မင်းတို့ ရှားနိုင်ငံက ပါရမီရှင်တွေက ဒီလောက်ပဲလား ~
Vol. 14 Ch. 197
ချယ်ရီပန်းနိုင်ငံ ၏ ကိုယ်စားလှယ်အဖွဲ့က ညနေပိုင်းတွင် ချင်မူတက္ကသိုလ်သို့ ရောက်လာကြ၏ ။
ချင်မူ တက္ကသိုလ်ရှိ တာဝန်ရှိ သူများအား ကြိုတင်၍ အကြောင်းကြားထားသဖြင့် တိုက်ပွဲကွင်း စီစဥ် ထားသည် ။
စိန်ခေါ်မှုကို ပထမဆုံး လက်ခံမည့်သူမှာ ချင်မူတက္ကသိုလ်မှ စတုတ္ထနှစ် ထိပ်တန်း ပါရမီရှင် ရှုဇီပို ။
တစ်ကွင်းလုံး ပေါက်ကွဲထွက်မတက် အားပေးသံများကြားမှပင် ရှုဇီပို တစ်ယောက် တစ်ချက်တည်းဖြင့် လွှင့်ထွက်သွား၏ ။ အားလုံး ဆွံ့အ သွားကြသည် ။
ရှာဇီပို ရှုံးနိမ့်ပြီးနောက် ချင်မူတက္ကသိုလ်ဘက်မှ စိတ်စွမ်းအားရှင်များ စိတ်ထိန်းချုပ်သူများပါ ထုတ်သုံးသော်လည်း မည်သူမှ တိုက်ကွက်အနည်းငယ်အပြင် ပိုမစွမ်းဆောင်နိုင်ကြပေ ။
ချယ်ရီပန်းနိုင်ငံ၏ ပါရမီရှင် ကျိုးထန့်ရီကျန့် က ပို၍ပင် မောက်မာလာသည် ။ သူက ဘေးမှ ရပ်ကြည့်နေသော ချင်မူတက္ကသိုလ်မှ ဘွဲ့ရကျောင်းသား တစ်ယောက်ကိုပင် စိန်ခေါ်လိုက်သည် ။
ထိုကျောင်းသားက ငွေလ အဆင့်သို့ ရောက်နေသည်မှာ အချိန်ကြာပြီဖြစ်၍ ယုံကြည်မှုအပြည့်ဖြင့် စင်ပေါ်တက်သွားသော်လည်း ဆယ်ကွက်ပြည့်အောင်ပင် မခုခံနိုင်လိုက် ။
ထိုပွဲပြီးသည့်နောက် မည်သူမှ စင်ပေါ်သို့ မတက်ရဲတော့ချေ ။
ကျိုးထန့်ရီကျန့် တစ်ယောက်ထဲဖြင့် ချင်မူတက္ကသိုလ်အား အနိုင်ယူခဲ့ပေသည် ။
ကျိုးထန့်ရီကျန့်က အသက် ၂၁ နှစ် တက္ကသိုလ် စတုတ္ထနှစ် သာရှိသေးသဖြင့် ချင်မူတက္ကသိုလ်၏ မာစတာတန်းနှင့် ပါရဂူတန်းမှ ကျောင်းသားများက ဝင်ရောက်တိုက်ခိုက်၍ မရ ။ အနိုင်ယူနိုင်ခဲ့မည်ဆိုလျှင်ပင် ချင်မူတက္ကသိုလ်၏ ဂုဏ်သိက္ခာ ဆုံးရှုံးရပေမည် ။ နောက်ဆုံးတွင် ချင်မူတက္ကသိုလ်က ရှုံးနိမ့်မှုကို ဝန်ခံလိုက်ရတော့သည် ။
ကျိုးထန့်ရီကျန့်သည် ချင်မူတက္ကသိုလ်မှာ ဆရာများနှင့် ကျောင်းသားများကို မောက်မာစွာကြည့်၍...
" ရှားနိုင်ငံရဲ့ အသန်မာဆုံး တက္ကသိုလ်က ဒီလောက်ပဲလား.."
" စတုတ္ထနှစ်ရဲ့ ထိပ်တန်း ပါရမီရှင် ကုန်သွားပြီလားဟ.. "
" ဟဲဟဲ.. ရှားနိုင်ငံရဲ့ ထိပ်တန်းပါရမီရှင်တွေကို အနိုင်ယူဖို့ ချွေးတောင် မထွက်လိုက်ဘူး.. "
ချင်မူတက္ကသိုလ်မှ လူများက ကျိုးထန့်ရီကျန့်အား ဝါးစားမတက်စိုက်ကြည့်နေကြသော်လည်း ပြန်ပြောနိုင်စွမ်းမရှိကြပေ ။ သူတို့၏ ပါရမီရှင်များ လွယ်လွယ်ကူကူ ရှုံးနိမ့်သွားသဖြင့် သူတို့ ဘာပြောနိုင်တော့မည်နည်း ။
ပွဲလာကြည့်နေသော ချင်မူတက္ကသိုလ်မှ သိုင်းမဟာသခင်တစ်ဦးက ...
" ငါတို့ ချင်မူတက္ကသိုလ်က ရှားနိုင်ငံမှာ အသန်မာဆုံး ဆိုပင်မဲ့ တခြား တက္ကသိုလ်တွေမှာလဲ သူတို့ အားသာချက် ကိုယ်စီရှိတယ်.. ငါတို့ထက် အားနည်းတာတော့ မဟုတ်ဘူး.. "
ချင်မူတက္ကသိုလ်အနေဖြင့် ရှုံးနိမ့်သည်ကိုဝန်ခံနိုင်သော်လည်း ရှားနိုင်ငံ တစ်ခုလုံးကို စော်ကားနေသည်ကိုတော့ လက်မခံနိုင်ပေ ။
" အိုး.. အဲ့လိုလား .."
ရီကျန့်က ထီမထင်ဟန်ဖြင့်...
" စိတ်မပူပါနဲ့.. ဒီက ပြန်ရင် ကျန်တဲ့ ထိပ်တန်း တက္ကသိုလ်တွေအကုန်လုံးကို သေချာပေါက် စိန်ခေါ်မှာ.. ခင်ဗျားတို့ ရှားနိုင်ငံက ပါရမီရှင်တွေ အကုန်လုံးက အမှိုက်တွေဆိုတာ ကျုပ် သက်သေပြမယ်.. "
" ရှားနိုင်ငံမှာ ပါရမီရှင်နာမည်နဲ့ ထိုက်တန်တဲ့သူ မရှိဘူး.. "
ရီကျန့်သည် စင်ပေါ်မှ ဆင်းမလာမီ မောက်မာစွာ ပြောခဲ့လိုက်၏ ။
**
ညနက်သန်းခေါင်ယံ...
ချယ်ရီပန်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ တည်းခိုရာ ဟိုတယ် ။
" ရီကျန့်.. ဒီနေ့ မင်းလုပ်တာ အရမ်းကောင်းတယ်.. "
ဦးဆောင်လာသူ သိုင်းမဟာသခင်က ချီးကျူးလိုက်သည် ။
" ကျေးဇူးတင်ပါတယ်ဆရာ.. ကျွန်တော် လုပ်ရမယ့် အလုပ်ကို လုပ်ခဲ့ရုံပါ.. "
ရီကျန့်က ရိုသေစွာ ဦးညွှတ်လိုက်၏ ။
" ကျွန်တော့် တာဝန်က ရှားနိုင်ငံ ပါရမီရှင်တွေကို အနိုင်ယူဖို့ပဲလေ.. "
ကျိုးထန့်ရီကျန့် သည် အလွန်သန်မာ၏ ။ ရွယ်တူများထဲတွင် ပြိုင်ဘက် ရှိနိုင်မည် မဟုတ်ပေ ။ သို့ရာတွင် သူသည် အစစ်အမှန် ပါရမီရှင်တစ်ဦး မဟုတ် ။ ဤသို့ ရှားနိုင်ငံ ပါရမီရှင်များအား ချိုးနှိမ်ရန် ချယ်ရီပန်းနိုင်ငံမှ အထူးပျိုးထောင်ပေးထားခြင်းပင် ။
ကျိုးထန့်ရီကျန့် အား ငွေလအဆင့်သို့ ရောက်စေရန် ပျိုးထောင်ပေးခဲ့ရသည့် ကုန်ကျစားရိတ်မှာ ပါရမီရှင်တစ်ဦးအား မဟာသခင် အဆင့်အထိ ပျိုးထောင်ပေးရသည်နှင့် အတူတူပင်ဖြစ်သည် ။
ဤသို့ ပျိုးထောင်ပေးခဲ့ခြင်းကြောင့် သူငွေလ အဆင့်တွင် ပြိုင်ဘက်မရှိ သန်မာနိုင်သော်လည်း အဆင့်တက်နိုင်တော့မည် မဟုတ်ချေ ။ သူ၏ သိုင်းလမ်းစဥ်မှာ ပြီးဆုံးသွားလေပြီ ။
" ကျွန်တော့် တာဝန်ကို အမြဲ အမှတ်ရနေမှာပါ.. ကျွန်တော် အမြဲ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါတယ်.. "
ကျိုးထန့်ရီကျန့်၏ မျက်လုံးများက မိုက်ရူးရဲဆန်သော အလင်းရောင်များဖြင့် တောက်ပနေ၏ ။
" ကျွန်တော့်တာဝန်က ရှားနိုင်ငံမှာ ပြိုင်ဘက်ကင်း ပါရမီရှင် ပေါ်လာရင် အသေခံပြီး သတ်ပစ်ဖို့ပဲ.. ခု ကျွန်တော် တာဝန်ထမ်းဆောင်ဖို့ အသင့်ဖြစ်နေပါပြီ.. "
သူ၏ ပစ်မှတ်မှာ လင်းမို့ ဖြစ်သည် ။ သူ၏ အမူအရာက ပို၍ပင် မိုက်ရူးရဲ ဆန်လာပြီး...
" ကျွန်တော့် စီနီယာတွေလို.. တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးမရှိတော့ဘူးလို့ ထင်ထားမိတာ.. အခုတော့ အခွင့်အရေးရလာပြီ.. နိုင်ငံ အတွက် အသက်ပေးရတာ အကြီးမြတ်ဆုံး ကောင်းချီးပဲ.. "
" အင်း .."
မဟာသခင်အဆင့် အဘိုးကြီးက ခေါင်းညိတ်လိုက်ပြီး...
" လုပ်ကြံမှု စတင်လိုက်တာနဲ့ ငါတို့ တစ်ဖွဲ့လုံး အသက်ရှင်နိုင်မှာ မဟုတ်ဘူး.. ဒါပင်မဲ့ အုပ်ထိန်းသူရဲ့ အမွေကို ချုံးချွမ် မင်ကျင့် နဲ့ ယှဥ်လုနိုင်မယ့်သူတစ်ယောက် လျော့ပေးနိုင်ရင် ထိုက်တန်တယ်.. "
Chapter 198
~