← Chapters

ဖြတ်ကျော်ဝင်ရောက်ခြင်း

Vol. 152 Ch. 2156

ဖြတ်ကျော်ဝင်ရောက်ခြင်း

Vol. 152 Ch. 2156

ရီဖူရှင်းနှင့် အခြားတန်ခိုးရှင်များက ရှေ့သို့ ကြည့်လိုက်ကြသည်။ ထိုလေဟာနယ်အတွင်း ဝန်းရံထားသော ကျောက်တိုင်လေးခုက ခမ်းနားထည်ဝါသော ခံစားမှုကို ခံစားမိနိုင်ပေသည်။ ၎င်းသည် နှိုင်းယှဥ်မရအောင် ကြွယ်ဝချမ်းသာသော ရှေးဟောင်းနန်းတော်တစ်ခုကဲ့သို့ ခမ်းနားထည်ဝါလှသည်။

'လောက' ဟူသော စကားလုံးအတွင်း လောကအသေးတစ်ခုကို ချိပ်ပိတ်ထားပြီး ထိုလောကအသေးသည် ဤနေရာ၏ မူလပိုင်ရှင်နှင့် တစ်ခုခု ပတ်သတ်နေခြင်း ဖြစ်နိုင်သလို ယခင်ပိုင်ရှင်က ချန်ရစ်ထားခဲ့ခြင်းလည်း ပို၍ ဖြစ်နိုင်ပေသည်။

ရီဖူရှင်းသည်သာ ထိုသို့ တွေးသည်မဟုတ်ဘဲ အခြား လူတိုင်းကလည်း တူညီစွာ တွေးကြပေသည်။ သို့သော်​ ကျောက်တိုင်လေးခုသည် လောကအသေးအနီး၌ တင်းကျပ်စွာ ချိပ်ပိတ်ထားကာ တန်ခိုးရှင်များကို အထဲသို့ မဝင်ရောက်နိုင်ရန် ပြုလုပ်နေသည်။ မဟုတ်လျှင် သူတို့အားလုံးက ဤနေရာ၌ အကြာကြီး ရပ်စောင့်နေမည် မဟုတ်ဘဲ အစောကြီးကတည်းက အထဲဝင်သွားလိမ့်မည် ဖြစ်သည်။

ဝှစ်...

နောက်ကျမှ ရောက်လာသည့် ရန်​ဟောင်တစ်ပါးက နတ်အာရုံနှင့် ပုံရိပ်ယောင်တစ်ခု ဖန်တီးကာ အရှေ့ဘက်ရှိ ကျောက်တိုင်အလင်းများကြား ပျံသန်းဝင်ရောက်သွားသည်။ သို့သော် ၎င်းက ကျောက်တိုင်အလင်းများနှင့် နီးကပ်လာသည်နှင့် စတင်ကွေးညွှတ်လာကာ ကျောက်တိုင်များ ဖြင့် ဝန်းရံထားသော နေရာသို့ ဝင်ရောက်ပြီးနောက် ထို နတ်အာရုံဖြင့် ဖန်တီးထားသော ပုံရိပ်က ဆိုးရွားစွာ ကွေးညွှတ်၍ အက်ကွဲပျက်စီးသွားပေသည်။ ထိုပုံရိပ်က ပြန်မထွက်လာနိုင်တော့ဘဲ ၎င်းအား ပြုလုပ်ခဲ့သည့် ရန်ဟောင်က နာကျင်စွာ အော်ဟစ်လိုက်ရသည်။ သူက အနည်းငယ် ရှက်ရွံ့သွားပုံရလေသည်။

"ဒီနေရာမှာရှိတဲ့ မဟာလမ်းစဥ်က ကျုပ်တို့နဲ့ သဟဇာတ မဖြစ်ဘူး။ အတင်းအကျပ် ဝင်ရောက်မယ်ဆိုရင် ကျုပ်တို့က ဖျက်ဆီးခံရပြီး စိတ်ဝိညာဥ်ကလည်း ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲသွားရလိမ့်မယ်။ ကျုပ်တို့အားလုံး သွားလို့မရလောက်ဘူး။" ထိုရန်ဟောင်တစ်ပါးက ခပ်တိုးတိုး ပြောလိုက်၏။

နှစ်ပေါင်းများစွာအတွင်း ဤကုန်းမြေပေါ်တွင် မည်သူမှ မည်သည့်အရာမှ ရှာဖွေမတွေ့ရှိခဲ့သော်လည်း သူတို့သည် ဤတစ်ကြိမ်ခရီး၌ ကျေနပ်စရာ အံ့အားသင့်မှုကို တွေ့ရှိခဲ့သည်။ သူတို့သည် ကြီးမားလှသော လျှို့ဝှက်ချက်တစ်ခု ပုန်းကွယ်​နေနိုင်သည့် ဤလောကအသေးကို ရှာဖွေတွေ့ရှိခဲ့၏။ ၎င်းသည် တစ်ချိန်က ဤနေရာကို ပိုင်ဆိုင်ခဲ့သော နတ်ဘုရားများမှ ချန်ရစ်ထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။ သို့သော် ယခုတွင် သူတို့အားလုံးက အဝင်၌သာ ပိတ်ဆို့ဟန့်တားခံထားရပြီး သူတို့ထဲမှ မည်သူကမှ ထိုသို့ အပြင်ဘက်၌ ဟန့်တားခံထားရသော ခံစားချက်ကို မနှစ်သက်ကြပေ။

ရီဖူရှင်း၏ အကြည့်များက ပို၍ ကြောက်မက်ဖွယ် ကောင်းလာပြီး အလွန် နက်ရှိုင်းနေကာ သူက အရှေ့သို့ စူးစိုက် ကြည့်နေခဲ့သည်။ သူက ကျောက်တိုင်များဖြင့် ကာရံထားသော လေဟာနယ်သည် လောကအပြင်ဘက်မှ ကျောက်တိုင်များနှင့် အပြည့်အဝကွာခြားနေကြောင်း သတိပြုမိပေသည်။ ဤနေရာက လေဟာနယ်တစ်ခု ဖြစ်နေသကဲ့သို့ပင် ဖြစ်သည်။ ၎င်းသည် လူတိုင်းကို ဝင်ရောက်ခြင်းမှ တား​ဆီးထားသော အကာအရံသာ ရှိမနေလျှင် လူအများစုသည် ထိုလေဟာနယ် တည်ရှိနေကြောင်းကိုပင် မြင်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုသည်မှာ ထူးဆန်းလှသော သဘာဝဖြစ်စဥ်တစ်ခုဖြစ်ကြောင်း ရှာဖွေသိရှိလာသည့်အတွက် သူ့နှလုံးသားက ရုတ်တရက် စတင်၍ တုန်လှုပ်လာပေသည်။ ဤလေဟာနယ်ကဲ့သို့သော ဆင်တူသည့် နေရာတစ်ခုအား သူ ယခင်က မြင်တွေ့ခဲ့ဖူးလေသည်။

လေးမျက်နှာကျေးရွာ...

ယခင်က လေးမျက်နှာကျေးရွာ တည်ရှိခဲ့သော နေရာက သာမန်လူများ မြင်တွေ့ရန် မဖြစ်နိုင်သော ပုံရိပ်ယောင်လေဟာနယ်တစ်ခု ဖြစ်ပေသည်။ အောက်မေ့တမ်းတပွဲအခမ်းအနားနေ့၌သာ သတ်မှတ်ထားသည့် လူအချို့က ၎င်းကို မြင်တွေ့၍ ဝင်ရောက်နိုင်ပေသည်။ ထိုလူများအားလုံးတွင် ကြီးကျယ်မြင့်မြတ်သော ကံကြမ္မာများ ရှိကြပြ ရီဖူရှင်းသည် ထို'ကံတရား' ဟူသည်က အမှန်တကယ်၌ စူးစမ်းလေ့လာနိုင်သော စွမ်းရည်ဖြစ်ကြောင်း သိရှိခဲ့သည်။ ၎င်းသည် ဤလောကနှင့် တခြားစီဖြစ်နေသည့် လမ်းစဥ်ကို စူးစမ်းရှာဖွေနိုင်သော တစ်စုံတစ်ဦး၏ စွမ်းရည်ဖြစ်သည်။

ထိုသို့သော ရှာဖွေတွေ့ရှိမှုက ရီဖူရှင်းအား ကိစ္စများစွာကို အမှတ်ရမိစေသည်။ ကြည့်ရသည်မှာ အတိတ်က ရှင်သန်ခဲ့သော ဒဏ္ဍာရီပုဂ္ဂိုလ်များမှာ ယနေ့ သူ ရှင်သန်နေသည့် လောကနှင့် မတူကွဲပြားသော လောကတစ်ခုတွင် နေထိုင်ကြပုံရလေသည်။ ထိုနှစ်က ကောင်းကင်လမ်းစဥ် ပြိုကျပျက်စီးသွားသောအခါ လောကသည် ကြီးမားသော အပြောင်းအလဲနှင့် ရင်ဆိုင်ခဲ့ရပြီး ထိုသည်မှာ ယခု ဤဘုံနှင့် မူလဘုံတို့အကြား မည်မျှ ကွာခြားသလဲဟူသည်ကဲ့သို့ပင် ဖြစ်သည်။

သူ၏ အရှေ့၌ ရှိနေသော ဤ နေရာနှင့် မူလဘုံကြား ဆက်သွယ်မှု ရှိ ပါသည်လား။

သို့သော် ရီဖူရှင်း၏ နှလုံးသား တုန်လှုပ်ခြင်း အကြောင်းပြချက် အစစ်အမှန်မှာ ထိုအချက်အားလုံးကြောင့် မဟုတ်ပေ။ ထိုသည်မှာ သူ၏ သိုင်းဝိညာဥ်ကြောင့် ဖြစ်ပေသည်။

ဤသိုင်းဝိညာဥ်က ကမ္ဘာ့သစ်ပင်ဖြစ်တာကြောင့် ရှေးကာလဆီမှ နတ်ရတနာများနှင့် ဆက်သွယ်နိုင်စွမ်း ရှိပြီး နတ်ဆိုးများ၏ နယ်​မြေမှ စွမ်းအားတို့ကို စုပ်ယူရန် ကူညီနိုင်ကာ နတ်ဆိုးနှလုံးသားကိုပင် မြိုချရန် ကူညီနိုင်သည်။ ၎င်းသည် သူ့ကို လေးမျက်နှာကျေးရွာ၏ လေဟာနယ်နှစ်ခုအား ပေါင်းစပ်သွားစေရန် အကူအညီပေးခဲ့သည်မှာ အမှန်တကယ် ကြောက်မက်ဖွယ်ပင် ဖြစ်လေသည်။

သို့သော် ဤအရာအားလုံးက မည်သည်ကို အမှန်တကယ် ဆိုလိုသနည်း။

ကမ္ဘာ့သစ်ပင်က အတိအကျ မည်သည့်အရာ ဖြစ်နိုင်သနည်း။ ၎င်းက ဤအတိုင်း သာမန်ကာလျှံကာ ထားလိုက်၍ နိုင်သော စိတ်ဝိညာဥ်တစ်ခု အမှန်တကယ် ဟုတ်ပါသလား။

သူက လက်ရှိအဆင့်ထိ ကျင့်ကြံပြီးနောက် ရီဖူရှင်း နားလည်သဘောပေါက်လာသော အရာများက ယခင်ကထက် ပို၍ များပြားလာပေသည်။ ရန်ဟောင်အဆင့်သို့ ရောက်လာသည့် တန်ခိုးရှင်များက သူတို့၏ ကိုယ်ပိုင်ဝိညာဥ်အား ပြုပြင်ပြောင်းလဲနိုင်ပေသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့် တိုးမြင့်လာသောအခါ သူတို့သည် သူတို့၏ သိုင်းဝိညာဥ်အား ပြောင်းလဲကာ မဟာလမ်းစဥ်နတ်ဝင်ရိုးအား ဖွဲ့စည်းနိုင်စွမ်း ရှိပေသည်။ ၎င်းက ဆက်လက်တိုးတက် ပြောင်းလဲလာသည်နှင့်အမျှ အစစ်အမှန် နတ်ရတနာတစ်ခုက ကောင်းကင်၏ ဆန္ဒကို ဆန့်ကျင်ကာ တစ်စုံတစ်ယောက်၏ ကံကြမ္မာအား ပြောင်းလဲနိုင်သလို သိုင်းဝိညာဥ်သည်လည်း ပြောင်းလဲနိုင်သည်မှာ သဘာဝသာ ဖြစ်ပေသည်။

သူ ဆက်ခံခဲ့ရသော ကမ္ဘာ့သစ်ပင်က အမှန်တကယ်ပင် ရိုးရှင်းပါရဲ့လားဟု သူ သိချင်မိပေသည်။

ကြည့်ရသည်မှာ သူ၏ ကိုယ်ပိုင်သိုင်းဝိညာဥ်ကို အတည်ပြုရန် နောက်ထပ် အခွင့်အရေးတစ်ခု ဖြစ်ပုံရလေသည်။

"ဒီနေရာက အတိတ်ကာလရဲ့ ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ဦး ချန်ရစ်ထားခဲ့တဲ့ ​မဟာလမ်းစဥ် လေဟာနယ်ဖြစ်ပြီး ကျုပ်တို့မှာ ရှိနေတဲ့ လေဟာနယ်မဟာလမ်းစဥ်နဲ့ သဟဇာတမဖြစ်နေဘူး။ ဒီလောကအသေးက မတူကွဲပြားတဲ့လောကတစ်ခုလို့ ပြောနိုင်တယ်။" ထို့နောက် ဤလေဟာနယ်၏ ထူးခြားမှုတစ်ခုခုကို သတိပြုမိသွားကာ ပြောလိုက်သည်။

ထိုစကားပြောလိုက်သူက မုယွင်လန် ဖြစ်လေသည်။ သူက လေးမျက်နှာကျေးရွာမှ လာသော တန်ခိုးရှင်တစ်ယောက် ​ဖြစ်တာကြောင့် ထိုသို့သော ခံစားချက်မျိုး၌ ပို၍ အကဲဆတ်ပေသည်။ သူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းအဆင့်က အလွန် မြင့်မားသောကြောင့် ဤနေရာက သာမန်ထက် ထူးခြားကြောင်း ခံစားမိနိုင်ပေသည်။

"ဒီလောကက အပြင်လူတွေ အဝင်မခံချင်တာကြောင့် ပုံပြောင်းလာပြီး ဖျက်ဆီးခြင်းလေဟာနယ် ဖြစ်လာလိမ့်မယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က အတင်းအကျပ် ထိုးဖောက်ဝင်ရောက်ရင် ပြောင်းလဲသွားတဲ့ လေဟာနယ်မဟာလမ်းစဥ်အတွင်း ဝင်ရောက်သွားမှာလား။" နန်ဟိုင်ချန်းရွှယ်က ပြောရင်း မုယွင်လန်ကို ကြည့်လိုက်သည်။

"ဟုတ်တယ်။" မုယွင်လန်က ခေါင်းညိတ်လိုက်သည်။ "တစ်စုံတစ်ယောက်က အတင်းအကျပ် ထိုးဖောက်ဝင်မယ်ဆိုရင် သူက ဒီစွမ်းအားကို ခံနိုင်ရည် ရှိရမယ်။ တခြားဖြစ်နိုင်ချေက ပြီးပြည့်စုံတဲ့ လေဟာနယ်မဟာလမ်းစဥ်ကို ကောင်းချီးရထားသူတွေက ဒီနေရာနဲ့ သဟဇာတဖြစ်ပြီး လေဟာနယ်ထဲကို ဝင်ရောက်နိုင်လိမ့်မယ်။"

"ငါ ကြိုးစားကြည့်လို့ရနိုင်မယ် ထင်တယ်။" မုယွင်လန်က ပြောလိုက်သည်။ သူက ရှေ့သို့ စိုက်ကြည့်နေခဲ့ပြီး အမူအရာက တင်းမာခက်ထန်နေခဲ့သည်။

နန်ဟိုင်ချန်းရွှယ်က သူ့ကို ကြည့်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။ "အဲဒီလိုလုပ်ရင် ရှင့်အတွက် အန္တရာယ်ကြီးတယ်။"

ဤသည်မှာ မုယွင်လန်၏ ခန့်မှန်းချက်သက်သက်သာ ဖြစ်ပြီး မုယွင်လန်၏ မဟာလမ်းစဥ်က ပြီးပြည့်စုံ၍ လေဟာနယ်မဟာလမ်းစဥ် စွမ်းအားက သဟဇာတဖြစ်နိုင်လျှင်ပင် သူတို့ရှေ့မှ လေဟာနယ်သည် အတိတ်ကာလက ကြီးမြတ်သော တစ်စုံတစ်ယောက်မှ ချန်ရစ်ထားခဲ့ခြင်း ဖြစ်သည်။ ထိုသူက ကျင့်ကြံခြင်း၌ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီးသူ ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်ကြားတွင် ကွာခြားမှု ရှိနေဆဲ ဖြစ်လေသည်။

မုယွင်လန်က ထိုကဲ့သို့ သွားလျှင် အလွန် အန္တရာယ်ရှိပေလိမ့်မည်။

"အရင်တုန်းက ငါ သေချာမမြင်ရလို့ မကြိုးစားခဲ့ဘူး။ ဒါပေမယ့် အခုတော့ အတော်လေး သေချာတယ်လို့ ထင်မိတာကြောင့် ၈၀ ရာခိုင်နှုန်းလောက် ယုံကြည်ချက် ရှိမိတယ်။ ငါ ရှုံးနိမ့်သွားရင်တောင် ငါ့ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် ပိတ်မိနေမယ်တော့ မထင်ဘူး။" မုယွင်လန်က ပြောလိုက်သည်။ သူက အလောင်းအစားလုပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

နန်ဟိုင်ချန်းရွှယ်သည် မုယွင်ရှု၏ စရိုက်သဘာဝကို သိရှိပြီး သူက အလွန် မာနကြီးသူဖြစ်ကြောင်းကိုလည်း သိပေသည်။ သူက ကြိုးစားချင်သည်ဆိုလျှင် သူမက သူ့ကို ရပ်တန့်နိုင်မည် မဟုတ်ပေ။

"ဂရုစိုက်။" နန်ဟိုင်ချန်းရွှယ်က ပြောလိုက်သည်။

"စိတ်မပူပါနဲ့။" မုယွင်လန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်ပေါ်မှ နတ်အလင်းများက တောက်ပလာပြီး လေဟာနယ်မဟာလမ်းစဥ်အား အဆုံးစွန်ထိ ထုတ်လွှတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပနေပြီး ရွှေတောင်ပံခွန်ပန်ငှက်ကြီးက သူ့နောက်မှ တောင်ပံဖြန့်ကျက်လာကာ လေဟာနယ်အား အချိန်မရွေး ထိုးဖောက်ဝင်ရောက်နိုင်တော့မလိုပင် ဖြစ်သည်။ သူက ပိတ်မိတော့မည် အရိပ်အယောင်ပြလာပါက ချက်ချင်း လက်လျှော့လိုက်မည် ဖြစ်သည်။

အခြားလူများကလည်း မုယွင်လန်အား လှည့်ကြည့်လာ၏။ ဤလူသည် အမှန်တကယ်ပင် သူတို့ ခေတ်မှ ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ သူ၏ ရဲတင်းမှုနှင့် ရည်ရွယ်ချက်က သာမန် လူများထက် ပိုမိုမြင့်မားပေသည်။ သူက အမှန်တကယ်ပင် အတင်းအကျပ် ထိုးဖောက်ဝင်ရောက်ချင်နေသည်။

သူတို့သည် မုယွင်လန်က ကျောက်တိုင်များဖြင့် ဝန်းရံထားသော လေဟာနယ်သို့ လျှောက်လာကာ ထိုနေရာသို့ ဝင်ရောက်သွားသည်အား စောင့်ကြည့်နေကြသည်။ ထိုအချိန်၌ သူတို့သည် မရေတွက်နိုင်သော အလင်းများက လေဟာနယ်အတွင်း တောက်ပလာပြီး သူ့ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်ကို လွှမ်းခြုံသွားပေသည်။ မုယွင်လန်အား စောင့်ကြည့်နေသူများသည် အလွန် စိုးရိမ်ပူပန်နေကြသည်။ သူက အောင်မြင်နိုင်ပါမည်လား။

နန်ဟိုင်မိသားစုများ အထူးသဖြင့် နန်ဟိုင်ချန်းရွှယ်က စိတ်အပူပန်ဆုံး ဖြစ်လေသည်။

သူတို့သည် မုယွင်လန်က အထဲသို့ ဝင်ရန် အခက်အခဲတချို့ ရှိသော်လည်း ရှေ့ဆက်သွားနေဆဲ ဖြစ်ကြောင်း မြင်တွေ့နိုင်ပေသည်။ သူသည် လေဟာနယ်၏ အခြားတစ်ဖက်သို့ ဝင်ရောက်သွားပုံရကာ အားလုံးသော တန်ခိုးရှင်များက သူ့ကို ထပ်မံမမြင်နိုင်တော့လုနီးပါး ဖြစ်လာသည့်အတွက် အံ့အားသင့်နေကြပေသည်။ သူက သတိကြီးကြီးနှင့် ဆက်လက်ရွေ့လျားနေပြီး သူ့အရှိန်က နှေးကွေးလာသည်။

မုယွင်လန်က အလွန် နှေးကွေးစွာ ဆက်လက်လျှောက်နေခဲ့သည်။ ကြီးမားသည့် တိုက်ပွဲတစ်ခု ဖြစ်ပေါ်နေသော လက္ခဏာမရှိလျှင်ပင် လူအများသည် သူတို့နှလုံးသားများက ပါးစပ်အတွင်းမှ ထွက်ကျတော့မလို ခံစားမိနေကြဆဲ ဖြစ်သည်။ ထို့နောက် သူတို့သည် မုယွင်လန်က ရုတ်တရက် အရှိန်မြှင့်ကာ လျှပ်စီးတန်းတစ်ခုကဲ့သို့ တိုးဝင်သွားကြောင်း မြင်လိုက်ကြရသည်။ နောက်တခဏတွင် သူ့ခန္ဓာက ကျောက်တိုင်များနှင့် ဝန်းရံထားသော လောကအတွင်း ဝင်ရောက်သွားပေသည်။ မုယွင်လန်၏ ခန္ဓာကိုယ်က အတွင်း၌ ရပ်နေသည့်အခါ အလွန် သေးငယ်နေသလို ထင်မှတ်ရပေသည်။ ထိုအတွင်းဘက်ရှိ လောက၏ အတိုင်းအတာစံနှုန်းက ​အပြင်ဘက်ကမ္ဘာနှင့် ကွာခြားပုံရလေသည်။

သို့ဆိုလျှင် ဤလေဟာနယ် အပြင်ဘက်မှ ကြည့်ပါက အလွန် မကြီးမားသလို ထင်မှတ်ရသော်လည်း အထဲဝင်သွားသည့်အခါ အမှန်တကယ် ကြီးမားပုံရလေသည်။

"သူ ဝင်သွားပြီ။" လူအများသည် သူတို့၏ နှလုံးသားများက တုန်ယင်သွားသည်ကို ခံစားမိကြပေသည်။ မုယွင်လန်က အထဲဝင်သွားနိုင်စွမ်း ရှိသော်လည်း သူတို့အတွက် ထိုသို့ လုပ်ဆောင်ရန် ခက်ခဲပေလိမ့်မည်။ ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် ကျင့်ကြံသူတစ်ယောက်ကို ရှာတွေ့ရန်မှာ ခက်ခဲနေပြီးဖြစ်ကာ ချို့ယွင်းချက်ကင်း လေဟာနယ်မဟာလမ်းစဥ်အား ပိုင်ဆိုင်သူက ပို၍ ရှားပါးပေသည်။ ထိပ်သီးအင်အားစုများကြား၌ပင် ထိုသို့သော လူမျိုးကို ရှာဖွေရန် ခက်ခဲပေသည်။

"မုယွင်လန်က အထဲဝင်သွားပြီ။ ကျုပ်ကတော့ သူ နောက်ထပ် ဉာဏ်အလင်းရလိမ့်မယ်လို့ ထင်တယ်။" သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။

ထို့နောက် သူတို့က နောက်တစ်ယောက် လျှောက်ထွက်လာသည်ကို မြင်လိုက်ရပြီး လူတိုင်း၏ မျက်နှာထက်တွင် ထူးဆန်းသော အကြည့်တို့ ပေါ်ပေါက်လာ၏။ အထူးသဖြင့် နန်ဟိုင်မိသားစုမှ တန်ခိုးရှင်များထံ၌ ဖြစ်လေသည်။ အရှေ့သို့ ထွက်လာသူမှာ အခြားမဟုတ်ဘဲ ရီဖူရှင်းသာ ဖြစ်သည်။

နန်ဟိုင်ချင်း၏ မျက်လုံးများထဲတွင် အန္တရာယ်ရှိသော အကြည့်တို့ ဖြစ်ပေါ်လာ၏။ သည်ကောင်ကလည်း ​လေဟာနယ်အတွင်းသို့ ဝင်ရောက်မည်လား။

သူ၏ မဟာလမ်းစဥ်က ပြီးပြည့်စုံလျှင်ပင် အထဲသို့ ဝင်ရောက်ရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။ သို့သော် သူသည် ရီဖူရှင်းက အထဲကို ဝင်ရောက်ရန် ကြိုးစားပြီး ထိုနေရာအတွင်း၌ သေဆုံးသွားပါက အကောင်းဆုံးဖြစ်လိမ့်မည်ဟု မျှော်လင့်မိပေသည်။

"ရီဖူရှင်း" တစ်စုံတစ်ယောက်က တိုးသက်စွာ ရေရွတ်လိုက်၏။ သူက အထဲသို့ ဝင်ရောက်နိုင်စွမ်း ရှိလိမ့်မည်လား။

အထဲသို့ ဝင်ရောက်ရန်မှာ အလွန် ခက်ခဲပြီး အန္တရာယ်များလှသည်။

သို့သော် ရီဖူရှင်းက ကျောက်တိုင်များရှေ့ မရပ်ခင် သူက ကျောက်တိုင်များကြားသို့ သူ၏ အရှိန်အဝါ ပမာဏအနည်းငယ်ကို ထုတ်လွှတ်လိုက်သည်။ ခဏအတွင်းမှာပင် သူ၏ မဟာလမ်းစဥ်စွမ်းအားများက လေဟာနယ်အတွင်း အဆက်မပြတ်စီးဆင်းသွားပြီး အထဲရှိ လေဟာနယ်မဟာလမ်းစဥ်နှင့် ပေါင်းစပ်သွားလေသည်။

ထို့နောက် လူတိုင်းသည် ရီဖူရှင်းက မည်သည့်အဟန့်အတားမှ မရှိဘဲ အတွင်းသို့ လျှောက်ဝင်သွားသည်ကို ထိတ်လန့်စွာ မြင်တွေ့လိုက်ရသည်။ သူက ကျောက်တိုင်များ၏ အလယ်မှ လေဟာနယ်ကို ဖြတ်သန်းကာ ချက်ချင်း လျှောက်ဝင်သွားလေသည်။

"ဒါက...." မြင်ကွင်းအား စောင့်ကြည့်နေသည့် တန်ခိုးရှင်အားလုံး၏ မျက်လုံးများကို ပြူးကျယ်ကာ ပါးစပ်များအား ပွင့်ဟလာစေသည်။ ဤသည်က မည်သို့ ဖြစ်နိုင်ပါမည်နည်း။

ရီဖူရှင်းက မည်သို့ လုပ်နိုင်ခဲ့သနည်း။ သူ၏ မဟာလမ်းစဥ်က ပြီးပြည့်စုံလျှင်ပင် သူ့ကျင့်ကြံဆင့်က နိမ့်ကျနေသေးပြီး မုယွင်လန်နှင့် အကွာကြီး ရှိနေသေးသည်။ သူက မည်သို့ဖြစ်၍ ထိုမျှ လွယ်လွယ်ကူကူ ဝင်ရောက်သွားနိုင် ရပါသနည်း။

မကြာသေးခင်က ရီဖူရှင်း ဆိုးဆိုးဝါးဝါး သေဆုံးပါရန် မျှော်လင့်၍ စောင့်ကြည့်နေခဲ့သော နန်ဟိုင်ချင်းသည်ပင် ရီဖူရှင်းက ထိုလေဟာနယ်အား သာသာယာယာ ဖြတ်ကျော်ဝင်ရောက်သွားသည်ကို မျက်မြင်တွေ့ရသည့်အခါ ရုတ်တရက် ထိတ်လန့်အံ့အားသင့်သွားခဲ့ပေသည်။

***

All Chapters