← Chapters

ကံကြမ္မာ၏ အမွေဆက်ခံသူ၊ ဖျော့တော့သော အနီရောင် အရိပ်ယောင်...

Vol. 50 Ch. 743

ကံကြမ္မာ၏ အမွေဆက်ခံသူ၊ ဖျော့တော့သော အနီရောင် အရိပ်ယောင်...

Vol. 50 Ch. 743

~ကြယ်နီဘုရင်နှင့် အနီရောင်မျိုးနွယ်မှ အားကောင်းသော အဖွဲ့ဝင် တစ်စုမှာ ခဏတာတိတ်ဆိတ်သွားပြီးနောက် သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

ကြယ်နီဘုရင်က ထုတ်ဖော်ပြောဆိုသည်။

“ငါတို့အရှင်သခင်က ဒီလိုပြောမှတော့ ငါတို့အရင်ဆုံး ငါတို့မျိုးနွယ်ဝင်တွေကိုခေါ်ပြီး ဒီနေရာကနေ ထွက်ခွာကြတာပေါ့။”

လုရီက ခေါင်းညိတ်ပြီးနောက် တစ်စုံတစ်ခုကို ပြန်သတိရသွားပုံရပြီး ထပ်ပြောလာ၏။

“ခင်ဗျားတို့ မျိုးနွယ်ဝင်တွေကို နေနီလှေပျံပေါ် ခေါ်သွားလို့ ရတယ်၊ အန္တရာယ် တစ်ခုခု ပေါ်ပေါက်လာရင် ကျွန်တော်တို့ ချက်ချင်းရွှေ့ပြောင်းနိုင်တယ်”

“…”

လူအုပ်မှာ နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။

လုရီက ရွှေ့ပြောင်းရန် လမ်းကြောင်း တစ်ခုကိုပင် စီစဉ်ထားသည့် အဖြစ်မှာ သူ အခြေအနေကို မည်မျှ အလေးအနက်ထားသည်ကို ပြသနေသည်။

သူက ညွှန်ကြားလိုက်သည်။

“လိပ်ပြာနီ၊ မင်းရဲ့မျိုးနွယ်ဝင်တွေကို နေနီလှေပျံပေါ် ခေါ်သွားလိုက်။”

လိပ်ပြာနီက ခေါင်းညိတ်ကာ အသိအမှတ်ပြုပြီးနောက် ကြယ်နီဘုရင်နှင့် ကျန်သူများကို ဦးဆောင်ကာ ထွက်ခွာသွားသည်။

“ဟုတ်ကဲ့ပါ အရှင်သခင်။”

လျိုနင်ရွှမ်းနှင့် အခြား သုံးယောက်မှာ

လုရီ၏ ဘေးတွင် ရပ်နေကြပြီး မသေချာမရေရာသော အကြည့်များဖြင့် အပြန်အလှန်ကြည့်နေကြသည်။

လျိုနင်ရွှမ်း၏ သွယ်လျစွာကွေးနေသော မျက်ခုံးများမှာ တွန့်ချိုးသွားပြီး သူမက မေးလိုက်သည်။

“ဂျူနီယာမောင်လေး၊ အထဲမှာ တကယ်ပဲ ဘာရှိနေလို့ ဒီလောက်တောင် စိုးရိမ်နေတာလဲ။”

လုရီက လိမ်ကောက်နေသော နေရာလပ်ကို စိုက်ကြည့်ရင်း ဖြည်းညင်းစွာ တုံ့ပြန်လိုက်သည်က

“ကျွန်တော် အတွင်းကနေ မီးမူလဇာစ်မြစ်ရဲ့ အငွေ့အသက်ကို အာရုံခံမိခဲ့တယ် ။”

ကျန်းရူယွီက အထိတ်တလန့် အော်လိုက်သည်။

“မူလဇာစ်မြစ်...”

အခြား သုံးယောက်မှာလည်း တုန်လှုပ်သောအမူအရာများ ရှိနေကြသည်။

မူလဇာစ်မြစ် တစ်ခု၏ စွမ်းအားမှာ အဘယ်အရာဖြစ်ကြောင်း သူတို့ သဘာဝကျကျပင် သိရှိကြသည်။ ယခုမူ လုရီ အဘယ်ကြောင့် ဤမျှသတိထားနေသည်ကို သူတို့ နားလည်သွားကြပြီဖြစ်သည်။

သုန်းကုန်းမင်ယွဲ့၏ မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် တောက်ပနေသည်။

“အတွင်းမှာ အင်မော်တယ် ဘုရင်တစ်ပါးရဲ့ အမွေအနှစ် ရှိနေနိုင်မလား။ ဒီလိုဆိုရင် ငါတို့ အင်မော်တယ် ဘုရင်ရဲ့ အမွေအနှစ်ကို ရနိုင်မှာမဟုတ်ဘူးလား။”

ယွင်ရှီးက ညင်သာစွာ ဆိုသည်။

“သက်ရှိထင်ရှား အင်မော်တယ် ဘုရင်တစ်ပါးလည်း ဖြစ်နိုင်တာပဲ နော်။”

လုရီက ခပ်ဟဟရယ်မောလိုက်ကာ..

“ဟားဟား ၊ အရမ်းကြီး စိတ်မပူကြပါနဲ့၊ လာပါ၊ ယင်ယန်တာအိုတံဆိပ်ကို သုံးကြရအောင်။ ကျွန်တော် ကံကြမ္မာသိုင်းစွမ်းရည်ကိုသုံးပြီး ဒါ ဘယ်လောက် အန္တရာယ်များလဲဆိုတာ ကြည့်ဖို့စီစဉ်ထားတယ်။ အန္တရာယ်မရှိဘူးဆိုရင်တော့ ဒါ ကြီးမားတဲ့အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်။”

လေးယောက်လုံးမှာ အသာအယာ ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက်တွင် သူမတို့သည် ယင်ယန်တာအိုတံဆိပ်ကို ထုတ်ဖော်လိုက်ရာ ၎င်းသည် စီးဆင်းနေသောအလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး လုရီ၏ နဖူးအလယ်တွင် ယင်ယန်အင်းကွက်များကို ဖွဲ့စည်းလိုက်သည်။

လုရီက အသက်ပြင်းပြင်း တစ်ချက်ရှူပြီး ကောင်းကင်နှလုံးသား သိုင်းနည်းစနစ်ကို နောက်တစ်ကြိမ် အသုံးပြုလိုက်၏။

ဤတစ်ကြိမ်တွင် လုရီသည် သူ၏အစွမ်းအားလုံးနီးပါးကို အသုံးချလိုက်ပြီး ကောင်းကင်နှလုံးသားသိုင်းနည်းစနစ်သည် ကြီးမားလှသော ပြီးပြည့်စုံခြင်း နိယာမပမာဏကို ချေးငှားအသုံးချလိုက်သည်။

ဤအခိုက်အတန့်တွင် လုရီ၏အရှိန်အဝါမှာ တစ်ဆင့်ပြီးတစ်ဆင့် တဟုန်ထိုး တက်သွားပြီး၊ ရွှေအင်မော်တယ်နယ်ပယ်သို့ ယခုမှအဆင့်ချိုးဖြတ်ထားရာမှ ရွှေအင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်သို့ တက်လှမ်းသွားကာ ထိုအထွတ်အထိပ်တွင် နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့သော ဘိုလော့စ်မျိုးနွယ်၏ အကြီးအကဲသုံးဦး၏ နယ်ပယ်ကိုပင် ကျော်လွန်သွားတော့သည်။

လုရီ ထုတ်လွှတ်လိုက်သော အားကောင်းသည့်အရှိန်အဝါမှာ ကြောက်မက်ဖွယ် စွမ်းအင်နယ်ပယ်တစ်ခုကို ဖွဲ့စည်းလိုက်၏။ အပြည့်အဝ မထွက်ခွာရသေးသော အနီရောင်မျိုးနွယ်ဝင်များမှာ ကောင်းကင်ပြိုကျလာသကဲ့သို့ လွှမ်းမိုးနိုင်သောဖိအားတစ်ခု သူတို့အပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရပြီး ရင်ဘတ်များတွင် လေးလံသော ခံစားချက်များ ဖြစ်လာရလေသည်။

ကြယ်နီဘုရင်ကဲ့သို့သော အနီရောင် မျိုးနွယ်မှ အင်မော်တယ်များမှာ ဤသည်ကို ပို၍ပင် ပြင်းထန်စွာ ခံစားလိုက်ရပြီး၊ အရှိန်အဝါ၏ ဦးတည်ရာသို့ ကြောက်လန့်တကြား ကြည့်လိုက်ကြရာ သူတို့၏မျက်နှာများမှာ စက္ကူကဲ့သို့ ဖြူဖျော့သွားကြ၏။

“ဒါ၊ ဒါ တကယ်ပဲ ငါတို့ အရှင်သခင်ရဲ့ စွမ်းအားလား။ အရမ်း ကြောက်စရာကောင်းလိုက်တာ။”

ပထမဆုံး အကြိမ်အဖြစ် ကြယ်နီဘုရင်သည် ထိုသို့သော တန်ခိုးကြီး စွမ်းအားကို ခံစားလိုက်ရပြီး စိတ်ထဲတွင် နှိမ့်ချသွားသည်။

လိပ်ပြာနီမှာ လုရီ၏အစွမ်းကို အတိုင်းအတာတစ်ခုအထိ သိရှိပြီး ယခုအခါ အနည်းငယ် ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ဆိုလိုက်၏။

“ဟုတ်တယ် အဖေ။ ကျွန်မတို့ သခင်က အရမ်းအားကောင်းတယ်။ ကောင်းကင်ကြယ်တာရာနယ်မြေရဲ့ ကြောက်စရာ အကောင်းဆုံး

ယွီမိသားစုတောင် သူ့ကို အလွန်လေးစားကြည်ညိုကြတယ်။”

ကြယ်နီဘုရင်က လေးစားစွာဖြင့် တိုးတိုးလေးရေရွတ်ရင်း ခေါင်းညိတ်သည်။

“ဒီလိုကိုး… ငါတို့အရှင်သခင်နဲ့ ထိုက်တန်ပါပေတယ်။”

ထိုအခိုက်အတန့်တွင် သူ၏ မျက်နှာအမူအရာမှာ ပို၍စိုးရိမ်ပူပန်လာသည်။

“ငါတို့အရှင်သခင်က ဒီလောက်ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားကို အသုံးချခဲ့ရတယ်၊ နေရာလပ်ဆန်းကြယ်မြင်ကွင်းက တကယ်ပဲ ကြီးလေးနက်နဲပုံပဲ။”

သူ၏ဘေးမှ အနီရောင်မျိုးနွယ်မှ ကောင်းကင်ဘုံအင်မော်တယ်များမှာလည်း စိုးရိမ်မှုကို ပြသကြသည်။

သူတို့ထဲမှတစ်ဦးက အကြံပြုလိုက်သည်။

“ဘုရင်ကြီး၊ အကယ်၍ ကျွန်တော်မျိုးတို့အရှင်သခင်က ဒီအခြေအနေကို မကိုင်တွယ်နိုင်ခဲ့ရင် ကျွန်တော်မျိုးတို့ မျိုးနွယ်တစ်ခုလုံးကို ပြောင်းရွှေ့ဖို့ စဉ်းစားရတော့မှာမလားဗျ။”

ပတ်ဝန်းကျင်မှ အနီရောင်မျိုးနွယ် အကြီးအကဲများမှာ သဘောတူညီစွာ တိတ်ဆိတ်သွားကြသည်။

ဤသည်မှာ အနီရောင်မျိုးနွယ် မွေးဖွားကြီးပြင်းခဲ့သော ဇာတိဂြိုဟ်ဖြစ်သည်။ ၎င်းမရှိဘဲ ကျယ်ပြောလှသော စကြဝဠာထဲတွင် ပျောက်ဆုံးသွားပါက သူတို့တွင် ဇာတိမြေဟူ၍ မရှိတော့ပေ။

ကြယ်နီဘုရင်လည်း တိတ်ဆိတ်သွားပြီး၊ ခဏ

အကြာတွင် သူက ဖြည်းညင်းစွာ တုံ့ပြန်

လိုက်သည်။

“အရှင်သခင်က ဒီနေရာလပ်ဆန်းကြယ်မြင်ကွင်းကို ငြိမ်းသတ်နိုင်ပါစေလို့ပဲ မျှော်လင့်ရတာပေါ့။ မဟုတ်ရင်တော့ ငါတို့ ထွက်ခွာဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး။ ငါတို့လူတွေရဲ့ သုခချမ်းသာက အရေးအကြီးဆုံးပဲ၊ ဘိုးဘေးကြယ်

မရှိရင်တောင် ငါတို့အတူတကွရှိနေသရွေ့ အနီရောင်မျိုးနွယ်က ဆက်လက်တည်တံ့နေဦးမှာပါ။”

လိပ်ပြာနီကလည်း ခေါင်းညိတ်ကာ သဘောတူညီသည်။

“အဖေ ပြောတာ မှန်ပါတယ်။ အချိန်တန်ရင် အနီရောင်မျိုးနွယ်ကို ထျန်းမင်ကို ပြောင်းရွှေ့ခွင့်ပြုဖို့ ကျွန်မ အရှင်သခင်ကို တောင်းပန်ပါ့မယ်။ ထျန်းမင်မှာ ကျွန်မတို့လူတွေ သေချာပေါက်ကြိုက်နှစ်သက်မယ့် ကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခု ရှိပါတယ်။”

အရှင်သခင်က သူမ၏ တောင်းပန်မှုကို လက်ခံမည်၊ မခံမည်နှင့် ပတ်သက်၍မူ လိပ်ပြာနီမှာ အလွန်ယုံကြည်မှုရှိနေသည်။

အနီရောင်မျိုးနွယ်တွင် အလားအလာမြင့်မားပြီး၊ သူတို့သာ ထျန်းမင်တွင် နေထိုင်ခဲ့ပါက အရှင်သခင်အတွက် ကြီးမားသောအကူအညီတစ်ခု ဖြစ်ပေလိမ့်မည်။

လိပ်ပြာနီ၏စကားကို ကြားသောအခါ ကြယ်နီဘုရင်နှင့် အခြားသူများမှာ မျက်နှာများ ဝင်းပလာပြီး တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။

အနီရောင်မျိုးနွယ်မှ ပါရမီရှင်များသည် နောက်ထပ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ထျန်းမင်သို့ သွားရောက်ကြမည်ဖြစ်သည်။ အနီရောင်မျိုးနွယ်သည် သဘာဝကျကျပင် ထျန်းမင်ကို ကောင်းစွာနားလည်ကြ၏။ သူတို့သာ အမှန်တကယ် ထျန်းမင်သို့ ပြောင်းရွှေ့နိုင်ခဲ့ပါက ၎င်းသည် မလွဲဧကန် ထူးချွန်သောဆုံးဖြတ်ချက်တစ်ခု ဖြစ်ပေလိမ့်မည်။

ကြယ်နီဘုရင်က အမိန့်ချလိုက်သည်။

“သွားကြစို့။ ငါတို့ အခု နေနီလှေပျံပေါ် တက်သင့်ပြီ။ ဒီမှာနေနေရင် အရှင်သခင်ကို သက်ရောက်မှုရှိနိုင်တယ်။”

……

သူ၏စွမ်းအားကို အပြည့်အဝထုတ်လွှတ်ပြီးနောက် လုရီသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ နက်နဲပြီး ရှုပ်ထွေးသော တာအိုအင်းကွက်များ သူ၏မျက်လုံးများထဲတွင် ပေါ်ထွက်လာပြီး အရေအတွက်မှာ တိုးပွားလာကာ၊ သိပ်သည်းစွာထုပ်ပိုးထားပြီး၊ တစ်ခုနှင့်တစ်ခု အလွှာလိုက်ထပ်နေကာ၊ မယုံနိုင်လောက်အောင် ရှုပ်ထွေးလှသည်။

တာအိုစွမ်းအားသည် လုရီ၏ပတ်လည်တွင် လည်ပတ်နေပြီး အစိမ်းရောင်မီးခိုးငွေ့အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲသွားရာ၊ သူ့အား အင်မော်တယ်တစ်ပါးကဲ့သို့ နတ်ဘုံမှလာသူပမာ ဖြစ်စေသည်။ လုရီ၏အမြင်အာရုံအတွင်း၌ ရှင်းလင်းသော တာအိုအင်းကွက်အမျိုးမျိုးရှိနေပြီး၊ ကံကြမ္မာမျဉ်းကြောင်းများနှင့် နေရာလပ်မျဉ်းကြောင်းများမှာ လွင့်မျောရောယှက်နေသည်။

သူက နောက်တစ်ကြိမ် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ကံကြမ္မာသိုင်းစွမ်းရည်ကို အစွမ်းကုန်ထုတ်သုံးလိုက်သည်။ ကံကြမ္မာသိုင်းစွမ်းရည် အကန့်အသတ် နယ်ပယ်သို့ ရောက်ရှိခြင်းနှင့် သူ၏ကိုယ်ပိုင် ပြီးပြည့်စုံသောအဆင့် ကံကြမ္မာနိယာမတို့ ပေါင်းစပ်လိုက်သောအခါ လုရီတွင် ကံကြမ္မာအပေါ် ထူးကဲသောနားလည်မှုတစ်ခု ရှိနေခဲ့သည်။

သူ၏မျက်လုံးများမှာ တာအိုအလင်းရောင်ဖြင့် လင်းလက်နေပြီး နေရာလပ်ဆန်းကြယ်မြင်ကွင်းကို စူးစမ်းရင်း သူ၏ကိုယ်ပိုင်ကံကြမ္မာမျဉ်းကြောင်းကို ၎င်းနှင့် ရောယှက်လိုက်သည်။

ဤနေရာလပ်ဆန်းကြယ်မြင်ကွင်းထဲသို့ ဝင်ရောက်ခြင်းက အန္တရာယ်တစ်စုံတစ်ရာ ရှိ၊ မရှိကို ဆုံးဖြတ်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

မကြာမီမှာပင် မြင်ကွင်းများစွာမှာ လုရီ၏စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ ထိုမြင်ကွင်းများမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်ပြီး၊ အဆုံးမဲ့မီးတောက်ပင်လယ်များ၊ မီးတောက်များ အလယ်တွင် အနီရောင် ကျောက်သလင်းများဖြင့် တည်ဆောက်ထားသော မျှော်စင်များ၊ နက်နဲသောတာအိုအလင်းရောင်နှင့် မူလဇာစ်မြစ်အရှိန်အဝါတို့ဖြင့် ဖုံးလွှမ်းထားသော ဖျော့တော့သောအနီရောင် အရိပ်ယောင်တစ်ခုအပြင်၊ အရိပ်ယောင်၏ ဘေးတွင် ပျံဝဲနေသော ရွှေရောင် နှင့် အနီရောင် ရောယှက်နေသော အလင်းကွင်းတို့ ပါဝင်နေလေ၏။

All Chapters