Chapters

အလွန်ကြိုးစားကြသောနေ့

Vol. 14 Ch. 199

အလွန်ကြိုးစားကြသောနေ့

Vol. 14 Ch. 199

~

လင်းမို့က စိန်ခေါ်စာ တင်လိုက်ပြီး ဂိမ်းထဲ ဝင်လိုက်သည် ။ ဟောက်ရန်ကို အသင့်တွေ့ရ၍ ဖိတ်ခေါ်လိုက်၏ ။

" ဘော့စ် Black Earth.. မင်းလိုင်းတက်လာပြီ.. "

ဟောက်ရန် တစ်ယောက် ယနေ့ အထူးတက်ကြွနေ၏ ။ အပြင်လောကတွင် အဆင်မပြေ၍ ဂိမ်းထဲတွင် ကြမ်းရန် ဆုံးဖြတ်ထားသည် ။

" စမယ်.. "

လင်းမို့က...

" မနေ့ညက လိုပဲနော်.. "

" ဟုတ်ပြီ.. ဟုတ်ပြီ.."

ဟောက်ရန်က ခေါင်းတဆတ်ဆတ်ညိတ်၍ ...

" ငါ ရန်သူကို လိုက်ရှာမယ်.. မင်းလိုက်သတ်ရုံံဘဲ.. ငါတို့နှစ်ယောက်ပေါင်းရင် ဘယ်သူပြေးလွတ်မှာလဲ.. "

**

Black Earth ၏ စိန်ခေါ်စာက လိုင်းပေါ်တွင် အလျင်အမြန် ပြန့်နှံ့ သွားသည် ။

" Black Earth က ကျိုးထန့်ရီကျန့်ကို တကယ်ကြီး စိန်ခေါ်လိုက်တာလား.."

" Black Earth ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အရင် အဆင့် ၅ အစောပိုင်းပဲ ရှိတာ ခုတိုးတက်လာမယ်ဆိုရင်တောင် အများဆုံး အလယ်ဆင့်ပေါ့.. "

" ရီကျန့်က အဆင့် ၅ အထွတ်အထိပ် ဖြစ်လောက်တယ်လို့ ချင်မူတက္ကသိုလ်က ငါ့သူငယ်ချင်းက ပြောတယ် .."

" ရှီး.. အဆင့်၅ အထွတ်အထိပ်လား.. ဘွဲ့ရတွေတောင် ရှုံးတာမဆန်းဘူး.. "

" အဲ့တာဆို Black Earth က စိန်သွားခေါ်ရင် သူပဲ အရှက်ကွဲမှာပေါ့ .."

" အဲ့တာဆို ရီကျန့် ဆိုတဲ့ကောင်က ပိုမောက်မာလာ​တော့မှာ.. "

" Black Earth သာ စတုတ္ထနှစ်ဆို နိုင်မှာ သေချာတယ်.. ခုတော့ ပထမနှစ်နဲ့ ဖျင်သွားယားနေတာ.. "

" Black Earth က စိတ်ကြီးဝင်နေတာပဲ.. "

" ဂြိုလ်ပြာရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်ပဲဟ.. ဒီလောက်တော့ ဖျင်ယားမှာပေါ့.. "

" ရီကျန့်က စိန်ခေါ်တာကို လက်ခံပါ့မလား.."

ထိုသတင်းအား ချယ်ရီပန်း နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ သိသွားသည် ။

ကျိုးထန့်ရီကျန့် ဒေါသထွက်သွား၏ ။

' သောက်မွှေးတောင် စုံအောင် မပေါက်သေးတဲ့ကောင်က ငါ့ကို လာစိန်ခေါ်နေတာလား ..'

အပြင်လောကတွင် စိန်လာခေါ်ပါက ရီကျန့်တစ်ယောက် ဝမ်းသာလုံးဆို့၍ ထကမိပေမည် ။ သို့ရာတွင် ရှေးဦးစကြာဝဠာ အတွင်း၌ Black Earth အား ထိခိုက်အောင် တစ်ခုခု လုပ်ရန်လည်း သူက အဆင့် ၇ စိတ်ထိန်းချုပ်သူ မဟုတ် ။ စိန်ခေါ်မှုကို လက်ခံပါက ဟာသ ဖြစ်သွားပေလိမ့်မည် ။

" ကျိုးထန့်.. "

အဘိုးကြီးက...

" မင်းဒီပွဲကို လက်ခံမှရမယ်.. "

" ဟမ်..ဘာလို့လဲ.."

ရီကျန့် အံ့အားသင့်သွား၏ ။

" ဘာလို့လဲ ဆို​တော့ ..."

အဘိုးကြီးက...

" Black Earth က ငါတို့ ချုံးချွမ်မင်ကျင့် နဲ့ ပြိုင်ပြီး အုပ်ထိန်းသူဆီက အမွေကို လုမယ့်သူပဲ.. ခုထိ Black Earth အကြောင်းဘာမှ သေချာမသိရသေးဘူး.. "

" ကျွန်တော် နားလည်ပါပြီ.. "

ရီကျန့်၏ အမူအရာက လေးနက်သွားပြီး...

" ဆရာတို့ အကဲခပ်လို့ရအောင် ကျွန်တော် အချိန်ဆွဲပြီး Black Earth အကြောင်းကို ဘက်ပေါင်းစုံက စမ်းသပ်ကြည့်လိုက်မယ်.. "

" အင်း.. "

အဘိုးကြီးက ခေါင်းညိတ်လိုက်ပြီး ...

" မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်.. မင်းရဲ့ အရည်အချင်းကို ငါယုံတယ်.. "

အဘိုကြီးက ပြုံးလိုက်ပြီး...

" မင်းက တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၅ အထွတ်အထိပ်ရောက်နေပြီလေ.. Black Earth က အလွန်ဆုံးရှိမှ အဆင့် ၅ အလယ်ပေါ့.. ကွားခြားချက်က ကြီးလွန်းတယ်.. "

" ကျွန်တော်လည်း အဲ့လိုပဲ ထင်ပါတယ်.. "

ရီကျန့်က စိန်ခေါ်မှုကို လက်ခံရန် ရှေးဦးစကြာဝဠာ အတွင်းဝင်လိုက်ပြီး...

" Black Earth.. ပုံမှန်ဆို မင်းအဆင့်နဲ့ ငါ့ရန်သူ ဖြစ်ဖို့ အရည်အချင်းမရှိဘူး.. ဒါပင်မဲ့ မင်းက အရိုက်ခံချင်နေတော့.. ငါ ​မငြင်းတော့ဘူး.. မနက်ဖြန် ည ၈ နာရီ ရှေးဦးစကြာဝဠာ ထဲမှာ တွေ့ကြမယ်.. ရှားနိုင်ငံရဲ့ အဆင့် ၁ ပါရမီရှင်ထက် ချယ်ရီပန်းနိုင်ငံရဲ့ ပါရမီရှင်က ဘယ်လောက် အစွမ်းထက်လဲ လူတိုင်း သိရတာပေါ့.. "

**

ရီကျန့် စိန်ခေါ်မှုကို လက်ခံလိုက်သော သတင်းက ပြန့်နှံ့သွားသည် ။ ရှားနိုင်ငံ၏ ဖိုရမ်တိုင်းတွင် စိုးရိမ်သံများဖြင့် ပြည့်နေ၏ ။

" စိန်ခေါ်တာကို လက်ခံမယ် ထင်မထားဘူး.. ငြင်းမယ်ထင်ထားတာ.. "

" အဲ့တာမှ ဒုက္ခရောက်တာ.. Black Earth သာ ရှုံးသွားရင် ငါတို့ ရှားနိုင်ငံက ချယ်ရီပန်း နိုင်ငံကို ရှုံးသွားတာနဲ့ အတူတူပဲ.. "

" Black Earth က ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်ချင်တာပဲ .. ဟူး.. သနားစရာ.. "

" Black Earth က ကလေးဆန်လိုက်တာ.. ဒီတိုက်ပွဲရှုံးရင် ဘာဖြစ်မယ်ဆိုတာ သူ မသိဘူး.. "

" Black Earth တိုက်ပွဲကြရင် နဲနဲလောက် ပိုပြီး တောင့်ခံနိုင်ဖို့ ဆုတောင်းရမှာပဲ.. တစ်ချက်ထဲ ရှုံးသွားရင် အရှက်ပိုကွဲမယ်.. "

Chapter 200

~