← Chapters

ပျောက်ဆုံးနေသော အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်အင်ပါယာများ (၃)...

Vol. 50 Ch. 749

ပျောက်ဆုံးနေသော အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်အင်ပါယာများ (၃)...

Vol. 50 Ch. 749

~အရောင်ဖျော့သော အနီရောင်အရိပ်ယောင် တိတ်ဆိတ်သွားသည်ကို မြင်သော် လုရီက အနည်းငယ် နားမလည်နိုင်စွာဖြင့်

ပြန်မေးလိုက်၏။

"ဘာဖြစ်လို့လဲ စီနီယာ။"

အရောင်ဖျော့သော အနီရောင်အရိပ်ယောင်က သတိပြန်ဝင်လာပြီး လုရီကို အလွန်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ကာ

"မိတ်ဆွေငယ်၊ မင်းရဲ့ပါရမီက ပြိုင်ဘက်ကင်းတယ်၊ အဲ့ဒီခေတ်က စံနှုန်းတွေနဲ့ တိုင်းရင်တောင်မှ စကြဝဠာတစ်ခုလုံးမှာ ယှဉ်နိုင်သူ မရှိဘူး။"

လုရီက ညင်သာစွာ ခေါင်းညိတ်ကာ ခပ်ဖွဖွပြုံးလိုက်သည်။

"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။"

သူ့ကိုယ်သူ ပါရမီကောင်းမှန်းတော့ သူသိသည်သာ။ မည်သို့ပင်ဖြစ်စေ တာအိုရတနာများနှင့် ဖရိုဖရဲရတနာများစွာကို အသုံးပြုခဲ့ရသည်မှာ အလဟဿမဟုတ်ပေ။

အရောင်ဖျော့သော အနီရောင်အရိပ်ယောင်က တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက်

"မင်းက မင်းရဲ့ ကံကြမ္မာ လျှို့ဝှက်နည်းစနစ်ကို စကြဝဠာ တားမြစ်နယ်မြေတစ်ခုကနေ ရခဲ့တယ်လို့ ပြောတယ်နော်။ အဲ့ဒီတားမြစ်နယ်မြေက နာမည်ဘယ်လိုခေါ်လဲ။"

"ချောက်နက်ကြီး အပျက်အစီး တားမြစ်နယ်မြေလို့ခေါ်ပါတယ်၊ အလင်းနှစ် ရာပေါင်းများစွာခန့် အရွယ်အစားရှိတဲ့ ဧရာမအက်ကွဲကြောင်းကြီးတစ်ခုပေါ့။ အလင်းတောင်မှ အဲ့ဒီအက်ကွဲကြောင်းကနေ မလွတ်မြောက်နိုင်ဘဲ အဲ့ဒီထဲကို ဝင်သွားတဲ့ ကျင့်ကြံသူအများစုက သေဆုံးကြပါတယ်၊"

လုရီက ချောက်နက်ကြီး အပျက်အစီး တားမြစ်နယ်မြေအကြောင်း အကျဉ်းချုံး ရှင်းပြလိုက်သည်။

"ချောက်နက်ကြီး အပျက်အစီး တားမြစ်နယ်မြေလား။"

အရောင်ဖျော့သော အနီရောင်အရိပ်ယောင်က မျက်ခုံးအနည်းငယ်တွန့်လိုက်ပြီး ရေရွတ်လိုက်သည်။

"ငါတို့ခေတ်တုန်းကတော့ အဲ့ဒီလို စကြဝဠာ တားမြစ်နယ်မြေမျိုး မရှိခဲ့ဘူး၊ နောက်ပိုင်းမှ ပေါ်လာတာ ဖြစ်မယ်၊ ငါလည်း အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ ဘာမှ မပေးနိုင်ဘူး။"

လုရီ၏ နှလုံးသားထဲတွင် အနည်းငယ် စိတ်ပျက်သွားသည်။ အကြောင်းမှာ သူက အင်မော်တယ်ဘုရင်တစ်ပါးဖြစ်သောကြောင့် အရောင်ဖျော့သော အနီရောင်အရိပ်ယောင်က ချောက်နက်ကြီး အပျက်အစီး တားမြစ်နယ်မြေအကြောင်း တစ်ခုခုသိလိမ့်မည်ဟု ထင်ထားခဲ့သောကြောင့် ဖြစ်သည်။

"ဒါပေမဲ့... ကံကြမ္မာ အင်မော်တယ်ဘုရင်က သူ့ရဲ့လျှို့ဝှက်နည်းစနစ်ကို အရမ်းတန်ဖိုးထားတာ၊ ဖြစ်ကတတ်ဆန်း နေရာချထားမှာမဟုတ်ဘူး။ မင်းက အဲ့ဒီတားမြစ်နယ်မြေထဲမှာ ကံကြမ္မာ အင်မော်တယ်ဘုရင်ရဲ့ လျှို့ဝှက်နည်းစနစ်ကို ရှာတွေ့နိုင်ခဲ့မှတော့ ဖြစ်နိုင်တာက အဲ့ဒီနေရာက တစ်ချိန်တုန်းက ကံကြမ္မာ အင်မော်တယ်ဘုရင်ရဲ့ တာအိုနယ်မြေဖြစ်ခဲ့ပြီး အဖြစ်အပျက်တစ်ခုခုကြောင့် အားနည်းသွားတာပဲ ဖြစ်ရမယ်၊"

အရောင်ဖျော့သော အနီရောင်အရိပ်ယောင်က ခန့်မှန်းလိုက်သည်။

ဤစကားကိုကြားသော် လုရီ၏ မျက်လုံးများ တောက်ပလာပြီး သူက အရောင်ဖျော့သော အနီရောင်အရိပ်ယောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"စီနီယာ၊ ခင်ဗျား ကံကြမ္မာ အင်မော်တယ်ဘုရင်အကြောင်း အများကြီးသိလို့လား။"

အရောင်ဖျော့သော အနီရောင်အရိပ်ယောင်က

ခပ်ဖွဖွရယ်မောလိုက်သည်။

"အဲ့ဒီလိုတော့လည်း မဟုတ်ပါဘူး၊ ဒါပေမဲ့ အဲ့ဒီတုန်းက စကြဝဠာတစ်ခုလုံးမှာ အင်မော်တယ်ဘုရင်အဆင့် စွမ်းအားရှင်က အဲ့ဒီလောက်ပဲရှိတာ၊ ငါလည်း သူတို့ထဲက တချို့နဲ့ တွေ့ဖူးတယ်၊ ခေါင်းညိတ်ပြရုံလောက်ပဲ သိကျွမ်းတာပေါ့။ ဒါပေမဲ့ ကံကြမ္မာ အင်မော်တယ်ဘုရင်က ကံကြမ္မာမူလဇာစ်မြစ်ကို ကျွမ်းကျင်တဲ့အတွက် သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားက အရမ်းကို ကြောက်စရာကောင်းတယ်၊ အင်မော်တယ်အင်ပါယာအောက်မှာ စွမ်းအားအကြီးမြတ်ဆုံးလို့ ပြောလို့ရတယ်။ သူက အဲ့ဒီခေတ်တုန်းက သိပ်ကို ကျော်ကြားခဲ့တာ၊ ဒါကြောင့် ငါလည်း သူ့အကြောင်း နည်းနည်း ပိုသိတာပေါ့။"

လုရီက နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းအသာညိတ်လိုက်သည်။

"ဒီလိုကိုး။"

ကံကြမ္မာ၏ စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်၊ သူသည် ယခုပင် ကံကြမ္မာကို ထိုးထွင်းမြင်နိုင်နေပြီ ဖြစ်ရာ၊ ကံကြမ္မာမူလဇာစ်မြစ်ကို ကျွမ်းကျင်သော သူအတွက်မူ ပြောစရာပင် မလိုတော့ချေ။ ဖြစ်နိုင်သည်မှာ ကံကြမ္မာ အင်မော်တယ်ဘုရင်သည် အနာဂတ်ကို အမှန်တကယ် ထိုးထွင်းမြင်နိုင်ပြီး တိုက်ပွဲတွင် ပြိုင်ဘက်များ၏ ကံကြမ္မာကို ကြိုတင်မြင်နိုင်ရာ၊ သူသည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေလိမ့်မည်။

ဤသို့တွေးမိသော် လုရီ ရုတ်တရက် ရပ်တန့်သွားပြီး သူ၏စိတ်ထဲတွင် ရဲတင်းသော အတွေးတစ်ခု ပေါ်လာခဲ့သည်။

အကယ်၍ ကံကြမ္မာ အင်မော်တယ်ဘုရင်က ကံကြမ္မာမူလဇာစ်မြစ်ကို ကျွမ်းကျင်ခဲ့လျှင်၊ ကံကြမ္မာကို တာဝန်ယူရသော အင်မော်တယ်ဘုရင်တစ်ပါးအနေဖြင့် သူ ကျိုယိုချီသို့ မသွားခင် သူ၏ ကိုယ်ပိုင်ကံကြမ္မာကို ကြိုတင်မမြင်နိုင်ခဲ့ဘူးလား။

သူ၏ကိုယ်ပိုင်သေခြင်းတရား ကံကြမ္မာကို မြင်တွေ့ပါလျက်နှင့် ကံကြမ္မာ အင်မော်တယ်ဘုရင်က ကျိုယိုချီသို့ စိတ်လိုလက်ရ သွားဦးမည်လော။

ဤသို့တွေးမိသော် လုရီ တုန်လှုပ်သွားသည်။

မူလဇာစ်မြစ်ကိုပင် မကျွမ်းကျင်သေးသော သူပင်လျှင် အန္တရာယ်အချို့ကို ကြိုတင်ခန့်မှန်းနိုင်သေးသည်။ ကံကြမ္မာ အင်မော်တယ်ဘုရင်က ထိုအန္တရာယ်များကို မမြင်နိုင်ခဲ့ဟု သူ မယုံကြည်ပေ။

ကျိုယိုချီကမ္ဘာသည် သူတို့ကမ္ဘာနှင့် လုံးဝကွဲပြားပြီး ကံကြမ္မာကို တိုက်ရိုက်ခွဲခြားသိမြင်ရန် မဖြစ်နိုင်လျှင်ပင်၊ လိုက်နာရန် ခြေရာအချို့တော့ ရှိနေရမည်။

ကံကြမ္မာ အင်မော်တယ်ဘုရင်က တကယ်လို့များဆိုတဲ့ အခြေအနေအတွက် ကြိုတင်ကာကွယ်မှုအချို့ ချန်ထားခဲ့မည်မဟုတ်လော။

ဤမီးအင်မော်တယ်ဘုရင်ပင်လျှင် အမွေအနှစ်တစ်ခု ချန်ထားခဲ့သေးရာ၊ ကံကြမ္မာ အင်မော်တယ်ဘုရင်ကရော။

သူသည်လည်း ကြိုတင်ကာကွယ်မှုများ ချန်ထားခဲ့ရမည်။

အကယ်၍ ချောက်နက်ကြီး အပျက်အစီး တားမြစ်နယ်မြေသည် တစ်ချိန်က ကံကြမ္မာ

အင်မော်တယ်ဘုရင်၏ တာအိုနယ်မြေ အမှန်တကယ်ဖြစ်ခဲ့ပြီး ယခုအခါ စကြဝဠာ တားမြစ်နယ်မြေ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လျှင်၊ ထိုနေရာတွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ရမည်။

လုရီ အတွေးနက်နေစဉ် သူ၏ဘေးမှ အရောင်ဖျော့သော အနီရောင်အရိပ်ယောင်သည်လည်း စဉ်းစားနေခဲ့သည်။

"ဖြစ်နိုင်တာကတော့ ကံကြမ္မာ အင်မော်တယ်ဘုရင်က အဲ့ဒီနေရာမှာ ကြိုတင်ကာကွယ်မှုတွေ ချန်ထားခဲ့ပြီး အဖြစ်အပျက်တစ်ခုခု ဖြစ်ပွားခဲ့တာပဲ။"

သူ့စကားအား လုရီက ခေါင်းအသာညိတ်လိုက်သည်။

"စီနီယာပြောတာမှန်ပါတယ်၊ ဖြစ်နိုင်ရင် ကျွန်တော် အားကောင်းလာတဲ့အခါ ကိုယ်တိုင်သွားကြည့်ရပါမယ်။"

အရောင်ဖျော့သော အနီရောင်အရိပ်ယောင်က ခေါင်းညိတ်ကာ ရယ်မောလိုက်သည်။

"ဟက်ဟက်၊ တခြားတစ်ယောက်ယောက်သာဆိုရင် အင်မော်တယ်ဘုရင်ဖြစ်သွားရင်တောင် ကံကြမ္မာ အင်မော်တယ်ဘုရင် ချန်ထားခဲ့တဲ့ တားမြစ်နယ်မြေကို သွားလည်ဖို့ ငါအကြံမပေးဘူး၊ ဒါပေမဲ့ မင်းကတော့ မတူဘူး။ မင်းက ကံကြမ္မာနိယာမကို ကျွမ်းကျင်နေပြီဆိုတော့ မင်းသာ အင်မော်တယ်ဘုရင်ဖြစ်လာပြီး ကံကြမ္မာမူလဇာစ်မြစ်ကို ကျွမ်းကျင်သွားရင် အဲ့ဒီတားမြစ်နယ်မြေက မင်းအတွက် မင်းရဲ့အိမ်နောက်ဖေး

ခြံဝင်းလိုပဲ ဖြစ်သွားမှာပဲ။"

လုရီက ရယ်မောလိုက်သည်။

"စီနီယာက ကျွန်တော့်ကို မြှောက်ပင့်နေပါပြီ။ တကယ်လို့ အဲ့ဒီအပျက်အစီးက ကံကြမ္မာ အင်မော်တယ်ဘုရင် ချန်ထားခဲ့တာမဟုတ်ဘဲ ကံကြမ္မာမူလဇာစ်မြစ်နဲ့ ဘာမှမဆိုင်ဘူးဆိုရင် အဲ့ဒီအချိန်ကျရင် ဒုက္ခရောက်နေနိုင်တုန်းပဲ။"

"ဟားဟားဟား။"

အရောင်ဖျော့သော အနီရောင်အရိပ်ယောင်က ခဏမျှရယ်မောလိုက်ပြီးနောက် တည်ငြိမ်သွားကာ သူ၏အကြည့်က ကျယ်ပြောလှသော အရောင်ဖျော့သော အနီရောင်နေရာလပ်ကို ဖြတ်သန်းသွားရင်း သူ၏အမူအရာမှာ အတန်ငယ် ညှိုးငယ်သွားသည်။

"နှမြောစရာပဲ... အတိတ်က သူတွေက ပြန်မလာကြတော့ဘူး။"

လုရီနှင့် လျိုနင်ရွှမ်းတို့အဖွဲ့လည်း တစ်ခဏမျှ တိတ်ဆိတ်သွားကြသည်။

ယွင်ရှီးက ညင်သာစွာ နှစ်သိမ့်လိုက်သည်။

"စီနီယာ၊ စိတ်မကောင်းမဖြစ်ပါနဲ့ရှင်"

မကြာမီမှာပင် အရောင်ဖျော့သော အနီရောင်အရိပ်ယောင်သည် သတိပြန်ဝင်လာပြီး သူ၏အကြည့်က လုရီအပေါ်သို့ ကျရောက်ကာ တွေးတောရင်း သက်ပြင်းအသာချလိုက်သည်။

"နှမြောစရာပဲ၊ တကယ်ကို နှမြောစရာပဲ... မင်းတို့ငါးယောက်ထဲမှာ မီးတာအိုကို ကျင့်ကြံတဲ့သူ တစ်ယောက်မှ မပါဘူး၊ မဟုတ်ရင် ငါ့ရဲ့ မူလခန္ဓာကိုယ်က ချန်ထားခဲ့တဲ့ ကျင့်ကြံခြင်းနည်းစနစ်ကို မင်းတို့ကို လက်ဆင့်ကမ်းပေးလို့ရမှာ။"

ဤစကားကိုကြားသော် လျိုနင်ရွှမ်းနှင့် အခြားသူများ၏ မျက်လုံးများ တောက်ပလာပြီးနောက် အနည်းငယ် စိတ်ပျက်သွားကြသည်။

အမှန်ပင် ကျန်းရူယွီသည် ဓားအင်မော်တယ်ခန္ဓာကိုယ်ဖြစ်ပြီး၊ သုန်းကုန်းမင်ယွဲ့က မိုးကြိုးသိုင်းကျင့်ကြံကာ၊ ယွင်ရှီးက သဘာဝတာအိုကို ကျင့်ကြံပြီး၊ လျိုနင်ရွှမ်းက ရေခဲသိုင်းကျင့်ကြံသည်။ မည်သူပင်ဖြစ်စေ သူမတို့သည် မီးတာအိုကို ကောင်းစွာနားမလည်ကြဘဲ၊ အင်မော်တယ်ဘုရင်နည်းစနစ်ကို ရရှိခဲ့လျှင်ပင် ကျင့်ကြံနိုင်မည်မဟုတ်ပေ။

ကျင့်ကြံခြင်းနည်းစနစ်၏ အဆင့်မြင့်လေ၊

တာအိုကို နားလည်နိုင်စွမ်း ပိုမိုလိုအပ်လေဖြစ်သည်။ မီးတာအိုကို နားလည်မှုမရှိလျှင် အင်မော်တယ်ဘုရင်နည်းစနစ်ကို လုံးဝနားလည်နိုင်မည်မဟုတ်ပေ။

သို့သော် လုရီကမူ အလေးမထားဟန်ဖြင့် ခပ်ဖွဖွပြုံးလိုက်သည်။

"စီနီယာ၊ ကျွန်တော် ကျင့်လို့ ရမယ်ထင်တယ်။"

အရောင်ဖျော့သော အနီရောင်အရိပ်ယောင်မှာ ကြက်သေသေသွားပြီး လုရီကို ကြည့်ကာ အနည်းငယ် နားမလည်နိုင်စွာဖြင့်

ပြောလာသည်။

"မိတ်ဆွေငယ်၊ မင်းက ကံကြမ္မာလမ်းစဉ်ကို ကျင့်ကြံတာ၊ ငါ့ရဲ့ မူလခန္ဓာကိုယ်ရဲ့ ကျင့်ကြံခြင်းနည်းစနစ်ကို မင်းကို လက်ဆင့်ကမ်းပေးရင်တောင် မင်း ကျင့်ကြံနိုင်မှာမဟုတ်ဘူး၊ မင်းက မီးလျှံနိယာမရဲ့ အသေးစား အောင်မြင်မှု

နယ်ပယ်ကို ရောက်မှသာ ငါ့ရဲ့ မူလ ခန္ဓာကိုယ် ချန်ထားခဲ့တဲ့ ကျင့်ကြံခြင်း နည်းစနစ်ကို နားလည်နိုင်မှာ။"

All Chapters