← Chapters

ပျောက်ဆုံးနေသော အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်အင်ပါယာများ (၂)...

Vol. 50 Ch. 748

ပျောက်ဆုံးနေသော အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်အင်ပါယာများ (၂)...

Vol. 50 Ch. 748

~ဤစကားကို ကြားလိုက်ရသော် လုရီနှင့်

လျိုနင်ရွှမ်းတို့ လေးဦးသား၏ မျက်လုံးများမှာ အရောင်တောက်သွားကြပြီး အားလုံးက ထိုအရောင်ဖျော့သော အနီရောင်အရိပ်ယောင်ထံသို့ လှည့်ကြည့်လိုက်ကြတော့သည်။

"ခင်ဗျား အကြောင်းရင်းကို သိတယ်ဟုတ်လား။ တကယ်တမ်း အကြောင်းရင်းက ဘာများလဲ။"

အရောင်ဖျော့သော အနီရောင်အရိပ်ယောင်သည် လုရီကို ကြည့်ကာ ခပ်ဖွဖွရယ်မောလိုက်သည်။ "မိတ်ဆွေငယ်က အစောကပဲ အဲ့ဒီအင်မော်တယ်ဘုရင်တွေနဲ့ အင်ပါယာတွေ ဘယ်လိုပျောက်ကွယ်သွားလဲဆိုတာ ငါ့ကို မေးခဲ့တယ်မဟုတ်လား။"

ထိုစကားကိုကြားသော် လုရီမှာ အံ့အားသင့်သွားပြီး "ဒီကိစ္စနှစ်ခုက ဆက်စပ်နေလို့လား။"

"ဆက်စပ်နေတာပေါ့ကွာ။"

အရောင်ဖျော့သော အနီရောင်အရိပ်ယောင်သည် အတိတ်ကို ပြန်လည်တမ်းတနေသည့်အလား လေးနက်သောလေသံဖြင့် ဆို၏။

"အဲ့ဒီတုန်းက ငါ့ရဲ့ မူလခန္ဓာကိုယ်က သူ့ရဲ့စွမ်းအားတွေထဲက ကြွင်းကျန်ရစ်တဲ့ အရိပ်တစ်ခုကို ချန်ထားခဲ့ပြီး သူကိုယ်တိုင်ကတော့ စစ်ပွဲတစ်ပွဲထဲကို ဝင်ရောက်သွားခဲ့တယ်... အဲ့ဒါက လက်တွေ့စကြဝဠာနဲ့ ကျိုယိုချီတို့ကြားက မဟာတိုက်ပွဲကြီးပဲ။ ကနဦးပိုင်းမှာတော့ ကျိုယိုချီက လက်တွေ့စကြဝဠာကို စတင်တိုက်စားစအချိန်မှာ အင်မော်တယ်အင်ပါယာ ကိုးပါးနဲ့ မရေမတွက်နိုင်တဲ့ အင်မော်တယ်ဘုရင်တွေ ရှိနေခဲ့လို့ လက်တွေ့စကြဝဠာက အသာစီးနည်းနည်းရခဲ့တယ်။ ဒါပေမဲ့ ကျိုယိုချီက အရမ်းကို ကူးစက်လွယ်တဲ့အတွက် အခြေအနေက တဖြည်းဖြည်း ပိုဆိုးလာခဲ့တယ်။ နောက်ဆုံးမှာတော့ ကျိုယိုချီက စကြဝဠာရဲ့ ပိုကျယ်ပြန့်တဲ့ နေရာတွေကို တိုက်စားလာတဲ့အခါ အင်မော်တယ်အင်ပါယာကိုးပါးနဲ့ အင်မော်တယ်ဘုရင်တစ်စုဟာ ကျိုယိုချီထဲကို ဝင်ရောက်ပြီး အဲ့ဒီက ကျိုယိုချီမိစ္ဆာတွေကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ကြရတော့တာပဲ။ ဘာလို့လဲဆိုတော့ ကျိုယိုချီမိစ္ဆာတွေက လက်တွေ့စကြဝဠာထဲကို ဝင်လာတဲ့အခါ သူတို့က ကျိုယိုချီချီကို ဖြန့်ကျက်ဖို့ တစ်ခုတည်းသော ရည်ရွယ်ချက်နဲ့ သူတို့ရဲ့စွမ်းအားတွေကို ပုံရိပ်ထင်ဟပ်စေတာပဲ ဖြစ်တယ်။ ကျိုယိုချီမိစ္ဆာတွေကို အပြီးတိုင် ချေမှုန်းဖို့ဆိုရင် ကျိုယိုချီထဲကို ဝင်ရောက်ပြီး သူတို့ရဲ့ မူလခန္ဓာကိုယ်အစစ်အမှန်တိုင်းကို တစ်ကောင်မကျန် သတ်ဖြတ်ဖို့ကလွဲလို့ တခြားနည်းလမ်းမရှိတော့ဘူး။"

လုရီနှင့် လျိုနင်ရွှမ်းတို့ လေးဦးသည် အရောင်ဖျော့သော အနီရောင်အရိပ်ယောင်၏ အတိတ်ကို ပြန်လည်ပြောပြနေသည်ကို တည်ငြိမ်စွာ နားထောင်နေကြသည်။ သူစကားခဏရပ်သွားချိန်တွင် လုရီက မနေနိုင်ဘဲ မေးလိုက်သည်။

"နောက်တော့ ဘာဆက်ဖြစ်သွားလဲ။"

"နောက်တော့လား။ ဟက်ဟက်၊ ငါ့ရဲ့ မူလခန္ဓာကိုယ်က ဒီခရီးက ကံကောင်းခြင်းလား၊ ကံဆိုးခြင်းလားဆိုတာ မသိခဲ့ဘူး၊ ဒါကြောင့် သူက ငါနဲ့ ရွှေမီးလျှံလက်စွပ်ကို ဒီမှာ ချန်ထားခဲ့ပြီး စကြဝဠာနယ်မြေငယ်လေးတစ်ခုကို ဖန်တီးကာ အမွေအနှစ်တွေ ထားရစ်ခဲ့တယ်။ တကယ်လို့များ... တကယ်လို့များ ငါ့ရဲ့ မူလခန္ဓာကိုယ်က ပျက်စီးသွားခဲ့ရင်တောင် သူ့ရဲ့အမွေအနှစ်တွေ မပြတ်တောက်သွားအောင်လို့ပေါ့၊" အရောင်ဖျော့သော အနီရောင်အရိပ်ယောင်က တည်ငြိမ်စွာဆို၏။

လုရီနှင့် လျိုနင်ရွှမ်းတို့ လေးဦးမှာ အတန်ငယ် တိတ်ဆိတ်သွားကြသည်။ သူတို့ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြရာ မျက်လုံးများတွင် အလင်းရောင်များ တဖျပ်ဖျပ်လက်နေပြီး မျက်နှာများထက်တွင် ရှုပ်ထွေးသော အမူအရာများ ထင်ဟပ်နေခဲ့သည်။

ယွင်ရှီး၏ သာယာသော အသံလေးက ထွက်ပေါ်လာခဲ့သည်။

"ဒါဆို အဲ့ဒီအင်မော်တယ်ဘုရင်တွေနဲ့ အင်ပါယာတွေ ပျောက်ကွယ်သွားရတာက သူတို့အားလုံး ကျိုယိုချီထဲကို ဝင်သွားကြပြီး တစ်ယောက်မှ ပြန်မလာကြလို့လား။"

ထိုစကားသည် လုရီနှင့် အခြားသူများ၏ ကျောထဲသို့ စိမ့်ခနဲဖြစ်သွားစေသည်။

သူတို့အားလုံးသည် စကြဝဠာတစ်ခုလုံး၏ အင်မော်တယ်ဘုရင်များနှင့် အင်ပါယာများ၊ စကြဝဠာတစ်ခွင်လုံးမှ အထွတ်အထိပ်စွမ်းအားရှင်များ ဖြစ်ကြသည်။

သူတို့ ကျိုယိုချီထဲသို့ ဝင်သွားကြပြီး တစ်ယောက်တစ်လေမျှပင် ပြန်မလာခဲ့ဘူးတဲ့လား။

ကျိုယိုချီက တိုင်းတာလို့မရနိုင်လောက်အောင် ကြောက်စရာကောင်းနေရမည်။

အရောင်ဖျော့သော အနီရောင်အရိပ်ယောင်က ခေါင်းအသာညိတ်လိုက်သည်။

"ဖြစ်နိုင်တာကတော့ အဲ့ဒီအတိုင်းပဲ ဖြစ်လိမ့်မယ်။ သူတို့ ကျိုယိုချီကို အပြီးတိုင် ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်နဲ့ ဝင်သွားခဲ့ကြတာ။ ဒါပေမဲ့ အခုကြည့်ရတာတော့ သူတို့ မအောင်မြင်ခဲ့ကြဘူး။"

လုရီနှင့် အခြားသူများ၏ မျက်နှာပေါ်မှ ညှိုးငယ်သော အမူအရာများကို မြင်သော် အရောင်ဖျော့သော အနီရောင်အရိပ်ယောင်က ရယ်မောလိုက်သည်။

"သိပ်ပြီးတော့လည်း စိတ်မပူကြပါနဲ့၊ သူတို့ လုံးလုံးလျားလျား မအောင်မြင်တာမျိုးတော့ ဖြစ်ချင်မှဖြစ်မှာပါ။"

ဤစကားက လုရီနှင့် အခြားသူများကို အံ့အားသင့်သွားစေသည်။

ထို့နောက် သူတို့၏ မျက်လုံးများ တောက်ပလာပြီး ကျန်းရူယွီက မေးလိုက်၏။

"စီနီယာ၊ စီနီယာပြောချင်တာက အခု ကျိုယိုချီက သိပ်အားမကောင်းတော့ဘူးလို့ ထင်ရတာကလည်း အဲ့ဒီတုန်းက တိုက်ပွဲကြောင့်လို့ ဆိုလိုတာလား။"

"အတိအကျပဲ။ ကျိုယိုချီနဲ့ လက်တွေ့စကြဝဠာက တစ်ခုက အမှောင်၊ တစ်ခုက အလင်း၊ မူလဇာစ်မြစ်တစ်ခုတည်းကနေ ဆင်းသက်လာတာ။ စွမ်းအားကွာခြားချက်က စိတ်ကူးနဲ့တောင်

မမှန်းဆနိုင်လောက်အောင် ကြီးမားနေမှာမဟုတ်ဘူး။ အဲ့ဒီတုန်းက စကြဝဠာရဲ့ အင်မော်တယ်ဘုရင်တွေနဲ့ အင်ပါယာတွေအားလုံး အဲ့ဒီတိုက်ပွဲမှာ ပါဝင်ခဲ့ကြတယ်။ ကျိုယိုချီက အနိုင်ရခဲ့ရင်တောင် ဒါက အထိအခိုက်အများကြီးနဲ့ ရလာတဲ့ အနိုင်ပဲဖြစ်လိမ့်မယ်။ ကျိုယိုချီထဲမှာ ကြီးမားတဲ့ လှုပ်ခတ်မှုကြီးတစ်ခု ဖြစ်ခဲ့ရမယ်၊ မဟုတ်ရင် အဲ့ဒီတုန်းက သူ့ရဲ့စွမ်းအားနဲ့ဆိုရင် အင်မော်တယ် အရှင်သခင်တွေပဲရှိတဲ့ စကြဝဠာတစ်ခုက ကျိုယိုချီရဲ့ ကျူးကျော်မှုကို တွန်းလှန်နိုင်မှာမဟုတ်ဘူး။ နှစ်အနည်းငယ်အတွင်းမှာ လုံးလုံးလျားလျား မျိုချခံလိုက်ရမှာပဲ၊" အရောင်ဖျော့သော အနီရောင်အရိပ်ယောင်က သူ၏ခန့်မှန်းချက်ကို ပြောပြလိုက်သည်။

လုရီနှင့် အခြားသူများလည်း အလားတူ ကောက်ချက်တစ်ခုသို့ ဆိုက်ရောက်သွားကြသည်။

ထိုအချက်က သူတို့ကို အနည်းငယ် သက်ပြင်းချနိုင်စေခဲ့သည်။ သို့သော် လုံးလုံးလျားလျားတော့ စိတ်မအေးနိုင်သေးပါ။ ကျိုယိုချီ၏ အစစ်အမှန်စွမ်းအားကို မသိခင်ကဆိုလျှင် သူတို့ သိပ်ပြီး စိုးရိမ်ပူပန်ကြမည်မဟုတ်သော်လည်း၊ ယခုအခါ ကျိုယိုချီ မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သိရှိသွားကြပြီဖြစ်ရာ၊ အင်မော်တယ်ဘုရင်များနှင့် အင်ပါယာများစွာ စေလွှတ်ခဲ့ပါလျက်နှင့် ကျိုယိုချီကို ချေမှုန်းနိုင်ခြင်းမရှိဘဲ တစ်ယောက်မျှပင် ပြန်မလာခဲ့သည်ကို သိရှိသွားကြရပြီ ဖြစ်သည်။

ကျိုယိုချီက ယခုအချိန်တွင် ပြင်းထန်စွာ ဒဏ်ရာရနေလျှင်ပင်၊ အကယ်၍ သူ ပြန်လည်ကောင်းမွန်လာခဲ့လျှင်ရော။ လက်ရှိ စကြဝဠာက

တွန်းလှန်နိုင်ပါ့မလား။ သူတို့ လုံးဝ တွန်းလှန်နိုင်ကြမည် မဟုတ်ပေ။ အေးစက်သော ခံစားမှုတစ်ခုက လုရီ၏ နှလုံးသားထဲသို့ စီးဝင်သွားသည်။

မသိနားမလည်ခြင်းမှ ကြောက်ရွံ့မှုကင်းမဲ့ခြင်းက ဆင်းသက်လာသည်။ ကျိုယိုချီ၏ စွမ်းအားကို သိရှိသွားကြသည့်အခါ သူတို့ အမှန်တကယ်ပင် စိတ်အေးလက်အေး မနေနိုင်ကြတော့ပေ။

ထိုအခိုက်အတန့်တွင် လုရီနှင့် အခြားသူများသည် သူတို့၏ နှလုံးသားများအပေါ်တွင် အရိပ်တစ်ခု သက်ဆင်းလာသည့်အလား ခံစားလိုက်ရသည်။

လုရီနှင့် အခြားသူများ တိတ်ဆိတ်နေသည်ကို မြင်သော် အရောင်ဖျော့သော အနီရောင် အရိပ်ယောင်က သူတို့ကို အလျင်မလိုဘဲ သူကိုယ်တိုင်လည်း တိတ်ဆိတ်စွာ နေလိုက်သည်။ အရောင်ဖျော့သော အနီရောင် အရိပ်ယောင်သည် ဤနေရာတွင် နှစ်ပေါင်း မည်မျှ ကြာအောင် စောင့်ဆိုင်းနေခဲ့သည်ကို မည်သူ သိနိုင်မည်နည်း၊ နောက်ဆုံးတွင် ဤသို့သော သတင်းကို လက်ခံရရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ကျယ်ပြောလှသော ကြက်သွေးရောင် နေရာလပ်ကြီးထဲတွင် လေထုက အတန်ငယ် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

တစ်ခဏအကြာတွင် လုရီသည် သတိပြန်ဝင်လာပြီး ခပ်ဖွဖွရယ်မောလိုက်သည်။

"စီနီယာ၊ ဒီအကြောင်းတွေအားလုံးကို ကျွန်တော်တို့ကို ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ကျွန်တော်တို့က ကျိုယိုချီက တကယ်ကို ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ ဘယ်တော့မှ သိလိုက်ရမှာမဟုတ်ဘူး။"

လုရီသည် ယခင်က ကျိုယိုချီကို အထင်ကြီးစွာ ခန့်မှန်းရန် ကြိုးစားခဲ့သော်လည်း ဤမျှလောက် ကြီးမားစွာ လျှော့တွက်မိလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ကျိုယိုချီက အင်မော်တယ်အင်ပါယာကိုးပါးနှင့် မရေမတွက်နိုင်သော အင်မော်တယ်ဘုရင်များကို ထိုနေရာတွင် ထိန်းထားနိုင်ခဲ့ရာ၊ လုရီသာ

အင်မော်တယ်ဘုရင်တစ်ပါးအဖြစ်သို့ တက်လှမ်းသွားလျှင်ပင် သူက ထိုကိစ္စကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။

လုရီသာ အင်မော်တယ်အင်ပါယာအဖြစ်သို့ တက်လှမ်းနိုင်ခဲ့လျှင်၊ သူ၏အခြေခံအုတ်မြစ်များအရ သူသည် သာမန်အင်မော်တယ်

အင်ပါယာ တစ်ပါးထက် များစွာပို၍ အစွမ်းထက်မည်မှာ သေချာသည်။ ထိုအချိန်တွင် သူ ကျိုယိုချီကို ရှင်းလင်းနိုင်ပါ့မလား။

ဖြစ်နိုင်သည်မှာ သူတစ်ယောက်တည်းဖြင့် ထိုသို့သော ပန်းတိုင်ကို အောင်မြင်ရန် ခက်ခဲလိမ့်မည်။

မည်သို့ပင်ဖြစ်စေ စွမ်းအားရှင်များ များလေ ကောင်းလေပင်။

လုရီ၏ စိတ်ထဲတွင် အတန်ငယ် စိတ်ထိခိုက်သွားသည်။

ကျိုယိုချီက အစောကြီး ပြန်လည်ကောင်းမွန်မလာဘဲ နောက်ကျမှ ပြန်ကောင်းလာလျှင် အကောင်းဆုံးပင်။

ထိုစဉ် ကြွင်းကျန်ရစ်သူ အရိပ်ယောင်က ခေါင်းခါလိုက်ပြီးနောက်

"အခုတော့ မိတ်ဆွေငယ်ရဲ့ မေးခွန်းတွေကို ငါဖြေပြီးပြီဆိုတော့ မိတ်ဆွေငယ်က ငါ့မေးခွန်းတွေကို ဖြေရမယ့်အချိန် ရောက်ပြီ။"

လုရီက ပြုံးကာ

"ရပါတယ် စီနီယာ၊ မေးနိုင်ပါတယ်။"

ကြွင်းကျန်ရစ်သူ အရိပ်ယောင်က တစ်ခဏမျှ တိတ်ဆိတ်သွားပြီး သူ၏အတွေးများကို စုစည်းနေဟန်ဖြင့် ပြုံးကာ

"တကယ်တော့ ငါမေးချင်တာအများစုက အစောပိုင်းက ငါတို့စကားပြောတုန်းက ဖြေပြီးသားဖြစ်သွားပြီ၊ ဒါပေမဲ့ ငါ့မှာ သံသယတချို့တော့ ရှိနေသေးတယ်။ မင်းက ကံကြမ္မာ အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကို ရထားတာပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား။ မင်း ကံကြမ္မာ အင်မော်တယ်ဘုရင်ကို တစ်ခါမှ မတွေ့ဖူးဘူးလား။"

"ကံကြမ္မာ အင်မော်တယ်ဘုရင် ။"

ဤအမည်ကို ကြားလိုက်ရသော် လုရီ၏ မျက်ဆံများ ကျုံ့သွားပြီး သလင်းဝိညာဉ်စစ်မြေပြင်ရှိ နက်ရှိုင်းသော ချောက်နက်ပျက်စီးနယ်မြေကို စူးစမ်းရှာဖွေခဲ့စဉ်က ထိုအပျက်အစီးများထဲမှ လွတ်မြောက်လာခဲ့သော စွမ်းအားရှင်ကြီးကို ချက်ချင်း သတိရသွားသည်။ ထိုအချိန်က ထိုပုဂ္ဂိုလ်သည် 'ကံကြမ္မာ အင်မော်တယ်ဘုရင်' ဟူသော စကားလုံးများကို ပြောကြားခဲ့ဖူးသည်။

ဤသည်မှာ ထိုစဉ်က ယွီဟန်ကွမ်းက သူ့ကို ပြောပြခဲ့ခြင်းဖြစ်ပြီး၊ အကယ်၍ ယခု ကြွင်းကျန်ရစ်သူ အရိပ်ယောင်က မပြောခဲ့ပါလျှင် သူသည် ထိုအကြောင်းကို မေ့လျော့နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခု ဤစကားလုံးလေးလုံးကို တစ်ဖန်ပြန်ကြားလိုက်ရသော် လုရီသည် အတိတ်ကို ပြန်လည်အမှတ်ရလာတော့သည်။

ကျန်ရစ်သူ အရိပ်ယောင်က သူ ကံကြမ္မာ လျှို့ဝှက်နည်းစနစ်ကို ကျင့်ကြံလို့ ကံကြမ္မာ အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကို ရထားတယ်လို့ ထင်နေတာပဲ။

သို့သော်လည်း ကံကြမ္မာ လျှို့ဝှက်နည်းစနစ်သည် မူလက ယွီမိသားစုဘိုးဘေးက နက်ရှိုင်းသော ချောက်နက်ပျက်စီးနယ်မြေမှ ယူဆောင်လာခဲ့ခြင်းဖြစ်ပြီး၊ သူသည် ယွီမိသားစုထံမှ ဤလျှို့ဝှက်နည်းစနစ်ကို ရရှိခဲ့ခြင်းမျှသာ ဖြစ်သည်။ ဤနည်းစနစ်မှတစ်ဆင့် လုရီသည် ပြီးပြည့်စုံသောအဆင့် ကံကြမ္မာနိယာမကိုပင် ကျွမ်းကျင်သွားခဲ့သည်။

ဒါဆိုရင် ချောက်နက်ကြီး အပျက်အစီး တားမြစ်နယ်မြေက ကံကြမ္မာ အင်မော်တယ်ဘုရင် ချန်ထားရစ်ခဲ့တဲ့ အမွေအနှစ်နယ်မြေ ဖြစ်နိုင်ခြေ သိပ်များတာပေါ့။

သို့သော်လည်း ချောက်နက်ကြီး အပျက်အစီးတားမြစ်နယ်မြေသည် လူသိများသော စကြဝဠာ တားမြစ်နယ်မြေ တစ်ခုဖြစ်ရာ၊ အကယ်၍ ၎င်းသည် ကံကြမ္မာ အင်မော်တယ်ဘုရင် ချန်ထားခဲ့သော အမွေအနှစ်နယ်မြေ အမှန်တကယ်ဖြစ်ခဲ့ပါလျှင် ၎င်းသည် အလွန်အမင်း အန္တရာယ်များလွန်းနေသည်။

ဤနေရာနှင့် နှိုင်းယှဉ်ကြည့်ရုံမျှသာ။

ဤကမ္ဘာငယ်သည်လည်း အင်မော်တယ်ဘုရင်တစ်ပါး ချန်ထားခဲ့သော အမွေအနှစ်နယ်မြေဖြစ်သော်လည်း အနည်းငယ် ဒုက္ခပေးသော

အင်မော်တယ် သားရဲအချို့မှ လွဲ၍ ဤနေရာသည် အနည်းငယ် ပူပြင်းရုံမှတစ်ပါး လုံးဝ အန္တရာယ် မများလှချေ။

အဘယ်ကြောင့် ဤမျှလောက် ကြီးမားသော ကွာခြားချက်ရှိနေရသနည်း။

ထို့အပြင် လုရီ အစိုးရိမ်ဆုံးမှာ၊ အကယ်၍ ချောက်နက်ကြီး အပျက်အစီး တားမြစ်နယ်မြေသည် ကံကြမ္မာ အင်မော်တယ်ဘုရင် ချန်ထားခဲ့သော အမွေအနှစ်နယ်မြေ အမှန်တကယ်ဖြစ်ခဲ့ပါလျှင်၊ အဘယ်ကြောင့် ထိုကျိုယိုချီကျင့်ကြံသူက လူများစွာကို ချောက်နက်ကြီး အပျက်အစီး တားမြစ်နယ်မြေထဲသို့ ယခင်က ဦးဆောင်

ခေါ်သွားခဲ့ရသနည်း။

လုရီ နားမလည်နိုင်ခဲ့ပါ။

သူက တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက်

ဖြေလိုက်ပါသည်။

"စီနီယာ၊ ကျွန်တော်ကျင့်ကြံတဲ့ ကံကြမ္မာ လျှို့ဝှက်နည်းစနစ်ကို စကြဝဠာ တားမြစ်နယ်မြေတစ်ခုကနေ ရခဲ့တာပါ။ ဘယ်သူ့ဆီက ဆင်းသက်လာလဲဆိုတာတော့ ကျွန်တော်မသိပါဘူး။"

"စကြဝဠာ တားမြစ်နယ်မြေတစ်ခုကနေ ကံကြမ္မာ လျှို့ဝှက်နည်းစနစ်ကို ရခဲ့တာ ဟုတ်လား။"

ကြွင်းကျန်ရစ်သူ အရိပ်ယောင်သည် လုရီထံမှ ဤသို့သော စကားမျိုးကို ကြားရလိမ့်မည်ဟု ရှင်းလင်းစွာ မမျှော်လင့်ထားဘဲ အံ့အားသင့်ကာ ရပ်တန့်သွားပြီးနောက် အနည်းငယ် ထူးဆန်းသော အမူအရာဖြင့် လုရီကို ကြည့်လိုက်သည်။

"မင်းပြောချင်တာက... မင်းက လျှို့ဝှက်နည်းစနစ်တစ်ခုကိုပဲ မှီခိုပြီး ပြီးပြည့်စုံသောအဆင့် နိယာမတစ်ခုကို ကိုယ့်ဘာသာ နားလည်သဘောပေါက်သွားရုံမက တာအိုနဲ့ ဆက်သွယ်ပြီး ကံကြမ္မာကို ထိုးထွင်းမြင်နိုင်တဲ့အဆင့်အထိ ရောက်သွားတယ်လို့ ဆိုလိုတာလား။"

ထိုအခါ လုရီက အနည်းငယ် ရှက်ရွံ့စွာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်၊ ဒီကံကြမ္မာ လျှို့ဝှက်နည်းစနစ်ကို ကျွန်တော့်ကို ဘယ်သူမှ သင်ပေးခဲ့တာ မဟုတ်ပါဘူး။"

ပွင့်ပွင့်လင်းလင်းပြောရလျှင် လုရီ၏ ဆရာ

တစ်ယောက်မှာ လုံးဝ လှည့်စားခံလိုက်ရခြင်းဖြစ်သည်။ သူမသည် တူညီသော လျှို့ဝှက်နည်းစနစ်ကို ကျင့်ကြံပါလျက်နှင့် ယခုအခါတွင် သူ့ထက် အားနည်းနေပြီး ၎င်းကို မည်သို့ကျင့်ကြံရမည်ကို သူ့ထံမှ အကြံဉာဏ်တောင်းရသည့်အဖြစ်သို့ ရောက်နေလေသည်။

လုရီသည် ယခုအခါ မည်သူက အမှန်တကယ် ဆရာဖြစ်သည်ကိုပင် ရှုပ်ထွေးနေတော့သည်။

သူသည် သူ့ကို 'ဆရာ' ဟု တစ်စုံတစ်ယောက်က ခေါ်သင့်သည်ဟုပင် ခံစားနေရသည်။

ကြွင်းကျန်ရစ်သူ အရိပ်ယောင်မှာ ပြောစရာ

စကား ဆွံ့အသွားရလေသည်။ ဆွံ့အသွားရလေသည်။

သူသည် အနည်းငယ်ရှက်ရွံ့နေသော လုရီကို ထုံကျင်နေသော အမူအရာဖြင့် ကြည့်ကာ စိတ်ထဲမှ တွေးလိုက်သည်။

...ဒါက ဘယ်လို ဘီလူးမျိုးလဲကွာ...

လျှို့ဝှက် နည်းစနစ် တစ်ခုတည်းကိုသာ မှီခိုပြီး ဤမျှလောက် နက်နဲသော နိယာမ တစ်ခုကို နားလည်သဘောပေါက်နိုင်သည်တဲ့လား။

သူ၏ မူလခန္ဓာကိုယ်မှာ အင်မော်တယ်ဘုရင်တစ်ပါးဖြစ်သော်လည်း ကြွင်းကျန်ရစ်သူ အရိပ်ယောင်သည် တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။

ထိုကိုးယောက်ထဲတွင် တစ်ယောက်ယောက်များ ဤသို့သော ပါရမီမျိုး ပိုင်ဆိုင်ခဲ့ပါသလား။

ဒါက အင်မော်တယ်အင်ပါယာတစ်ပါးရဲ့ အရှိန်အဝါမျိုးပဲ၊ သံသယဖြစ်စရာမရှိဘူး။

All Chapters