← Chapters

သလင်းဝိညာဉ်ကြယ်တာရာနယ်မြေမှ လှုပ်ရှားမှု (၂)

Vol. 49 Ch. 734

သလင်းဝိညာဉ်ကြယ်တာရာနယ်မြေမှ လှုပ်ရှားမှု (၂)

Vol. 49 Ch. 734

သူ စကားပြောလိုက်ရာ သူ၏မျက်နှာအမူအရာမှာ ပို၍တည်ကြည်လာသည်။

ဤသည်မှာ အစွမ်းထက်သော ကျိုယိုကျင့်ကြံသူများ လက်တွေ့ဘဝတွင် လွတ်မြောက်နေဆဲဖြစ်သည်ဟု အဓိပ္ပာယ်ရလေသည်။ ၎င်းမှာ ကြယ်တာရာနယ်မြေ တပ်မတော်အတွက် ကဲ့ရဲ့စရာတစ်ခုပင် ဖြစ်၏။

သူ၏ ဘေးမှ ယွီဟန်ကွမ်းမှာလည်း တည်ကြည်သော မျက်နှာထား ရှိနေပြီး သူက စိုးရိမ်စွာဖြင့်... “ဦးလေးထျန်းဖုန်း၊ အဲဒီကျိုယိုကျင့်ကြံသူ အတိအကျ ဘယ်ကိုရောက်သွားတာလဲ။ သူ့ကို ရှာတွေ့နိုင်သေးရဲ့လား” ဟု မေးလိုက်သည်။

ယွီထျန်းဖုန်း၏ မျက်နှာ အမူအရာမှာ တင်းမာနေပြီး သူက ဖြည်းညင်းစွာ ပြောလိုက်သည်။

“ဒီဧရိယာကို ဒွါဒသမတပ်မတော်က တာဝန်ယူထားတယ်၊ အချိန်တန်ရင် သူတို့ ကျိုယိုကျင့်ကြံသူကို အပြည့်အဝ စုံစမ်းစစ်ဆေးလိမ့်မယ်။ သလင်းဝိညာဉ်ကြယ်တာရာနယ်မြေရဲ့ ဦးတည်ရာကလည်း မိသားစု ခေါင်းဆောင်ဆီက သတင်းစကားကို လက်ခံရရှိထားပြီးပြီ။ သူတို့လည်း လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်နေလောက်ပြီ။ သူသာ အဲဒီမှာ ရှိနေသေးသရွေ့ ငါတို့ သူ့ကို သေချာပေါက် ရှာတွေ့မှာပဲ”

အင်မော်တယ် ဧကရာဇ် အဆင့်ရှိ ကျိုယိုကျင့်ကြံသူတစ်ဦးမှာ အလွန် အန္တရာယ်များလှသည်။ သူ့ကိုသာ လွှတ်ထားလိုက်ပါက မကြာမီမှာပင် ကြယ်တာရာနယ်မြေ အများအပြားမှာ ကျိုယို၏ တိုက်စားခြင်းကို တိုက်ရိုက်ခံရပေလိမ့်မည်။ ထိုသို့သော အခြေအနေသာ အမှန်တကယ် ဖြစ်ပွားခဲ့ပါက ကျိုယိုသည် သူတို့၏ စကြဝဠာထဲသို့ ကျရောက်လာရန် သိပ်ကြာတော့မည်မဟုတ်ပေ။ ကျိုယိုနှင့် သက်ဆိုင်သမျှ အရာ အားလုံးမှာ မည်သို့ပင် ဖြစ်စေ အလွန် အရေးကြီးလှသည်။

ကောင်းကင်ကြယ်တာရာ နယ်မြေနှင့် သလင်းဝိညာဉ်ကြယ်တာရာနယ်မြေတို့ စစ်ပွဲကြီးဖြစ်နေလျှင်ပင် သူတို့သည် စစ်ပွဲကိုရပ်တန့်ပြီး ဤကိစ္စကို အတူတကွ ဖြေရှင်းရန် ပူးပေါင်းရပေမည်။ ယခုအခါ အဖွဲ့ နှစ်ဖွဲ့မှာ အတော်လေး ငြိမ်းချမ်းနေပြီး အများဆုံးအားဖြင့် အသေးစား တိုက်ပွဲများသာ ဖြစ်ပွားနေချိန်တွင်မူ ဆိုဖွယ် မရှိတော့ပေ။

ထိုအခိုက်အတန့်မှာပင် လုရီ၏အသံမှာ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

“ဦးလေးထျန်းဖုန်း၊ ဒွါဒသမတပ်မတော်ရော၊ သလင်းဝိညာဉ်ကြယ်တာရာနယ်မြေရော အဲဒီကျိုယိုကျင့်ကြံသူကို ရှာမတွေ့နိုင်မှာ ကျွန်တော်စိုးရိမ်မိတယ်ဗျာ”

ဤစကားကို ကြားသောအခါ ယွီထျန်းဖုန်းနှင့် ယွီဟန်ကွမ်းတို့အပါအဝင် အခြားသူများမှာ မှင်တက်သွားကြပြီး လုရီကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

အကယ်၍ ဤစကားကို အခြားတစ်ယောက်ယောက်သာ ပြောခဲ့ပါက ယွီထျန်းဖုန်းမှာ ဒေါသထွက်ပေလိမ့်မည်။ အကြောင်းမှာ သူသည် ကြယ်တာရာနယ်မြေတပ်မတော်၏ အစွမ်းကို ကောင်းစွာသိရှိသောကြောင့် ဖြစ်သည်။ ဧရိယာကိုသာ ပိတ်ဆို့ထားပြီးဖြစ်ပါက ကျိုယိုကျင့်ကြံသူတစ်ဦးကို ရှာဖွေခြင်းသည် သူ့အတွက် လွတ်မြောက်ရန်လမ်းမရှိတော့ဟု အဓိပ္ပာယ်ရသည်။

သို့ပါလျက် တစ်စုံတစ်ယောက်က သူတို့၏ကြယ်တာရာနယ်မြေတပ်မတော်က ကျိုယိုကျင့်ကြံသူကို မရှာတွေ့နိုင်ဟု ယုံကြည်နေပါသည်တကား။ ဤသည်မှာ ကြယ်တာရာနယ်မြေတပ်မတော်ကို လုံးဝလျှော့တွက်နေခြင်းပင် ဖြစ်သည်။

သို့သော်လည်း ဤသို့ပြောဆိုသူမှာ လုရီဖြစ်သောကြောင့် ယွီထျန်းဖုန်းမှာ ဒေါသမထွက်ဘဲ သူ၏မျက်နှာအမူအရာမှာ ပို၍ပင် တည်ကြည်သွားသည်။ လုရီက ထိုသို့သောစကားကို အကြောင်းမရှိဘဲ ပြောဆိုမည်မဟုတ်ကြောင်း ယွီထျန်းဖုန်း ယုံကြည်ပါ၏။

“ရီအာ၊ မင်း ဘာတွေ့ခဲ့ရလို့လဲ”

သူက မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်သည်။

လုရီက ခေါင်းညိတ်ကာ

“အင်း၊ အဲဒီကျိုယိုကျင့်ကြံသူက တိုက်စားခံထားရတဲ့ ကျင့်ကြံသူတွေကို ခေါ်ပြီး ချောက်နက်ကြီးအပျက်အစီးထဲကို ဝင်သွားခဲ့နိုင်တယ်”

ဤစကားကို ကြားသောအခါ ယွီထျန်းဖုန်း၊ ယွီဟန်ကွမ်းနှင့် အနီးအနားမှ စာဘန်တို့အားလုံးမှာ တုန်လှုပ်သွားကြပြီး သူတို့၏မျက်လုံးများမှာ ပြူးကျယ်သွားကြသည်။

ယွီထျန်းဖုန်းက အံ့အားသင့်စွာ အော်ဟစ်လိုက်မိသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲဒါ

ချောက်နက်ကြီးအပျက်အစီးလေ”

ယွီဟန်ကွမ်းကလည်း တိုးတိုးလေးရေရွတ်သည်။

“ဟုတ်တယ် လုရီ၊ ချောက်နက်ကြီးအပျက်အစီးက အရမ်းအန္တရာယ်များတယ်။ အဲဒီကျိုယိုကျင့်ကြံသူက အင်မော်တယ် ဧကရာဇ်အဆင့်ဖြစ်ရင်တောင် ချောက်နက်ကြီး အပျက်အစီးထဲကို နက်နက်နဲနဲ စွန့်စား ဝင်ရောက်သွားရင် ပြန်လမ်းမရှိတော့ဘူး။ အဲဒါ ငါတို့ယွီမိသားစု

ဘိုးဘေးတွေတောင် အတွင်းပိုင်းထိ မဝင်ရဲတဲ့ နယ်မြေ တစ်ခုပဲ”

ယွီမိသားစု၏ ဘိုးဘေးများမှာ အင်မော်တယ်အရှင်သခင် အဆင့်တွင် ရှိသည် မဟုတ်ပါလား။

လုရီက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

“ကျွန်တော်လည်း ဒီလို မဟုတ်ဖို့ မျှော်လင့်ပါတယ်၊ ဒါပေမဲ့ ဒါ မမှားသင့်ဘူးလို့ ကျွန်တော်ယုံကြည်တယ်”

ယွီထျန်းဖုန်းက လုရီကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

“ရီအာ၊ မင်း ဒါကို ဘယ်လို ရှာဖွေ တွေ့ရှိခဲ့တာလဲ”

လုရီက ပြုံး၍ “ကျွန်တော် ကံကြမ္မာသိုင်း

စွမ်းရည်ကို ကျင့်ကြံခဲ့ပြီး အဲဒီထဲမှာ နက်ရှိုင်းတဲ့နယ်ပယ် တစ်ခုကို ရောက်ရှိနေပါပြီ။ သူတို့ရဲ့ ကံကြမ္မာ မျဉ်းကြောင်းတွေက ချောက်နက်ကြီးအပျက်အစီးဘက်ကို ဦးတည်နေတာကို ကျွန်တော် မြင်ခဲ့ရတယ်” ဟု ပြောဆိုလိုက်သည်။

ယွီထျန်းဖုန်း: “???”

ယွီဟန်ကွမ်း: “???”

ယွီမိသားစု၏ အရေးပါသော အဖွဲ့ဝင်များ

ဖြစ်သည့်အလျောက် သူတို့သည် ယွီမိသားစု၏ လျှို့ဝှက် နည်းစနစ် ဖြစ်သော ကံကြမ္မာ

သိုင်းစွမ်းရည် အကြောင်းကို သိရှိကြသည်မှာ သေချာသည်။

အရေးပါသော ပုဂ္ဂိုလ်များအနေဖြင့် ယွီဟန်ကွမ်းနှင့် ယွီထျန်းဖုန်းတို့သည်လည်း ကံကြမ္မာ

သိုင်းစွမ်းရည်ကို ကျင့်ကြံခဲ့ကြပြီး၊ ၎င်းသည် အခြေအနေများစွာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ရာ၊ ယွီမိသားစု စွမ်းအားရှင်များနှင့် ပါရမီရှင် အားလုံးနီးပါးမှာ ဤနည်းစနစ်ကို ကျင့်ကြံကြသည်။ သူတို့ ဤနေရာသို့ ပထမဆုံး ရောက်ရှိစဉ်က သူတို့သည်လည်း ကံကြမ္မာ သိုင်းစွမ်းရည်ကို အသုံးပြု၍ စုံစမ်းရန် ကြိုးစားခဲ့ကြသည်။

သို့သော် သူတို့ နှစ်ဦးလုံးမှာ ဘာကိုမျှ ရှာမတွေ့ခဲ့ကြဘဲ၊ လုရီကမူ ကံကြမ္မာမျဉ်းကြောင်းကို

အမှန်တကယ် မြင်နိုင်ခဲ့သည်တဲ့။ ဤသည်မှာ မိမိတို့၏ ကံကြမ္မာသိုင်းစွမ်းရည် ကျင့်ကြံမှုအဆင့်များအကြား ကြီးမားသော ကွာဟချက်ကို ညွှန်ပြနေပါ၏။

ယွီထျန်းဖုန်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ ပါးစပ်မှာ အနည်းငယ်တွန့်သွားကာ မချိပြုံး ပြုံးလိုက်သည်။

“ရီအာ၊ မင်းက တကယ်ပဲ… မင်းရဲ့ပါရမီက ကြောက်စရာ ကောင်းလိုက်တာ။ ကံကြမ္မာသိုင်းစွမ်းရည်က တကယ့်ကို ကျွမ်းကျင်ဖို့ အရမ်းခက်ခဲတာလေ၊ ဒါပေမဲ့ မင်းက ကံကြမ္မာမျဉ်းကြောင်းကို မြင်နိုင်နေပြီဆိုတော့… ဒီလိုကျင့်ကြံမှုက ငါတို့ဘိုးဘေးကိုတောင် ကျော်လွန်သွားနိုင်ပါပြီကွာ”

လုရီက ကျိုးနွံစွာ ပြုံးလိုက်သည်။

“ဟုတ်ကဲ့၊ ကျွန်တော့်မှာ နားလည်နိုင်စွမ်းကောင်းကောင်း ရှိရုံပါပဲ”

ယွီထျန်းဖုန်းနှင့် ယွီဟန်ကွမ်းတို့မှာ စကားမပြောနိုင်တော့ပေ။

ဒါကို နားလည်နိုင်စွမ်း ကောင်းကောင်း ရှိတယ်လို့ ခေါ်တာလား။

ဒါဆို သူတို့ကိုယ်သူတို့ ဘယ်လိုခေါ်ရမှာလဲ။

ဉာဏ်ထိုင်းတဲ့သူတွေလား။ ဒါမှမဟုတ် အရူးတွေလား။

ယွီမိသားစု၏ ပါရမီရှင်များအနေဖြင့် နှစ်ဦးသားမှာ ထူးကဲသော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ကြသော်လည်း သူတို့သည် လုရီနှင့် မယှဉ်နိုင်ကြပေ။

ယွီထျန်းဖုန်းက ခေါင်းခါလိုက်ပြီး ထိုကိစ္စကို ဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။

သူ၏မျက်နှာအမူအရာမှာ ပို၍တည်ကြည်လာပြီး သူက ဖြည်းညင်းစွာ “ယီလေးရီအာ၊ ကံကြမ္မာမျဉ်းကြောင်းက ချောက်နက်ကြီးအပျက်အစီးဘက်ကို တကယ်ပဲ လွင့်မျောသွားတာ၊ မင်းသေချာရဲ့လား” ဟု ထပ်မံ၍ အတည်ပြုလိုက်သည်။

လုရီက စကားမပြောမီ အသာအယာခေါင်းညိတ်လိုက်ပြီးမှ...

“ကျွန်တော်တို့ လက်ရှိ အနေအထားအရ ကံကြမ္မာ မျဉ်းကြောင်းရဲ့ ဦးတည်ရာက

ချောက်နက်ကြီး အပျက်အစီးဘက်ကို ဦးတည်နေပါတယ်။ ဒါပေမယ့် သူတို့ တကယ်ပဲ ချောက်နက်ကြီး အပျက်အစီးထဲကို ဝင်သွားခဲ့လား ဒါမှမဟုတ် အစွန်းနားမှာပဲ ထွက်ခွာသွားခဲ့လားဆိုတာတော့ မသိနိုင်သေးဘူးဗျ။ ပိုသေချာချင်ရင်တော့ ချောက်နက်ကြီး အပျက်အစီးရဲ့ ဦးတည်ရာကို ပိုပြီး တိုးဝင်ဖို့ လိုအပ်ပါလိမ့်မယ်”

ဤစကားကို ကြားသောအခါ ယွီထျန်းဖုန်းက သူ၏ နှုတ်ခမ်းထောင့်စွန်းကို တွန့်လိုက်သည်။

“မလုပ်တော့တာပဲ ကောင်းပါတယ်။ ငါတို့ အခု ချောက်နက်ကြီး အပျက်အစီးနဲ့ သိပ်မဝေးတော့ဘူး။ ငါတို့ အင်အားနဲ့ဆိုရင် ဒီထက်ပိုနီးကပ်သွားရင် အရမ်း အန္တရာယ်များနိုင်တယ်”

ဤသို့ပြောပြီးနောက် ယွီထျန်းဖုန်းက ခဏတာရပ်တန့်ပြီးနောက် တွေးဆဆဖြင့် ထပ်ပြောလိုက်သည်။

“ငါ ပြန်သွားပြီး ဘိုးဘေးကို အကြောင်းကြားလိုက်မယ်။ ဒီကိစ္စက ချောက်နက်ကြီးအပျက်အစီးနဲ့ ပတ်သက်နေမှတော့ ဒါက ပိုပြီးရှုပ်ထွေးနိုင်ပါတယ်။ ဘိုးဘေးကိုပဲ ဆုံးဖြတ်ခိုင်းတာ အကောင်းဆုံးပဲ”

လုရီမှာ သဘာဝကျကျ ကန့်ကွက်စရာ မရှိဘဲ ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ”

ထို့နောက်တွင် ယွီထျန်းဖုန်းက ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး လုရီကို ကြည့်ကာ အကြုပြုလိုက်၏။

“ရီအာ၊ မင်း ဒီခရီးမှာ ပင်ပန်းခဲ့ရပြီ၊ ငါတို့ အခုပြန်ကြရအောင်”

သို့နှင့် သူတို့တစ်စုသည် နေနီလှေပျံကို စီးနင်းကာ အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ကြယ်တာရာကောင်းကင်ယံထဲသို့ ပျောက်ကွယ်သွားကြသည်။

……

လုရီ လင်းလောင်တောင်ထိပ်သို့ ပြန်ရောက်သောအခါ ယွီထျန်းဖုန်းက လုရီအား နှုတ်ဆက်ပြီး၊ ယွီဟန်ကွမ်းမှာမူ သူတို့နှင့်အတူ ထွက်ခွာမသွားခဲ့ပေ။

လက်ရှိတာဝန်မှာ တိုက်ပွဲကြီးတစ်ခုအကြောင်း မဟုတ်ဘဲ၊ တစ်ဖက်တွင် ပျောက်ဆုံးနေသောကျင့်ကြံသူများအကြောင်း တိကျသောအချက်အလက်များကို စုံစမ်းစစ်ဆေးခြင်းဖြစ်ပြီး၊ အခြားတစ်ဖက်တွင်မူ ချောက်နက်ကြီးအပျက်အစီးနှင့် ပတ်သက်သော ပြဿနာဖြစ်သည်။

ယခင် ကိစ္စအတွက်မူ လူအများအပြား စုံစမ်းစစ်ဆေးရန် လိုအပ်သည်။ ယွီဟန်ကွမ်း

တစ်ယောက် ပိုရှိခြင်း၊ မရှိခြင်းမှာ ခြားနားမှု မရှိဘဲ၊ သူ ရှိနေခြင်းမှာ အဓိပ္ပာယ် မရှိပေ။

နောက်တစ်ချက်မှာမူ စကြဝဠာ တားမြစ်နယ်မြေနှင့် ပတ်သက်နေသောကြောင့် ယွီဟန်ကွမ်း ပါဝင်ပတ်သက်နိုင်သော အရာ တစ်ခု မဟုတ်ပေ။

လုရီပင်လျှင် ယွီထျန်းဖုန်း၏ ချောက်နက်ကြီးအပျက်အစီးအတွင်းမှ အခြေအနေကို စူးစမ်းလိုစိတ်မရှိရန်၊ မလွဲမသွေ အန္တရာယ်ကို ရှောင်ရှားရန် အကြံပေးခြင်းကို ခံခဲ့ရသည်။

အမှန်စင်စစ် ယွီထျန်းဖုန်း၏ သတိပေးချက် မရှိဘဲပင် လုရီသည် သူ၏ အသက်ကို မဆင်မခြင် စွန့်စားမည် မဟုတ်ပေ။

ထိုနေရာသည် အင်မော်တယ် အရှင်သခင် အဆင့်ရှိ ကြောက်မက်ဖွယ် ပုဂ္ဂိုလ်များပင် နက်ရှိုင်းစွာ ချဉ်းကပ်နိုင်ခြင်း မရှိသော အန္တရာယ်ရှိ ဧရိယာတစ်ခု ဖြစ်သည်။ သူက ဘယ်လိုလုပ် အပျော်သဘောဖြင့် သွားရောက်ရန် စဉ်းစားနိုင်မည်နည်း။ သူ၏လက်ရှိအစွမ်းဖြင့် သူသာ အမှန်တကယ် ထိုနေရာသို့ သွားခဲ့ပါက ကျိန်းသေပေါက် အန္တရာယ်များပေလိမ့်မည်။

လုရီသည် သူ၏ လက်ရှိစွမ်းအားမှာ အင်မော်တယ်အရှင်သခင် တစ်ပါးနှင့် နှိုင်းယှဉ်နိုင်သည်ဟု မထင်ပေ။ ရိုးရိုးသားသားပြောရလျှင် သူ

ဘိုလော့စ်မျိုးနွယ်အား သူတို့၏ပျောက်ဆုံးနေသော မျိုးနွယ်ဝင်များကို စုံစမ်းစစ်ဆေးရာတွင် ကူညီရန် သဘောတူခဲ့စဉ်က လုရီသည်

အင်မော်တယ် ဧကရာဇ် အဆင့် စွမ်းအားရှင်

တစ်ဦးနှင့် ကြုံတွေ့ရလိမ့်မည်ဟု ဘယ်တော့မှ

မမျှော်လင့်ထားခဲ့ပေ။

သူသည် ၎င်းမှာ သာမန် ကိစ္စတစ်ခုမျှသာဟု မူလက ထင်မှတ်ခဲ့သော်လည်း မမျှော်လင့်ထားသော အခြေအနေတစ်ခု ပေါ်ပေါက်လာခဲ့သည်။

သို့မဟုတ်ပါက သူသည် ကျိန်းသေပေါက် သွားရောက်ခဲ့မည် မဟုတ်ပေ။

အိမ်မှာ တည်ငြိမ်အေးချမ်းစွာ ကျင့်ကြံနေရတာက ဘယ်လောက်ကောင်းလိုက်မလဲ။

လုရီ၏ လက်ရှိ ကျင့်ကြံခြင်း အရင်းအမြစ်များမှာ အတော်လေး လုံလောက်နေ၏။ သူသည် သူ၏ ဂူစံအိမ်တွင် ကျင့်ကြံမှုကို လုံးဝဆက်လက်လုပ်ဆောင်နိုင်ပြီး သူ၏ စွမ်းအား လုံလောက်သည့်အခါမှ အခြေအနေကို စစ်ဆေးနိုင်သည်။

ယွီထျန်းဖုန်းနှင့် ခွဲခွာပြီးနောက် လုရီနှင့်

ယွီဟန်ကွမ်းတို့မှာလည်း အသီးသီး လမ်းခွဲသွားကြသည်။

လုရီသည် သူ၏ တိတ်ဆိတ်သော ကျင့်ကြံမှုကို ပြန်လည်စတင်လိုက်တော့သည်။ ဤတစ်ကြိမ်တွင် လုရီ၏ ရည်မှန်းချက်မှာ နက်ရှိုင်းခြင်း

အင်မော်တယ် အထွတ်အထိပ်သို့ လျင်မြန်စွာရောက်ရှိပြီးနောက် ရွှေအင်မော်တယ် နယ်ပယ်သို့ အဆင့် ချိုးဖြတ်ရန် ဖြစ်သည်။

နောက်ဆက်တွဲ နှစ်များတွင် လုရီမှာ အနှောင့်အယှက်မခံရဘဲ လုံခြုံစွာ ကျင့်ကြံခဲ့သည်။ သို့သော်လည်း ယွီဟန်ကွမ်းမှာမူ ရံဖန်ရံခါ လုရီအား စုံစမ်းစစ်ဆေးမှု၏ တိုးတက်မှုအကြောင်းကို အသိပေးလေ့ရှိသည်။

ပျောက်ဆုံးနေသော ကျင့်ကြံသူများ၏ စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍မူ ကြယ်တာရာနယ်မြေတပ်မတော်က လှုပ်ရှားရန် မလိုအပ်ဘဲ ယွီမိသားစုတပ်မတော်မှာ လုံလောက်ပေသည်။

ယွီမိသားစုတပ်မတော်မှ လူအများအပြားမှာ မျက်လုံးသုံးလုံး ကြယ်တာရာနယ်မြေ၏ ဧရိယာအမျိုးမျိုးသို့ သွားရောက်ကာ ထိုကျင့်ကြံသူများ၏ ကိစ္စရပ်များနှင့် အတွေ့အကြုံများကို စုံစမ်းစစ်ဆေးကြသည်။ ယွီမိသားစု၏ ကျောထောက်နောက်ခံဖြင့် သူတို့မှာ အခက်အခဲမရှိသလောက်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုမှာ ခပ်မြန်မြန် တိုးတက်ခဲ့သည်။

သို့သော် ရရှိခဲ့သော သတင်းအချက်အလက်များတွင် ကျိုယို ကျင့်ကြံသူနှင့် သက်ဆိုင်သော ထောက်လှမ်းရေး သတင်းအချက်အလက် တစ်စုံတစ်ရာ မပါဝင်ခဲ့ပေ။ ချောက်နက်ကြီးအပျက်အစီးကိစ္စနှင့်ပတ်သက်၍မူ လုရီသည်

ယွီဟန်ကွမ်းထံမှ ယွီမိသားစု ဘိုးဘေးမှာ လက်ရှိတွင် တံခါးပိတ်ကျင့်ကြံနေပြီး ယာယီအားဖြင့် စုံစမ်းစစ်ဆေးမှု တစ်ခု ပြုလုပ်နိုင်ခြင်း မရှိသေးဟု ကြားသိခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ သူတို့သည် ချောက်နက်ကြီးအပျက်အစီးထဲသို့ ဝင်ရောက်နေသော

ကျိုယို ကျင့်ကြံသူများ အကြောင်းကို သလင်းဝိညာဉ်ကြယ်တာရာ နယ်မြေအားအကြောင်းကြားခဲ့ပြီး ဖြစ်သည်။ သလင်းဝိညာဉ် ကြယ်တာရာနယ်မြေမှာ ယခုအခါ အခြေအနေကို စစ်ဆေးရန် ချောက်နက်ကြီး အပျက်အစီးထဲသို့ ဝင်ရောက်ရန် စီစဉ်နေသော အင်အားကြီး ပုဂ္ဂိုလ်များကို စေလွှတ်ရန် စတင်နေပြီ ဖြစ်သည်။

ဤတစ်ကြိမ်တွင် သလင်းဝိညာဉ်ကြယ်တာရာနယ်မြေမှာ အင်မော်တယ် ဧကရာဇ် အဆင့် စွမ်းအားရှင် သုံးပါးကို စေလွှတ်ခဲ့ပြီး၊

ရွှေအင်မော်တယ် ဆယ်ဦးကျော်ဖြင့် လိုက်ပါစေခဲ့ရာ အမှန်တကယ်ပင် သိသာ ထင်ရှားသော လှုပ်ရှားမှုတစ်ခု ဖြစ်သည်ဟု ယွီဟန်ကွမ်းက မှတ်ချက်ချခဲ့လေသည်။

All Chapters