ထုံနေပြီ ၂
Vol. 14 Ch. 202
~
ကျန်းနန် တက္ကသိုလ်.. မြေဆွဲအားခန်း...
ည၈နာရီထိုးရန် မိနစ်အနည်းငယ်သာ လိုတော့သည် ။
" ဗုန်း....."
လင်းမို့၏ စိတ်ပင်လယ်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်နေပြီး ထစ်ချုန်းသံများ ကျယ်လောက်စွာ မြည်ဟီးနေ၏ ။
သူ၏ စိတ်အာရုံတစ်ခုလုံး ကန့်သတ်ထားသည်မှ လွတ်မြောက်သွားသလို ခံစားရပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းစီးဆင်းသွားသည် ။
တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၆ သို့ ရောက်ရှိသွားသော လက္ခာဏာတစ်ရပ်ပင် ။ သူ၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းကို သိသိသာသာ ခံစား၍ ရပြီး တစ်ခုခြင်းကို ထိန်းချုပ်နိုင်သည် ။
' အဆင့် ၆..'
လင်းမို့ သက်တောင့်သက်သာရှိသော ခံစားမှုထဲတွင် နစ်မြုပ်နေ၏ ။
အဆင့် ၅ အထွတ်အထိပ်တွင် ခန္ဓာကိုယ်ရှိ ဆဲလ်များကို ထိန်းချုပ်နိုင်သော်လည်း အဆင့် ၆ ရောက်သည်နှင့် ဆဲလ်များကို တစ်ခုတည်းအဖြစ်ပေါင်းစည်း၍ ထိန်းချုပ်နိုင်သည် ။ အဆင့် ၅ ထက် နှစ်ဆကျော် ပိုမိုသန်မာလာခဲ့သည် ။
' အဆင့် ၆ ရောက်ခါစတောင် ဒီလောက်မိုက်နေပြီ.. အဆင့် ၆ အထွတ်အထိပ်ရောက်ရင် ကိုယ်န္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ ဆဲလ်ပေါင်း ဘီလံယံချီကို ပေါင်းပြီး အသုံးပြုနိင်ရင် ငါ့ခွန်အား ဘယ်လောက်ထိ တိုးလာမလဲ.. '
' ဟူး ခုမှ အဆင့် ၆ ရောက်တာဆိုတော့ အထွတ်အထိပ်ရောက်ဖို့ တစ်လနှစ်လ လောက်တောင် အိပ်ရအုံးမယ်.. '
လင်းမို့ တွေးသည် ။ ပြီးမှ အချိန်ကို ကြည့်ဖို့ရန် သတိရသွား၏ ။
" သောက်ခွေး ၇: ၅၈ ဟ.."
တိုက်ပွဲစတင်ရန် နှစ်မိနစ်သာ လိုတော့သည် ။ လင်းမို့ မြေဆွဲအားခန်းမှ အလျင်အမြန် ပြေးထွက်လာခဲ့သည် ။
' ငါ သာ အချိန်မီမရောက်ရင် တစ်သက်လုံး အလှောင်ခံနေရတော့မှာ.. '
လင်းမို့ တုန်လှုပ်နေ၏ ။
' ခုတောင် ဝိုင်းဆဲနေလောက်ပြီ.. '
လင်းမို့၏ ပြိုင်ဘက်မှာ ရှားနိုင်ငံမှ ဖြစ်ပါက အချိန်နောက်ကျလျင်ပင် ပြသနာမရှိ ။ ယခု ချယ်ရီပန်းနိုင်ငံနှင့် ယှဥ်ပြိုင်ရမယ်ဖြစ်၍ သူနောက်ကျနေပါက ရှားနိုင်ငံ မျက်နှာပျက်ရပေမည် ။
ထိုအခိုက် ရှေးဦးစကြာဝဠာ တွင် စောင့်နေကြသော ကြည့်ရှုသူ သန်းဂဏန်း မှာ ဆူညံနေကြ၏ ။ ချယ်ရီပန်း နိုင်ငံမှာ ကြည့်ရှုသူများမှာ ပို၍ပင် လှောင်ပြောင်နေကြသည် ။
" မင်းတို့ ရှားနိုင်ငံက အဆင့် ၁ ပါရမီရှင်ကြီးကလည်း ကြောက်တက်လိုက်တာလွန်ရော.. အဆင့်၁ အမှိုက်ကောင်လို့ နာမည်ပြောင်းခေါ်လိုက်တာ ပိုကောင်းမယ်.."
" ငါတို့ ရီကျန့်ပြောတာမှန်တယ်.. မင်းတို့နိုင်ငံ မှာ ပါရမီရှင်နာမည်နဲ့ ထိုက်တန်တဲ့သူ မရှိဘူး.. "
ည ၇: ၅၉ မိနစ် ၄၅ စက္ကန့်...
လင်းမို့ ရှေးဦးစကြာဝဠာ ထဲသို့ အချိန်မီ ဝင်ရောက်နိုင်ခဲ့ပြီး တိုက်ပွဲကွင်းသို့ အလင်းအလျင်ဖြင့် လျင်မြန်စွာ ပြေးလာခဲ့သည် ။
စောင့်ကြည့်နေသူအားလုံး တိတ်ဆိတ် သွားကြသည် ။
" Black Earth လာပြီဟေ့.."
" ပွဲစဖို့ ဆယ်စက္ကန့်လောက်ပဲ လိုတော့တယ်.. အဲ့ကောင် ကံကောင်းသွားပြီ.. "
" ဒီလောက်နောက်ကြနေတာ.. အဲ့ကောင် ရှက်နေလောက်တယ်မလား.. "
" Black Earth က ရီကျန့်ရဲ့ ခွန်အားကို သိသွားလို့ ကြောက်ပြီး တွေဝေနေတာ နေမှာ.. တိုက်ပွဲမှာ ရှုံးတာထက် စင်ပေါ်ကို မတက်ရဲဘူးဆိုတာက ပိုအရှက်ကွဲမှာ မလား.. "
" ရှုံးမယ်မှန်း သိရက်နဲ့ စင်ပေါ်တက်ရဲတာ Black Earth ရဲ့ သတ္တိက မခေပါဘူးဟ.. "
သန်မာလှသော ကျိုးထန့်ရီကျန့်ကြောင့် မည်သူမှ Black Earth နိုင်မည်ဟု မထင်ကြ ။
ယခုမှ အထက်တန်းအောင်လာသူက ငွေလအဆင့်ကို မည်ကဲ့သို့ တိုက်ခိုက်နိုင်မည်နည်း ။ ကွာခြားချက် ကြီးမားလွန်းလှသည် ။
" Black Earth.. "
တည်ကြည်ခိုင်မာစွာ မျက်လုံး စုံမှိတ်၍ ရပ်နေသော ရီကျန့် မျက်လုံးဖွင့်ကြည့်လိုက်ပြီး...
" ငါစောင့်နေတာ နာရီဝက်ကျော်ပြီ.. "
" နာရီဝက်ကျော်ပြီလား.. "
လင်းမို့က ထူးဆန်းသည့်ဟန်ဖြင့်...
" ဒီလိုကြီး ရပ်စောင့်နေတာလား.."
" ဟုတ်တယ် .."
ရီကျန့် ပြတ်သားစွာ ပြန်ဖြေလိုက်၏ ။ လွန်ခဲ့သော နာရီဝက်ခန့်က သူ၏ လက်နှစ်ဖက်ကို နောက်ပစ်၍ ပြိုင်ဘက်ကင်းတစ်ယောက်အမူအရာဖြင့် ဖြောင့်မတ်စွာ ရပ်နေခဲ့၏ ။ Black Earth စောစော လာမည်ဟု ထင်ခဲ့သောကြောင့်ပင် ။ ဆရာကြီး စတိုင်ဖြင့် စောင့်နေသည်က ကြည့်ရှုသူများ၏ ရှေ့တွင် ပို၍ မိုက်ပေသည် ။
သို့သော်လည်း ထိုBlack Earth ဆိုသည့် သကောင့်သားကနာရီဝက်ကျော်သည်အထိ ရောက်မလာခဲ့ ။ ပုံစံပြောင်း၍ စောင့်ရန်လည်း လူသန်းချီ ကြည့်နေကြသဖြင့် ရှက်လွန်းလှသည် ။ ထို့ကြောင့် ဤအတိုင်းသာ ဆက်စောင့်ရန် ဆုံးဖြတ်လိုက်ရသည် ။ ဤ နာရီဝက်က သူ့အတွက် ခက်ခဲခဲ့၏ ။
" တကယ် ဒီလိုကြီးပဲ ရပ်စောင့်နေတာလား.. "
လင်းမို့ ဆွံ့အသွားပြီး...
" တစ်ကိုယ်လုံး ထုံမနေဘူးလား.. "
" ထုံတာပေါ့.. "
ရီကျန့် ရှက်ရွံ့ဟန် ပြုံးလိုက်ပြီး လှုပ်ရှားကြည့်လိုက်သည် ။
" ခဏနေအုံး.. ငါ့ခြေထောက်တွေ လှုပ်လို့မရတော့ဘူး.. အကြောလျော့လိုက်အုံးမယ်.. "
ရီကျန့်က ကြည့်ရှုနေသူ သန်းချီကို မသိချင်ယောင်ဆောင်၍ ကိုယ်လက်လေ့ကျင့်ခန်းများ လုပ်နေတော့သည် ။ ထုံကျင်နေပါက မည်သို့ တိုက်ခိုက်နိုင်မည်နည်း ။
" ... "
လင်းမို့ အံ့သြစွာဖြင့် စောင့်နေလိုက်ရသည် ။
ရီကျန့်က ပုံမှန် ပြန်ဖြစ်သွားမှ မောက်မာသည့်ဟန်ပန် ပြန်ပေါ်လာပြီး...
" Black Earth.. "
သူ ရယ်လိုက်ကာ...
" မင်းငါနဲ့ တိုက်ခွင့်ရတာ ဂုဏ်ယူသင့်တယ်.. "
လင်းမို့ ပြန်မပြော ။ သူလည်း အဆင့်တက်လာသဖြင့် လက်ယားနေပြီဖြစ်သည် ။
" တကယ်ဆို မင်းက ငါနဲ့တိုက်ခိုက်ဖို့ အဆင့်မမီဘူး.."
ရီကျန့်က စီနီယာ တစ်ယောက် လေသံဖြင့်...
" မင်းက ငယ်လွန်းသေးတယ်.. နောက်နှစ်အနည်းငယ်ကြာရင်တော့ ..ငါ့ကို စိန်ခေါ်လို့ ရချင်ရမှာပေါ့.. ခုတော့ မင်းစိန်ခေါ်ရဲတယ့်အတွက် ငါမင်းကို ဘယ်လို နိမ့်ချနေရမလဲဆိုတာ သိအောင် သင်ပေးမယ်.. "
Chapter 203
~