← Chapters

အိပ်ဆောင်လဲလှယ်ခြင်း ၂

Vol. 14 Ch. 208

အိပ်ဆောင်လဲလှယ်ခြင်း ၂

Vol. 14 Ch. 208

~

" ခုက စတာရက်ပိုင်းရှိသေးလို့ Black Earth ​ကြမ်းလို့ ရနေတာပါကွာ.. အသက် ၂၅ အထက် ပါရဂူတန်းတွေနဲ့ တွေ့ရင် အဲ့ကောင် ဆော်ခံရတော့မှာ.. "

" ဟုတ်တယ် အသက်သုံးဆယ်အောက် ပါရဂူဘွဲ့ရတွေတောင်ရှိတယ်.. အချိန်တန်ရင် နေရာဖယ်ပေးရမှာပဲ.. "

" အချိန်ကြာလာရင် အဆင့် ၁၀၀ ထဲဝင်ရင်တောင်ကံကောင်း.. "

" မင်းတို့ကောင်တွေက ဂျေဝင်နေကြတာ.. Black Earth ဒီနှစ် အဆင့် ၁ မရရင်တောင် နောက်နှစ်သေချာပေါက်ရတယ်.. "

" ဟမ့် ငါတို့ ရှားနိုင်ငံမှာ ပါရမီရှင်တွေ အများကြီးကွ.. သူ့အသက်နဲ့ဆို ခေါင်းငုံ့နေရမယ်.. "

**

လင်းမို့သည် သူ့အကြောင်းဆွေးနွေးနေကြသည်ကို ဂရုမစိုက်ဘဲ တစ်ညလုံး ဂိမ်းဆော့ပြီးသည်နှင့် မြေဆွဲအားခန်းထဲဝင်၍ အိပ်တော့သည် ။

ကြည့်မ​နေနိုင်သူက ဟောက်ရန်ပင် ။ သူ၏ ဘော့စ်အသစ်အား စော်ကားနေသည်ကို မည်သို့ ခံနိုင်ပါအံ့နည်း ။ သူ ဓားကြီး ကစားရန် မသွားတော့ဘဲ ဖိုရမ်တွင် အများနှင့် တစ်ယောက်ကီးဘုတ်တိုက်ပွဲ စတင်တော့သည် ။

" မင်းတို့ ဦးနှောက်မရှိတဲ့ကောင်တွေ ဘာသိလို့လဲ.. "

" Black Earth ဘယ်လောက်သန်မာလဲ မင်းတို့သိလား.."

" ငါလို မဆော့တက်တဲ့သူကိုတောင် ရှားနိုင်ငံ အဆင့် ၁ နေရာ ယူပေးထားတဲ့သူကွ.. သူ့အမှတ်စာရင်းသာ ထုတ်ပြလိုက်ရင် မင်းတို့ လန့်ပြီးသေဝါးမယ်.. "

" ဘာမှ မသိဘဲ ထင်ရာပြောနေတဲ့ကောင်တွေ အဆင့် ၁ ​နေရာက Black Earth အတွက်ပဲ.. "

အသက် ၃၀ နားနီးသည့် သူများနှင့် ယှဥ်ပြိုင်ရချိန်တွင် Black Earth ၏ အမှတ်များ လျော့နည်းလာမည်ကို သူသိသော်လည်း ဖျင်ပိတ်ငြင်းရပေမည် ။ ထိုသည်ကအရေးမကြီး ။ ကီးဘုတ်တိုက်ပွဲတွင် အနိုင်ရရန်သာ အရေးကြီး၏ ။

**

ဆရာဝေ့သည် လက်ရွေးစင်အတန်းသားများကို သေချာ အာရုံစိုက်နေ၏ ။ သူသည် အလွန်တာဝန်ကျေပွန်သော ဆရာတစ်ယောက်ဖြစ်သည် ။ ရှားနိုင်ငံ၏ လက်ရွေးစင်များကို သင်ကြားနေရသဖြင့် အားစိုက်ထုတ်မှု နဲနဲမှ မလျော့ရဲ ။

' ဟောက်ရန် အော် ဟောက်ရန်.. '

ထို ဟက်စကီးလေးအား သူ လွှတ်ထားပေးလိုက်၏ ။ နေ့စဥ် ဓားကြီးလောကသို့ သွားနေမည့်အစား အွန်လိုင်းပေါ်တွင် တိုက်ပွဲဝင်နေသည်က တော်နေသေးသည် ။

' ဒါပင်မဲ့ သူ Black Earth ကို ဘယ်လိုစည်းရုံးထားလဲမသိဘူး.. ခုထိ နိုင်ငံ အဆင့် ၁ ဖြစ်နေတုန်းပဲ.. '

ဤအဆင့်၁ အတုအယောင်ဖြစ်မှန်း လူတိုင်းသိကြသော်လည်း ကျန်းနန် တက္ကသိုလ်အား ဂုဏ်အနည်းငယ်တက်စေသည် ။ အတန်းပိုင်းဆရာ တစ်ယောက်အနေဖြင့် ပိတိဖြစ်မိပေသည် ။ သို့သော်လည်း ထိုကလေးက ကြွားလွန်းလှသည် ။ နေ့တိုင်းပင် မပျင်းမရိ သူ၏ အဆင့်အား လူတိုင်းကို လိုက်ပြနေ၏ ။

ဆရာဝေ့သည် ယဲ့ရီ ၊ ယန်ယီမိုနှင့် တခြား ပါရမီရှင်များကို ဝေ့ကြည့်လိုက်သည် ။ အကုန်လုံး ကြိုးစားသင်ယူနေကြပြီး စာကို အာရုံစိုက်နေကြ၏ ။ သူ စိတ်ပူနေစရာ မည်သည့်အကြောင်းမှမရှိ ။ ထိုကလေး လင်းမို့တစ်ယောက်သာ ပြောမရဆိုမရ ဖြစ်နေသည် ။

' မြေဆွဲအားခန်းထဲ ဆယ့်နှစ်နာရီ ဝင်သွားပြန်ပြီ.. အချိန်ကတ် အများကြီးရှိလို့ မြေဆွဲအားခန်းတောင် အပိုင်ယူထားမလားမသိဘူး.. '

ဆရာဝေ့ မျက်မှောင်ကြုပ်၍ တွေးလိုက်မိ၏ ။ သူ မည်သို့ ဆုံးမရမည်ကို မသိတော့ ။ တိုက်ခိုက်ရေးစွမ်းရည် မတိုးတက်လာပါက လင်းမို့၏ လက်သီးပြင်းအား တိုးတက်နှုန်းမှာ တစ်ဆို့သွားတော့မည်ဖြစ်သည် ။

' သူမနေ့ညက Black Earth ရဲ့ တိုက်ပွဲကို ကြည့်ပြီးတာတောင် တိုက်ခိုက်ရေးစွမ်းရည်လေ့ကျင့်ဖို့ စိတ်မဝင်စားသေးဘူး.. '

ဆရာဝေ့က လင်းမို့သည် Black Earth ၏ တိုက်ပွဲကို ကြည့်ပြီးနောက် တိုက်ခိုက်ရေးစွမ်းရည် ကြိုးစားသင်ယူမည်ဟု ထင်မှတ်ထားခဲ့သော်လည်း သူမျှော်လင့်သလို ဖြစ်မလာခဲ့ ။

' လင်းမို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၃ နဲ့ဆို လက်သီးပြင်းအားက ၂၀၀၀၀ ကီလိုလောက်မှာ တစ်ဆို့သွားမှာပဲ.. '

ဆရာဝေ့ ခေါင်းယမ်းလိုက်မိ၏ ။

' ဟင်း.. ငါဘာတက်နိုင်မှာလဲ.. ငါပြောတာမှ နားမထောင်တာ.. သူတစ်ဆို့သွားတဲ့အခါမှ တိုက်ခိုက်ရေးစွမ်းရည် ဘယ်လောက်အရေးကြီးလဲ သိသွားလိမ့်မယ်.. "

" သင်ပေးရတာခက်လိုက်တာ.. "

ဆရာဝေ့ သက်ပြင်းချမိလိုက်သည် ။

**

စိတ်ဓာတ်ကျနေသူမှာ ဆရာဝေ့တင်မဟုတ် ထိပ်တန်းတက္ကသိုလ်များ၏ ဆရာများအားလုံး စိတ်ဓာတ်ကျနေ၏ ။

ကျိုးထန့်ရီကျန့်သည် မနေ့ညက Black Earth အားရှုံးနိမ့်ခဲ့သော်လည်း ယနေ့ မနက်တွင် ရှားတက္ကသိုလ်အား အနိင်ယူခဲ့သည် ။ အချိန်အတော်ကြာ ယှဥ်ပြိုင်နိုင်သည့်သူပင် မရှိခဲ့ ။ ရှက်စရာကောင်းလွန်းလှသည် ။

ချယ်ရီပန်း နိုင်ငံ ကိုယ်စားလှယ်အဖွဲ့က ပို၍ပင် မောက်မာလာခဲ့ပြီး ရှားနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များ အားလုံးကို အနိုင်ယူပြီးလျှင် ထိပ်တန်းတက္ကသိုလ်ဟူသည့် ဂုဏ်ပုဒ်ကို မသုံးသင့်တော့ဟူ၍ပင် ပြောဆိုသွားခဲ့သည် ။

**

အချိန်များက တစ်ရက်ပြီး တစ်ရက် ကုန်လွန်သွားခဲ့သည် ။

ကျိုးထန့်ရီကျန့်က ကျင့်ဒူ တက္ကသိုလ်ကို အနိုင်ယူခဲ့ပြီး ရှန်ဟိုင်းတက္ကသိုလ်နှင့် တိုက်ခိုက်တော့ပေမည် ။ ပြီးလျှင် သူတို့၏ ရည်ရွယ်ချက်ဖြစ်သော ကျန်းနန် တက္ကသိုလ်၏ အလှည့်ပင် ။

Black Earth ၏ နိုင်ပွဲများက မရပ်တန့်သေးသဖြင့် အွန်လိုင်းပေါ်တွင် နာမည်ကျော်ကြားဆဲ ဖြစ်သော်လည်း လင်းမို့ကို မည်သူမှ သတိမရကြတော့ ။

ကျန်းနန် တက္ကသိုလ်တွင်ပင် လင်းမို့အား နေ့တိုင်းမြေဆွဲအားခန်းထဲ ဝင်နေသဖြင့် လှောင်ပြောင်သူ အနည်းငယ်သာရှိတော့သည် ။ ကျန်းနန်တက္ကသိုလ်ရှိ လူတိုင်းက လင်းမို့ တစ်ဆို့တော့မည့် အချိန်ကို စောင့်နေကြ၏ ။ ထိုအချိန်မှ ဝိုင်းပြောကြပေမည် ။

သို့သော်လည်း ဇူလိုင်လ ၁ ရက်နေ့တွင် လင်းမို့၏ အမည်သည် လူအများ၏ ပါးစပ်ဖျားသို့ ပြန်ရောက်လာခဲ့သည် ။

လတစ်လ၏ အစရက်က အဆောင်လဲရန် စိန်ခေါ်နှိုင်သဖြင့် လင်းမို့က ဖုန်ကျစ်ဝေအား စိန်ခေါ်လိုက်သောကြောင့်ပင် ။

Chapter 209

~

All Chapters