← Chapters

မင်းနဲ့တန်လို့လား ၄ ~

Vol. 14 Ch. 206

မင်းနဲ့တန်လို့လား ၄ ~

Vol. 14 Ch. 206

' ဟားဟား.. '

ရီသည် ကျိုးချန်၏ အတွေးကို မြင်ပြီး ရယ်လိုက်မိ၏ ။

" မင်းက လင်းမို့ကို ကျော်တက်နိုင်တော့မယ် ထင်နေတာလား.. "

ကျိုးချန်က ခဏတုံ့ဆိုင်းသွားသော်လည်း ခေါင်းညိတ်လိုက်သည် ။

" အဲ့တာဆို မင်းသေချာကြည့်ပါ.. "

ရီက ဆက်ရှင်းမပြ ။ လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၆ သို့ရောက်၍ စိတ်အာရုံဖြင့် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်နေပြီမှန်း မြင်သာပေသည် ။

ရီသည် ကျိုးချန်၏ မာနကို ချီုးနှိမ်ရန် ဤပွဲကို လာကြည့်ခိုင်းခြင်းပင် ။ အသက်ငယ်ငယ်ဖြင့် လျင်မြန်စွာ တိုးတက်လာသဖြင့် ကျိုးချန်၏ မာနက မြင့်တက်လာခဲ့သည် ။

ကျိုးချန် ပွဲအား ဆက်ကြည့်နေ၏ ။ နောက်တစ်စက္ကန့်အတွင်းပင် သူ၏ မျက်လုံးများမှာ မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်သွားသည် ။

" အ..အ.အဆင့် ၆ .."

**

လင်းမို့သည် တိုက်ကွက် တစ်ရာကျော်ကို ခုခံလာပြီးနောက် ပျင်းရိလာ၏ ။

' ငါ စိတ်အာရုံနဲ့ ခန္ဓာကိုယ်တစ်သားတည်း ဖြစ်သွားပြီ..'

တိုက်ပွဲစတင်ချိန်က သူဖိအားအနည်းငယ် ခံစားမိသော်လည်း ယခု အေးဆေး ခုခံနိုင်နေပြီဖြစ်သည် ။ သူ အဆင့် ၆ တွင် အသားကျသွားလေပြီ ။

' အဆုံးသတ်လိုက်တော့မယ်.. '

တချိန်လုံး ခုခံနေသော လင်းမို့က တန်ပြန် တိုက်ခိုက်လိုက်သည် ။

" ဖောင်း..."

လင်းမို့၏ လက်သီးချက်က ရိုးရှင်းလှ၏ ။ သို့ရာတွင် အဆင့် ၅ နှင့် အဆင့် ၆ ကြား ကွာခြားချက်ကို ရှင်းရှင်းလင်းလင်း ပြနေသည့် လက်သီးတစ်လုံးပင် ။

အဆင့် ၅ တွင် ခန္ဓာကိုယ်ရှိ ဆဲလ်များကို ထိန်းချုပ်နိုင်သော်လည်း အဆင့် ၆ ကဲ့သို့ ဆဲလ်များတွင် စိတ်စွမ်းအားကို မပေါင်းစပ်နိုင်သဖြင့် ခန္ဓာကိုယ်၏ အနှစ်သာရ မပါဝင်ပေ ။

ဥပမာဆိုရသော် ရီကျန့်၏ ဆဲလ်များက လက်ဗလာ ဖြစ်ပြီး လင်းမို့၏ ဆဲလ်များက ဓားစိတ်ဆန္ဒများ သယ်ဆောင်လာသကဲ့သို့ပင် ။

လင်းမို့ လက်သီးက ရီကျန့်အား ထိမှန်သွားသည်ကို မိုက်ခရိုစကုတ်ဖြင့် ကြည့်လျှင် ရီကျန့်၏ ဆဲလ်များကို လင်းမို့၏ ဆဲလ်များက ကောက်ပင် ရိတ်သိမ်းသလို တိခနဲ ဖြတ်သွားသည်ကို မြင်ရပေမည် ။ တစ်ချက်ထဲဖြင့် ရီကျန့် ပျောက်ကွယ်သွားသည် ။

" သူနိုင်သွားတာလား.."

ပွဲကြည့်နေသူများ ခဏတာ ကြောင်ပျောက်သွားကြသည် ။ မည်သည်က မည်သို့ ဖြစ်သွားမှန်း သူတို့ နားမလည်ကြ ။

" ရီကျန့်က ဘာလို့ အဲ့လောက်အားနည်းသွားတာလည်း.. "

" ရီကျန့်က အားနည်းတာ မဟုတ်ဘူး.. Black Earth က တိုက်ခိုက်ရေးစွမ်းရည်အဆင့် ၆ ရောက်နေတာဟ.. "

နေအလင်းအဆင့် ကျွမ်းကျင်သူတစ်ဦးက ရှင်းပြလိုက်သည် ။

" အဆင့် ၆ လား.. အဲ့တာ နေအလင်းအဆင့် နဲ့ အတူတူပဲပေါ့.. "

" အသက် ၁၈ နှစ်နဲ့ နေအလင်းအဆင့်လား.. နောက်နှစ်နှစ်လောက်ဆို မဟာသခင်အဆင့် ရောက်နေပြီပေါ့.. "

" တိုက်ခိုက်ရေးစွမ်းအားတစ်ခုထဲ မြင့်နေတာလေ လက်သီးပြင်းအားက နေအလင်းအဆင့်ရောက်ဖို့ဆို တော်တော်လိုအုံးမှာ .."

" ဘာပဲ ဖြစ်ဖြစ် Black Earth က ကြောက်စရာကောင်းလွန်းတယ်.. လက်သီးပြင်းအားပါ ပါရမီရှိနေရင် ငါတို့ ဘယ်လို အသက်ဆက်ရှင်ရမလဲ.. "

**

ရှားနိုင်ငံ ကျင့်ဒူမြို့...

ဇီကျင့်တို့ အကြီးအကဲတစ်သိုက် တုန်ရီနေကြ၏ ။ ကြောက်လန့်မှုကြောင့်လား စိတ်လှုပ်ရှားမှုကြောင့်လား ဆိုသည်က သူတို့ကိုယ်တိုင်သာ သိပေမည် ။

" အဆင့် ၆.. ''

အကြီးအကဲဇီကျင့်က ရေရွတ်လိုက်ပြီး...

" ဒီပါရမီနဲ့ အုပ်ထိန်းသူရဲ့ အမွေကို မရဘဲ နေမလား.. အိပ်ထိန်းသူက အမြင်စူးရှလိုက်တာ လင်းမို့ထက် Black Earth က အများကြီးသာတာပဲ.. "

**

ချယ်ရီပန်းနိုင်ငံ ကျွမ်းကျင်သူများ အသက်ရှုရသည်ပင် မဝချင်​တော့ ။ Black Earth ဟူသည်က သူတို့အပေါ်မှ ဖိထားသော တောင်ကြီးလို ဖြစ်နေ၏ ။

ချုံးချွမ်မင်ကျင့်ပင် သူ့ကိုယ်သူ သံသရဝင်သွားသည် ။

' ငါ ဒီလို ပါရမီရှင်ကို အနိုင်ယူနိုင်ပါ့မလား ..'

' အုပ်ထိန်းသူက လင်းမို့နဲ့ ငါ့ကို မရွေးဘဲ Black Earth ကို ရွေးသွားတာ ဒါကြောင့်ကို ..'

သူ သက်ပြင်းချလိုက်သည် ။

' အုပ်ထိန်းသူရဲ့ အမြင်အာရုံက ကောင်းလိုက်တာ ဒါပင်မယ့်..'

မင်ကျင့်၏ မျက်လုံးများက တိုက်ခိုက်လိုစိတ်များဖြင့် တဖန်ပြန်လည် တောက်ပလာပြီး...

' အုပ်ထိန်းသူရဲ့ အမွေက မဆုံးဖြတ်ရသေးပါဘူး ငါ့မှာ အခွင့်အရေးရှိသေးတယ်.. '

ချုံးချွမ်မင်ကျင့်က အရှုံးကို လက်ခံရသည်ထက် မသေမချင်း တိုက်ပွဲဝင်သွားမည့်သူဖြစ်သည် ။

**

ရီ၏ စိတ်အာရုံက ထက်မြက်လှသဖြင့် ဂြိုလ်ပြာပေါ်ရှိ အသံတိုင်းကို သူကြားနိုင်သည် ။ အထူးသဖြင့် သူ့အား ရည်ရွယ်သော အသံများကို ကြားနေရ၏ ။

မရေမတွက်နိုင်သော အသံများက မြစ်ကြီးတစ်စင်းလို သူ၏ နားအတွင်းစီးဝင်လာပြီး အစွမ်းထက်သော စိတ်အာရုံက အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပေးသည် ။

များပြားလှသော ချီးကျူးသံများကြောင့် ရီအနည်းငယ် ရှက်ရွံ့သွား၏ ။ သူ ရွေးချယ်ထားသူက Black Earth မဟုတ် ။ တာအိုခန္ဓာပိုင်ရှင် ကျိုးချန်သာ ဖြစ်သည် ။ အဘယ်ကြောင့် သူ့အား ချီးကျူးနေကြပါသနည်း ။

ရီသည် ကျိုးချန်အား အမှိုက်တစ်စလို ကြည့်လိုက်ပြီး...

" သွားမယ်.. "

ကျိုးချန်က ခေါင်းငုံ့၍ ခပ်ကုပ်ကုပ် လိုက်သွားသည် ။

**

ရှုံးနိမ့်သွားသော ရီကျန့်၏ ပုံရိပ်က တစ်ဖန်ပြန်ပေါ်လာ၏ ။ သူက လင်းမို့အား မယုံနိုင်စွာ စိုက်ကြည့်နေသည် ။

" Black Earth မင်းက ရှုားနိုင်ငံရဲ့ နံပါတ်၁ ပါရမီရှင်ပဲ.. ငါမင်းကို ရှုံးတာ မဆန်းဘူး.. ဒါပင်မဲ့ အလုံးစုံခွန်အားခြင်းယှဥ်ရင် မင်းငါ့ကို မမီဘူး.. "

" အိုး..."

လင်းမို့က မသိချင်ယောင်ဆောင်၍...

" ဘာလို့လဲ.. "

" မင်းက ရှားနိုင်ငံရဲ့ အဆင့် ၁ ဖြစ်ပြီး အားသာချက်ရှိတဲ့နေရာမှာပဲ စိန်ခေါ်ရဲတယ့်ကောင်.. "

ရီကျန့်က ဒေါသတကြီး...

" မင်းငါ့ကို အပြင်လောကမှာ အနိုင်ယူနိုင်မှ ငါရှုံးတာကို ဝန်ခံနိုင်မယ်.. မင်း ငါ့ကို အပြင်မှာ စိန်ခေါ်ရဲလား.. "

ရီကျန့်က ရှုံးနိမ့်မှုကို လက်မခံနိုင်သည့်အပြင် Black Earth အား သတ်နိုင်မည့် အခွင့်ရေးကိုလည်း လိုချင်ပေသည် ။ Black Earth အား အုပ်ထိန်းသူက ခေါ်ထားသည်ဖြစ်၍ လုပ်ကြံ၍ ရမရ မသေချာသော်လည်း ကြိုးစားကြည့်သည်က မမှား ။ Black Earth သာ လက်ခံရဲပါက အသေခံ၍ သတ်မည်ဖြစ်သည် ။

" ဘာလဲ ကြောက်နေတာလား.."

ရီကျန့်က စိတ်ဆွပေးလိုက်သည် ။

လင်းမို့က အထင်သေးဟန်ဖြင့် လှောင်ပြောင်လိုက်၏ ။

" မင်းလက်မခံနိုင်ဘူးလား.. မင်းလက်ခံနိုင်တာ လက်မခံနိုင်တာ ငါက ဘာလို့ သောက်ဂရုစိုက်နေရမှာလဲ.. တစ်ချက်တောင် မခံနိုင်တဲ့ မင်းက ငါ့ကို စိန်ခေါ်ဖို့ ထိုက်တန်လို့လား.. "

Chapter 207

~

All Chapters