မင်းနဲ့တန်လို့လား
Vol. 14 Ch. 203
~
ရီကျန့်၏ စကားက မောက်မာသည်ဟု မည်သူမှ မထင်ကြ ။ သူ၏ ခွန်အားကို ထိပ်တန်းတက္ကသိုလ် နှစ်ခုတွင် သက်သေပြပြီးဖြစ်သည် ။
Black Earth နောက်ဆုံးအကြိမ် ခွန်အားထုတ်ပြစဥ်က တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၅ အစောပိုင်းသာ ရှိသေး၏ ။ အချိန်တိုအတွင်း သူမည်မျှ သန်မာလာနိုင်မည်နည်း ။ ထို့ကြောင့် ပုရိတ်သတ်များ၏ အမြင်တွင် ဤတိုက်ပွဲတွင် Black Earth မည်မျှကြာကြာ ခုခံနိုင်မလဲဟု စောင့်ကြည့်ရန်ပင် ။
" Black Earth က တစ်ချက်တည်းနဲ့တော့ ရှုံးမသွားလောက်ဘူးမလား.. "
" ရီကျန့်သာ တစ်ချက်တည်း အနိုင်ယူချင်လား နဲနဲလောက် အကြောလျော့မလား ဆုံးဖြတ်ရမှာဟ.. "
" တစ်ချက်တည်းသာ ရှုံးရင် Black Earth တော်တော်ရှက်သွားမှာ.. "
" သူသောက်ရှက်ကွဲတာ အရေးမကြီးဘူးဟ.. ကြားထဲက ငါတို့ရှားနိုင်ငံပါ သောက်ရှက်ကွဲမှာ.. "
" Black Earth ဆိုးဆိုးဝါးဝါး မရှုံးပါစေနဲ့.. "
တိုက်ပွဲကွင်းအတွင်းရှိ ရီကျန့်နှင့် လင်းမို့မှာ အပြင်မှ ဝေဖန်သံများကို ကြားရမည်မဟုတ် ။
" Black Earth.. "
ရီကျန့်က လက်ညိုးထိုးလိုက်ပြီး...
" ငါမင်းကို တစ်ချက်တည်း သတ်နိုင်ပင်မယ့် ..မင်းက ရှားနိုင်ငံရဲ့ အဆင့် ၁ ပါရမီရှင်ဆိုတော့ မျက်နှာသာ နဲနဲပေးရမှာပေါ့ .."
" အော်.. "
လင်းမို့က ဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်သည် ။ သူရှေ့တွင် လာမောက်မာပြပါက သင်ခန်းစာကောင်းကောင်း သင်ပေးရမည်ပင် ။
" ဆယ်ကွက်.."
ရီကျန့်က ယုံကြည်မှု အပြည့်ဖြင့် ...
" ငါမင်းကို ကိုးကွက် သင်ယူခွင့်ပေးမယ် ..ဆယ်ကွက်မြောက်ကတော့ မင်းရှုံးရမယ့် အကွက်ပေါ့.."
ရီကျန့်သည် သူ၏ တာဝန်မှာ Black Earth ၏ ခွန်အားကို စမ်းသပ်ရမည်ဖြစ်၍ ကိုးကွက် အပိုလှုပ်ရှားမည်ဖြစ်သည် ။ ချယ်ရီပန်းနိုင်ငံ၏ ပညာရှင်များက သေချာအာရုံစိုက်၍ ကြည့်နေကြသည် ။
" ဆယ်ကွက်လား.. "
လင်းမို့ ပြုံးလိုက်ပြီး...
" ပြကြည့်လေ..ဟီးဟီး.. "
လင်းမို့သည် အဆင့် ၆ သို့ရောက်ပြီးနောက် သူ၏ ခွန်အားမည်မျှ ရှိမှန်း သေချာမသိ ။ ယခု အဆင့်၆ တွင် အသားကျစေရန် ရီကျန့်အား အသုံးပြုရန် ဆုံးဖြတ်လိုက်သည် ။ အဆင့် ၅ အထွတ်အထိပ်တစ်ယောက်က စမ်းသပ်ရန် အသင့်တော်ဆုံးဖြစ်သည် ။
" ရယ်တာလား.. "
ရှေးဦးစကြာဝဠာ ၏ ဘာသာ ပြန်ဆိုမှုကြောင့် ရီကျန့် ရယ်လိုက်ပြီး...
" မင်းခနနေ ငိုရတော့မယ်.. "
" ဝှီး.. "
ရီကျန်းက စကားဆုံးသည်နှင့် လင်းမို့ဆီသို့ ပြေးဝင်သွား၏ ။ သူ၏ လက်သီးတွင် ခွန်အားစုစည်းကာ လင်းမို့၏ ဝမ်းဗိုက်ကို အမြှောက်ဆန်တစ်လုံးလို ပစ်ထိုးလိုက်သည် ။
သူ၏ ခွန်အား အကုန်မသုံး ။ အဆင့် ၅ အလယ်ဆင့်နှင့် တူညီသော ခွန်အားကိုသာ အသုံးပြုထား၏ ။
လင်းမို့က လှောင်ပြုံး ပြုံးလိုက်ပြီး လက်သီးကို ပုတ်ထုတ်လိုက်သည် ။ သူ့အား လာ၍ စမ်းသပ်ချင်နေသည်လော ။
" ဟမ်.."
ရီကျန့် အနည်းငယ် အံ့သြသွားသည် ။
' လွယ်လွယ်နဲ့ ခုခံနိုင်တယ်ဆိုတော့ သူ့တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၅ အစောပိုင်းမကဘူးပဲ..'
ချက်ချင်းပင် သူ၏ ခွန်အားကို အဆင့်၅ နောက်ဆုံး အထိ တိုးမြင့်လိုက်ပြီး ခုခံရန်မလွယ်ကူသည့် နေရာသို့ ထိုးလိုက်သည် ။
Black Earth က အသာအယာ ကာကွယ်လိုက်ပြန်၏ ။
' ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ..'
ရီကျန့်၏ အမူအရာက လေးနက်သွားသည် ။
' Black Earth က အဆင့် ၅ နောက်ပိုင်း ရောက်နေပြီလား.. '
တိုက်ခိုက်ရေးစွမ်းရည် အဆင့်၅ နောက်ပိုင်းအား သိုင်းလောကတွင် ကျွမ်းကျင်သူဟု ယူဆ၍ မရသော်လည်း ထိုသူက အသက်၁၈ နှစ်သာ ရှိသေးပါက ကြောက်စရာအလွန်ကောင်းလှပေသည် ။
" ဘုန်း.."
ရီကျန့် သူ၏ ခွန်အားကို ထိန်းချုပ်မထားတော့ ။ အားကုန်နီးပါး အသုံးပြုလိုက်သည် ။
' ဒီလောက်ဆို လုံလောက်ပြီလား.. '
ရီကျန့် Black Earth အား ယုံကြည်မှု အပြည့်ဖြင့် တိုက်ခိုက်လိုက်၏ ။ အဆင့် ၅ နောက်ပိုင်းအဆင့်အား အနိုင်ယူရန် လက်ကျန် ခုနှစ်ကွက်က လိုသည်ထက် ပိုသေးသည် ။
' ဆယ်ကွက်ပြောထားတော့.. ဆယ်ကွက်ပြည့်အောင် တိုက်ပေးရမှာပေါ့.. '
သို့သော်လည်း လင်းမို့က လွယ်လွယ်ကူကူပင် ခုခံလိုက်၏ ။
ရီကျန့် ထိတ်လန့်သွားသည် ။
' ဒါ.. ဒါ.. အဆင့် ၅ အထွတ်အထိပ်ပဲ.. '
သူ၏ သိုင်းလမ်းစဥ်အပေါ် နားလည်မှုများ ဇောက်ထိုးလှန်ခံလိုက်သလို ဖြစ်သွား၏ ။ အနာဂတ်လမ်းဖျက်ဆီး၍ အတင်းအကြပ် တိုက်ခိုက်ရေးစွမ်းရည် တိုးမြှင့်ခဲ့သော သူပင် အသက်၂၁ နှစ်မှ အဆင့် ၅ အထွတ်အထိပ်သို့ ရောက်နိုင်ခဲ့သည် ။
Chapter 204
~