မင်းနဲ့တန်လို့လား ၃ ~
Vol. 14 Ch. 205
ဆရာဝေ့ ရှေးဦးစကြာဝဠာ အတွင်းသို့ ပြန်ဝင်လာလိုက်သည် ။
' လင်းမို့လည်း ပွဲကြည့်နေတာဖြစ်မယ်..သူ တိုက်ခိုက်ရေးစွမ်းရည်လေ့ကျင့်ဖို့ ဘယ်လောက်ပဲ ပျင်းတယ်ပြောပြော ဒီပွဲကို သေချာပေါက် လာကြည့်မှာပဲ.. '
Black Earth နှင့် လင်းမို့အား အတူတူဟု ဆရာဝေ့ ဘယ်တော့မှ စဥ်းစားမိမည်မဟုတ် ။
' ဒါနဲ့ လင်းမို့ရဲ့ ရှေးဦးစကြာဝဠာ နာမည်နဲ့ ID ကို ငါမသိပါလား.. '
ဆရာဝေ့ရုတ်တရက် သတိရသွားသည် ။
' နောက်တွေ့ရင် မေးရမယ်.. '
ထိုအခိုက် ပြိုင်ကွင်းထဲတွင် ရီကျန့်က သဲကြီးမဲကြီးတိုက်ခိုက်နေပြီး Black Earth က ခုခံနေ၏ ။
တိုက်ကွက် ၁၀..
တိုက်ကွက် ၂၀...
တိုက်ကွက် ၁၀၀..
ရှေးဦးစကြာဝဠာ ထဲတွင် လက်သီးပြင်းအားကို ၁၂၀၀ ကီလိုတွင်သာ ကန့်သတ်ထားသော်လည်း မြင့်မားလှသော တိုက်ခိုက်ရေးစွမ်းရည်ကြောင့် သူတို့၏ လှုပ်ရှားမှူများက မြန်ဆန်လှပေသည် ။ မျက်စိတစ်မှိတ် အချိန်တွင်းပင် တိုက်ကွက် ၁၀၀ ကျော် ဖလှယ်ပြီးဖြစ်သည် ။
ပွဲကြည့်ဧရိယာထဲတွင် ပုရိတ်သတ်များ ဆူညံစွာ အားပေးနေကြ၏ ။
" Black Earth က သောက်ရမ်း ကြမ်းတယ်ဟေ့.. "
" တိုက်ကွက် တစ်ရာကျော်လာပြီ ခုထိ မရှုံးသေးဘူး.. "
" အဆင့် ၅ အထွတ်အထိပ်တူတူခြင်းကို လအုမို့ ရှုံးရမှာလားဟ.. "
" သောက်လုံးက သေချာကြည့် ရီကျန့်တိုက်တာကိုပဲ Black Earth က ကာကွယ်နေရတာ ..Black Earth ရှုံးဖို့ များတယ်.. "
" အဆင့် ၅ ချင်းတူတော့ ပြန်လည်ကုသနှုန်းလည်း တူတူလောက်ပဲ.. ဒီပွဲပြီးအောင် အကြာကြီးတိုက်ခိုက်ရမယ်ထင်တယ်.. "
" အဆင့်ခြင်း တူနေတာကို ဘာလို့ အဖိနိုပ်ခံနေရတာလဲ.. ပြန်ချပါဟ.. "
ရှားနိုင်ငံ ကြည့်ရှုသူ သန်းချီက တိုက်ပွဲအား နားမလည်သော်လည်း Black Earth ခံဘက် ရောက်နေသဖြင့် မချင့်မရဲ ဖြစ်နေကြသည် ။ ကျွမ်းကျင်သူများသာ ပြိုင်ပွဲအခြေအနေကို နားလည်နိုင်ကြသည် ။ Black Earth က ဖိနှိပ်ခံနေရခြင်းမဟုတ်ဘဲ ရီကျန့်အား ကစားနေခြင်းသာဖြစ်သည် ။ ရီကျန့်က အသည်းအသန် တိုက်ခိုက်နေသော်လည်း Black Earth က ခုခံရန် အားမစိုက်ရပေ ။
" ဒီပွဲရဲ့ ရလဒ်က သေချာနေပြီ.. "
သိုင်းမဟာသခင် ခန်းမမှ အကြီးအကဲတစ်ဦးက ပြောလိုက်သည် ။ တခြားသူများလည်း ဝင်ဆွေးနွေးလိုက်ကြ၏ ။
" ဟုတ်တယ်.. နှစ်ဖက်ကွာခြားချက်က နဲနဲ မကဘူး.."
" လင်းမို့က အေးဆေး ခုခံနေတာ.. "
" ရီကျန့်က ခုမှ အဆင့် ၅ အထွတ်အထိပ် ရောက်တာဖြစ်မယ်.. Black Earth က အဆင့် ၆ ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်.. "
" Black Earth က ပွဲကို သူသိမ်းချင်တဲ့ အချိန် သိမ်းလို့ရနေပြီ.. "
" လင်းမို့ ဒုတိယနှစ်က ချီဖုန့်ပိုကို အနိုင်ယူလိုက်တုန်းက အုပ်ထိန်းသူ ဘာလို့ လာမခေါ်လဲ စဥ်းစားနေတာ Black Earth က လူမဆန်လို့ကိုး.. အုပ်ထိန်းသူရဲ့ မျက်လုံးတွေက စူးရှလိုက်တာ .."
" သောက်ချီးကို စူးရှ.. "
တိတ်တဆိတ်လာကြည့်နေသော ရီတစ်ယောက် ကျိန်ဆဲလိုက်၏ ။ သူသည် ကျိုးချန်အား ခေါ်၍ တိတ်တိတ်လေး ပွဲလာကြည့်နေခြင်းဖြစ်သည် ။ သူ့အား မည်သူမှ မြင်ရမည် မဟုတ်ပေ ။
ကျိုးချန်၏ ပါရမီအား နဂါးငွေ့တန်းတွင်ပင် လက်ရွေးစင်အဖြစ် သတ်မှတ်နိုင်ပေသည် ။ ထို့အပြင် သူ၏ အထူးဂရုစိုက်မှုကြောင့် ကျိုးချန်၏ တိုးတက်နှုန်းက လျင်မြန်လှသည် ။ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၅ နောက်ပိုင်းအဆင့်သို့ပင် ရောက်နေလေပြီ ။
' ကွင်းထဲကBlack Earth က ငါတို့ ရှားနိုင်ငံက လင်းမို့ဆိုတာလား.. '
ရီပြောထားသဖြင့် ကျိုးချန်က Black Earth မည်သူမှန်း သိပေသည် ။
' ကျိုးထန့်ရီကျန့် ဆိုတာ ချယ်ရီပန်းနိုင်ငံကကိုး.. '
ကျိုးချန်သည် သူ့ဆရာဖြစ်သူက တိုက်ပွဲကို ကြည့်ခိုင်းထား၍ အာရုံစိုက်ကြည့်နေလိုက်သည် ။
' လင်းမို့က ငါနဲ့ အသက်တူတူကို အဆင့် ၅ အထွတ်အထိပ်ရောက်နေပြီ.. '
သူအနည်းငယ် ရှက်သွားသည် ။
' ဒါပင်မယ့် ငါလည်း အဆင့် ၅ အထွတ်အထိပ်ရောက်ခံနီးပြီပဲ.. အဆင့် ၆ ကို ချိုးဖျက်တက်နိုင်ဖို့ လွယ်တာမှ မဟုတ်တာ.. ငါက လင်းမို့ထက် အဆင့် ၆ ကို အရင်ရောက်နိုင်တယ်.. '
Chapter 206
~