← Chapters

အလွန်ကြိုးစားကြသောနေ့ ၂

Vol. 14 Ch. 200

အလွန်ကြိုးစားကြသောနေ့ ၂

Vol. 14 Ch. 200

~

ည ၈ နာရီတိုက်ပွဲကို လူတိုင်း စိုးရိမ်နေကြသည် ။

ငွေ တိတ်တဆိတ် လက်ခံပြီး စာမူရေးသားနေကြသော ဝေဖန်ရေးသမား အချို့ပင် ရှိသည် ။ Black Earth ရှုံးနိမ့်ပြီးနောက် ဖိုရမ် အမျိုးမျိုးတွင် စာများတင်၍ ရှားနိုင်ငံ၏ ဂုဏ်က္ခာညိုးနွမ်းစေရန် လုပ်ဆောင်ကြမည်ဖြစ်သည် ။

မည်သူမှ တက္ကသိုလ် ပထမနှစ်ပါရမီရှင်တစ်ယောက်က စတုတ္ထနှစ်မှ ပါရမီရှင်ကို အနိုင်ရမည်ဟု မထင်ကြ ။

**

လင်းမို့၏ တိုက်ခိုက်ရေး စွမ်းရည်မှာ အဆင့် ၅ အထွတ်အထိပ်သာ ဖြစ်သော်လည်း သူက စိတ်ပညာရှင်တစ်ယောက်ဖြစ်သည် ။ အနိုင်ရရန် စိတ်စွမ်းအား သုံးမည်လော စိတ်ထိန်းချုပ်ခြင်း သုံးမည်လော ဟုသာ ရွေးချယ်ရုံပင် ။ ထို့ကြောင့် သူက စိန်ခေါ်ပြီးသည်နှင့် ​ဂိမ်းထဲတွင် ပျော်ရွှင်နေ၏ ။ သို့သော်လည်း သူ၏ ပြိုင်ဘက်များက အလွန်ပျင်းစရာကောင်းနေခဲ့သည် ။

ကစားသမားများစွာသည် အချိန်ကုန် ခံ၍ ပစ္စည်းမျိုးစုံ စုခဲ့ကြသော်လည်း လင်းမို့နှင့် တွေ့လိုက်သည်နှင့် ချက်ချင်းသေသွား၏ ။

အချို့ကစားသမားများမှာ Black Earth ၏ အမည်အား မြင်လိုက်သည်နှင့် လေယာဥ်ပေါ်မှ ခုန်ချ၍ သတ်သေသွားကြသည် ။ မနိုင်နှိုင်မည့် ပွဲအား ဆက်မဆော့ချင်ကြ ။

တစ်ညလုံး ကစားပြီးနောက် ဟောက်ရန်၏ အမှတ်သည် ၁၄၈၈ အထိ ရောက်သွား၏ ။ ရှားနိုင်ငံ၏ အဆင့် ၁ နေရာသို့ ရောက်သွားလေသည် ။

' ငါ ရှားနိုင်ငံရဲ့ အဆင့် ၁ ဖြစ်သွားပြီ.. '

ဟောက်ရန်က စိတ်လှုပ်ရှားစွာဖြင့် ဓာတ်ပုံရိုက်ယူ ထားလိုက်သည် ။ သူ ထိုနေရာအား အချိန်အကြာကြီး ယူမထားနိုင်မှန်း သိထား၏ ။ အမှတ်အရမ်းများလာလျှင် အသက်ကြီးသူများနှင့် တွေ့ရတော့မည်ဖြစ်သည် ။ သို့သော်လည်း ထိုသည်က အရေးမကြီး ။ ပထမအဆင့်သို့ ရောက်ဖူးသည်ကပင် သူကျေနပ်နေလေပြီ ။

' ဟူး .. အကိုBlack Earth သူ့အမှတ်ကို ထုတ်မပြချင်တာ နှမြောစရာပဲ.. '

ဟောက်ရန်သည် ဂိမ်းထဲတွင် အမဲလိုက်ခွေးသာဖြစ်သည် ။ အစစ်အမှန် မုဆိုးမှာ Black Earth ပင် ။ Black Earth ၏ အမှတ်ကို ထုတ်ပြလိုက်ပါက လူတိုင်းကြောက်လန့်သွားကြပေမည် ။

လင်းမို့နှင့် ဟောက်ရန်သည် တစ်ညလုံး ဂိမ်းဆော့ခဲ့ကြပြီး မနက်ရောက်မှ နားလိုက်ကြသည် ။

လင်းမို့က သူ၏ အိပ်ရာဖြစ်သော မြေဆွဲအားခန်းသို့ဝင်၍ အိပ်ပျော်သွား၏ ။

ဟောက်ရန်က ရင်ကော့ ခေါင်းမော့၍ သူ့အား မမြင်သူမရှိရလေအောင် ကျောင်းအား လှည့်ပတ်နေသည် ။ ကြွားခွင့်ရတုန်း ကြွားရပေမည် ။ ကျောင်းတွင် အားရအောင် ကြွားပြီးမှ ကလပ်သို့ ရောက်သွားသည် ။

" ဟောက်ရန်ကိိုကို နှစ်ရက်လုံး မီး ဆီကို မလာဘူး.. ဘယ်သူနဲ့ သွားအိပ်နေတာလည်း.. "

" ဘယ်သူနဲ့ အိပ်ရမှာလည်း.. ကြက်ဘုရင် ဂိမ်း ကြားဖူးလား ရှားနိုင်ငံ အဆင့် ၁ မှာ ငါ့နာမည်ကို မမြင်ဘူးလား.. "

ဟောက်ရန်က ကြွားလိုက်၏ ။

ကောင်မလေး အံ့သြသွားသည် ။

" ဝါး.. ဟောက်ရန်ကိိုကို က အစွမ်းထက်လိုက်တာ.. "

" ဟမ့်.. မင်းခုမှသိတာလား .."

ဟောက်ရန်က မာနကြီးသော အပြုံး ပြုံးလိုက်သည် ။

" ဟောက်ရန်ကိိုကို .. ကြက်ဘုရင်ဂိမ်းနဲ့ မီးတို့ ကြက်သားဂိမ်း ဘယ်ဟာ ပိုကစားလို့ကောင်းလဲ မစမ်းချင်ဘူးလား.. "

ဟောက်ရန် ဒိုင်ဗင်ပစ်၍ ခုန်ဝင်သွားသည် ။

ဟောက်ရန်၏ သတင်းမှာ ကျန်းနန် ဓားကြီးလောက တစ်ခုလုံးသို့ ပြန့်နှံ့သွားသည် ။ ဓားကြီးလောကသို့ ထိုကဲ့သို့ အထူးနာမည်ကြီးသူတစ်ယောက် လာကစားလိမ့်မည်ဟု သူတို့ ထင်မှတ်မထား ။

**

ချယ်ရီပန်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့က ကျင့်ဒူ တက္ကသိုလ်သို့ ရောက်ရှိလာကြသည် ။

ကျင့်ဒူ တက္ကသိုလ်နှင့် ချင်မူတက္ကသိုလ်က ရှားနိုင်ငံ၏ ထိပ်တန်းအဆင့်ကို ပူးတွဲယူထားပြီး ကျန်တက္ကသိုလ်များက အနည်းငယ်နိမ့်ကျပေသည် ။

ချင်မူ ၊ ကျင့်ဒူ ၊ ရှား ၊ ရှန်ဟိုင်း စသည်တို့က ချယ်ရီပန်းနိုင်ငံကိုယ်စားလှယ်အဖွဲ့ အစဥ်တိုင်းသွားမည့် တက္ကသိုလ်များဖြစ်ပြီး နောက်ဆုံးမှ ကျန်းနန်တက္ကသိုလ်သို့ သွားမည်ဖြစ်သည် ။

သူတို့၏ စစ်မှန်သော ပန်းတိုင်က ကျန်းနန်တက္ကသိုလ်ရှိ လင်းမို့ကို ဖယ်ရှားရန်ပင် ။

ကျင့်ဒူ တက္ကသိုလ်သည်လည်း ချင်မူတက္ကသိုလ်ကဲ့သို့ပင် အရှုံးကို ဝန်ခံလိုက်ရသည် ။

ကျိုးထန့်ရီကျန့်အား ယှဥ်နိုင်သူမရှိ ။ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည် ။ ရီကျန့်၏ ခွန်အားနှင့် ပက်သက်၍ ရှားနိုင်၏ ထိပ်တန်း ပါရမီရှင်များ သိမ်ငယ်သွားကြသည် ။ သူတို့၏ ခွန်အားကိုပင် သံသရ ဝင်မိသွားကြသည် ။

" ဘာလို့ သူက အဲ့လောက် သန်မာနေရတာလဲ.. "

" သူလဲ ၂၁ နှစ် ငါလဲ ၂၁.. ဘာလို့ အဲ့လောက် ကွာခြားနေရတာလဲ.. "

" ဟိုပိုစ့် ပြောတာက အမှန်ဖြစ်နေမလား.. ငါတို့နိုင်ငံ ပညာရေးက ချယ်ရီပန်း နိုင်ငံထက် တကယ်နိမ့်ကျနေတာလား.. "

" ငါတို့ နိုင်ငံမှာ အဲ့ကောင်ကို အနိုင်ယူနိုင်မယ့် စတုတ္ထနှစ် ကျောင်းသား မရှိတော့ဘူးလား.. "

" တစ်နိုင်ငံလုံးက ထိပ်တန်း တက္ကသိုလ်တွေ အကုန်ရှုံးရင် အရှက်​တော့ ကွဲပြီ.. "

ရှားနိုင်ငံ၏ ထိပ်တန်း တက္ကသိုလ်များတွင် တက်ရောက်နေကြသော ကျောင်းသားအားလုံး ကြီးမားသော ဖိအားကို ခံစားမိလိုက်ကြ၏ ။

ထိပ်တန်း ပါရမီရှင်များမှာ လွယ်လွယ်နှင့် အရှုံးပေးတက်ကြသူများ မဟုတ် ။ ဖိအားကို လှုံ့ဆော်မှုအဖြစ်ပြောင်း၍ ပြင်းပြင်းထန်ထန် ကြိုးစားလေကျင့်ကြတော့သည် ။

**

ကျန်းနန် တက္ကသိုလ်.. လေ့ကျင့်ကွင်း.. မြေဆွဲအားအခန်း...

ငါးဆ မြှင့်တင်မှုဖြင့် အိပ်ပျော်နေသော လင်းမို့တစ်ယောက် လန့်နိုးလာခဲ့သည် ။

' ဘာဖြစ်နေတာလဲ.. '

တိုးတက်မှုနှုန်းက နှစ်ဆနီးပါး မြင့်တက်လာ၍ လန့်နိုးလာခြင်းပင် ။

' ချီး ဒီနေ့ အညွှန်းကိန်းက ဘာလို့ ဒီလောက်မြင့်နေတာလဲ.. '

ကျောင်း၏ အညွှန်းကိန်းက ၂၀၀၀ ပတ်ဝန်းကျင်တွင် တည်ငြိမ်နေလေ့ရှိသည် ။ ငါးဆမြှောက်လိုက်ပါက ၁၀၀၀၀ ပတ်ဝန်းကျင်ပင် ။ ယခု ကျောင်း၏ အညွှန်းကိန်းက ၄၀၀၀ နီးပါး ဖြစ်နေသဖြင့် ငါးဆမြှောက်လိုက်ပါက ၂၀၀၀၀ ဖြစ်နေသည် ။

' ဒီနေ့ ဘာဖြစ်တာလဲ.. အပြင်မှာ ဘာတွေ ဖြစ်နေကြလို့လဲ.. '

ကျန်းနန် တက္ကသိုလ်ရှိ ကျောင်းသားများသည် ဖိအားနှစ်ဆ ခံစားနေရ၏ ။ ဟက်စကီး ဟောက်ရန်က သူတို့၏ ခေါင်းပေါ်တွင် တက်ထိုင်နေသည့်အပြင် ရီကျန့်၏ လှုံ့ဆော်မှုကြောင့်လည်း ကြိုးစားရန် အားဖြစ်လာသည် ။

' အညွှန်းကိန်း တိုးလာပြီး​တော့ ..တိုက်ခိုက်ရေးစွမ်းရည်အညွှန်းကိန်းက သိသိသာသာ ပိုတိုးလာတာပဲ.. ငါ​တော့ ဒီနေ့ အဆင့် ၆ ရောက်​တော့မယ်ထင်တယ်.. '

Chapter 201

~

All Chapters