မင်းတို့ ရှားနိုင်ငံက ပါရမီရှင်တွေက ဒီလောက်ပဲလား ၂ ~
Vol. 14 Ch. 198
" ဟူး ကံမကောင်းတာက ..Black Earth ကို အုပ်ထိန်းသူ ခေါ်သွားတာပဲ .. Black Earth ကိုပါ သတ်နိုင်ရင် ပိုကောင်းမယ်.. "
ရီကျန့် ဝမ်းနည်းသည့်ဟန်ဖြင့် ခေါင်းယမ်းလိုက်ပြီး...
" ဆရာ.. ဒါနဲ့ လင်းမို့ကို သတ်ဖို့ ဘယ်အချိန်သွားကြမှာလဲ.. ကျွန်တော် မစောင့်နိုင်တော့ဘူး.. "
" ငါတို့ လောလို့ မဖြစ်ဘူး.. "
မဟာသခင်က ခေါင်းယမ်းလိုက်ပြီး...
" ငါတို့ ကျန်းနန် တက္ကသိုလ်ကို တိုက်ရိုက်သွားရင် ရှားနိုင်ငံရဲ့ ကျွမ်းကျင်သူတွေက မသက်ာဖြစ်လိမ့်မယ်.. လင်းမို့ကို သတ်ဖို့ လောလို့မရဘူး.. ကျင့်ဒူ နဲ့ ရှန်ဟိုင်း(နတ်ဆိုး) တက္ကသိုလ်ကို စိန်ခေါ်ပြီးမှ ကျန်းနန်တက္ကသိုလ်ကို သွားမယ်.. "
" အဲ့တာဆို လင်းမို့သေဖို့ အချိန်အတော်ကြာအုံးမှာပေါ့.. "
ရီကျန့် အံကြိတ်လိုက်သည် ။
" ဘာမှ မဖြစ်ပါဘူး.. "
အဘိုးကြီးက တည်ငြိမ်စွာဖြင့်...
" မင်း အချိန်ရတုန်း ရှားနိုင်ငံရဲ့ ပါရမီရှင်တွေကို ဖိနိုပ်ခဲ့လို့ ရတာပေါ့.. "
" ဟုတ်တယ်.. "
ရီကျန့်၏ မျက်လုံးများ တောက်ပလာပြီး...
" ရှားနိုင်ငံရဲ့ ပါရမီရှင်တွေကို ခေါင်းမထောင်နိုင်အောင် ဆုံးမ လိုက်မယ်.. "
" ဟင်းဟင်းဟင်း.. ရှားနိုင်ငံရဲ့ ပါရမီရှင်တွေ အရှက်တကွဲ ရှုံးရင် သူတို့ရဲ့ အနာဂတ် သိုင်းလမ်းစဥ်က တိုးတက်ဖို့ ခက်ခဲလာလိမ့်မယ် .."
အဘိုးကြီးက ရယ်လိုက်သော်လည်း သူ၏ မျက်လုံးများကမူ အဆိပ်ပြင်းသော မြွေတစ်ကောင်လို ကောက်ကျစ်ဟန်က အတိုင်းသား ပေါ်လွင်နေသည် ။
ချင်မူတက္ကသိုလ် အရှက်ကွဲသော သတင်းက လိုင်းပေါ်တွင် လျင်မြန်စွာ ပြန့်နှံ့သွားသည် ။ မီးထဲ လောင်စာ ထည့်နေကြသော အမည်မသိလူများလည်း မနည်းလှ ။ ထိုသတင်းက အင်တာနက်ပေါ်တွင် ပေါက်ကွဲသွားသော နျူကလီးယား ဗုံးတစ်လုံးလိုပင် ။
" ချင်မူ တက္ကသိုလ်က ငါတို့နိုင်ငံရဲ့ အသန်မာဆုံး မဟုတ်ဘူးလား.. ဘာလို့ မြန်မြန်ရှုံးသွားတာလဲ.."
" ချယ်ရီပန်းနိုင်ငံရဲ့ ပါရမီရှင် ကျိုးထန့်ရီကျန့်က အစွမ်းထက်လိုက်တာ.. "
" ငါက အသက်မွေးဝမ်းကြောင်းကျောင်းက အဆင့် ၁ ပါရမီရှင်ပဲ.. ငါတို့ကျောင်း ဘယ်လောက်အစွမ်းထက်လဲ သိအောင် အဲ့မအေပေးကို တစ်ချက်ထဲနဲ့ အနိုင်ယူပြမယ်.. "
" အပေါ်ကကောင်.. မင်းက အသက်မွေးဝမ်းကြောင်းကျောင်း တက်နေရတာတောင် သောက်ကြီးသောက်ကျယ်နဲ့.. ငါတို့ အဆင့်နိမ့် တက္ကသိုလ်က ပြောရမယ် မရှိဘူး.. "
" လျောက်ပြောနေကြတာတွေရပ်လိုက်.. ငါက ကျင့်ဒူ တက္ကသိုလ်က စတုတ္ထနှစ်ကျောင်းသားပဲ.. ရီကျန့် တိုက်ခိုက်နေတဲ့ ဗီဒီယိုကို ကြည့်ရင် ငါတို့ထက် အများကြီး သန်မာတယ်ဆိုတာ သိနိုင်တယ်.. "
" သူက ဒီလောက်သန်မာနေတာကို ဘာလို့ အရင်က သူ့အကြောင်းမကြားဘူးတာလဲ.. "
" ရီကျန့်ကို အနိုင်ယူနိုင်မယ့်သူ မရှိရင် ငါတို့ ရှားနိုင်ငံတော့ သောက်ရှက်ကွဲပြီ..."
" အဲ့တာထောက်ခံတယ်.. "
အွန်လိုင်းတွင် ဆွေးနွေးနေကြသော်လည်း နောက်ဆုံး ကျိုးထန့်ရီကျန့်အား အနိုင်ယူနိုင်မည့် စတုတ္ထနှစ်ပါရမီရှင် ရှားနိုင်ငံတွင် မရှိကြောင်း သိသွားကြသည် ။ သူတို့ ဆွံ့အ သွား၏ ။ အနိုင်ယူဖို့ နေနေသာသာ ခုခံနိုင်မည့် သူပင်မရှိ ။
" ငါတို့ ဘာဆက်လုပ်ရမှာတုန်း.. အဲ့သောက်ခွေး မောက်မာနေတာကို ထိုင်ကြည့်နေရတော့မှာလား.. "
" ချီးပဲကွာ.. ငါဘာလို့ ဒီလောက် အားနည်းနေရတာလဲ.. ငါ့မှာသာ လုံလောက်တယ့် ခွန်အားရှိရင် အဲ့နှမပေးကို အသေခံပြီး တိုက်ခိုက်ပစ်မယ်.. "
**
ကျန်းနန်တက္ကသိုလ်...
ဟောက်ရန်သည် ယနေ့ ဓားကြီးလောကသို့ မသွား ။ လင်းမို့အား မကြွားလိုက်ရ၍ စိတ်ဓာတ်ကျနေ၏ ။
ထို့ကြောင့် ကြက်ဘုရင်ဂိမ်းဆော့ရန် Black Earthအား စောင့်နေလိုက်သည် ။
' ဘော့စ်Black Earth က ငါ့ကို ခေါ်ဆော့လောက်လားမသိ.. '
သူနှင့် Black Earth က ရင်းနှီးသူများ မဟုတ်ကြ ။ မနေ့ညက အတူခေါ်ဆော့ပေးခဲ့သော်လည်း ယနေ့ မသေချာ ။ သူ Black Earth အား စောင့်ဆိုင်းနေစဥ် ရှေးဦးစကြာဝဠာ ရှိ ရှားနိုင်ငံ စကားပြောခန်းတွင် ချင်မူတက္ကသိုလ်၏ ရှုံးနိမ့်ခဲ့မှုအကြောင်း ဆွေးနွေးနေကြသည်ကို မြင်လိုက်ရ၏ ။
" ချီး.. ချင်မူတက္ကသိုလ်က အဲ့လိုကြီး ရှုံးသွားတာလား.. "
ဟောက်ရန်က သတင်းဖတ်ရင်း ဒေါသထွက်လာ၏ ။
' အဲ့သောက်ကလေးက ရှားနိုင်ငံမှာ ပါရမီရှင် မရှိဘူးလို့ ပြောရဲတယ်လား.. ငါ့အကိုမို့နဲ့ ငါ့အကိုအသစ်Black Earth က ဘယ်နားမှာ သွားသေပေးရမှာလဲ.. "
ဟောက်ရန်၏ အမြင်အရ လင်းမို့နှင့် Black Earth မှာ ဂြိုလ်ပြာ၏ ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်ကြသည် ။ သို့သော်လည်း ပထမနှစ်များသာ ရှိကြသေးသဖြင့် ကျိုးထန့်ရီကျန့်ကို အနိုင်မယူနိုင်ကြမှန်း သူနားလည်သည် ။
' ဟမ့် စတုတ္ထနှစ် ဖြစ်နေလို့သာပေါ့.. '
ဟောက်ရန် မကျေမနပ် တွေးသည် ။
' ဒုတိယနှစ်သာဆို အကိုမို့ရဲ့ လက်သီးတစ်ချက်နဲ့ ပျံနေရပြီ.. '
ဟောက်ရန် ဒေါသ အတောင့်လိုက် ထွက်လာသော်လည်း သူလုပ်နိုင်သည်က ဘာမှမရှိ ။
' ရီကျန့်ကို အနိုင်ယူနိုင်မယ့် ပါရမီရှင် ပေါ်လာရင် ကောင်းမယ်.. '
သူမျော်လင့်မိသည် ။ အားရအောင် ကျိန်ဆဲပီးနောက် သူ ဂိမ်းထဲသို့ ဝင်လိုက်၏ ။ သို့သော်လည်း Black Earth က လိုင်းပေါ်တက်မလာသေး ။
' ဘာလို့ တက်မလာသေးတာလည်း.. မေ့များမေ့နေတာလား.. ငါ မက်ဆေ့ ပို့လိုက်ရမလား.. '
ဟောက်ရန်သည် ခဏ ချိတုံချတုံ ဖြစ်သွားပြီး မနေနိုင်တော့ဘဲ မက်ဆေ့ပို့လိုက်၏ ။
' ဘောစ့်Black Earth.. ဒီညလည်း ခေါ်ဆော့ပါအုံး.. '
ထို့နောက် သူထိုင်စောင့်နေလိုက်သည် ။
**
Black Earth ဟူသော လင်းမို့ ဂိမ်းထဲ မရောက်သေးသည်မှာ ရေချိုကျောက်ပုဇွန် ထိုင်စားနေသောကြောင့်ပင် ။ ဂိမ်းဆော့ရန် အလျင်မလို ။ တစ်နေကုန် အိပ်ထားသဖြင့် သူဗိုက်ဆာလှလေပြီ ။
လင်းမို့သည် ချယ်ရီပန်းနိုင်ငံမှ ပါရမီရှင်၏ မောက်မာသော စကားများကို သိလိုက်ရသည် ။
' ဘာလဲ.. ဒီကလေးက အရိုက်ခံချင်နေတာလား..'
သူ ဒေါသထွက်သွားသည် ။ တခြားသူ၏ နိုင်ငံသို့ လာ၍ မောက်မာနေပါသည်လော ။ သူပို၍ ဒေါသထွက်သွားသည်မှာ ကျိုးထန့်ရီကျန့် ကို ထောက်ခံနေသူများ ရှိနေသောကြောင့်ပင် ။
" ရှားနိုင်ငံမှာ ဘာလို့ ပါရမီရှင် တစ်ယောက်မှ မရှိရတာလဲ.. ငါတို့ သင်ကြားမှုပုံစံက ပြသနာရှိနေတယ်.. "
လင်းမို့ ထိုပိုစ့်အား ဖွင့်ကြည့်လိုက်ရာ ရှားနိုင်ငံ၏ ပညာရေးစနစ်ကို နည်းမျိုးစုံနှင့် ဝေဖန်ထားသည်ကို တွေ့လိုက်ရ၏ ။ ဝိုင်းအဆဲခံနေရသည်ကို မြင်မှ ကျေနပ်သွားသည် ။
ချီးစားရင်း နာမည်ကြီးလာသူ နီတီဇင် Little Yu ပင် ဝင်ဆဲနေသည်ကို မြင်လိုက်ရ၏ ။
' ကျိုးထန့်ရီကျန့်.. '
လင်းမို့က ထိုနာမည်ကို ကြည့်ရင်း ဒေါသထိန်းမရတော့ ။
' ငါတို့နိုင်ငံကို ဘယ်သူမဆို လာစော်ကားလို့ ရတယ်ထင်နေတာလား.. ချီး.. ငါနဲ့ တွေ့မယ်.. '
လင်းမို့က ရှေးဦးစကြာဝဠာ အတွင်းဝင်၍ Black Earth နာမည်ဖြင့် လူသိရှင်ကြား စိန်ခေါ်လိုက်သည် ။
" ကျိုးထန့်ရီကျန့် ဆိုတဲ့ သောက်ကလေး.. မင်း သောက်ရမ်း မောက်မာနေတယ်လို့ ငါကြားတယ်.. ငါ Black Earth က အသက်ဆယ့်ရှစ် ပထမနှစ် ကျောင်းသားပဲ .. မင်းနဲ့ တိုက်ခိုက်ဖို့ စိန်ခေါ်တယ်.. ဇရှိရင် ရှေးဦးစကြာဝဠာ ထဲလာခဲ့ .."
Chapt