မင်းနဲ့တန်လို့လား ၂ ~
Vol. 14 Ch. 204
အသက် ၁၈ နှစ်သာ ရှိသေးသူ တစ်ယောက်က အဆင့် ၅ အထွတ်အထိပ်သို့ အမှန်တကယ်ရောက်နေသည်လော ။
' ဒါဂြိုလ်ပြာရဲ့ ပြိုင်ဘက်ကင်းပါရမီရှင်လား.. '
ရီကျန့် ချုံးချွှမ်မင်ကျင့်အား တွေးလိုက်မိသည် ။ မင်ကျင့်သည် အသက်၁၈နှစ်တွင် အဆင့် ၅ သို့ပင်မရောက်သေး ။ ကွာခြားချက်က ကြီးမားလှသည် ။ အုပ်ထိန်းသူ၏ အမွေအနှစ်ကို ရရန် မည်သို့ ယှဥ်ပြိုင်မည်နည်း ။
ဆယ်ကွက်ပြည့်ရန် မကြာလိုက်ချေ ။
" ဆယ်ကွက် ပြည့်ပြီနော် .."
လင်းမို့ ပြုံးလိုက်သည် ။
ပုရိတ်သတ်များလည်း အံ့သြကုန်ကြ၏ ။
" ဆယ်ကွက်ပြောပြီး Black Earth က ဘာမှ မဖြစ်သေးဘူး.. "
" ငါသူတို့အဆင့်ကို နားမလည်ပင်မဲ့ လက်ရည်တူနေသလိုပဲ.. "
" ဟုတ်တယ် လက်ရည်တူနေတာဟ.. Black Earth လည်း အဆင့် ၅ အထွတ်အထိပ်မှာပဲ.. "
" Black Earth က အဆင့် ၅ အစောပိုင်း မဟုတ်ဘူးလား .."
" သူ့ ခွန်အားကို ဖုံးကွယ်ထားတာဖြစ်မယ်.. "
လင်းမို့၏ လှောင်သံကိုကြားလျှင် ရီကျန့် ဒေါသထွက်သွား၏ ။ ကြည့်ရှုသူ သန်းချီရှေ့တွင် သူအရှက်ကွဲလေပြီ ။
" ဆယ်ကွက်ပြည့်တော့ ဘာဖြစ်လဲ.. "
ရီကျန့်၏ အသံကအေးစက်သွားပြီး...
" မင်း ငါနဲ့ လက်ရည်တူ ယှဥ်နိုင်တာ ငါဝန်ခံတယ်.. ဒါပင်မဲ့ နောက်ဆုံး ရှုံးရမယ့်သူက မင်းပဲ.. "
ရီကျန်းက လင်းမို့အား ပြင်းထန်စွာတိုက်ခိုက်လိုက်သည် ။
' ကောင်းလိုက်တာ.. '
လင်းမို့တွေးသည် ။
**
ကြည့်ရှုသူ ဧရိယာ...
ဂြိုလ်ပြာရှိ ထိပ်တန်း ကျွမ်းကျင်သူတဝက်လောက်က တိတ်တဆိတ် ကြည့်နေကြ၏ ။
ရှားနိုင်ငံ မဟာသခင်ခန်းမ၏ အကြီးအကဲ ဇီကျင့်လည်း ရောက်နေသည် ။
' အဆင့် ၅ အထွတ်အထိပ်လား.. '
သူမ အံ့အားသင့်သွားသည် ။
' သူအရင်က ဖုံးကွယ်ထားတာဖြစ်မယ်.. '
" ဟူး.. အသက် ၁၈ နှစ်နဲ့ အဆင့် ၅ အထွတ်အထိပ်ရောက်အောင် ဘယ်လိုလေ့ကျင့်ခဲ့တာလဲ.. "
ရှားနိုင်ငံ သိုင်းဌာနချုပ်ရှိ ခေါင်းဆောင်များက ပွဲကြည့်ရန် ဇီကျင့်နောက်မှ လိုက်လာခဲ့ကြသည် ။ သူတို့ သက်ပြင်းချမိလိုက်ကြသည် ။
" အရင်က လင်းမို့ကို Black Earth ရဲ့ အဆင့်ထက် မြင့်ရမယ်လို့ ပြောနေတဲ့သူတွေ အခု အပေါက်ပိတ်သွားလိမ့်မယ်.. "
" ဟုတ်တယ်.. "
ဇီကျင့်လည်း သက်ပြင်းချလိုက်မိသည် ။
" လင်းမို့ရဲ့ ခန္ဓာကိုယ်ပါရမီကို မမြင်ဘူးသေးပင်မယ့် Black Earth ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ပါရမီက နဂါးငွေ့တန်း တစ်ခုလုံးမှာတောင် ထိပ်တန်းစာရင်း ဝင်လောက်တယ်.. "
ဇီကျင့်သည် နဂါးငွေ့တန်းအကြောင်း အနည်းငယ်သိသော်လည်း မဆိုစလောက်သာ ဖြစ်သည် ။ သူမ၏ ထင်မြင်ချက်အရ Black Earth လိုပါရမီမျိုး နဂါးငွေ့တန်းတွင်ပင် ရှာတွေ့ရန် ခက်ခဲပေမည် ။
' အုပ်ထိန်းသူက Black Earth ရဲ့ပါရမီကို ကျေနပ်မယ်ထင်တယ်.. '
သူမ ယုံကြည်မှု အနည်းငယ် ပိုရှိလာသည် ။ အုပ်ထိန်းသူ၏ အမွေအနှစ်ကို ရှားနိုင်ငံမှ ရဖို့ရန် အခွင့်အရေးပိုများလာပြီဖြစ်သည် ။
**
ချယ်ရီပန်းနိုင်ငံမှ ကျွမ်းကျင်သူများ အသံတိတ်ကုန်ကြ၏ ။ သူတို့သည် ချုံးချွမ်မင်ကျင့်အား Black Earth နှင့် ယှဥ်ပြိုင်နိုင်ရန် မျှော်လင့်ထားကြသော်လည်း Black Earth ၏ ပါရမီက ထူးကဲလွန်းနေသည် ။ မည်သို့ ယှဥ်ပြိုင်ရတော့မည်နည်း ။
မင်ကျင့် အသက် ၁၈ နှစ် အရွယ်တုန်းက Black Earth ၏ ပါရမီဖြင့်ယှဥ်လျှင် အမှိုက်စာရင်းထဲသို့ ထည့်ထားရပေမည် ။
' ငါတို့နိုင်ငံက အုပ်ထိန်းသူရဲ့ အမွေကိုရဖို့ ကံပါမလာဘူးလား.. '
သူတို့အားလုံး စိတ်ဓာတ်ကျသွားကြသည် ။
ချုံးချွမ်မင်ကျင့် ၏ အမူအရာမှာလည်း လေးနက်နေ၏ ။
' Black Earth က အသက်၁၈ နှစ်ပဲရှိသေးတယ်လား ..'
သူ အသက် ၁၈ နှစ်တုန်းကနှင့် နှိုင်းယှဥ်ကြည့်ရာ ကွာခြားချက် ကြီးမားလှပေသည် ။
သို့သော်လည်း မှုန်ကုတ်ကုတ်ဖြစ်နေသော သူ၏အမူအရာမှာ တိုက်ပွဲဆာလောင်စိတ်များဖြင့် ပြည့်လာ၏ ။
' မင်းငါ့ထက် အသက် ၁၈ နှစ်မှာ သန်မာနိုင်ပင်မဲ့ တစ်သက်လုံး ငါ့ထက်သန်မာနိုင်မယ်လို့ ဘယ်သူပြောလဲ.. ပြီးတော့ တိုက်ခိုက်ရေးစွမ်းရည် တစ်ခုထဲ ကွက်ပြီး ထူးချွန်နေတာ သိုင်းလမ်းစဥ်မှာ ဘယ်လောက်ထိရောက်နိုင်မှာမို့လဲ ..'
Black Earth၏ ခန္ဓာကိုယ်ပါရမီ နိမ့်ပါးမှုကို သူကြားဖူးသည် ။ တိုးတက်နှုန်း မညီမျှသူတစ်ယောက်မှာ သိုင်းလမ်းစဥ်ကို ဝေးဝေးလျောက်နိုင်မည်မဟုတ် ။ အုပ်ထိန်းသူ၏ အမွေအနှစ်က သူ့အတွက်သာဖြစ်သည် ။
မင်ကျင့်၏ မျက်လုံးထဲတွင် မီးများတောက်လောင်လာသည် ။ သူ၏ အနာဂတ်ပန်းတိုင်မှာ ဂြိုလ်ပြာကြီးအား စိုးမိုးနိုင်ရန်မဟုတ်ပေ ။ နဂါးငွေ့တန်း တစ်ခုလုံးအား အနိုင်ယူချင်ပေသည် ။
" အုပ်ထိန်းသူရဲ့ အမွေကို ရမယ့်သူက ချုံးချွမ်မင်ကျင့်ဆိုတဲ့ ငါပဲ ဖြစ်ရမယ်.. "
" ဟုတ်တယ် မင်းမှန်တယ်.. "
ချယ်ရီပန်းနိုင်ငံ၏ ကျွမ်းကျင်သူ တစ်ဦးက...
" မင်းက လေ့ကျင့်တဲ့နေရာပဲ အာရုံစိုက်ထားပါ.. ကျန်တဲ့ မင်းရဲ့လမ်းပေါ်မှာ ပေါ်လာမယ့် အတားအဆီးတွေကို ငါတို့ ရှင်းပေးမယ်.. Black Earth ကို အုပ်ထိန်းသူက ခေါ်သွားလို့ ငါတို့ဘာမှ လုပ်လို့မရတော့ပင်မယ့် လင်းမို့ကတော့ သေကို သေစေရမယ်.. "
" ဟုတ်ကဲ့ပါ.."
မင်ကျင့်က ခေါင်းညိတ်လိုက်သော်လည်း သိပ်သဘောမကျ ။ သူ၏ ပြိုင်ဘက်အစစ်အမှန်မှာ သူသာလျှင်ဖြစ်၏ ။ ကျန်သူများမှာ သူတက်နင်းရမည့် လှေကားထစ်များပင် ။
**
ကျန်းနန်တက္ကသိုလ်...
ပွဲကြည့်နေသူများထဲတွင် ဆရာဝေ့လည်း ပါဝင်လေသည် ။ အမှန်တော့ ဆရာဝေ့ တင်မဟုတ် ရှားနိုင်ငံတစ်ခုလုံးရှိ တက္ကသိုလ်ဆရာများ အားလုံး ရောက်နေကြ၏ ။ ချယ်ရီပန်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် သူတို့အား အနိုင်ယူရန်လာခြင်း ဖြစ်သဖြင့် စောင့်ကြည့်ရပေမည် ။
' Black Earth က ရီကျန့်နဲ့ လက်ရေတူနေတာပဲ.. '
သူ အရင်က တခြားသူများလိုပင် Black Earth ရှုံးနိမ့်မည်ဟု ထင်ထားသူတစ်ယောက်ပင် ။
' ငါတို့ ရှားနိုင်ငံက ပါရမီရှင်ဆိုတယ့်အတိုင်းပဲ..'
ဆရာဝေ့ ကျေနပ်သွား၏ ။ Black Earth လို ထိပ်တန်းပါရမီရှင်ကို မြင်နေရ၍ သူ၏ တပည့်ဖြစ်သူ လင်းမို့အား တွေးမိသွားသည် ။
' အော်.. ငါ့တပည့်လေး သနားစရာပဲ Black Earth နဲ့ တစ်ခေတ်တည်း လာမွေးရတယ်လို့.. တကယ်ဆို သူတို့ ပါရမီက သိပ်မကွာလှဘူး.. '
လင်းမို့၏ ပါရမီက Black Earth ထက် များစွာနိမ့်ကျမှန်း သူသိသော်လည်း သူ့တပည့်ဘက်က ရပ်တည်ရမည်ဖြစ်သည် ။
' ဟူး.. ဆိုးတာက အဲ့ကလေးက ခေါင်းမာလိုက်တာ.. နေ့တိုင်း မြေဆွဲအားခန်းထဲပဲ ဝင်လေ့ကျင့်နေတယ်.. '
ဆရာဝေ့ သက်ပြင်းချလိုက်မိသည် ။ သူအကြံတစ်ခု ရသွား၏ ။
' လင်းမို့ကို ပွဲကြည့်ဖို့ ခေါ်မှပဲ.. အဲ့တာမှ တိုက်ခိုက်ရေးစွမ်းရည်လေ့ကျင့်ဖို့ စိတ်ပါလာမှာ.. '
သူ အပြင်ထွက်၍ လင်းမို့အား အမြန်လာရန် ဖုန်းဆက်လိုက်သည် ။ ဖုန်းဆက်လိုက်သည်နှင့်...
" တီ.. လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းပိုင်ရှင်မှာ ရှေးဦးစကြာဝဠာ အတွင်း ဝင်ရောက်နေသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင်.. "
Chapter 205
~