← Chapters

လင်းမို့ကို နှိုးရမယ် ၂ ~

Vol. 14 Ch. 210

လင်းမို့ကို နှိုးရမယ် ၂ ~

Vol. 14 Ch. 210

ကျောင်းအုပ်ထူ ခေါင်းယမ်းမိလိုက်ပြန်သည် ။

' လင်းမို့ရဲ့ ပါရမီက ဘယ်လောက်ကောင်းကောင်း ဒီလို စိတ်ဓာတ်မျိုးနဲ့ဆို သိုင်းလမ်းစဥ်ကို လျောက်လှမ်းဖို့ ခက်လိမ့်မယ်.. '

ကျောင်းအုပ်ထူသည် သိုင်းမဟာသခင် တစ်ယောက်ဖြစ်၏ ။ သူ၏ အကဲဖြတ်မှုကို သူယုံကြည်သည် ။ လင်းမို့မလုပ်နိုင်ဟုဆိုလျှင် မည်သို့မှ လုပ်နိုင်မည်မဟုတ် ။

" ဆရာ.. "

ကိုယ်ရေးလက်ထောက် ဟယ်ရှင်းက...

" ဖုန်ကျစ်ဝေကို အရမ်းဆိုးဆိုးဝါးဝါးမလုပ်ဖို့ ပြောလိုက်ရမလား.. တော်ကြာ လင်းမို့က ဆိုးဆိုးဝါးဝါး အရိုက်ခံလိုက်ရရင် စိတ်ဓာတ်ကျပြီး တိုးတက်တာ ရပ်တန့်သွားရင် ဘယ်လိုလုပ်မလဲ .."

" မလိုဘူး.. "

ကျောင်းအုပ်ထူက လက်ယမ်းလိုက်ပြီး...

" ဖုန်ကျစ်ဝေကို ပိုတောင် အားစိုက်ပြီး ရိုက်ခိုင်းရမှာ .."

" ဟမ်.."

ဟယ်ရှင်း ရှုပ်ထွေးသွားသည် ။

" အဲ့လိုဆို ဖြစ်ပါ့မလား .."

" လင်းမို့သာ စိတ်ဓာတ်ကျရာက ပြန်မကောင်းနိုင်ဘူးဆို သူ သိုင်းလမ်းစဥ် မှာဝေးဝေး မလျောက်နိုင်ဘူးဆိုတာ သက်သေပြတာပဲ.. သူ့မှာ ခိုင်မာတဲ့ တာအို နှလုံးသားရှိရင် စိတ်ဓာတ်ကျစရာ အကြောင်းမရှိဘူး.. "

ကျောင်းအုပ်ထူက...

" ဖုန်ကျစ်ဝေကို ပိုပြီး အားစိုက်ဖို့ ပြောလိုက်ပါ.. "

" အိုး..."

ဟယ်ရှင်း လင်းမို့အား သနားမိသွား၏ ။ ပါရမီရှင်တစ်ယောက် ဆိုးဆိုးဝါးဝါး အရိုက်ခံရပေတော့မည် ။

" ဒါပင်မယ့်.. "

ဟယ်ရှင်းက...

" လင်းမို့ကကော မနိုင်လောက်ဘူးလား.."

" လင်းမို့က နိုင်မလား.. "

ကျောင်းအုပ်ထူက လှောင်ပြောင်သံဖြင့်...

" ဖုန်ကျစ်ဝေ မပြောနဲ့ ဝက်တောင် ငါတို့ ကျောင်းမှာ သုံးနှစ်တက်ပြီးရင် လင်းမို့ကို အနိုင်ယူနိုင်တယ်.."

" ဟုတ်ကဲ့ပါရှင့်.. "

ဟယ်ရှင်းက နာခံစွာဖြင့် အခန်းအပြင်သို့ ထွက်လာပြီး ဖုန်ကျစ်ဝေကို အကြောင်းကြားလိုက်သည် ။

ထိုသတင်းအား လက်ခံပြီးနောက် ဖုန်ကျစ်ဝေ ဆွံ့အသွား၏ ။ ဆရာဝေ့ တင်မက ကျောင်းအုပ်ထူကပါ သူ့အား ရိုက်ခွင့်အပြည့်အဝ ပေးနေသည် ။

' အော် လင်းမို့ လင်းမို့.. ငါ့ကို အပြစ်လာမတင်နဲ့တော့.. တခြားသူရိုက်ခိုင်းလို့ ရိုက်ရတာပါ.. '

ဖုန်ကျစ်ဝေ တွေးသည် ။ လင်းမို့ အား စိတ်ကြိုက်ရိုက်ရတော့မည် ဖြစ်သဖြင့် သူကျေနပ်သွား၏ ။

' ဒီလို ပွဲမျိုးကို တခြားသူတွေကိုပါ ဖိတ်ရမယ်.. ငါ လင်းမို့ကို ဘယ်လိုရိုက်လဲဆိုတာ တစ်ကျောင်းလုံးသိရင် ပိုကောင်းမှာ.. '

ဖုန်ကျစ်ဝေက ဖိတ်ခေါ်ရန် လူများကို စဥ်းစားတော့သည် ။ ထုတ်ကြွားရန် အခွင့်အရေးရပြီဖြစ်၍ လူအများပိုသိရန် အားထုတ်ရပေမည် ။

**

လင်းမို့သည်တော့ တခြားကိစ္စအားတွေးပူနေရ၏ ။

သူ၏ လက်သီးပြင်းအားမှာ တန် ၁၂၀ ကျော်နေပြီး တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၆ သို့ ရောက်နေသဖြင့် ဖုန်ကျစ်ဝေအား လုံးဝ ထည့်မတွက်ထားပေ ။ တိုက်ပွဲ ကြလျှင် အဖေက သားအား ရိုက်နှက်ဆုံးမ သည်နှင့်ပင် တူနေပေအုံးမည် ။

သူ နောက်ဆက်တွဲ ကိစ္စများ ဖြစ်လာမည်ကို စိုးရိမ်နေမိခြင်းပင် ။

' ငါ ကျန်းနန် တက္ကသိုလ်ရောက်ကတည်းက ခွန်အားကို ထိန်းချုပ်ထားတာ.. လမ်းညွှန်တိုက်ပွဲနဲ့ လောင်းကြေးစာချုပ်တိုက်ပွဲတုန်းကတောင် အားအပြည့်မသုံးခဲ့ဘူး.. '

လင်းမို့ တွေးသည် ။ သူ၏ ခွန်အားကို လိုအပ်သည်ထက်ပို၍ ထုတ်ပြမိလျှင် လာရောက် လုပ်ကြံမည့်သူများရှိလာမည်ကို စိုးရိမ်မိပေသည် ။ သူသည် ပါရမီ ရှင်တစ်ဦးဖြစ်သော်လည်း ကျွမ်းကျင်ပညာရှင်ဖြစ်သေးသည် မဟုတ် ။ မဟာသခင်အဆင့်တစ်ဦးက သူ့အား ချက်ချင်း အမှုန့်ချေ ပစ်နိုင်သည် ။

အိပ်စက်ရင်း အဆင့်တက်နိုင်ပါလျက် ဖျင်ယား၍ ထင်ပေါ်ကျော်ကြားစေရန် အားထုတ်မိပြီး လုပ်ကြံသူများ ရောက်လာပါက သူငိုချိန်ပင် ရလိုက်မည်မဟုတ်ချေ ။ သူ သိုသို သိပ်သိပ်နေမှ ဖြစ်ပေမည် ။

' ချီး.. ဖုန်ကျစ်ဝေရဲ့ အိပ်ဆောင်က အညွှန်းကိန်း အမြင့်ဆုံး မို့သာ လုရမှာ.. '

သို့သော်လည်း တက်ကြွအညွှန်းကိန်း အမြင့်ဆုံးရသည့်နေရာကို ပိုင်ဆိုင်နိုင်ရန် သူကြိုးစားရ​မည်ပင် ။

' ငါ ဖုန်ကျစ်ဝေနဲ့ တိုက်ရင် ချက်ချင်း အနိုင်ယူလို့ မဖြစ်ဘူး အချိန်အကြာကြီးတိုက်ပြီး မတော်တဆ နိုင်တယ့် ပုံစံမျိုးနဲ့ အနိုင်ယူရမယ်.. '

လင်းမို့ ခဏ စဥ်းစားပြီး ဆုံးဖြတ်လိုက်၏ ။

' ဖုန်ကျစ်ဝေကို အနိုင်မယူခင် ဝှက်ဖဲရှိထားရင် ပိုကောင်းမယ်.. '

လင်းမို့သည် မည်သည့် ဝှက်ဖဲ ရနိုင်မည်နည်းဟု အချိန်အတော်ကြာစဥ်းစားလိုက်မှ တစ်ခုကို သတိရမိသွားသည် ။

' နာနိုတိုက်ပွဲဝတ်စုံ.. '

ကြက်ဘုရင်ဂိမ်းတွင် သူဝတ်ဖူးသော ဝတ်စုံဖြစ်သည် ။

ထိုဝတ်စုံ အကြောင်းကို ဖိုရမ်တစ်ခုတွင် လင်းမို့ မြင်ဖူးသည် ။ အပြင်လောက၌ ရှိသော ဝတ်စုံပင် ။ ဂြိုလ်ပြာ၏ ထုတ်ကုန်တစ်ခုတော့ မဟုတ် ။ ကြယ်စင်စု ခရီးသွားယာဥ်ပင် မထုတ်လုပ်နိုင်သေးသော ဂြိုလ်ပြာ၏ နည်းပညာအဆင့်အတန်းထက် များစွာ မြင့်မားသော နည်းပညာမြင့် ပစ္စည်း တစ်ခုဖြစ်သည် ။

အုပ်ထိန်းသူက ဖန်တီးထားသော ပစ္စည်းဖြစ်သည် ။

' ငါကြားဖူးတာတော့ ဂိမ်းထဲထက်တောင် ပိုမိုက်တယ်တဲ့.. ဆဲလ်တွေရဲ့ အသက်စွမ်းအားကိုတောင် မြှင့်တင်ပေးနိုင်တယ်ဆိုပဲ.. '

တိုက်ခိုက်ရေးစွမ်းရည် အဆင့်၆ တွင် ဆဲလ်အများအပြား မသေဆုံးသရွေ့ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားလျှင်ပင် ပြန်ဆက်နိုင်သည် ။

' ငါ့လက်ရှိခွန်အားနဲ့ဆို ငွေလအဆင့်ထဲတောင် အားနည်းတယ်လို့ ပြောလို့မရဘူး.. ဝတ်စုံ ရနိုင်ရင် နေအလင်းအဆင့်က ငါ့ကို သတ်နိုင်ဖို့ မလွယ်တော့ဘူး.. သိုင်းမဟာသခင်တော့ မလွှတ်လောက်ဘူး မှတ်လား.. လာရင်တောင် တစ်ချက်ထဲနဲ့တော့ မသေလောက်ပါဘူး.. '

မဟာသခင် အဆင့်များ၏ တိုက်ပွဲစွမ်းရည်က ကြောက်စရာကောင်းလှသည် ။ ယခု လင်းမို့အား လာသတ်ပါက သေမှန်းတောင် သိချိန်ရလိုက်မည် မဟုတ်ချေ ။ ဝတ်စုံ သေချာပေါက် ရမှ ဖြစ်ပေမည် ။ ထိုမှသာ စိတ်လုံလုံခြုံခြုံ အိပ်စက်နိုင်မည်ဖြစ်သည် ။ သို့သော်လည်း ရရန် မလွယ်လှ ။

' ရှေးဦးစကြာဝဠာ ထဲမှာရှိတယ့် နဂါးငွေ့တန်းပုံရိပ်ယောင်ထဲ ဝင်ပြီး သတ်မှတ်ထားတယ့် အဆင့်ရောက်မှ ဆုအဖြစ် နာနိုဝတ်စုံ ရမှာ.. လူတစ်ယောက်ကို တစ်သက်မှာ တစ်ခါပဲ ဝင်ခွင့်ရပြီး ဝင်ကြေးက အမှတ် ၁၀၀ တဲ့.. '

ထိုသည်ကို စဥ်းစားမိလျှင် လင်းမို့ ပထမဆုံး အတွေးက လူလိမ်များပင် ။ ရှေးဦးစကြာဝဠာ အမှတ် ၁၀၀ က ယွမ်သန်း ၁၀၀ နှင့်ညီမျှ၏ ။ ထို့အပြင် ဤသည်က ဝင်ကြေးသာဖြစ်သည် ။

ဤစမ်းသပ်မှုသို့ ဝင်ရောက်သူများ တစ်ရာတွင် တစ်ယောက် အောင်မြင်ဖို့ရန်ပင် မသေချာ ။ မအောင်မြင်လျှင် ယွမ်သန်း ၁၀၀ ပလုံသွားမည်ဖြစ်သည် ။

' ဘယ်လောက်ခက်လဲဆိုတာ စမ်းကြည့်မှ သိမှာပေါ့.. '

လင်းမို့ သူ့ကိုယ်သူ ယုံကြည်မှု ရှိပေသည် ။ မည်မျှပင် ခက်ခဲစေကာမူ သူရအောင် ကျော်ဖြတ်မည်ဖြစ်သည် ။ ဤသည်က သူ၏ အသက်ကို ကာကွယ်နိုင်ရန် မရှိမဖြစ်လိုအပ်နေပေသည် ။

လင်းမို့သည် စဥ်းစားပြီး​နောက် ဟောက်ရန်အား ယခုည ဂိမ်းမဆော့တော့ဟု မက်ဆေ့ပို့လိုက်သည် ။

အရေးကြီးသည်ကို အရင်လုပ်ရမည်ဖြစ်၍ ကြက်ဘုရင်ဂိမ်းအား ဘေးခဏ ဖယ်ထားရပေမည် ။

All Chapters