Chapters

ထုံနေပြီ ~

Vol. 14 Ch. 201

ထုံနေပြီ ~

Vol. 14 Ch. 201

တိုက်ခိုက်ရေးစွမ်းရည် တိုးတက်ရန် ခက်ခဲသဖြင့် အဆင့် ၅ အထွက်အထိပ်မှ အဆင့် ၆ အထိ ရောက်ရန်မှာ ထင်သလောက်မလွယ်ကူပေ ။

သို့သော်လည်း ယနေ့ မြင့်မားသော အညွှန်းကိန်းကြောင့် အဆင့် ၆ သို့ ရောက်နိုင်မည်ဟု လင်းမို့ ခံစားနေရ၏ ။

လွန်ခဲ့သော ရက်အနည်းငယ် အတွင်း ကျောင်း၏ အညွှန်းကိန်းမှ အရများသည်မှာ လက်သီးပြင်းအားသာဖြစ်သည် ။ အညွှန်းကိန်း ၁၀၀၀ နီးပါးတွင် တိုက်ခိုက်ရေးစွမ်းရည်အညွှန်းကိန်းက ၁၀၀၀ ဝန်းကျင်ခန့်သာရှိ၏ ။ ယနေ့၏ တိုက်ခိုက်ရေးစွမ်းရည်အညွှန်းကိန်းမှာ ၁၀၀၀၀ ကျော်နေခဲ့သည် ။

သူ ဆယ့်နှစ်နာရီ အိပ်သည်က အဆင့်၆ သို့ မရောက်ဘဲ နေနိုင်မည်လော ။ သူ ထို့သို့မထင် ။ သေချာပေါက်ပင် အဆင့် ၆ သို့ ရောက်မည်ဖြစ်သည် ။

သို့သော်လည်း ဆယ်နာရီခန့် အိပ်ပြီးသော အခါ သံသရ ဝင်လာခဲ့၏ ။

' ငါဘာလို့ အဆင့် ၆ ကို မရောက်သေးတာလဲ.. အဆင့်၆ ရောက်ဖို့ ဘယ်လောက်ခက်တယ်ပြောပြော အညွှန်းကိန်း ၁၀၀၀၀ ကျော်နဲ့ဆို ရောက်သင့်တယ်လေ.. ဆယ့်နှစ်နာရီ အိပ်တာ​တောင် မရောက်လောက်ဘူးလား.. '

လင်းမို့ ယုံကြည်မှု မရှိ​တော့ ။ သို့သော်လည်း သူဂရုသိပ်မစိုက်ပေ ။ အဆင့်​ ၆ သို့မရောက်သော်လည်း ခြေတစ်လှမ်းခန့်သာ လိုတော့ပေသည် ။ ယနေ့မရောက်လျှင် မနက်ဖြန် ရောက်နိုင်မည်ဖြစ်သည် ။

ညနေ ၆ နာရီ ကျော်လာပြီး ဆယ့်နှစ်နာရီ ပြည့်ခံနီးလာသော်လည်း အဆင့် ၆ သို့ မရောက်သေးပေ ။ အဆင့် ၆ ၏ တံခါးဝသို့ ရောက်ရှိနေသော်လည်း မဖြတ်ကျော်နိုင်၍ တစ်ဆို့နေသည့် ခံစားချက်ကြောင့် လင်းမို့ မသက်မသာ ခံစားနေရသည် ။ သူ ခဏတွေးလိုက်ပြီး အပြင်သို့ထွက်ကာ...

" ဆရာ.. အချိန် နှစ်နာရီ တိုးပေးပါ.. "

**

ကျန်းနန်မြို့ ..ထိပ်တန်းကလပ်တစ်ခု..

ဟောက်ရန်က အိပ်ရာမှ နိုးလာသော်လည်း မကျေမနပ် ဖြစ်နေသည် ။

' အကိုBlack Earth ပွဲက ၈ နာရီမှ စမှာ ခုမှ ၆ နာရီခွဲပဲ ရှိသေးတယ်.. '

ဟောက်ရန် ခဏ စဥ်းစားပြီး စားပွဲထိုးကို ခေါ်လိုက်သည် ။

" အချိန် တစ်နာရီလောက် တိုးပေးအုံး.. "

နောက်တစ်နာရီ အကြာတွင် ဟောက်ရန်တစ်ယောက် ကလပ်မှ ကျေနပ်စွာ ​ထွက်လာပြီး အဆောင်သို့ ပြန်လာခဲ့သည် ။ သူ ရှေးဦးစကြာဝဠာ အတွင်းသို့ ချက်ချင်း ဝင်ကြည့်လိုက်၏ ။

' ဟမ်.. အကိုBlack Earth မရောက်သေးဘူးလား..'

တိုက်ပွဲ စရန် နာရီဝက် လိုနေသေးသော်လည်း ရီကျန့် ရောက်နေလေပြီ ။ သူက လက်နှစ်ဖက်ကို နောက်ပစ်၍ ကိုယ်ကို မတ်မတ်ရပ်ကာ မယိုင်မလဲနိုင်သည့် တိုင်တောင်တန်းကြီးလို ထင်ရပေသည် ။

ပွဲကြည့်ရန် စောင့်နေသည့် ပုရိတ်သတ်က ၁၀ သန်းကျော်နေပြီး ၈ နာရီထိုးလျှင် သန်း ၁၀၀ ပင်ကျော်သွားနိုင်သည် ။

" ကျိုးထန့်ရီကျန့်က စောစောရောက်နေတာပဲ.. "

" Black Earth က မလာသေးတာလား မလာရဲတာလား.."

" ချီး နာရီဝက်တောင် လိုသေးတာကို စောစောလာပြီး ဘာလုပ်မှာလဲ ဆယ်မိနစ်လောက်လိုမှ လာမှာပေါ့.. "

" အားလုံး စိတ်အေးအေး ထားကြပါဟ.. "

အချိန်ကြာလာသည်နှင့်အမျှ စောင့်နေကြသူများ သံသရ ဝင်လာ၏ ။

၇:၅၅ မိနစ်သို့ ရောက်ချိန်အထိ Black Earth ရောက်မလာသေးရာ လူတိုင်း သံသရ ဝင်သွားသည် ။

" ကြည့်ရတာ Black Earth မလာတော့ဘူးထင်တယ်.. "

" သေချာတာပေါ့ ၈ နာရီတောင်ထိုးတော့မယ်.."

" Black Earth က ကြောက်နေတာလား.."

" မဟုတ်သေးပါဘူး.. သူစိန်ခေါ်တုန်းက စိန်ခေါ်ပြီး ခုမှ ပုန်းနေတာလား.. "

" ဟုတ်လောက်တယ် သူမနေ့တုန်းက စိန်ခေါ်တာ ရီကျန့်ရဲ့ ခွန်အားကို ကောင်းကောင်းမသိလို့ ဖြစ်မယ်.. ဒီနေ့ ရီကျန့် ကြမ်းပြတာကို ကြည့်ပြီး မလာရဲလောက်တော့ဘူး.. "

" အပေါ်က ညိုကီ ပြောတာ ထောက်ခံတယ်.. အဲ့တာကြောင့် ခုချိန်ထိ မလာသေးတာပေါ့.. "

Black Earth ဘက်မှ ထောက်ခံကြသူများလည်း ရှိသေးသည် ။

ထိပ်ဆုံးမှ ခံပြောနေသူများက ဟောက်ရန်နှင့် Little Yu ပင် ။ Little Yu သည် အရင်က Black Earth အား ဆန့်ကျင်ခဲ့သူဖြစ်သော်လည်း ဂိမ်းထဲတွင် Black Earth ၏ ခွန်အားကို မျက်မြင်ကြုံံတွေ့ ပြီးကတည်းက Black Earth ၏ ပုရိတ်သတ် ဖြစ်လာခဲ့လေသည် ။

သို့သော်လည်း ပါးစပ်အနည်းငယ်က သန်းနှင့်ချီသော ပါးစပ်များကို ယှဥ်ရန် မဖြစ်နိုင် ။

" ငါ့လောက်ဘယ်သူ သိမှာ လဲ.. အကို Black Earth က လာတော့မှာ.. သူလာတာနဲ့ ကျိုးထန့်ရီကျန့်ကို အဖေအမေ မမှတ်မိအောင် ရိုက်ပစ်လိမ့်မယ်.. "

ဟောက်ရန်က ဒေါသတကြီး ဝင်ပြောလိုက်၏ ။

Chapter 202

~