင်းက အင်မော်တယ် ဧကရာဇ် တစ်ပါးလက်ကနေ လွတ်မြောက်နိုင်ခဲ့တယ်ဆိုတော့ ဒီလိုစွမ်းအားမျိုးနဲ့ မင်းက မကြာခင်မှာ ကောင်းကင်ကြယ်တာရာ နယ်မြေတစ်ခုလုံးရဲ့ ထိပ်တန်းစွမ်းအားရှင်တွေထဲက တစ်ယောက် ဖြစ်လာတော့မှာပဲ။"

ယွီယွမ်ဝူမှာမူ ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေ၏။

"ငါ့ယောက်ဖက အစွမ်းထက်မှန်း ငါသိပြီးသား။"

ယွီဟန်ကွမ်းက ယွီယွမ်ဝူကို တစ်ချက်ကြည့်လိုက်ပြီး

"အစွမ်းထက်တာ မင်း မဟုတ်ဘူး၊ မင်းရဲ့ လက်ရှိအင်အားကိုသာ ကြည့်ဦး။ ရွှေအင်မော်တယ်နယ်ပယ်ကို တကယ် ချိုးဖြတ်နိုင်တဲ့အခါမှ စကားလာပြော။"

ယွီယွမ်ဝူ၏ နှုတ်ခမ်းများ တွန့်သွားပြီး သူ တိတ်ဆိတ်သွားတော့၏။

နောက်ထပ် မနှောင့်နှေးတော့ဘဲ ယွီဟန်ကွမ်းသည် ထျန်းမင်မှ မကြာမီ ထွက်ခွာသွားလေသည်။

အခြေအနေကို အခြားသူများအား အသိပေးပြီးနောက် လုရီသည် အတန်ငယ် စိတ်သက်သာရာရသွားပြီး သူ၏ကိုယ်ပိုင်ဂူစံအိမ်သို့ ပြန်လာခဲ့သည်။

စကြဝဠာထဲတွင်၊ ပြီးတော့ ချောက်နက်ကြီး အပျက်အစီး တားမြစ်နယ်မြေကဲ့သို့သော စကြဝဠာ တားမြစ်နယ်မြေတစ်ခု၏ အပြင်ဘက်တွင် ကျိုယိုချီမိစ္ဆာများကဲ့သို့သော သတ္တဝါတစ်ကောင်နှင့် တွေ့ဆုံခဲ့ရခြင်းက လုရီ၏ နှလုံးသားကို လေးလံသွားစေသည်။

သူသည် ချောက်နက်ကြီး အပျက်အစီး တားမြစ်နယ်မြေနှင့် ကျိုယိုချီမိစ္ဆာများကြားတွင် ဆက်နွယ်မှု တစ်ခုခု ရှိနိုင်သည်ဟု သံသယဝင်နေမိ၏။

မည်သို့ပင် ဖြစ်စေ စကြဝဠာ တားမြစ်နယ်မြေများမှာ လျှို့ဝှက်ဆန်းကြယ်လှပြီး ၎င်းတို့အတွင်း၌ အမှန်တကယ် ဘာရှိသည်ကိုလည်းကောင်း၊ ၎င်းတို့ မည်သို့ ဖွဲ့စည်းဖြစ်ပေါ်လာသည်ကိုလည်းကောင်း မည်သူမျှ မသိကြပေ။

၎င်းသည် စကြဝဠာ၏ ကျင့်ကြံသူများက

အင်မော်တယ်ဘုရင်များနှင့် အင်ပါယာများ အဘယ်ကြောင့် ပျောက်ဆုံးနေသည်ကို မသိရှိကြသကဲ့သို့ပင် ဖြစ်လေသည်။

အကယ်၍ စကြဝဠာ တားမြစ်နယ်မြေများနှင့် ကျိုယိုချီ မိစ္ဆာများကြားတွင် ဆက်နွယ်မှုတစ်ခုရှိနေပြီး ယခုအခါ ကျိုယိုချီ မိစ္ဆာများ လှုပ်ရှားလာခဲ့ပြီဆိုလျှင် အခြေအနေမှာ သိပ်မကောင်းနိုင်တော့ချေ။

သူ အမြန်ဆုံး အားကောင်းလာဖို့ လိုအပ်နေလေပြီ။ အနာဂတ်မှာ အန္တရာယ် တစ်ခုခု ပေါ်ပေါက်လာခဲ့လျှင် သူနှင့် သူ ဂရုစိုက်ရသော သူတွေကို

ကာကွယ်ဖို့ လုံလောက်သည့် အင်အား ရှိနေရမှာ ဖြစ်ပါသည်။

လုရီ သူ၏ စိတ်ပျံ့လွင့်နေသော အတွေးများကို ဖယ်ရှားလိုက်ပြီး ကျင့်ကြံမှုကို ဆက်လက် လုပ်ဆောင်တော့သည်။

...

ကျောက်စိမ်း ကြယ်တာရာဂြိုဟ်၌... ။

ယွီဟန်ကွမ်းနှင့် ယွီရှင်းတို့ ခန်းမထဲတွင် ထိုင်နေကြပြီး လေထုက လေးလံစွာ တည်ငြိမ်နေခဲ့သည်။

ယွီဟန်ကွမ်းသည် လုရီ၏ အစောပိုင်း စကားများကို ယွီရှင်းအား ယခုလေးတင် ပြန်လည်ပြောပြပြီးဖြစ်ရာ ယခုအခါ ယွီရှင်း၏ မျက်ခုံးများမှာ နက်ရှိုင်းစွာ တွန့်ချိုးနေပြီး သူ၏မျက်နှာအမူအရာမှာ အလွန် လေးနက်နေခဲ့သည်။

" ချောက်နက်ကြီး အပျက်အစီးတားမြစ်နယ်မြေ... ကျိုယိုချီမိစ္ဆာတွေ ဖြစ်နိုင်ခြေ ရှိတဲ့လူတွေ၊ ဒါမှမဟုတ် အနည်းဆုံးတော့ အချိန်အကြာကြီး ကျိုယိုချီကြောင့် တိုက်စားခံထားရတဲ့ ကျင့်ကြံသူတွေတဲ့လား။ ချောက်နက်ကြီး အပျက်အစီး တားမြစ်နယ်မြေအတွင်းကနေ ဘယ်တုန်းကမှ ကျိုယိုချီ ယိုစိမ့်ထွက်လာတာမျိုး မရှိသင့်ဘူး၊ ကျိုယိုချီမိစ္ဆာတွေလည်း မရှိသင့်ဘူး၊" ဟု ယွီရှင်းက ဖြည်းညင်းစွာ ဆိုလိုက်၏။

"ဒါဆို လုရီပြောတဲ့ ကျိုယိုချီမိစ္ဆာက လမ်းကြုံဖြတ်သွားတာပဲလား။ လုရီ ပြောတဲ့အတိုင်းဆိုရင် အဲ့ဒီကျိုယိုချီမိစ္ဆာက မျက်လုံးသုံးလုံးကြယ်တာရာနယ်မြေက ကျင့်ကြံသူတစ်စုကို တိုက်စားပြီးတော့ ထွက်သွားခဲ့တယ်။ သူ့ရဲ့လှုပ်ရှားမှုအရဆိုရင် သူက သလင်းဝိညာဉ်ကြယ်တာရာ နယ်မြေဘက်ကို ဦးတည်သွားနေတာ ဖြစ်နိုင်မလား။" ယွီဟန်ကွမ်းက ခန့်မှန်းလိုက်သည်။

ထိုအခါ ယွီရှင်းက တစ်ခဏမျှ တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် တွေးတွေးဆဆ ပြောလိုက်သည်။

"အဲ့ဒီလို ဖြစ်နိုင်ခြေ တစ်ခု ရှိကောင်း ရှိနိုင်တယ်၊ ဒါမှမဟုတ် ချောက်နက်ကြီး အပျက်အစီးတားမြစ်နယ်မြေနဲ့ ဆက်စပ်နေနိုင်တယ်... ဒါနဲ့

ရီအာက တိကျတဲ့ နေရာကို ပြောခဲ့သေးလား။ ငါတို့ စုံစမ်းဖို့ လူလွှတ်သင့်တယ်။"

ယွီဟန်ကွမ်းက သူ့အဖေ စကားကို ခေါင်းခါလိုက်သည်။

"လုရီက တိကျတဲ့ နယ်မိတ်စည်းမျဉ်းတွေကို မပြောခဲ့ပါဘူး၊ ကျွန်တော်လည်း အဲ့ဒီအချိန်တုန်းက ဒီအကြောင်းတွေကို မစဉ်းစားမိဘဲ သတင်းပို့ဖို့ ချက်ချင်း ပြန်လာခဲ့တာပါ အဖေ။"

ယွီရှင်းက ခေါင်းအသာညိတ်လိုက်၏။

"ထျန်းဖုန်း တပ်စွဲထားတဲ့ ဆဋ္ဌမ စစ်ခရိုင်က

ထျန်းမင်ကို တိုက်ရိုက်သွားတဲ့ ကြယ်တံခါးပေါက်ရှိတယ်။ ထျန်းဖုန်းကိုပဲ ပိုပြီးစုံစမ်းခိုင်းလိုက်တာပေါ့။"

ယွီဟန်ကွမ်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ပါ၊ အဖေ။ ပြီးတော့ ၊ ဒီအကြောင်းကို သလင်းဝိညာဉ်ကြယ်တာရာနယ်မြေကို အကြောင်းကြားသင့်လား။"

"အကြောင်းကြားရမှာပေါ့၊ ကျိုယိုချီမိစ္ဆာတွေက သလင်းဝိညာဉ် ကြယ်တာရာ နယ်မြေဘက်ကို ဦးတည်သွားနေသည် ဖြစ်စေ၊ မသွားနေသည်ဖြစ်စေ အကြောင်းကြားဖို့ လိုတယ်။ ဘာပဲဖြစ်ဖြစ် ချောက်နက်ကြီး အပျက်အစီး တားမြစ်နယ်မြေက မျိုးနွယ် နှစ်ခုရဲ့ နယ်နိမိတ်မှာ ရှိနေတာ။ မတော်တဆမှု တစ်ခုခုသာ ဖြစ်ခဲ့ရင် ငါတို့ ကောင်းကင်ကြယ်တာရာ နယ်မြေရော သလင်းဝိညာဉ်ကြယ်တာရာ နယ်မြေအတွက်ပါ ကြီးမားတဲ့ ပြဿနာ တစ်ခု ဖြစ်လာလိမ့်မယ်။"

"ဘိုးဘေးယွီချန် ကိစ္စကရော။"

"တခြားအကြီးအကဲတွေက ကျိုယိုချီစစ်မြေပြင်ကို စောင့်ကြပ်နေရလို့ ထွက်သွားလို့ မဖြစ်ဘူး။ ဘိုးဘေး ယွီချန်က လွန်ခဲ့တဲ့ ခဏက ရီအာရဲ့

တာအို ဒီရေလှိုင်းအတွင်းမှာ ထိုးထွင်းဉာဏ်အများကြီး ရခဲ့လို့ အခု တံခါးပိတ် ကျင့်ကြံနေတယ်။ အောင်မြင်ခဲ့ရင် သူ အင်မော်တယ် ဘုရင်ဖြစ်ဖို့ ခြေတစ်လှမ်း လှမ်းနိုင်လိမ့်မယ်။ ဒီလို အရေးကြီးတဲ့ အချိန်မှာ သူ့ကို မနှောင့်ယှက်တာ အကောင်းဆုံးပဲ။"

ထိုစကားကို ကြားသော် ယွီဟန်ကွမ်း၏ မျက်လုံးများ အရောင်တောက်လာပြီး အံ့အားသင့်သော အမူအရာ တစ်ခု ပေါ်လာသည်။

"ဘိုးဘေးက အဆင့် ချိုးဖြတ်နိုင်ဖို့ မျှော်လင့်ချက် ရှိနေပြီလား အဖေ။"

ယွီရှင်း၏ တင်းမာသော မျက်နှာထက်တွင် အပြုံးအရိပ်အယောင် တစ်ခု ထွက်ပေါ်လာသည်။

"လောလောဆယ်တော့ မျှော်လင့်ချက်အမျှင်တန်းလေးတစ်ခုပါပဲ။"

"မျှော်လင့်ချက်ရှိတာက လုံးဝမရှိတာထက်တော့ ကောင်းတာပေါ့။ ဒီနေ့ခေတ်မှာ အင်မော်တယ် သူတော်စင် ဘယ်လောက်များများက သူတို့ရဲ့ သံခြေကျင်းတွေကြားမှာ ပိတ်မိနေကြလဲ။ ကျွန်တော်တို့ အကြီးအကဲသာ အဆင့်ချိုးဖြတ်နိုင်ခဲ့ရင် ကောင်းကင်ကြယ်တာရာ နယ်မြေပေါ်က ဖိအားတွေ အများကြီး လျော့သွားမှာပဲ။"

မည်သို့ပင်ဖြစ်စေ အင်မော်တယ် ဘုရင်တစ်ပါး စောင့်ကြပ်နေမည်ဆိုလျှင် ကျိုယိုချီလမ်းကြောင်း၏ လက်ရှိအခြေအနေအရ အပြင်းထန်ဆုံး ကျိုယိုချီမိစ္ဆာများပင်လျှင် ကျိုယိုချီစစ်မြေပြင်မှ ဖောက်ထွက်နိုင်မည်မဟုတ်ပေ။

သို့ဖြစ်လျှင် သူတို့၏ နေ့ရက်များမှာ များစွာပို၍ လွယ်ကူသွားပေလိမ့်မည်။

ယွီရှင်းက ပြုံးလိုက်သည်။

"ငါကတော့ အကြီးအကဲကို အဆင့်ချိုးဖြတ်ဖို့ အလျင်မလိုဘဲ နည်းနည်းလောက် စောင့်စေချင်တယ်။"

ယွီဟန်ကွမ်းမှာ အံ့အားသင့်သွား၏။

"ဘာလို့လဲ။"

"စဉ်းစားကြည့်လေ၊ အကြီးအကဲက ရီအာရဲ့ တာအိုလှိုင်းတံပိုးအောက်မှာပဲ ထိုးထွင်းဉာဏ်ရခဲ့တာ။ တာအို ဒီလှိုင်း အနည်းငယ်လောက် ခံစားခွင့်ရခဲ့ရင် အကြီးအကဲရဲ့ အခြေခံအုတ်မြစ်က သေချာပေါက် ပိုခိုင်မာလာလိမ့်မယ်။ အဲ့ဒီအချိန်ကျမှ အဆင့်ချိုးဖြတ်ခဲ့ရင်တောင် အခွင့်အရေးက ပိုများမှာပေါ့။"

ဤစကားကို ကြားသော် ယွီဟန်ကွမ်းသည်လည်း အကျိုးအကြောင်းကို နားလည်သွားပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက သက်ပြင်းချလိုက်သည်။

"လုရီက တကယ်ကို ထူးခြားတယ်၊ ငါ့ဘဝမှာ ဘယ်သူ့ကိုမှ သူ့လောက် မလေးစားခဲ့ဖူးဘူး။ သူက အခု အင်မော်တယ် အရှင်သခင်အဆင့် ကျိုယိုချီ ရန်သူတွေရဲ့ လက်ကနေ လွတ်မြောက်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"

ယွီရှင်းသည် ဤစကားကို ကြားသော်

သဘောတူညီစွာ သက်ပြင်းချလိုက်သည်။

"ရီအာက တာအိုရဲ့ မျက်နှာသာပေးမှုကို ခံရတဲ့သူ၊ သာမန်လူ မဟုတ်ဘူး။ အနာဂတ်မှာ

အင်မော်တယ် ဘုရင်ကို ရောက်ဖို့ဆိုတာ သူ့အတွက် တော်တော်လေး လွယ်ကူနေသင့်တယ်။"

ယွီဟန်ကွမ်းက ခေါင်းအသာညိတ်လိုက်သည်။

"အင်း။"

လုရီက အနာဂတ်တွင် အင်မော်တယ်ဘုရင်နယ်ပယ်သို့ အဆင့် ချိုးဖြတ်နိုင်မည်ကို

ယွီဟန်ကွမ်းက သံသယ စိုးစဉ်းမျှပင် မရှိခဲ့ပါ။

"အကြီးအကဲသာ အင်မော်တယ် ဘုရင်အဖြစ် အဆင့်ချိုးဖြတ်နိုင်ခဲ့ရင်၊ အနာဂတ်က လုရီနဲ့ပေါင်းလိုက်ရင် ငါတို့ ကောင်းကင်ကြယ်တာရာနယ်မြေမှာ အင်မော်တယ် ဘုရင် နှစ်ပါးရှိနေမှာ၊ အဲ့ဒီအခါမှ တကယ်ကို ငြိမ်းချမ်းမှာပဲ။"

ယွီဟန်ကွမ်းသည် အနာဂတ်ကို မထိန်းချုပ်နိုငမဘဲ မျှော်လင့်မိလေသည်။

"တော်ပြီ၊ ဒီကိစ္စကို အရင် ဖြေရှင်းကြရအောင်။ အကြီးအကဲက အဆင့်ချိုးဖြတ်ဖို့ အချိန်လိုတယ်၊ ယီအာက ပိုပြီးတောင် အချိန်လိုဦးမယ်။ အဲ့ဒီမတိုင်ခင်မှာ ဘာရှုပ်ရှုပ်ထွေးထွေးမှ မဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ရတာပဲ၊" ဟု ယွီရှင်းက ဆို၏။

ယွီဟန်ကွမ်းက ခေါင်းညိတ်ကာ ခန်းမထဲမှ ထွက်ခွာသွားတော့သည်။

...

လင်းလောင်တောင်ထိပ်သို့ ပြန်ရောက်ပြီးနောက် လုရီ၏ နေ့ရက်များသည် တစ်ဖန် တည်ငြိမ်သွားပြန်သည်။

သူသည် ယခု နက်ရှိုင်းခြင်း အင်မော်တယ် နဝမအလွှာတွင် ရှိနေပြီး သူ၏နောက်ထပ်ပန်းတိုင်မှာ နက်ရှိုင်းခြင်း အင်မော်တယ် အထွတ်အထိပ်၊ ထို့နောက် ရွှေအင်မော်တယ် နယ်ပယ်သို့ အဆင့်ချိုးဖြတ်ရန် ဖြစ်ပါသည်။

သူသာ ရွှေအင်မော်တယ် နယ်ပယ်သို့ အဆင့်ချိုးဖြတ်ပြီး အလုပ် ဆုလာဘ်ကို ပြီးမြောက်သွားလျှင် သံသယဖြစ်ဖွယ်မရှိ ပိုမိုခိုင်မာသော အခြေခံ အုတ်မြစ်ကို ရရှိပေလိမ့်မည်။ ထိုအချိန်တွင် ရွှေအင်မော်တယ် နယ်ပယ်၏ ကျင့်ကြံမှုအခြေခံနှင့် လက်ထဲမှ ဖန်တီးမှု ဝိညာဉ်ရတနာတို့ဖြင့် အင်မော်တယ်ဧကရာဇ်နှင့် ရွှေအင်မော်တယ်ကြားမှ ကွာဟချက်မှာ ကြီးမားလှသော်လည်း သူသည် တိုက်ရိုက် ရင်ဆိုင်နိုင်ပေလိမ့်မည်။

လုရီ ယင်းအရာကို မျှော်လင့်နေခဲ့သည်။

သို့သော် သူ ငြိမ်းချမ်းစွာ ကျင့်ကြံနေသည်မှာ တစ်နှစ်ပင် မပြည့်သေးခင်မှာပင် ယွီထျန်းဖုန်းနှင့် ယွီဟန်ကွမ်းတို့ သူနှင့် တွေ့ရန် အတူတကွ ရောက်ရှိလာကြ၏။

"ဟားဟားဟား၊ ရီအာ၊ မတွေ့ရတာ ကြာပြီပဲ။ မင်း ဒီလောက်တောင် လှုပ်လှုပ်ရှားရှားဖြစ်အောင် လုပ်လိမ့်မယ်လို့ မထင်မိဘူးကွာ။"

ယွီထျန်းဖုန်းသည် လုရီကို မြင်သည်နှင့် မျက်နှာမှာ အပြုံးရိပ်တို့ သီးဝေလာခဲ့သည်။

လုရီက ခပ်ဖွဖွ ရယ်မောလိုက်သည်။

"ဦးလေးထျန်းဖုန်း၊ တကယ်ပဲ မတွေ့ရတာကြာပါပြီ။ ဒီနှစ်တွေအတွင်း ဘာလို့ ကျွန်တော့်ရဲ့ တာအိုပို့ချပွဲတွေကို လာနားမထောင်တာလဲ။"

"အား၊ ဒီနှစ်တွေအတွင်း ငါတော်တော်လေး အလုပ်များနေတယ်။ ကောင်းကင်ဘုံမိစ္ဆာ

မျိုးနွယ်တွေကြားမှာ မငြိမ်မသက်မှုတွေ ရှိနေလို့ကွ။ ငါ့ရဲ့ စီရင်ပိုင်ခွင့်အောက်က ကြယ်တာရာနယ်မြေအတော်များများမှာ ကောင်းကင်ဘုံမိစ္ဆာတွေ အများကြီးတွေ့နေရတယ်။ ငါတို့က အဲ့ဒီကောင်းကင်ဘုံမိစ္ဆာတွေကို ရှင်းလင်းပြီး သူတို့ ဒုက္ခပိုမပေးခင် ကိုင်တွယ်ဖြေရှင်းဖို့ပဲ အာရုံစိုက်နိုင်ခဲ့တယ်။"

ထိုအခါ လုရီက နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူက သူ၏ဘေးမှ ယွီဟန်ကွမ်းကို တစ်ချက်ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။

"ဦးလေးထျန်းဖုန်း၊ ခင်ဗျား ဒီကိုရောက်နေတာ ကျိုယိုချီမိစ္ဆာတွေကြောင့်လား။"

ယွီထျန်းဖုန်း၏ မျက်နှာအမူအရာမှာ လေးနက်သွားပြီး သူက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်၊ ဒီလောက်အားကောင်းတဲ့ ကျိုယိုချီကျင့်ကြံသူတစ်ယောက် စကြဝဠာထဲမှာ ပေါ်လာတာနဲ့ ယွီမိသားစုတစ်ခုလုံး စိတ်လှုပ်ရှားနေကြတယ်။ ငါတို့က သလင်းဝိညာဉ်ကြယ်တာရာနယ်မြေက သလင်းဝိညာဉ်မျိုးနွယ်နဲ့ စပြီး ဆက်သွယ်မှုနေပါပြီ။ ဒါပေမဲ့ အဲ့ဒီ မတိုင်ခင်မှာ ငါက အခြေအနေကို ပိုပြီး နားလည်ဖို့ လိုတာပေါ့ကွာ။"

လုရီက ခေါင်းအသာညိတ်လိုက်သည်။

"ရပါတယ်၊ ပြဿနာ မရှိပါဘူး။ ဦးလေး

ထျန်းဖုန်း ဘာများ သိချင်လို့လဲ။"

All Chapters