အိပ်ဆောင်လဲလှယ်ခြင်း
Vol. 14 Ch. 207
~
လင်းမို့သည် ကွင်းထဲမှထွက်လာသည်နှင့် ဟောက်ရန်အား မက်ဆေ့ ပို့လိုက်သည် ။
ကြက်ဘုရင်ဂိမ်းသည် တက္ကသိူလ်ကျောင်းသားများအတွက် အသင့်တော်ဆုံး လေ့ကျင့်ရာ နေရာတစ်ခုဖြစ်ပြီး ဘက်ပေါင်းစုံမှ စမ်းသပ်ပေးနိုင်သည့် စာမေးပွဲတစ်ခုလိုပင်ဖြစ်သည် ။
သို့သော်လည်း လင်းမို့အတွက်တော့ ဤဂိမ်းကား ပျော်စရာကောင်းသော ပုံရိပ်ယောင် ဂိမ်းတစ်ခုသာ ဖြစ်သည် ။
' ဆော့လို့ ကောင်းသားပဲ မဆိုးဘူး.. ရက်နဲနဲလောက် ဆော့တာနဲ့ ဆွဲတောင်လာပြီ.. '
လင်းမို့တွေးသည် ။ ကြမ်းကြမ်းတမ်းတမ်း တိုင်ခိုက်နိုင်ပြီး လုပ်ချင်ရာ လုပ်နေနိုင်သည့်အတွက် ဂိမ်းဆော့ရသည်က ပျော်စရာကောင်းလှပေသည် ။ သူသာ အဆင့်သက်မှတ်နိုင်ပါက ကြက်ဘုရင်ဂိမ်းအား ကြယ်ငါးပွင့်ပေးမည်ဖြစ်သည် ။
ပျော်ရွှင်မှုဟူသည်က တခြားတစ်စုံတစ်ယောက်၏ နာကျင်မှုနှင့် အတူတူပင် ဆိုသည့် စကားအတိုင်းပင် ။ လင်းမို့နှင့် တစ်ပွဲတည်းအတူတူ ကျသည့် ကစားသမားများမှာ ငိုရန်ပင် မျက်ရည်မကျန်တော့ ။
ဟောက်ရန်သည် လင်းမို့၏ စာကိုမြင်လျှင် အံ့သြသွား၏ ။ မည်သည့်အတွက်ကြောင့် ဘောစ့် Blacl Earth က သူ့အား နေ့တိုင်းခေါ်ဆော့နေပါသနည်း ။
ထို့ကြောင့် ဂိမ်းထဲရောက်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် ...
" ဘော့စ် Black Earth.. မင်းက ငါ့အပေါ်အကောင်းဆုံးပဲ.. "
သို့သော်လည်း Black Earth က သူ့အပေါ်အလွန်ကောင်းနေရာ ဖြစ်နိုင်ချေတစ်ခုကို စဥ်းစားမိပြီး ဖျင်ရှုံ့လိုက်မိသည် ။
" ဘော..ဘော့စ် Black Earth.. "
ဟောက်ရန်က ထိတ်လန့်တုန်လှုပ်စွာဖြင့်...
" မင်းမှာ ထူးထူးခြားခြား စိတ်ဝင်စားတဲ့ ဝါသနာ ရှိလား.."
" ဘာကို ပြောတာလဲ.. "
လင်းမို့ ရုတ်တရက် နားမလည်သော်လည်း ဟောက်ရန်၏ အမူအရာကို ကြည့်၍ နားလည်သွားသည် ။
" သောက်ခွေး..."
လင်းမို့ ဆွံ့အ သွား၏ ။ ဤဖက်တီးလေး၏ အတွေးများက မှောင်လှပေသည် ။
" ထွက်သွားစမ်း.. "
လင်းမို့က ဟောက်ရန်အား စောင့်ကန်လိုက်၏ ။
ဟောက်ရန်က အကန်ခံရသည်ကို ဝမ်းသာအားရဖြင့်...
" မရှိတာကောင်းတယ်.. မရှိတာကောင်းတယ်.. "
" မင်း နှစ်ယောက်တွဲ မဆော့ချင်မဆော့နဲ့.. "
လင်းမို့က စိတ်ဆိုးဟန်ဖြင့် ပြောလိုက်၏ ။
" ငါဆော့မယ် ငါဆော့မယ်.. "
ဟောက်ရန်က သူ့အမှားမှန်း သိ၍ အလျင်အမြန်ပြောလိုက်သည် ။ သူ Black Earth ၏ ပေါင်ကို လွှတ်လိုက်မိပါက နေရာဝင်လုမည့်သူများ ပေါ်လာနိုင်သည် ။
" အဆင့်သင့် နှိပ်ထားလိုက်တော့ စတော့မယ်.. "
ဟောက်ရန်က အဆင့်သင့်ခလုပ်ကို နိုပ်လိုက်သည် ။ တချိန်တည်း မှာပင် သူမတင်မကျ ခံစားမိလိုက်၏ ။ Black Earth နဲ့ ရင်းနှီးသည်ဟု ခံစားမိသော်လည်း မည်သည့်နေရာတွင် တွေ့ဖူးမှန်းစဥ်းစားမရ ။
' ငါဘာလို့ အဲ့လိုခံစားနေရတာလဲ.. '
ဟောက်ရန်တစ်ယောက် စိတ်ရှုပ်ထွေးစွာဖြင့် ဂိမ်းထဲရောက်သွားသည် ။
**
လင်းမို့နှင့် ရီကျန့် ထွက်သွားပြီ ဖြစ်သော်လည်း ကြည့်ရှုနေသူဦးရေက လျော့မသွားဘဲ ပိုတိုးလာ၏ ။
ပုရိတ်သတ်အများစုမှာ ယခုမှ အဆင့် ၆ ဆိုသည်ကို နားလည်သွားကြသည် ။
" အဆင့် ၆.."
" ကြောက်စရာကောင်းလိုက်တာ.. "
" ငါဒီနှစ် ရှန်ဟိုင်းတက္ကသိုလ်ဝင်ခွင့်ရခဲ့ပင်မယ့် ငါ့တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၃ အစောပိုင်းပဲ ရှိသေးတယ်.. "
" ငါ့ အသက်က ၂၄.. ဘွဲ့လွန်တက်နေတာ သုံးနှစ်ရှိပြီ.. ခုမှ အဆင့် ၅ အလယ်ဆင့်ပဲ ရှိသေးတယ်.. "
" ချီး.. ငါဆို ပါရဂူတန်းတက်နေတာ အဆင့် ၅ အထွတ်အထိပ်ပဲရှိသေးတယ်.. ဘွဲ့ရဖို့တောင်သေချာပါ့မလားမသိဘူး.. အသက် ၁၈ နှစ်နဲ့ အဆင့် ၆ကတော့ ကြမ်းလွန်းတယ်.."
" ငါက ကျန်းနန်တက္ကသိုလ်က ဆရာပဲ.. ငါတောင် အဆင့် ၅ အစောပိုင်းပဲ ရှိသေးတယ်.. ဘယ်သူငါ့ထက် ကံဆိုးမှာလဲ.."
ဆရာဝေ့ ဝင်မန့်လိုက်၏ ။ ရှေးဦးစကြာဝဠာ အကောင့်နာမည်မှာ နာမည်ပြောင်ပေးထား၍ မည်သူမှ မှတ်မိမည်မဟုတ်ချေ ။
" ကံကောင်းတာက Black Earth က ငါ့ကျောင်းသားမဟုတ်ဘူး.. ငါ့ကျောင်းသားသာ အဆင့် ၆ ရောက်နေရင်ငါဘယ်လို အသက်ဆက်ရှင်ရတော့မလဲ.. "
ဆရာဝေ့သည် သူမကြာခဏ ဆုံးမနေရသည့် လင်းမို့မှာ Black Earth ဖြစ်နေမှန်းမသိ ။
" Black Earth က တိုက်ပွဲပြီးတာနဲ့ ဂိမ်းထဲရောက်သွားပြီတဲ့.. "
" အဲ့လောက် ကြိုးစားနေတာဆိုရင် Black Earth က အဆင့် ၁ နေရာ မှန်းထားလို့များလား.. "
" သောက်တုံး Black Earth က အဆင့် ၁ လိုချင်ရင် ရနေပြီဟ.. သူ့အမှတ်က အဆင့် ၁ ထက်အများကြီး မြင့်နေပြီ.. "
Chapter 208
~