Chapters

နာမည်ကြီးခြင်း ၃

Vol. 14 Ch. 196

နာမည်ကြီးခြင်း ၃

Vol. 14 Ch. 196

~

" ကောင်းဟောက်ရန်ဆိုတာ ဘယ်ကကောင်လဲ.. "

" ငါသိတယ်.. ငါသိတယ် .. ပထမနှစ် လက်ရွေးစင် အတန်းထဲကလေ.. လင်းမို့ ကြောင့် ဝင့်ခွင်အာမခံရထားတဲ့ ကောင်ပဲ.. ဝံပုလွေအသိုက်ထဲက ဟက်စကီးလေး.. "

" အဲ့တာဆို သူဘာလို့ အဆင့် ကောင်းနေတာလည်း .."

" အဲ့ကောင် Black Earth ရဲ့ပေါင်ကို ဖက်လိုက်နေတာတဲ့. မနေ့ညက Black Earth နဲ့ အတူတူဆော့လို့ အမှတ်ဒီလောက် များနေတာ.. "

" အဲ့လို လုပ်လို့ ရတယ်လား.. "

" အဲ့ကောင်လုပ်နည်းက သောက်ရမ်းမိုက်တယ်.. "

" ဟီးဟီး ငါတို့ ကျောင်းက ထိပ်တန်းပါရမီရှင်တွေတော့ ခေါင်းကို ခွေးနင်းခံလိုက်ရပြီ.. "

" တော်ပြီ အဲ့ကောင်အကြောင်း အရေးလုပ်ပြောမနေတော့ဘူး.. အချိန်တန်ရင် အဆင့်စာရင်းက ပြန်ပျောက်သွားလိမ့်မယ်.. အမှိုက်က အမှိုက်ပဲ.. "

" ဒါပင်မဲ့ သူ့နာမည်ကို တစ်နိုင်ငံလုံး သိသွားပြီလေ.. "

​ကျောင်းဖိုရမ် တစ်ခုလုံး ဟောက်ရန်က ရှုံ့ချသူများနှင့် ပြည့်နေ၏ ။

**

လီကျားရွှမ်သည် မနက်စာ စားနေစဥ် ရှားနိုင်ငံ အဆင့်သတ်မှတ်ချက်ပေါ်ရှိ ဟောက်ရန်၏ နာမည်အား တွေ့လိုက်ရ၏ ။ သူ သောက်လက်စ ပဲနို့ သီးသွားလေသည် ။

" ဖူးးး.. ဘာလို့လဲ.."

သူ သတင်းလျောက်ဖတ် ကြည့်လိုက်ရာ ဟောက်ရန်က Black Earth ၏ ပေါင်ကို ဖက်ထားကြောင်း သိလိုက်ရသည် ။ သူချက်ချင်း ဖုန်းထုတ်၍ ဟောက်ရန်ဆီသို့ ဆက်လိုက်၏ ။

" အကိုရန် မနက်စာ စားပြီးပြီလား.. "

" ဘာ လိုချင်လို့လဲ.. "

ဟောက်ရန်က လီကျားရွှမ်၏ အသံကြားသည်နှင့် တစ်ခုခု တောင်းဆိုတော့မည်မှန်း သိလိုက်သည် ။

" အကိုရန်.. ငါ့ကိုပါ ခေါ်​ဆော့ဖို့ Black Earth ကိုပြောပေးပါလား.. "

လီကျားရွှမ်က ရယ်လိုက်ပြီး...

" သုံးပွဲ.. သုံးပွဲကြက်သား ဆက်တိုက်စားရရင် ကျေနပ်ပြီ.. "

လီကျားရွှမ်သည် ကြွားခွင့် ရမည့် အခွင့်အရေးကို လက်လွှတ်မခံချင် ။

" ငါမင်းကို မနေ့ညက ခေါ်တယ်လေ.. မင်းမှ မလာချင်တာ.. "

ဟောက်ရန်က အထင်သေးဟန်ဖြင့်...

" မနေ့ကမလာမှ​တော့ ဒီနေ့လည်း လာမနေနဲ့.. "

သံတိုင်လေးရပ် ခင်မင်မှုအား မျက်ကွယ်ပြု၍ ဟောက်ရန်က ဖုန်းချပစ်လိုက်သည် ။

**

ဟောက်ရန်သည် ကျောင်းဖိုရမ် တစ်ခုလုံး သူ့အား ရှုံ့ချနေသည်ကို သိသော်လည်း ဂရုမစိုက်ချေ ။ ယခုအရေးကြီးဆုံးမှာ လင်းမို့အား ကြွားရရန်ပင် ။

ဟောက်ရန်တစ်ယောက် မနက်မှ ညအထိ ထိုင်စောင့်လိုက်ရသည် ။

လင်းမို့က ညမှောင်မှ မြေဆွဲအားခန်းထဲမှ ထွက်လာ၏ ။

" အကိုမို့.. အကိုမို့.. "

ဟောက်ရန်က စိတ်လှုပ်ရှားစွာ နှုတ်ဆက်လိုက်ပြီး...

" ငါ့မှာ မင်းမယုံနိုင်လောက်တယ့် သတင်းတစ်ခုရှိတယ်.. "

လင်းမို့က ဟောက်ရန်ကို အဓိပ္ပါယ် အပြည့်ဖြင့် ကြည့်လိုက်သည် ။ သူ ဟောက်ရန်ပြောသည်ကို သိ၏ ။ ဟောက်ရန် ကြွားချင်သည်ကိုလည်း နားလည်သည် ။ ဝါရင့် ကြွားလုံးထုတ်သူ တစ်ဦးအနေဖြင့် အပွေးမြင်အပင်သိပေသည် ။ ဝါးနုက ဝါးရင့်ကို လာပတ်ချင်သည်လော ။ သူနားညီး မခံနိုင် ။

' ငါမယုံနိုင်စရာ သတင်းလား.. '

' မရှိဘူးကွ.. '

" မင်းပြောတာ ငါယုံတယ်.. "

" ??? "

ဟောင်ရန် ဘာဆက်ပြောရမှန်းမသိ ။ မည်သည့်အတွက်ကြောင့် ကစားနည်းများအတိုင်း မကစားသနည်း ။ ဘာသတင်းလဲဟု မေးရမည်ဖြစ်သည် ။ ဤသို့ တန်းယုံလျှင် သူမည်သို့ ဆက်၍ ပြောရ ပါမည်လော ။ ဟောက်ရန် ရှုပ်ထွေး သွား၏ ။ သူ ဘာဆက်လုပ်ရမည်မသိ ။

**

ချယ်ရီပန်း နိုင်ငံ၏ ကိုယ်စလှယ်အဖွဲ့ကား ရှားနိုင်ငံသို့ ရောက်ရှိလာလေပြီ ။

ဦးဆောင်လာသူမှာ ချယ်ရီပန်းနိုင်ငံ၏ အကြီးအကဲတစ်ယောက်ပင် ။

အချိန်၏ တိုက်စားမှုကြောင့် အိုမင်းလှပြီဖြစ်သော်လည်း သူ၏ သန့်ရှင်းကြည်လင်သော မျက်လုံးများကြောင့် ညဏ်ပညာပြည့်ဝ၍ လျော့တွက်၍ရမည့်သူ တစ်ယောက်မဟုတ်ကြောင်း သိသာလှသည် ။

" ငါ တို့ ရှားနိုင်ငံကို ရောက်ပြီ.. ပထမဆုံး သွားရမယ့်နေရာက ရှားနိုင်ငံရဲ့ အသန်မာဆုံး တက္ကသိုလ် ဖြစ်တယ့် ချင်မူ တက္ကသိုလ်ပဲ.. "

Chapter 197

~