← Chapters

ကိုယ်ပွားကူအား သန့်စင်ခြင်း

Vol. 2 Ch. 19

ကိုယ်ပွားကူအား သန့်စင်ခြင်း

Vol. 2 Ch. 19

“အင်း၊ ကျွန်မလည်း ဒီလိုပဲထင်တယ်။ ဝိညာဉ်ကျောက်တုံးတွေ ဒီလောက်အများကြီးရထားတာ အခုလောလောဆယ် ကျွန်မတို့ရဲ့ ကျင့်ကြံမှုအတွက် တကယ်ကို လုံလောက်နေပါပြီ။”

“ဝိညာဉ်ကျောက်တုံးတွေ ပိုရရင်တောင်၊ အဲ့ဒါတွေကို ခွန်အားအဖြစ် မပြောင်းလဲနိုင်ရင် ဘာမှ အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး။" ကျိပင်းယွီသည်လည်း ဤအချက်အား သဘောတူလေသည်။

ဆိုရလျှင် သူမသည်လည်း ဝိညာဉ်အရက်ရောင်းချခြင်းအား ယာယီရပ်တန့်ထားလို၏။ မည်သို့ပင်ဖြစ်စေ၊ ဝိညာဉ်အရက်များ အကြီးအကျယ်ရောင်းချခြင်းက ကျင့်ကြံသူများစွာအား သံသယဝင်စေခဲ့ပြီး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်အရက်သည် ယခင်က လွန်စွာရှားပါးပြီး ဈေးကွက်အတွင်း၍ အပြည့်အဝ လည်ပတ်နေနိုင်ခြင်း မရှိပေ။ သို့သော် ယခုတွင်မူ၊ သာမန်ကျင့်ကြံသူများပင်လျှင် ဝိညာဉ်အရက်အား ဝယ်ယူနိုင်နေပြီ ဖြစ်၏။

မှန်ပေသည်၊ ဤသည်က အစောပိုင်း သံသယတစ်ခုမျှသာ ဖြစ်သေး၏။ အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် အင်မော်တယ်ရှားဂိုဏ်းသည် တိမ်မြူခိုးတောင်တန်းအား အားသွန်ခွန်စိုက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေသောကြောင့်၊ ကျင့်ကြံသူအားလုံး၏ အာရုံစိုက်မှုသည် တိမ်မြူခိုးတောင်တန်းပေါ်တွင်သာ ရှိနေကြပြီး လောလောဆယ်တွင် ဤကိစ္စအား လူအများအပြား သတိမထားမိကြသေးပေ။

“အမှန်ပဲ၊ ဝိညာဉ်အရက်ကို မရောင်းရင်တောင် ကျွန်မတို့သောက်လို့ ရသေးတယ်။ ဝိညာဉ်အရက်က ကျွန်မတို့ရဲ့ ကျင့်ကြံမှုကို တိုးတက်စေဖို့ တကယ်ကို အထောက်အကူပြုပေးနိုင်တယ်။ သာမန်ဆေးလုံးတွေထက်တောင် ပိုကောင်းသေးတယ်။” မုဇီယန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဝိညာဉ်အရက်အား နှစ်ဝက်ကြာ သောက်သုံးပြီးနောက်၊ သူမ၏ကျင့်ကြံမှုသည် အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်အား သူမ ခံစားရပေသည်။ ချီသန့်စင်ခြင်း အဆင့်(၇)မှ ချီသန့်စင်ခြင်း အဆင့်(၈)သို့ သူမ ချိုးဖြတ်နိုင်တော့မည် ဖြစ်သည်။

သာမန်အတိုင်းသာ ကျင့်ကြံပါက ယင်းက လေးငါးနှစ်ခန့် အချိန်ယူရမည် ဖြစ်သည်။ ဝိညာဉ်အရက်၏ ကျင့်ကြံမှုအပေါ် တိုးတက်စေသော အာနိသင်က မည်မျှထူးခြားသည်အား တွေးကြည့်၍ပင် ရနိုင်ပေသည်။

ထိုကျင့်ကြံသူမိသားစုကြီးများမှ ဝိညာဉ်အရက်ဈေးကွက်အား လက်ဝါးကြီးအုပ်ထားသည်မှာ အံ့ဩစရာမရှိတော့ပေ။

“ဒီတစ်ခေါက် ကျွန်မတို့ အဲ့ဒီဆိုင်တွေကိုသွားပြီးတော့ အနည်းဆုံး နှစ်ဝက်စာလောက်ရှိမယ့် ဝိညာဉ်ဆန်တွေနဲ့ ဝိညာဉ်အသားတွေ ဝယ်လာခဲ့တယ်။ အနည်းဆုံး ကာလတိုတစ်ခုအထိတော့ အစားအသောက်တွေ သိုလှောင်ထားဖို့ လိုတယ်လေ။”

“နှစ်ဝက်လောက်ဆိုရင် အခြေအနေတွေ တည်ငြိမ်သွားလောက်ပါပြီ။ အဲ့ဒီစားသောက်ဆိုင်ပိုင်ရှင်တွေလည်း ကျွန်မတို့ကို သတိထားမိမှာ မဟုတ်တော့ဘူး။”

ရှားကျင်းယန်က လေးနက်စွာ ပြောလိုက်သည်။

သူမသည်လည်း ရောင်းချမှုအား နှစ်ဝက်ခန့် ယာယီရပ်နားထားကာ၊ အခြေအနေများ ငြိမ်သက်သွားသည်အထိ စောင့်ဆိုင်းရန် လိုအပ်သည်ဟု ခံစားမိသည်။

“မင်းတို့တွေ ပင်ပန်းခဲ့ရပြီ။ မင်းတို့သာမရှိရင် ငါ့ဘဝက အခုလို ဘယ်လိုလုပ် အေးချမ်းနေပါ့မလဲ။”

ကျိုးစွေ့က ကျေးဇူးတင်စွာ ပြောလိုက်သည်။

“ယောက်ျားက အားနာလွန်းနေပါပြီ၊ ဒါက ကျွန်မတို့ လုပ်သင့်တဲ့အရာပါ။”

ကျိပင်းယွီက ကျိုးစွေ့အား မြတ်နိုးစွာ ကြည့်လိုက်၏။ အချိန်ကြာလာသည်နှင့်အမျှ ကျိုးစွေ့အပေါ်ထားသော သူမ၏အချစ်က ပို၍ ပို၍ပင် နက်ရှိုင်းလာသည်ဟု ခံစားလိုက်ရပြီး၊ သူမ၏ငြိမ်းချမ်းသောဘဝလေးအား ပြင်ပလူများ ဝင်ရောက်နှောက့်ယှက်မည်အား လုံးဝမလိုလားတော့ပေ။

“အမှန်ပဲ၊ ခဲအို စိတ်အေးလက်အေးနဲ့သာ ကျင့်ကြံပါ။ ရှင့်အနေနဲ့ ဘာကိုမှ စိုးရိမ်နေစရာမလိုပါဘူး။”

ထိုစကားအား ကြားရသောအခါ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့သည်လည်း မျက်နှာများ နီမြန်းသွားကြကာ၊ သူတို့၏နှလုံးသားများက တဒုန်းဒုန်း ခုန်နေတော့သည်။ သာမန်ချီးကျူးစကားလေး တစ်ခွန်းကပင်လျှင် သူတို့အား အချိန်ရှည်ကြာ ပျော်ရွှင်စေပုံ ရလေ၏။

ဤသည်မှာ သူမတို့၏ အစ်မဖြစ်သူ၏ခင်ပွန်းဖြစ်ရာ ထိုသို့သော အတွေး၊ ခံစားချက်များ မရှိသင့်ပေ။

ခဲအိုဖြစ်သူအား တပ်မက်ခြင်းက အလွန်ပင် သိက္ခာမဲ့သော အပြုအမူဖြစ်လေသည်။

သို့သော်လည်း သူတို့ မည်သို့မှ မထိန်းချုပ်နိုင်ပေ။

…

ညဉ့်နက်ချိန်..။

ကျိပင်းယွီသည် ကျင့်ကြံရန် လိုအပ်သောကြောင့် ဘေးကပ်လျက်ရှိ အသံလုံခန်းထဲသို့ သွားလေသည်။

တာအိုလက်တွဲဖော်များ ဖြစ်သည့်တိုင်၊ ညတိုင်း တူနှစ်ကိုယ်ကျင့်ကြံရန် မဖြစ်နိုင်ပေ။ သူမ ဓမ္မတာလာသော အချိန်များက အမြဲတစေ ရှိနေမည် ဖြစ်သကဲ့သို့၊ ကျိပင်းယွီ၏ကျင့်ကြံမှုသည်လည်း ချီသန့်စင်ခြင်း အဆင့်(၉)သို့ ရောက်ရှိနေပြီးသား ဖြစ်လေသည်။

ယခုတွင် သူမသည် ချီသန့်စင်ခြင်း ပြီးပြည့်စုံသောအဆင့်သို့ တက်လှမ်းနေသောကြောင့် ကျင့်ကြံမှု၌ အချိန်ပိုမိုပေးရလေသည်။

သူမသည်သာ ချီသန့်စင်ခြင်း ပြီးပြည့်စုံသောအဆင့်သို့ တက်လှမ်းနိုင်ပါက အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ရန် သူမတွင် အခွင့်အရေးရှိလာမည် ဖြစ်သည်။

အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်ပါက၊ သူမ၏ကျင့်ကြံမှုအား လွန်စွာတိုးတက်သွားစေမည်သာမက သူမ၏သက်တမ်းသည်လည်း တိုးမြင့်လာမည် ဖြစ်ပေသည်။ သူမသည် အနည်းဆုံး နှစ်နှစ်ရာ့ငါးဆယ်အထိ အသက်ရှင်နိုင်ပြီး၊ ယင်းက ထာဝရအသက်၏လမ်းစဉ်ပေါ်သို့ စတင်ခြေချနိုင်ပြီဟု မှတ်ယူနိုင်ပေသည်။

ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများနှင့် မတူသည်မှာ ၎င်းတို့၏သက်တမ်းအား မည်မျှပင် ဆွဲဆန့်စေကာမူ၊ သူတို့သည် အများဆုံး နှစ်တစ်ရာ့ငါးဆယ်အထိသာ အသက်ရှင်နိုင်ကြလေသည်။

“ကြည့်ရတာ ငါကူကောင်အသစ်တွေ သန့်စင်ဖို့လိုနေပြီပဲ။”

ထိုအချိန်တွင် ကျိုးစွေ့က မေးစွေ့အား ပွတ်သပ်ရင်း အတွေးနက်နေလေသည်။ အကြောင်းမူကား ဝိညာဉ်အရက်ရောင်းချခြင်းလုပ်ငန်းသည် အခြားကျင့်ကြံသူများ၏ ပစ်မှတ်ထားခြင်းအား အလွယ်တကူ ခံရနိုင်ပြီး၊ သူသာ သတိမထားပါက သူ၏တည်နေရာ ဖော်ထုတ်ခံရမည် ဖြစ်သည်။

ထို့ကြောင့် ဤပြဿနာအား ဖြေရှင်းနိုင်ရန်အတွက် တကယ်တမ်း ပစ်မှတ်ထားခံရလျှင်ပင်၊ သူ့အား ခြေရာခံ၍ မရစေနိုင်သော နည်းလမ်းတစ်ခုအား သူရှာဖွေရန် လိုပေသည်။

“လက်ရှိအခြေအနေကို ဖြေရှင်းနိုင်မယ့်ကူက ကိုယ်ပွားကူပဲ ဖြစ်လောက်မယ်။”

ထိုအကြောင်းအား စဉ်းစားပြီးနောက် ကူနတ်ဘုရားပန်းကန်မှ ထိုကူအတွက် သန့်စင်ခြင်းနည်းလမ်းအား ရှာဖွေလိုက်သည်။ အောင်မြင်သွားပါက သူသည် သူ၏ကိုယ်ပိုင် ကိုယ်ပွားအား ပိုင်ဆိုင်သွားမည် ဖြစ်သည်။

ဤနည်းဖြင့် ဝိညာဉ်အရက်ရောင်းချသောအခါတွင် သူ၏ကိုယ်ပွားကိုသာ စေလွှတ်နိုင်ပေမည်။ အကယ်၍ အမှန်တကယ် ခြိမ်းခြောက်မှုတစ်ခုနှင့် ကြုံတွေ့ရလျှင်ပင်၊ သေဆုံးသွားမည့်သူမှာ ကိုယ်ပွားသာ ဖြစ်ပေမည်။

ဤသည်က ဝိညာဉ်အရက်ရောင်းချရာ၌ တွေ့ကြုံနိုင်သော အန္တရာယ်များအား အမြင့်ဆုံးဖြေရှင်းနည်းပင် ဖြစ်သည်။

တကယ်တော့ သူသည် ပြီးခဲ့သောနှစ်ဝက်အတွင်း ကိုယ်ပွားကူအား သန့်စင်ရန် ပါဝင်ပစ္စည်းများအား ရှာဖွေနေခဲ့သည် ဖြစ်ပြီး၊ နောက်ဆုံးတွင် ကိုယ်ပွားကူအတွက် လိုအပ်သော ပါဝင်ပစ္စည်းများအား ပြင်ဆင်ပြီး ဖြစ်လေသည်။

အဓိကပါဝင်ပစ္စည်းမှာ ဝိညာဉ်ခွဲမြက် ဖြစ်ပြီး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်ထောင်တန်ကြေးရှိကာ၊ ၎င်းက ငွေပေး၍ပင် ဝယ်ယူနိုင်ရန် မသေချာသော အမျိုးအစားဖြစ်၏။

“သန့်စင်..။”

ထို့သို့တွေးကာ ကျိုးစွေ့ တွန့်ဆုတ်မနေတော့ပေ။ အထွတ်အမြတ်ရတနာ ကူနတ်ဘုရားပန်းကန်အား ချက်ချင်းပင် အသက်သွင်းလိုက်ပြီး ပါဝင်ပစ္စည်းများအား ပစ်ထည့်လိုက်ပြီး၊ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ရှစ်ရာကိုလည်း ပစ်ထည့်လိုက်သည်။

လက်ရှိအချိန်တွင် သူ့အတွက် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ရှစ်ရာဆိုသည်မှာ ဘာမှမဟုတ်တော့ပေ။ ပင်လယ်ထဲမှ ရေတစ်စက်မျှသာ ဖြစ်လေ၏။

ဝူးရှ်…

တစ်ခဏအတွင်းမှာပင် ပါဝင်ပစ္စည်းအားလုံး ချက်ချင်း အရည်ပျော်ကျသွားပြီးနောက်၊ မီးခိုးရောင်ကူတစ်ကောင် ပေါ်ထွက်လာသည်။

တစ်ချိန်တည်းမှာပင် များပြားသော သတင်းအချက်အလက်များက ဒီရေကဲ့သို့ သူ၏ သိစိတ်ပင်လယ်ထဲသို့ စီးဝင်လာလေသည်။

“ကိုယ်ပွားကူ၊ ကိုယ်ပွားထောင်ပေါင်းများစွာ ခွဲထွက်နိုင်သော ထူးခြားသည့် ကူတစ်မျိုးဖြစ်သည်။ ၎င်းသည် ပိုင်ရှင်၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်လိုက်သည်နှင့်တစ်ပြိုက်နက်၊ ပိုင်ရှင်၏အစွမ်း ပိုအားကောင်းလေ၊ ကိုယ်ပွားများ ပိုမို ဖွဲ့စည်းပေးနိုင်လေ ဖြစ်သည်။

ထို့အပြင် ကိုယ်ပွား၏အရှိန်အဝါသည် ပင်မခန္ဓာကိုယ်နှင့် ခွဲခြားမရသလောက်နီးပါး တူညီသောကြောင့် အစစ်နှင့်အတုအား ခွဲခြားနိုင်ရန် အခြေခံအားဖြင့် မဖြစ်နိုင်ပေ။ တစ်ချိန်တည်းမှာပင် ကိုယ်ပွားသည် ပင်မခန္ဓာကိုယ်၏ စွမ်းအားတစ်ဝက်အား ဆက်ခံရရှိပေမည်။

ကိုယ်ပွားနှင့် ပင်မခန္ဓာကိုယ်သည် သတင်းအချက်အလက်များအား ချက်ချင်း ပေးပို့နိုင်ပြီး ပင်မခန္ဓာကိုယ်အား ကိုယ်ပွား တွေ့ကြုံရသမျှအား သိရှိစေနိုင်သော်လည်း၊ ပင်မခန္ဓာကိုယ်နှင့် ကိုယ်ပွားသည် အလွန် ဝေးကွာနေ၍ မရပေ။ သို့မဟုတ်ပါက ကိုယ်ပွားသည် ချက်ချင်း သေဆုံးသွားပေမည်။”

သတင်းအချက်အလက်များအား သိရှိလိုက်ရသည်နှင့် ကျိုးစေ့ အလွန် ပျော်ရွှင်သွားသည်။ ကိုယ်ပွားကူ၏စွမ်းရည်များက လွန်စွာ နက်နဲလှသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ၎င်းသည် မရေမတွက်နိုင်သော ကိုယ်ပွားများအဖြစ် ခွဲထွက်နိုင်ရုံသာမကပေ။ တစ်ချိန်တည်းမှာပင် ကိုယ်ပွားသေဆုံးသွားလျှင်ပင် ၎င်းသည် သူ့အပေါ် သက်ရောက်မှုရှိမည်မဟုတ်ပေ။

ကိုယ်ပွားသည် ပင်မခန္ဓာကိုယ်နှင့် အလွန်ဝေးကွာနေ၍ မရသော်လည်း၊ အနည်းဆုံး ကီလိုမီတာတစ်ရာအတွင်း၌ ပြဿနာမရှိပေ။

တစ်နည်းအားဖြင့်ဆိုသော်၊ သူသည် ကိုယ်ပွားကူအား အပြည့်အဝထိန်းချုပ်၍ အန္တရာယ်ရှိသော နေရာအမျိုးမျိုးသို့ သွားရောက်ကာ သူ့အတွက် စူးစမ်းရှာဖွေခိုင်းနိုင်ပေသည်။

အစောပိုင်းအဆင့်တွင် သူသည် ကိုယ်ပွားသုံးဦးသာ ဖွဲ့စည်းနိုင်သော်လည်း၊ သူ၏ကျင့်ကြံမှု တိုးတက်လာမှသာ ကိုယ်ပွားအရေအတွက်သည်လည်း ထပ်မံတိုးလာမည် ဖြစ်သည်။

သို့သော် ထိုသည်က လုံးဝပင် လုံလောက်ပေသည်။ သူသည် ထိုကိုယ်ပွားသုံးဦအား အသုံးပြုပြီး၊ မီယွင်မြို့၏ နေရာအသီးသီးတွင် ဖြန့်ကျက်ထားနိုင်သည်။ ထို့နောက် တစ်ပြိုင်နက်တည်းမှာပင် ဝိညာဉ်အရက်ရောင်းချ၍ ဝိညာဉ်ကျောက်တုံး အများအပြားအား ရှာဖွေနိုင်ပေမည်။

အကယ်၍ ၎င်းတို့အား ရန်သူများ၏ ရှာဖွေတွေ့ရှိခြင်းခံရပြီး ကိုယ်ပွားများ အသတ်ခံလိုက်ရလျှင်ပင်၊ ပင်မခန္ဓာကိုယ်အား မည်သို့မျှ ထိခိုက်စေမည် မဟုတ်ပေ။

ဤသည်မှာ လွန်စွာကောင်းသော အသက်ကယ်စွမ်းရည်တစ်ခု ဖြစ်ကာ အဆုံးမရှိသော အသုံးဝင်မှုများ ရှိသည်ဟု ဆိုနိုင်ပေသည်။

“ဒီကိုယ်ပွားကူနဲ့ဆိုရင်၊ ကိုယ်ပွားကို ဈေးထဲလွှတ်ပြီး ထောက်ပံ့ရေးပစ္စည်းအမျိုးမျိုးကို ဝယ်ခိုင်းလို့ ရသလို၊ ဝိညာဉ်အရက်တောင် ရောင်းခိုင်းလို့ရပြီ။”

ကျိုးစွေ့ အလွန်ကို စိတ်လှုပ်ရှားနေသည်။

ဝန်ခံရလျှင် ယခင်က သူ အိမ်မှ မထွက်ရဲခြင်းမှာ သူ၏ကျင့်ကြံမှုက နိမ့်ကျသောကြောင့် ဖြစ်သည်။ အကယ်၍ သူသာ အခြားတစ်ကိုယ်တော်ကျင့်ကြံသူများ၏ ပစ်မှတ်ထားခြင်း ခံရပါက၊ သေချာပေါက် ကြီးမားသော အန္တရာယ်နှင့် သူ ကြုံတွေ့ရပေမည်။

သို့သော် ယခုအခါတွင် အကူအညီပေးနိုင်မည့် ကိုယ်ပွားရှိနေပြီဖြစ်ရာ သူ ဘာမှစိုးရိမ်စရာမလိုတော့ပေ။

ကိုယ်ပွားသည် သူ့နေရာတွင် အပြည့်အဝအစားထိုးနိုင်ပြီး၊ ဈေးသို့သွားကာ ထောက်ပံရေးပစ္စည်းများနှင့် ကုန်ကြမ်းအမျိုးမျိုးအား ဝယ်ယူနိုင်သည်။

အကယ်၍ သူသည် အန္တရာယ်နှင့် ကြုံတွေ့ရလျှင်ပင်၊ ၎င်းသည် ကိုယ်ပွားတစ်ဦး ဆုံးရှုံးခြင်းမျှသာဖြစ်ပြီး ဘာမှမဟုတ်တော့ပေ။

All Chapters