သလင်းဝိညာဉ်ကြယ်တာရာနယ်မြေမှ လှုပ်ရှားမှု...
Vol. 49 Ch. 734
“ရီအာ၊ မင်း မျက်လုံးသုံးလုံးကြယ်တာရာနယ်မြေက ဘိုလော့စ်မျိုးနွယ်ကို သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ မျိုးနွယ်ဝင်တွေ ရှာဖွေရာမှာ ကူညီရင်းနဲ့ ကျိုယိုမိစ္ဆာတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ငါကြားတယ်”
ယွီထျန်းဖုန်းက စတင်မေးမြန်းလိုက်သည်။
လုရီက ခေါင်းညိတ်ပြသည်။
“ဟုတ်ပါတယ်၊ အဲဒီပျောက်ဆုံးနေတဲ့ မျိုးနွယ်ဝင်တွေအားလုံးက ကျိုယိုမိစ္ဆာတွေရဲ့ တိုက်စားခြင်းကို ခံထားရပါတယ်”
ယွီထျန်းဖုန်းက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။
“ရီအာ ငါနဲ့အတူ ဘိုလော့စ်မျိုးနွယ်ရဲ့ ဇာတိမြေကို ခရီးတစ်ခေါက် လိုက်ခဲ့ပေးနိုင်မလား။ အဲဒီပျောက်ဆုံးနေတဲ့ မျိုးနွယ်ဝင်တွေရဲ့ ခြေရာတွေကို ခြေရာခံခြင်းအားဖြင့် ငါတို့ ကျိုယိုမိစ္ဆာတွေရဲ့ ရည်ရွယ်ချက်တွေကို ဖော်ထုတ်ကောင်း ဖော်ထုတ်နိုင်လိမ့်မယ်”
“ဒါပေါ့၊ လုံးဝ ပြဿနာမရှိပါဘူး။ ဘိုလော့စ်မျိုးနွယ်ရဲ့ ပထမဆုံး အမွေဆက်ခံသူက လက်ရှိမှာ ကုန်သွယ်ရေးဂြိုဟ်ပေါ်မှာ ရှိနေပါတယ်။ ကျွန်တော်တို့ သူ့ကို သွားရှာလိုက်ရုံပါပဲ၊ သူက ကျွန်တော်တို့ကို အဲဒီကို ခေါ်သွားပေးနိုင်ပါတယ်” ဟု လုရီက တုံ့ပြန်လိုက်သည်။
“ဒါဆိုရင်တော့ အကောင်းဆုံးပဲ” ဟု ယွီထျန်းဖုန်းက ဆိုသည်။
ထို့နောက်တွင် လုရီသည် ယွီထျန်းဖုန်းနှင့်
ယွီဟန်ကွမ်း နှစ်ဦးလုံးကို ကုန်သွယ်ရေးဂြိုဟ်သို့ ခေါ်ဆောင်သွားလေသည်။
ချောက်နက်ကြီး အပျက်အစီးမှ ပြန်လာပြီးကတည်းက နုခ်သည် ဘိုလော့စ်မျိုးနွယ်၏ အကြီးအကဲများကို ရှာဖွေဖို့ ခရီးသွားလာရန်
မလိုအပ်တော့ပေ။ ထို့အပြင် ဘိုလော့စ်မျိုးနွယ်မှ ကျန်ရှိနေသော အကြီးအကဲများက လုရီ၏ ကုန်သွယ်ရေးဂြိုဟ်ကို ဦးစားပေးရန် တင်းကျပ်သောအမိန့်ကို ထုတ်ပြန်ခဲ့သည်။ သို့ဖြစ်၍ နုခ်သည် ကုန်သွယ်ရေးဂြိုဟ်ပေါ်တွင် နေထိုင်ကာ ကျန့်ဖန်နှင့် အခြားသူများနှင့် ပူးပေါင်း၍ ၎င်းကို စီမံခန့်ခွဲနေလေသည်။
မျက်လုံးသုံးလုံးကြယ်တာရာနယ်မြေမှ အခြားထိပ်တန်း အင်အားစုများမှာ နုခ် ပြန်လည်ရောက်ရှိလာပြီးနောက် ကုန်သွယ်ရေးဂြိုဟ်ကို စီမံခန့်ခွဲနေခြင်းအပေါ် အနည်းငယ် မကျေမနပ်ဖြစ်နေကြသော်လည်း၊ ၎င်းမှာ လုရီ၏ ဆန္ဒ ဖြစ်သောကြောင့် သဘာဝကျကျပင် မည်သူမျှ
များများစားစား မညည်းညူဝံ့ကြပေ။
လုရီ နုခ်ကို ရှာတွေ့သောအခါ သူသည် စာရွက်စာတမ်းပုံ တစ်ပုံကို စီစစ်နေပြီး အလွန်အလုပ်များနေပုံ ရသည်။
လုရီကို မြင်သောအခါ သူက အလျင်အမြန် မတ်တပ်ထရပ်ကာ နှုတ်ဆက်သည်။
“သခင်လေးလု၊ ဘာကိစ္စနဲ့ ရောက်လာတာပါလဲ”
လုရီ၏ဘေးမှ ယွီထျန်းဖုန်းနှင့် ယွီဟန်ကွမ်းကို မြင်သောအခါ နုခ်မှာ သံသယ အချို့ ဝင်သွားသည်။
လုရီက ခပ်ဟဟ ရယ်မောလိုက်၏။
“နုခ် ..ငါတို့ကို မျိုးနွယ်ရဲ့ နယ်မြေတွေဆီ ခေါ်သွားပေးရမယ်။ ယွီမိသားစုက အခြေအနေကို စုံစမ်းချင်လို့ကွ”
'အော်...ငါ ထင်တဲ့အတိုင်းပဲ'
နုခ်က စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်ပြီး သဘာဝကျကျပင် မကန့်ကွက်ခဲ့ပေ။
အမှန်စင်စစ် အင်မော်တယ် ဧကရာဇ် အဆင့်ရှိ ကျိုယိုမိစ္ဆာများက ဘိုလော့စ် မျိုးနွယ်ကို အလွန်အမင်း မတည်မငြိမ် ဖြစ်စေခဲ့ပါသည်။
မျိုးနွယ်၏ အကြီးအကဲများမှာ ထိုကျိုယိုမိစ္ဆာ ပြန်လည်ရောက်ရှိလာပြီး ဘိုလော့စ် မျိုးနွယ်မှ ကျန်ရှိနေသော အဖွဲ့ဝင် အားလုံးကို တိုက်စားသွားမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြသည်။
ယခု ယွီမိသားစုက ဤကိစ္စကို စုံစမ်းစစ်ဆေးရန် ဆန္ဒရှိနေသည်မှာ ဘိုလော့စ် မျိုးနွယ်အတွက် ကြီးမားသော စိတ်သက်သာရာ ရမှုတစ်ခု ဖြစ်ပါ၏။
သူက လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။
“ပြဿနာ မရှိပါဘူး သခင်လေးလု၊
ကျွန်တော်တို့ အခုပဲ ထွက်ခွာကြမလား”
“အခုပဲ သွားကြစို့”
……
နေနီလှေပျံ ဘိုလော့စ်ဂြိုဟ်ပေါ်တွင် ပေါ်ထွက်လာသောအခါ စာဘန်သည် ဘိုလော့စ် မျိုးနွယ်မှ အကြီးအကဲများကို ဦးဆောင်ကာ သူတို့ကို စောင့်ဆိုင်းနှင့်နေပြီ ဖြစ်သည်။
ဤကြိုဆိုမှုမှာ လုရီအတွက် ကနဦး ကြိုဆိုမှုနှင့် ဆင်တူပြီး၊ အကြီးအကဲ အားလုံး အတူတကွရှိနေကာ အမြင့်မားဆုံးသော လေးစားမှု ပုံစံပင်တည်း။
ယွီထျန်းဖုန်းမှာမူ ဤအဖြစ်အပေါ် အသားကျနေလေပြီ။ သူသည် ကြယ်တာရာနယ်မြေတပ်မတော်၏ ဆဋ္ဌမမြောက် စစ်ခေါင်းဆောင်ဖြစ်ပြီး ယွီမိသားစုကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။ ကောင်းကင်ကြယ်တာရာ နယ်မြေအတွင်းမှ အင်အားစု အားလုံးနီးပါးမှာ သူ့အား အကြီးမားဆုံးသော လေးစားမှုကို ပြသကြသည်။
အကျဉ်းချုံး နှုတ်ဆက်စကား ပြောဆိုပြီးနောက် စာဘန်သည် လူတိုင်းကို ဘုရားကျောင်းသို့ ဦးဆောင် ခေါ်ဆောင်သွားသည်။
ထို့နောက်တွင် ယွီထျန်းဖုန်းသည် ပျောက်ဆုံးနေသော ဘိုလော့စ် မျိုးနွယ်မှ အကြီးအကဲများအကြောင်း၊ သူတို့၏ အမည်များ၊ ကျင့်ကြံမှုအဆင့်၊ အသက်အရွယ်နှင့် အဓိက ကျင့်ကြံခြင်းနည်းစနစ်များ အပါအဝင် အခြား အသေးစိတ်အချက်အလက်များကို ဂရုတစိုက် စုဆောင်းလေသည်။
“တိုက်စားခံထားရတဲ့ ဘိုလော့စ် မျိုးနွယ်ဝင်တွေအကြောင်း ငါတို့ရဲ့ နားလည်မှု ပိုအသေးစိတ်လေလေ၊ ကျိုယို မိစ္ဆာတွေရဲ့ တာဝန်ကို နားလည်နိုင်ခြေ ပိုများလေပဲ” ဟု ယွီထျန်းဖုန်းက ဆိုလိုက်သည်။
လုရီမှာ ရုတ်တရက် သဘောပေါက်သွားသည်။
ပျောက်ဆုံးနေသော ဘိုလော့စ် မျိုးနွယ် ကျင့်ကြံသူများစွာ ရှိရာ၊ သူတို့အားလုံးကို စုံစမ်းစစ်ဆေးရန်မှာ သိသာထင်ရှားသော အားစိုက်ထုတ်မှု လိုအပ်ပေလိမ့်မည်။
သို့သော်လည်း အလုပ်လုပ်ရသူမှာ သူ မဟုတ်သောကြောင့် လုရီမှာ သဘာဝကျကျပင် ကန့်ကွက်စရာ မရှိခဲ့ပေ။
ယေဘုယျ အခြေအနေကို နားလည်ပြီးနောက်
ယွီထျန်းဖုန်းသည် ယွီဟန်ကွမ်းအား ဤပျောက်ဆုံးနေသော ကျင့်ကြံသူများ၏ လှုပ်ရှားမှုများကို စုံစမ်းစစ်ဆေးရန် ကြယ်တာရာနယ်မြေတပ်မတော်မှ ကျင့်ကြံသူများကို အကြောင်းကြားရန် စေလွှတ်လိုက်သည်။
နောက်ပိုင်းတွင် ယွီဟန်ကွမ်း ပြန်လည်ရောက်ရှိလာသောအခါ ယွီထျန်းဖုန်းသည် လုရီဘက်သို့ နောက်တစ်ကြိမ် လှည့်ကြည့်ကာ မေးလိုက်သည်။
“ရီအာ၊ ကျိုယိုမိစ္ဆာတွေကို ရှာဖွေ တွေ့ရှိခဲ့တဲ့ ဧရိယာဆီကို ငါတို့ကို ဦးဆောင် ခေါ်ဆောင်သွားပေးဖို့ မင်းကို ဒုက္ခပေးလို့ ရမလား”
“ဒါပေါ့၊ ပြဿနာ မရှိပါဘူး”
-------
သူတို့ ရှိနေသော ဒေသမှာ အလွန်အမင်း ခြောက်ကပ်နေပြီး မည်သည့် သက်ရှိဂြိုဟ်မျှ မရှိဘဲ၊ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ ထိုဧရိယာအပေါ် အလွန် အနည်းငယ်သာ ထိန်းချုပ်မှုရှိသည်။
အခြားသူများအတွက်မူ တိကျသော နေရာလပ် မျဉ်းကြောင်းများကို ရှာဖွေ ဖော်ထုတ်ရန်မှာ စိန်ခေါ်မှု တစ်ခု ဖြစ်နိုင်ပေမည်။
သို့သော် ပြီးပြည့်စုံသော အဆင့် နေရာလပ်နိယာမကို ပိုင်ဆိုင်ထားသော လုရီမှာမူ နေရာလပ် မျဉ်းကြောင်းများအပေါ် အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်နေသည်။
လုရီ၏ လမ်းညွှန်မှုအောက်တွင် သူတို့သည် လျင်မြန်စွာ ခရီးနှင်ခဲ့ကြပြီး မကြာမီမှာပင်
ကျိုယိုမိစ္ဆာကို ကနဦး ရှာဖွေ တွေ့ရှိခဲ့သော ဧရိယာသို့ ရောက်ရှိသွားကြ၏။
လုရီက ခြောက်ကပ်နေသော မြင်ကွင်းကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။
သူ၏ မျက်လုံးများမှာ နက်နဲသော တာအိုအလင်းရောင်ဖြင့် လင်းလက်နေပြီး သူ၏ ကံကြမ္မာ သိုင်းစွမ်းရည်ကို အပြည့်အဝ အသက်သွင်းလိုက်၏။
ထို့နောက် လုရီသည် အဝေးမှ ကြီးမားပြီး နက်ရှိုင်းသော အက်ကွဲကြောင်း တစ်ခုဆီသို့ လွင့်မျောသွားသော မထင်မရှားနှင့် မှိန်ဖျော့နေသော ကံကြမ္မာ မျဉ်းကြောင်း အချို့ကို မြင်လိုက်ရပြီး၊ နောက်ဆုံးတွင် ထိုအက်ကွဲကြောင်းထဲသို့ နစ်မြုပ်သွားသည်။
လုရီ၏ စိတ်နှလုံးမှာ အနည်းငယ် လေးလံသွား၏။ အမှန်ပင် ကျိုယိုမိစ္ဆာသည် ချောက်နက်ကြီးအပျက်အစီးဆီသို့ သွားရောက်ခဲ့သည်။
လုရီ ယွီထျန်းဖုန်းနှင့် အခြားသူများကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကျိုယိုမိစ္ဆာ မည်သည့်နေရာသို့ သွားခဲ့သည်ကို မြင်တွေ့ရန် ဖြစ်သည်။
ယခင် တွေ့ဆုံမှုပြီးနောက် လုရီသည် ကျိုယိုမိစ္ဆာနှင့် ဆာကီကဲ့သို့သော ဘိုလော့စ်မျိုးနွယ်အကြီးအကဲများ၏ ကံကြမ္မာမျဉ်းကြောင်းများကို ရှင်းလင်းစွာ ဆုပ်ကိုင်ထားနိုင်ခဲ့၏။
သို့သော်လည်း ငါးနှစ် မပြည့်မီအတွင်း ကံကြမ္မာမျဉ်းကြောင်းများမှာ ဤမျှ မှိန်ဖျော့သွားသည်မှာ အံ့အားသင့်ဖွယ် ကောင်းလှသည်။
ပုံမှန်အားဖြင့် ရွှေအင်မော်တယ် အဆင့်ရှိ ကျင့်ကြံသူ တစ်ဦး လျှောက်လှမ်းခဲ့သော ကံကြမ္မာ လမ်းကြောင်းသည် အနည်းဆုံး နှစ်သောင်းပေါင်းများစွာ သို့မဟုတ် သန်းပေါင်းများစွာအထိပင် မှေးမှိန်သွားသင့်သည် မဟုတ်ပါလား။ ဤမျှ အချိန်တိုအတွင်း ကံကြမ္မာမျဉ်းကြောင်းများမှာ သိသိသာသာ မှိန်ဖျော့သွားသည့် အဖြစ်မှာ အမှန်ပင် ထူးဆန်းလှပေသည်။
လုရီသည် ကျိုယိုမိစ္ဆာ၏ ကျိုယိုချီက ကံကြမ္မာ၏ ခြေရာများကို ဖျက်ဆီးပစ်နိုင်ခြင်း ရှိ၊ မရှိကို တွေးတော စဉ်းစားနေမိသည်။သို့တည်းမဟုတ် ကျိုယို မိစ္ဆာကိုယ်တိုင်က ကံကြမ္မာကို ထိန်းချုပ်နိုင်သော နည်းလမ်း အချို့ရှိနေပြီး၊ ထို့ကြောင့် သူ လမ်းတလျှောက်မှ ခြေရာများကို ဖျက်ဆီးသွားခြင်းလော။
လုရီ စဉ်းစားနေစဉ်မှာပင် ယွီထျန်းဖုန်းနှင့်
ယွီဟန်ကွမ်းတို့မှာလည်း သူတို့၏ ပတ်ဝန်းကျင်ကို လေ့လာနေကြသည်။
ယွီထျန်းဖုန်းက မျက်လုံးများကို မှိတ်ကာ ဧရိယာကို အာရုံခံကြည့်၏။ အချိန်အတော်ကြာပြီးနောက် သူသည် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ အတွင်း၌ ရွှေရောင်အလင်းတန်း အရိပ်အယောင် တစ်ခု လင်းလက်နေသည်။
“ကျိုယိုချီရဲ့ အကြွင်းအကျန်တွေ တကယ်ပဲ ကျန်နေသေးတယ်၊ ဒါပေမဲ့ အရမ်း မှိန်ဖျော့သွားပြီ။ ငါတို့သာ နည်းနည်း နောက်ကျပြီးမှ ရောက်လာခဲ့ရင် ဒါ ပျောက်ကွယ်သွားနိုင်တယ်...”