လေ့ကျင့်ရန် အသုံးချခြင်း
Vol. 152 Ch. 2157
အများစုသည် ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရပေသည်။ အခြားလူများကို မဆိုထားနှင့် သွမ့်ချုံးသည်ပင် လေဟာနယ်အတွင်း ပေါ့ပေါ့ပါးပါး လျှောက်ဝင်သွားသော ရီဖူရှင်းကြောင့် မျက်လုံးပြူးကာ ပါးစပ်များ ပွင့်ဟသွားလေသည်။
မုယွင်လန်က ရီဖူရှင်းထက် အရှေ့မှ ဝင်ရောက်သွားလျှင်ပင် သူသည် ခက်ခဲမှုအချို့ ရှိနေကာ လေဟာနယ်အတွင်း အတော်လေး သတိထား၍ ဝင်ရောက်ရခြင်း ဖြစ်ပေသည်။ သို့သော် ရီဖူရှင်းက အပြင်ဘက်လောကနှင့် မကွာခြားသကဲ့သို့ လေဟာနယ်အတွင်း လမ်းလျှောက် ဝင်သွားခဲ့သည်။
ဤမြင်ကွင်းက အလွန် ပဟေဠိ ဖြစ်စေပေသည်။
"သူက လေဟာနယ်မဟာလမ်းစဥ်နဲ့ ကောင်းချီးပေးခံထားရရင်တောင် သူ လုပ်ဆောင်သွားတာ အရမ်း ရိုးရှင်းမနေဘူးလား။" တစ်စုံတစ်ယောက်က မယုံမကြည်ပြောလိုက်သည်။
"ကျုပ်လည်း ကြိုးစားကြည့်ချင်တယ်။" နောက်တစ်ယောက်က ပြောလိုက်သည်။ အမှန်တကယ်ပင် ရီဖူရှင်းက ထိုမျှ လွယ်ကူစွာ လမ်းလျှောက်ဝင်သွားသည်ကို ကြည့်ရင်း အများစုက ကြိုးစားချင်စိတ် ပြန်ပေါ်လာကြသည်။ သို့သော် ၎င်းသည် တစ်စုံတစ်ယောက် သင်ခန်းစာရသွားစေရန် သိပ်မကြာမြင့်ခဲ့ပေ။ သူက လုံလောက်အောင် မလျင်မြန်ခဲ့ပါလျှင် နေရာ၌ပင် သေဆုံးသွားရပေလိမ့်မည်။
ဤသည်မှာ လူအများအတွက် အမှန်တကယ် ဇဝေဇဝါ ဖြစ်စေသည်။ မည်သည့်အတွက်ကြောင့် ရီဖူရှင်းက ၎င်းကို လုပ်ဆောင်ရန် ထိုမျှ လွယ်ကူပါသော်လည်း သူတို့က ကြိုးစားကြည့်ရုံနှင့်ပင် အသက်ဆုံးရှုံးလုနီးနီးဖြင့် အဆုံးသတ်ခဲ့ရသည်လဲ။
ရီဖူရှင်းနှင့် ရင်းနှီးသူများကသာ ၎င်းကို သာမန်ဟု တွေးကြခြင်း ဖြစ်သည်။ သူတို့က ၎င်းကို မျှော်မှန်းထားပြီး ဖြစ်သကဲ့သို့ အံ့သြခြင်း မရှိပုံရလေသည်။
"သူနဲ့ မုယွင်လန် နှစ်ယောက်လုံး ဝင်သွားကြပြီ။ သူတို့နှစ်ယောက် အထဲမှာ တိုက်ခိုက်ကြမှာလား။" တစ်စုံတစ်ယောက်က ရုတ်တရက် အသံတိုးတိုးနှင့် မေးလိုက်သည်။ အခြားသူများ အားလုံးသည်လည်း ရီဖူရှင်းနှင့် မုယွင်လန်တို့က ရန်ငြိုးရန်စများ ရှိကြပြီး မကြာသေးခင်ကပင် အပြင်ဘက်၌ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြကြောင်း သတိရလိုက်ကြသည်။
ထို့အပြင် ယခု ရီဖူရှင်းက မုယွင်လန် ဝင်သွားပြီးနောက် လိုက်ဝင်သွားခြင်း ဖြစ်သည်။ ထိုသည်မှာ သူက တစ်ဖန် အရိုက်ခံရန် မေးနေခြင်းနှင့် တူသည် မဟုတ်ပါလား။
"အစောပိုင်းတိုက်ခိုက်မှာ နန်ဟိုင်မိသားစုနဲ့ မုယွင်လန်က အသာစီးမရခဲ့ဘဲ ထိန်းသိမ်းရမှာတွေ ရှိတာကြောင့် မုယွင်လန်က ရီဖူရှင်းကို တကယ် ဘာမှ မလုပ်ဝံ့ခဲ့ဘူး။ မဟုတ်ရင် အပြင်ဘက်လောကမှာ ဘာတွေဖြစ်မယ်ဆိုတာ ဘယ်သူမှ သိမှာ မဟုတ်ဘူး။" နောက်တစ်ယောက်က ပြောလိုက်သည်။ လူအများစုက သဘောတူလိုက်ကြ၏။ အစောပိုင်း အပြင်ဘက်မှ တိုက်ပွဲကို မြင်တွေ့ခဲ့သော လူတိုင်းသည် ထိုတိုက်ခိုက်မှုတွင် ရီဖူရှင်းနှင့် လေးမျက်နှာကျေးရွာမှ လူများ အသာစီးရခဲ့ကြောင်း သေချာသိရှိကြပေသည်။ မုယွင်လန်က ရီဖူရှင်းအား ထိုနေရာ၌ သတ်ဖြတ်ရန် ကြိုးစားခဲ့လျှင် ဤနေရာမှ မျက်မမြင်ထျယ်အား မည်သူမှ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
ရီဖူရှင်းသည်လည်း ၎င်းကို ကောင်းစွာ နားလည်ပေသည်။ သူ ထိုလေဟာနယ်အား ဝင်ရောက်ပြီးနောက် မတူခြားနားသော လောကတစ်ခုသို့ ရောက်သွားကြောင်း ခံစားမိပေသည်။ အပြင်ဘက်မှ ကြည့်ခြင်းနှင့် အတွင်းဘက်သို့ ရောက်လာရသည့် ခံစားချက်နှစ်ခုက သူ့ကို မတူကွဲပြားသော ခံစားချက်အား ပေးစွမ်းပေသည်။
သူက ယခု မတူကွဲပြားသော လေဟာနယ်လောကအတွင်း အပြည့်အဝ ရောက်ရှိသွားကြောင်း ခံစားမိပေသည်။ ၎င်းသည် အလွန် စစ်မှန်လှပြီး ပုံရိပ်ယောင်နယ်မြေမဟုတ်သလို လေဟာနယ်နယ်မြေလည်း မဟုတ်ပေ။ ဤနေရာသည် အတိတ်မှ ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ဦး ကျင့်ကြံခြင်းအတွက် အသုံးပြုခဲ့သော နေရာတစ်ခု ဖြစ်သည်။
ဤနေရာအတွင်း အဆောက်အဦးအားလုံးသည် သန့်စင်သော အဖြူရောင် ဖြစ်ပြီး ကျောက်စိမ်းဖြူနှင့် ထွင်းထားသလို ထင်မှတ်ရပေသည်။ အဖြူရောင်ကျောက်စိမ်းတိုင်များက ကောင်းကင်သို့ ရောက်သည့်တိုင် မြင့်မားလှပြီး ဤနေရာကို တိမ်များသို့တိုင် ရောက်အောင် ထောက်ပံ့ပေးထားသည်။
သူရှေ့မှ လှပသော မြင်ကွင်းက သူ့ကို ကောင်းကင်နန်းတော်သို့ ရောက်သွားသလို ခံစားမိစေပေသည်။ တုန်းဟွာနယ်မြေသခင်၏ တုန်းဟွာနန်းတော်သည်ပင် ဤမျှ မခမ်းနားပေ။ ၎င်းသည် ရီဖူရှင်းအား ဤနေရာက နတ်ဘုရားကဲ့သို့ ပုဂ္ဂိုလ်အချို့ ကျင့်ကြံရာနေရာဖြစ်ကြောင်း ပိုမို ယုံကြည်လာစေသည်။ ချန်းယွမ်ကုန်းမြေ၏ အုပ်ချုပ်သူက သူ ကျင့်ကြံခဲ့သည့်နေရာအား ချိပ်ပိတ်ထားခဲ့သောကြောင့် ၎င်းက ယနေ့ထိတိုင် ဖျက်ဆီးမခံရဘဲ ကျန်ရှိနေခြင်း ဖြစ်ပေသည်။
ရီဖူရှင်း၏ နှလုံးသားထဲ၌ ပိုမို တည်ငြိမ်လာပြီး ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ သို့သော် တစ်စုံတစ်ယောက်က သူ့ရှေ့၌ တိတ်ဆိတ်စွာ ရပ်နေပြီး သူ့အား ပြန်လှည့်ကြည့်လိုက်သည်။ ထိုသူမှာ အစောပိုင်းက ဝင်လာခဲ့သော မုယွင်လန်ပင် ဖြစ်လေသည်။ သူသည် သူ့နောက်မှ ရီဖူရှင်း လိုက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သို့သော် သူက ရီဖူရှင်း ဤနေရာသို့ ရောက်နေသည်အား မြင်ရလျှင်ပင် အကြည့်များထဲ၌ အပြောင်းအလဲမှ ရှိမနေချေ။ သူသည် အချို့သော အေးစက်မှုများနှင့် ရီဖူရှင်းအား ကြည့်ကာ စိမ်းသက်သည့် အသံနှင့် ပြောလိုက်သည်။ "ကျုပ်က မင်းကို လှုပ်လို့ မပြောရင် မင်း အဲဒီမှာ ရပ်နေပြီး မလှုပ်ဘဲ နေသင့်တယ်။"
ထို့နောက် သူက ရှေ့သို့ စတင် လျှောက်လှမ်းသွားခဲ့သည်။ သူ၏ အသံက မေးခွန်းထုတ်ရန် မဖြစ်နိုင်သလို သြဇာပြည့်ဝနေပြီး သူက ရီဖူရှင်းအား ထိုနေရာ၌ ရပ်နေရန် အမိန့်ပေးကာ လှုပ်ရှားရန် ခွင့်မပြုပေ။
ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူသည် မုယွင်လန်က သူ့ကို မည်သို့မှ မလုပ်ရဲကြောင်း သိထားသော်လည်း မုယွင်လန်၏ ပင်ကိုစရိုက်က ထိုမျှ မထီလေးစားနိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူက ဤနေရာသို့ ရောက်လာခဲ့သော်လည်း မုယွင်လန်က သူ့ကို လှုပ်ရှားရန် ခွင့်မပြုခဲ့ချေ။
ရီဖူရှင်းက ခြေထောက်ကို မြှောက်ကာ ရှေ့သို့ စတင်လှမ်းလိုက်သည်။ သို့သော် သူ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် မုယွင်လန်ကလည်း လမ်းလျှောက်နေရင်းမှ ရပ်တန့်သွားသည်။ သူ့ထံမှ မဟာလမ်းစဥ် စွမ်းအားတို့ သယ်ဆောင်ထားသည့် ရွှေရောင်နတ်အလင်းတို့ ထွက်ပေါ်လာပေသည်။
ဝုန်း...
ရုတ်ချည်းပင် ရွှေရောင်ပုံရိပ်တစ်ခုက ရီဖူရှင်းအရှေ့တွင် ပေါ်ပေါက်လာသည်။ ရွှေတောင်ပံနတ်ငှက်ကြီးက ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ထံသို့ ရက်စက်ကြမ်းကြုတ်စွာ တိုးဝင်လာလေသည်။ ၎င်းက ကြီးမားသည့် တောင်ပံကို တဖျတ်ဖျတ်ခတ်ကာ လေထုအား ဖြတ်၍ ရီဖူရှင်းဆီသို့ ထိုးဝင်လာပေသည်။
ရီဖူရှင်းက ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး အစောပိုင်း သူရပ်နေသည့် နေရာမှ ပျောက်ကွယ်သွားကာ မတူညီသည့် နေရာ၌ ထွက်ပေါ်လာသည်။ သို့သော် မကြာခင်၌ သူသည် မျက်စိတစ်မှိတ်အတွင်း များပြားလှသော ပုံရိပ်ယောင်များက သူ့ရှေ့တွင် ပေါ်ပေါက်လာကြောင်း သတိပြုမိလိုက်ပေသည်။ ပုံရိပ်တစ်ခုချင်းစီက အလွန် စစ်မှန်ပုံရကာ ကြောက်မက်ဖွယ် ကောင်းလှသည့် အရှိန်အဝါနှင့် သူ့ထံ တစ်ချိန်တည်း ရောက်ရှိလာပေသည်။ သူတို့က ဤလေဟာနယ်ကို လွှမ်းမိုးထားပြီး သူ့အတွက် ထွက်ပြေးရန် နေရာမရှိတော့သလို ထင်မှတ်ရပေသည်။
ထိုအချိန်၌ ရီဖူရှင်း၏ ရှေ့တွင် အလွန် ကြီးမားသော ဥဒေါင်းပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ၎င်းသည် သူ့ခန္ဓာကိုယ်မှ မရေတွက်နိုင်သော အလင်းတန်းများကို ထုတ်လွှတ်နေပြီး ရွှေတောင်ပံငှက်ကြီး၏ ပုံရိပ်ယောင်များကို တိုက်ခိုက်လိုက်သည်။ သို့သော် ၎င်းတို့က ရွှေတောင်ပံနတ်ငှက်များ၏ တိုက်ခိုက်မှုကို မဆန့်ကျင်နိုင်ပေ။
ရီဖူရှင်းသည် သူ၏ လှံရှည်အား ထုတ်ယူလိုက်ပြီး ရွှေတောင်ပံနတ်ငှက်၏ ထက်ရှသော ခြေသည်းများနှင့် တိုက်ခိုက်မှုကို ဟန့်တားတိုက်ခိုက်ရန် အသုံးပြုလိုက်သည်။ ၎င်းသည် ဓားသွားကဲ့သို့ ထက်ရှလှသော ခြေသည်းများကို အသုံးပြု၍ လှံရှည်အား ဆွဲယူကာ အခြားပုံရိပ်ယောင်များက အခြားနေရာမှ ဆက်လက်တိုက်ခိုက်လာသည်။
ဥဒေါင်းပုံရိပ်က စူးရှလှသော နတ်အလင်းတို့ကို ထုတ်လွှတ်လာသည်။ ၎င်းသည် မရေတွက်နိုင်သော မျက်လုံးများမှ တစ်ချိန်တည်း ထွက်ပေါ်လာသလို ဖြစ်သော်လည်း ၎င်းထံ တိုးဝင်လာနေသည့် ကောင်းကင်တစ်ခွင် လွှမ်းခြုံထားသော တိုက်ခိုက်မှုများကို ဆန့်ကျင်နိုင်ခြင်း မရှိနေဆဲပင် ဖြစ်သည်။
ဘန်း...
ကျယ်လောင်သော အသံနှင့်အတူ ရီဖူရှင်းက ကန်အားကြောင့် ပျံသန်းသွားကာ အဝေးသို့ လွင့်စင်သွားလေသည်။ ထိုအချိန်၌ အားလုံးသော ပုံရိပ်များက ပျောက်ကွယ်လာကာ တစ်ခုတည်းအဖြစ် ပြောင်းလဲသွားပြီး မုယွင်လန်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့သည်။ ထိုခေါင်းမာသော မျက်လုံးများထဲ၌ သွေးအေးအေးနှင့် သတ်ဖြတ်လိုသော ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့သည်။
ရီဖူရှင်းအား သူ အခု သတ်ပစ်၍ မရနိုင်သောကြောင့်သာ မဟုတ်လျှင် သူက ထိုလူကို ချက်ချင်း စုတ်ဖြဲဖျက်ဆီးပစ်ပေလိမ့်မည်။
"အဆင့်ရှစ်စွမ်းအား။"
ရီဖူရှင်း၏ ကိုယ်ပေါ်မှ အရှိန်အဝါက အနည်းငယ် တုန်ရီနေပြီး သူက အရှေ့မှ မုယွင်လန်ကို မော့ကြည့်လိုက်သည်။ မုယွင်လန်သည် ပြီးပြည့်စုံသော အဆင့်ရှစ်ရန်ဟောင်ဖြစ်ပြီး သူက အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်တာကြောင့် သူက အလွန် ပြိုင်ဘက်ကင်းပြီး ရီဖူရှင်း၏ အဆင့်သည် သူနှင့် အလွန် ကွာခြားနေပေသည်။ သာမန်အဆင့်ရှစ်ရန်ဟောင်နှင့် ရင်ဆိုင်ရာတွင် သူ့အတွက် ပြဿနာမရှိဘဲ အသာစီးပင် ရနိုင်ပေသည်။ သို့သော် မုယွင်လန်က လေးမျက်နှာကျေးရွာမှ ဖြစ်ကာ ဉာဏ်အလင်းပွင့်မှုကို တွေ့ကြုံဖူးသည်။ သူ့ကဲ့သို့ အဆင့်ငါးရန်ဟောင်တစ်ပါးက မုယွင်လန်အား အနိုင်ယူရန် အမှန်တကယ် ခက်ခဲပေလိမ့်မည်။
အပြင်ဘက်မှ ကြည့်နေကြသော လူတိုင်းက တိုက်ပွဲကို စောင့်ကြည့်နေရင်း မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။ မုယွင်လန်က ရီဖူရှင်းအား အလေးအနက် တိုက်ခိုက်ရန် ကြိုးစားနေသည်လား။
သို့သော် မုယွင်လန်က ရီဖူရှင်းကို အမှန်တကယ် သတ်ဖြတ်ရန် ရည်ရွယ်မနေပေ။ ကိစ္စအများအပြားကို ချင့်တွက်၍ သူက လွန်လွန်ကျူးကျူး မလုပ်ဆောင်ရဲချေ။ သို့သော် သူတို့ မြင်နိုင်သည်မှာ မုယွင်လန်သည် ရီဖူရှင်းအား ရည်ရွယ်ချက်ရှိရှိ ရပ်တန့်ကာ ထိုလေဟာနယ်အတွင်းက မည်သည့်အရာကိုမှ ရှာဖွေမတွေ့ရှိစေရန် လုပ်ဆောင်နေသည်။
မျက်မမြင်ထျယ်က အထဲ၌ ဖြစ်နေသည်များကို မမြင်နိုင်သလို မခံစားနိုင်သော်လည်း သူ၏ နားများက အကောင်းအတိုင်း ရှိနေသေးသည့် အတွက်ကြောင့် အခြားလူများ၏ ဆွေးနွေးမှုကို ကြားနိုင်ပေသည်။ သူ့ အမူအရာက အေးစက်သွားကာ နန်ဟိုင်မိသားစုတန်ခိုးရှင်များ ရပ်နေသည့် နေရာသို့ စတင် လျှောက်သွားခဲ့၏။ နန်ဟိုင်ချင်းနှင့် အခြားလူများသည် ချက်ချင်း သတိအနေအထားဖြစ်သွားကာ မျက်မမြင်ထျယ်က ဤနေရာသို့ လာ၍ လက်စားချေမည်ကို စိုးရိမ်သွားကြသည်။
"ငါ့ကို ထပ်ကာတလဲလဲ ပြောရအောင် မလုပ်နဲ့။" မုယွင်လန်က ရန်လိုစွာ ပြောလိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။ သူက တိုက်ခိုက်မှုတလျှောက်လုံး မလှုပ်ရှားဘဲ ရပ်နေသလို ထင်မှတ်ရပေသည်။
"ဒါပေမယ့် ကျုပ်က အဆင့်ရှစ် ရွှေရောင်နတ်ငှက်ကောင်းကင်ခွင်းနည်းစနစ်ကို နားလည်ချင်တယ်လေ။" ရီဖူရှင်းက မုယွင်လန် ပြောသမျှကို လျစ်လျူရှုကာ ရှေ့ဆက်လျှောက်သွားခဲ့သည်။ မဟာလမ်းစဥ် လေပြင်းက သူ့ ခန္ဓာကိုယ်မှ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာနေပြီး မရေတွက်နိုင်သော နတ်အလင်းတန်းများလည်း ထိုးထွက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အသက်စွမ်းအားများနှင့် ပြည့်နှက်နေသည်။
သူက ပြီးပြည့်စုံသော အဆင့်ရှစ် မဟာလမ်းစဥ်နှင့် မုယွင်လန်အား တိုက်ခိုက်နိုင်စွမ်း မရှိလျှင်ပင် မုယွင်လန်အား သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို သွေးဖို့ရာ ဓားသွေးကျောက်အဖြစ် အသုံးပြုရန် စိတ်မရှိပေ။ တုန်းဟွာနယ်မြေမှ မထွက်ခွာခင် သူသည် နယ်မြေမှ အစွမ်းဆုံး ပါရမီရှင် နင်ဟွာကလည်း အဆင့်ရှစ်သို့ ရောက်နေပြီဟု သူ ကြားခဲ့ရပေသည်။
နင်ဟွာဖြစ်စေ မုယွင်လန်ဖြစ်စေ အနာဂတ်၌ သူ အနှေးနှင့်အမြန် ရင်ဆိုင်ရမည့် ပြိုင်ဘက်များ ဖြစ်ကြပေသည်။ ထို့ကြောင့် သူ၏ စွမ်းရည်များကို ပိုမို ပြည့်စုံလာအောင် သွေးနိုင်မည့် အခွင့်အရေး ရလာသည်မှာ အမှန်တကယ် ရှားပါးသော အခွင့်အရေးတစ်ခု မဟုတ်ပါလား။
ကြီးမားလှသည့် ဖိအားပမာဏက လေဟာနယ်အတွင်း ပြည့်နှက်သွားသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်က ထိုဖိအားအလယ်၌ ရှိနေပြီး သူ့ အနီးတွင် မရေတွက်နိုင်သော ကြယ်များနှင့် ကြယ်စင်ကမ္ဘာတစ်ခု ဖြစ်ပေါ်လာ၏။ တောက်ပသော အဖြူရောင်လတစ်စင်းက အေးစိမ့်သော လေများ ထုတ်လွှတ်နေပြီး အနီးရှိ လေဟာနယ်ကို အေးခဲသွားစေပေသည်။
မုယွင်လန်၏ ခန္ဓာကိုယ်က လေထဲသို့ မြောက်တက်သွားကာ အလွန် တောက်ပသော ရွှေတောင်ပံခွန်ပန်ငှက်က သူ့ခန္ဓာကိုယ်ထက် ပေါ်ပေါက်လာသည်။ သူ့အကြည့်များက ရီဖူရှင်းထံ ရောက်ရှိသွားကာ သူ၏ သတ်ဖြတ်လိုသော ဆန္ဒက အထွတ်အထိပ် ရောက်လာသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်ရန် အကောင်းဆုံး ကြိုးစားနေပေသည်။
ဝှစ်.. ဝှစ်...
ရွှေတောင်ပံနတ်ငှက်ကြီးက အလင်းတန်းကဲ့သို့ ထိုးထွက်လာပြီး လှပသည့် ဓားတစ်လက် ဖြစ်လာပုံရလေသည်။ ဤ ရွှေရောင်ဓားကဲ့သို့ ငှက်က လေကို ထိုးခွင်းကာ ရီဖူရှင်းထံ ပြင်းထန်စွာ တိုးဝင်သွားခဲ့၏။ ရွှေတောင်ပံငှက်များစွာက ၎င်းကို ဝန်းရံထားပြီး ၎င်းတို့ လမ်းရှိ အရာအားလုံးကို ချေမှုန်းပစ်ရန် ဆုံးဖြတ်ထားသလိုပင် ဖြစ်သည်။
ရီဖူရှင်းက သူ၏ နတ်အာရုံကို ဖြန့်ကျက်လိုက်ပြီး အေးစက်သော လမင်းမှ နတ်အလင်းက ဒဏ္ဍာရီငှက်များပေါ် လွှမ်းခြုံသွားပြီး သူတို့၏ အရှိန်ပေါ် သက်ရောက်သွားသော်လည်း ၎င်းတို့ကို ဖျက်ဆီးနိုင်စွမ်း မရှိခဲ့ပေ။
တစ်ချိန်တည်းမှာပင် သူက လက်ကို မြှောက်ကာ အောက်သို့ ရိုက်ချလိုက်သည်။ ကြယ်များအားလုံးက ချက်ချင်းပင် ကောင်းကင်မှ အရှိန်အဟုန်နှင့် ကြွေဆင်းလာပြီး ငှက်များထံ တိုးဝင်လာပေသည်။
ဘန်း... ဘန်း... ဘန်း...
၎င်းတို့ သက်ဆင်းလာသည်နှင့် စွမ်းအား အားလုံးက ပြိုကွဲသွားပြီး ရွှေရောင်နတ်ငှက်များက ရီဖူရှင်းထံသို့ ပျံသန်းလာသော်လည်း သူတို့၏ ခွန်အားက အများကြီး လျော့ပါးသွားပေသည်။
ရီဖူရှင်း၏ ရှေ့၌ လေဟာနယ်တံခါးများစွာ ပေါ်ပေါက်လာပြီး ထိုဓားကဲ့သို့ ငှက်များထံ ဦးတည်သွားလေသည်။ ရွှေတောင်ပံငှက်များမှ ဖန်တီးထားသော နတ်ဓားများက တံခါးများကို ချိုးဖျက်ဝင်ရောက်သွားကာ ၎င်းတို့ကို ပျက်စီးသွားစေသော်လည်း လှံရှည်တစ်လက်က ထိုနတ်ငှက်၏ ဓားများကို တားဆီးကာ တိုက်ခိုက်မှုကိုလည်း တားဆီးလိုက်သည်။
သို့သော် တစ်ချိန်တည်းမှာပင် အားကောင်းသော လေပွေက စတင် အော်မြည်လာပြီး ကြီးမားသည့် ငှက်ကြီးက ကောင်းကင်မှ ထိုးဆင်းလာကာ ရီဖူရှင်းထံ တည့်မတ်စွာ တိုးဝင်လာသည်။ ရီဖူရှင်း၏ နောက်မှ ဥဒေါင်းပုံရိပ်က အလွန် တောက်ပသော မိစ္ဆာနတ်ဘုရားအလင်းတို့ကို ထုတ်လွှတ်နေခဲ့သည်။ နှိုင်းယှဥ်မရအောင် ကြီးမားလှသော ဥဒေါင်းက ကောင်းကင်သို့ တက်သွားကာ ထိုးဆင်းလာသော နတ်အလင်းတို့နှင့် ထိပ်တိုက်တွေ့ဆုံသွားလေသည်။
ဘုန်း...
ရီဖူရှင်းက ကန်အားကြောင့် တစ်ဖန် လွင့်စင်သွားကာ ညည်းညူသံတစ်ခု ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ သွေးစွမ်းအားများက အော်မြည်နေသော်လည်း သူသည် အသက်ရှုနှုန်းကို အလျင်အမြန် ပြန် ထိန်းညှိလိုက်သည်။ သူက လက်ထဲတွင် လှံရှည်ကို ကိုင်စွဲထားကာ မုယွင်လန်ထံ ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် တိုက်ခိုက်ရန် စိတ်အားထက်သန်မှုတို့နှင့် တောက်လောင်နေခဲ့သည်။
မုယွင်လန်က ရီဖူရှင်းကို စိုက်ကြည့်လိုက်ပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်မှ တိုက်ပွဲ စိတ်အားထက်သန်မှုတို့အား ခံစားမိပေသည်။ ရီဖူရှင်းသည် သူ့ကိုယ်သူ လေ့ကျင့်ရန် သူ့အား အသုံးချနေခြင်း ဖြစ်ကြောင်း ခံစားမိသည်။ သူ၏ ခြိမ်းခြောက်မှုက ရီဖူရှင်းအတွက် မည်သည့် အဓိပ္ပါယ်မှ မရှိသည်ကို သိရှိပေသည်။ မုယွင်လန်က ရီဖူရှင်းအား မည်သို့မှ မလုပ်ရဲသည်ကို သူတို့နှစ်ယောက်လုံး ကောင်းစွာ သိရှိကြသည့်အတွက် ရီဖူရှင်းက မုယွင်လန်၏ တိုက်ခိုက်မှုကို အသုံးချ၍ သူ့ တိုက်ခိုက်မှုစွမ်းရည်ကို သွေးရန် ကြိုးစားနေခြင်း ဖြစ်ပေသည်။
၎င်းကို သတိပြုမိသည့်အခါ မုယွင်လန်၏ အမူအရာက ပို၍ပင် မည်းမှောင်လာပြီး သတ်ဖြတ်ချင်စိတ်က ပိုမိုပြင်းထန်လာခဲ့သည်။ သို့သော် သူက အပြင်ဘက်မှ အခြေအနေကိုလည်း ထည့်သွင်းစဥ်းစားရန် လိုသည်။ ကြောက်မက်ဖွယ် နတ်အလင်းတန်းများက ကျဆင်းလာပြီး သူသည် ရီဖူရှင်းအား ထိုနေရာ၌ ချက်ချင်း သေသွားစေရန် ဆုတောင်းမိပေသည်။ သို့ပေမယ့် သူက ထိုသို့ မလုပ်နိုင်ပေ။
မုယွင်လန်က လှည့်ကာ ထွက်သွားခဲ့၏။ သူက လေဟာနယ်အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဆက်လျှောက်သွားခဲ့ပြီး ရီဖူရှင်းအား ဟန့်တားရန် အလုပ်ရှုပ်မခံနေတော့ပေ။ သူသည် ထိုသို့လုပ်ရန် အဓိပ္ပါယ်မရှိသည်ကို သိရှိပြီး ထို့အစား သူက ရီဖူရှင်း အကျိုးအမြတ်ရအောင် လုပ်ဆောင်ပေးနေသလို ဖြစ်ပေလိမ့်မည်။
ရီဖူရှင်းသည် အလွန် နှမြောဖွယ်ကောင်းသည်ဟု ခံစားမိပေသည်။ ဤအဆင့် ပြိုင်ဘက်မျိုးက ရှာတွေ့ရန် အလွန် ခက်ခဲလှသည်။ သာမန်အဆင့်ကိုး ရန်ဟောင်တစ်ယောက်က သူ့ပြိုင်ဘက် မဖြစ်နိုင်ပေ။ သို့သော် မုယွင်လန်သည် ရီဖူရှင်းက ထိုသို့ လုပ်ရန် ကြိုးစားနေသည်ကို သတိပြုမိကာ ဆုံးဖြတ်ချက် ပြတ်သားစွာ ထွက်သွားခဲ့လေသည်။
***