← Chapters

လင်းမို့ကို နှိုးရမယ် ~

Vol. 14 Ch. 209

လင်းမို့ကို နှိုးရမယ် ~

Vol. 14 Ch. 209

' လင်းမို့က ငါ့ကို စိန်ခေါ်လိုက်တာလား..'

လင်းမို့သည် တက္ကသိုလ်၏ တရားဝင် လမ်းကြောင်းမှာ စိန်ခေါ်စာ ပို့လိုက်ခြင်းဖြစ်သည် ။ စာက ဖုန်ကျစ်ဝေထံသို့ လျင်မြန်စွာ ရောက်လာ၏ ။

ဖုန်ကျစ်ဝေက ထိုစာကို မြင်လျှင် အူတက်မတက် ရယ်လိုက်မိ၏ ။

' အရင်တုန်းက လင်းမို့ပြောတာကို ဟာသမှတ်နေတာ.. တကယ်စိန်ခေါ်ရဲတာပဲ.. '

ဖုန်ကျစ်ဝေ အထင်သေးစွာတွေးလိုက်မိသည် ။ လင်းမို့၏ ယုံကြည်မှုက အဘယ်က လာသနည်း ။ နေ့တိုင်းမြေဆွဲအားခန်းထဲ ဝင်နိုင်နေ၍ ယုံကြည်မှုများ မြင့်တက်လာသည်လော ။

တက္ကသိုလ်များ၏ ပညာသင်ကြားမှုပုံစံက ပထမနှစ်တွင် အခြေခံကို ခိုင်မာစေပြီး ဒုတိယနှစ်မှ အဆင့်တက်စေမည်ဖြစ်သည် ။

ဖုန်ကျစ်ဝေက ဒုတိယနှစ်မဟုတ် ။ တတိယနှစ်ကျောင်းသား ဖြစ်သည် ။ ခွန်အားတိုးလာစေရန် တစ်နှစ်တာ အရူးအမူးလေ့ကျင့်ပြီး​နောက် ကြယ်ခုနှစ်ပွင့် အဆင့်သို့ ရောက်နေလေပြီ ။

ကြယ်ခုနှစ်ပွင့်သို့ ရောက်ရန် လက်သီးပြင်းအား တန် ၃၀ နှင့် တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၄ အလယ်ဆင့် ရှိရမည်ဖြစ်သော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၄ အထွတ်အထိပ်တွင်ရှိပြီး လက်သီးပြင်းအား တန် ၄၀ ကျော်ရှိသည် ။

လင်းမို့ကဲ့သို့ ကလေးတစ်ယောက်က စိန်ခေါ်လာသဖြင့် သူ မရယ်ဘဲ မနေနိုင်တော့ ။

' ထားလိုက်ပါ..'

ဖုန်ကျစ်ဝေ သက်ပြင်းချလိုက်သည် ။

' လင်းမို့ရဲ့ သိုင်းလမ်းစဥ်က ချောမွေ့လွန်းတော့ အရှုံးဆိုတာဘာလဲ သိအောင် သင်ပေးရမှာပေါ့.. '

သူ လင်းမို့အား မည်သို့ ရိုက်နှက် ရမည်ကို စိတ်ကူးယဥ်နေ၏ ။ ထိုအခိုက် တံခါးခေါက်သံ ထွက်ပေါ်လာသည် ။

သူတံခါး ဖွင့်လိုက်ရာ...

" အော် ဆရာဝေ့ .."

သူအံ့သြသွား၏ ။ ဆရာဝေ့က မည်သည့်အတွက်ကြောင့် ရောက်လာသနည်း ။ လင်းမို့ အတွက် တောင်းပန်၍ စိန်ခေါ်မှုကို လက်လျော့ခိုင်းမည်လော ။ ထိုသို့ဆိုလျှင် သူလက်မခံနိုင် ။ သူ နှစ်နှစ်ကျော် ကျန်းနန်တက္ကသိုလ်တွင် လေ့ကျင့်ခဲ့ပြီး အထိုက်အသင့် နာမည်ကြီးနေပြီဖြစ်သော်လည်း သူ၏ ခွန်အားကို ထုတ်ဖော်ပြသရန် အခွင့်အရေးများစွာ မရှိခဲ့ ။ နာမည်ပိုကြီးစေရန် နှစ်ကြီးသမားများကိုလည်း သူစိန်မခေါ်ရဲ ။ ဤသည်က သူ့အတွက် အခွင့်ကောင်းတစ်ခုပင် သူလက်လွတ်ခံရန် မဖြစ်နိုင်ပေ ။

" ဆရာဝေ့ ကျွန်တော် ဒီစိန်ခေါ်စာကို စွန်လွှတ်ဖို့ မဖြစ်နိုင်ဘူး.. "

ဖုန်ကျစ်ဝေ ဒဲ့ပြောလိုက်၏ ။

" မင်းအထင်လွဲနေပြီ.. "

ဆရာဝေ့က ပြုံး၍...

" လင်းမို့အတွက် ငါလာပြီး တောင်းပန်တာ မဟုတ်ဘူး.. လင်းမို့ကို သင်ခန်းစာကောင်းကောင်း သင်ပေးဖို့ လာပြောတာ.. "

" အမ်..."

ဖုန်ကျစ်ဝေ အံ့အားသင့်သွားသည် ။ လင်းမို့က ဆရာဝေ့ကို မည်သို့ စော်ကားခဲ့ပါသနည်း ။ ဆရာဝေ့ ဟူသည်က ကျန်းနန် တက္ကသိုလ်၏ အကြင်နာတက်ဆုံး ဆရာတစ်ယောက်ပင် ။

ဆရာဝေ့က...

" လင်းမို့ရဲ့ ပါရမီက ကောင်းကင်ကို အန်တု နိုင်ပင်မယ့် သူက ခေါင်းမာလွန်းတယ်.. တခြား ကဏ္ဍ တွေကို ဂရုမစိုက်ဘဲ နေ့တိုင်း လက်သီးပြင်းအားပဲ လေ့ကျင့်နေတော့တာ.. "

" တိုက်ခိုက်ရေးစွမ်းရည်ကော လက်သီးပြင်းအားရောက သိုင်းလမ်းစဥ်မှာ မရှိမဖြစ်ပဲ .."

ဖုန်ကျစ်ဝေက...

" သိုင်းလမ်းစဥ်မှာ တစ်ခုတည်းကို အားစိုက်လို့မရဘဲ ဘက်ပေါင်းစုံံကို တိုးတက်အောင် လေ့ကျင့်ရမယ်.. "

" မှန်တယ်.. "

ဆရာဝေ့ သက်ပြင်းချလိုက်ပြီး...

" မင်းနားလည်ပင်မဲ့ လင်းမို့က နားမလည်ဘူး.."

" ဆရာဝေ့ ကျွန်တော် နားလည်ပါပြီ.. လင်းမို့အတွက် လာပြောပေးတာပဲ .."

ဖုန်ကျစ်ဝေ သက်ပြင်းချလိုက်မိပြီး...

" လင်းမို့ကို အသိဝင်လာအောင် ကျွန်တော်က သင်ခန်းစာ သင်ပေးရမှာမလား.. "

" ဟုတ်တယ်.. အဲ့တာကြောင့် ငါလာခဲ့တာ.. "

ဆရာဝေ့က ခေါင်းညိတ်လိုက်ပြီး...

" ငါသူ့ကို ခဏခဏ ဆုံးမတာကို နားမထောင်ဘူး..သူ့ကို တစ်ယောက်ယောက်က သင်ခန်းစာ သင်ပေးမှ ရတော့မယ်.. "

" ကျွန်တော် နားလည်ပါတယ်.. နာခံမှုမရှိတဲ့ ကလေးတွေက အရိုက်ခံရမှ မှတ်မှာ.. "

ဖုန်ကျစ်ဝေက ပြုံးလိုက်ပြီး...

" ဆရာဝေ့ စိတ်မပူနဲ့ ကျွန်တော် ဒီအခွင့်အရေးကို အသုံးချပြီး လင်းမို့ကို သေချာပေါက် နိုးထလာစေရမယ်.. "

ဖုန်ကျစ်ဝေက ပြောရင်းတွေးလိုက်မိ၏ ။

' လင်းမို့က အနာဂတ်မှာ စစ်နတ်ဘုရား အဆင့်ကို ရောက်ရင် သူ့ကို အသိဝင်အောင် သင်ခန်းစာသင်ပေးတဲ့ ငါ့နာမည်က ဂြိုလ်ပြာတစ်ခုလုံးမှာ နာမည်ကြီးသွားလိမ့်မယ်.. ပြောလို့မရဘူး ကျောင်းသင်စာတွေထဲတောင် ထည့်ရင်ထည့်မှာ.. "

**

" လင်းမို့က ဖုန်ကျစ်ဝေကို စိန်ခေါ်လိုက်တာလား.. "

ကျောင်းအုပ်ထူ စိတ်ပျက်လက်ပျက် ခေါင်းယမ်းမိလိုက်သည် ။

" ဒီကလေးတော့.. Black Earth က နာမည်ကြီးလာတာနဲ့ပဲ သူလည်း Black Earth လို နာမည်ကြီးချင်တယ် ထင်တယ်.. ခက်တာက တတိယနှစ်တွေ ဘယ်လောက်သန်မာလဲ သူ မသိဘူး.. ငါသိသလောက်ဆိုရင် ဖုန်ကျစ်ဝေရဲ့ လက်သီးပြင်းအားက တန် ၄၀ ကျော်နေပြီမှလား.. "

Chapter 210

~

All Chapters