ချီသန့်စင်ခြင်း အဆင့်(၄)သို့ တိုးမြှင့်ခြင်းနှင့် မုဇီယန်အား တော်ကောက်ခြင်း
Vol. 2 Ch. 20
မျက်စိတစ်မှိတ်အတွင်း နောက်တစ်ရက် ကုန်ဆုံးသွားကာ၊ ညဉ့်နက်ချိန်တွင် အပြင်၌ တိတ်ဆိတ်နေ၏။
“တောင်းပန်ပါတယ် ယောက်ျား၊ ကျွန်မ ဓမ္မတာပြီးအောင် စောင့်ရအုံးမယ်။ ဒီညတော့ ရှင့်ကို ပြုစုမပေးနိုင်မှာကို စိုးရွံ့မိပါတယ်။”
ကျိပင်းယွီက တောင်းပန်သောလေသံဖြင့် ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။” ကျိုးစွေ့က သူ၏လက်ကို ယမ်းပြလိုက်ပြီး နှစ်သိမ့်လိုက်သည်။
ညဘက်တွင် တူနှစ်ကိုယ်ကျင့်ကြံခြင်းအား ကြာမြင့်စွာကတည်းက သူ အလေ့အကျင့် ဖြစ်နေသော်လည်း၊ ရံဖန်ရံခါ အနားယူခြင်းက ကိစ္စမရှိပေ။
“မဟုတ်ဘူး၊ ကိုယ့်ယောက်ျားကို မပြုစုပေးနိုင်တာက မိန်းမဝတ္တရား မကျေပွန်တာပဲ။ ဒါကြောင့် ငါ့ယောက်ျား မယားငယ်တစ်ယောက် ယူလိုက်ပါ။ သူမက ရှင်နေမကောင်းတဲ့အခါ ရှင့်ကို ဂရုစိုက်ပေးနိုင်မှာပဲ။”
ကျိပင်းယွီက အကြံပြုချက်တစ်ခုအား ဆိုလေသည်။
ဘာရယ်..။
ဤစကားအား ကြားသောအခါ ကျိုးစွေ့ ကြက်သေသေသွားလေသည်။ သူ့တွင် ဆန်းဆန်းပြားပြား အတွေးစိတ်ကူးများ ရှိသော်လည်း၊ ကျိပင်းယွီက ဤကဲ့သို့သော အကြံပြုချက်အား ပြုလိမ့်မည်ဟု သူ ဘယ်တုံးကမှ မမျှော်လင့်ထားခဲ့ပေ။ ၎င်းက သူ့အတွေးအမြင်များထက် အမှန်ပင် ကျော်လွန်နေပေသည်။
သူ၏ဇနီးက သူ့အား မယားငယ်ယူရန် ကိုယ်တိုင်ကပင် စတင်အကြံပေးသည်အား သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။
“မကောင်းဘူး ထင်တယ်နော်။”
ကျိုးစွေ့က တံတွေးမျိုးချလိုက်ပြီး တုံ့ဆိုင်းစွာပြောလိုက်သည်။
“ငါ့ယောက်ျားရယ်၊ ရှင် ကျွန်မကို အရမ်းချစ်တယ်ဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမဲ့ ဇနီးတစ်ယောက်အနေနဲ့ ကိုယ့်လင်သားကို မပြုစုနိုင်တာက ဝတ္တရားပျက်ကွက်တာပဲလေ။”
“အားကြီးတဲ့ ကျင့်ကြံသူတစ်ယောက်ကို သူ့ဘဝမှာ မိန်းမတစ်ယောက်တည်းပဲ ရှိဖို့တောင်းဆိုတာက အလိုလို မဖြစ်နိုင်တဲ့အရာပါ။"
“ဒါကြောင့် ငါ့ယောက်ျားအတွက် မယားငယ်တစ်ယောက်ကို ရှာဖွေနေနှင့်ပြီးပြီ။”
ကျိပင်းယွီက အလွန်တည်ကြည်စွာ ပြောလိုက်သည်။
“ဒါက..”
ကျိုးစွေ ကြောင်အသွားသည်။ ဤမကောင်းဆိုးဝါး ကျင့်ကြံခြင်းလောကက ဤအမျိုးသမီးကျင့်ကြံသူများအား မည်သို့သော အတွေးအခေါ်များ ထည့်သွင်းပေးထားသည်နည်း..။ ၎င်းတို့၏လက်တွဲဖော်အား မယားငယ်ယူစေချင်ရုံသာမက၊ သင့်တော်မည့် မယားငယ်ကိုပင် ရှာထားနှင့်ပြီး ဖြစ်၏။
ခဏတာမျှ၊ သူ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားလေသည်။ ကျိပင်းယွီက တကယ့်ကို ကောင်းမွန်သော လက်တွဲဖော် ဖြစ်သည်ဟုသာ သူ ပြောနိုင်တော့သည်။
“အဟမ်း..၊ ဒီလိုဆိုမှတော့… မယားငယ်အဖြစ် မင်း ဘယ်သူ့ကို ရွေးထားတာလဲ။”
ကျိုးစွေ့က စူးစမ်းလိုက်သည်။
“ညီမ မုဇီယန်ဆိုရင် ဘယ်လိုလဲ။”
ကျိပင်းယွီက အနည်းငယ်ပြုံးလိုက်ကာ “သူမက နှစ်ပေါင်းများစွာ သိကျွမ်းခဲ့တဲ့ ကျွန်မရဲ့ညီမပါ။ သူမက နူးညံ့သိမ်မွေ့ပြီး ရုပ်လည်းချောတယ်၊ ကိုယ်လုံးကိုယ်ပေါက်လည်း လှတယ်။ ကျွန်မအစား ရှင့်ကိုလည်း ဂရုစိုက်ပေးနိုင်မှာပါ။ ဒါ့အပြင် ကျွန်မတို့ အချင်းချင်း သိကျွမ်းကြတော့ ဘာအဟန့်အတားမှလည်း ရှိမှာမဟုတ်ဘူးလေ။”
“ဒါပေမဲ့ သူမကကော သဘောတူပါ့မလား။”
ကျိုးစွေ့က မျက်တောင်များအား ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်သည်။
“သေချာပေါက် သဘောတူတာပေါ့။ ကျွန်မ ဒီနေ့ သူမနဲ့ စကားပြောခဲ့ပြီးတော့ သူမက တုံ့ဆိုင်းမနေဘဲ သဘောတူခဲ့တယ်လေ။ ရှင့်ရဲ့ဆွဲဆောင်မှုက သူမကို နက်နက်ရှိုင်းရှိုင်း ဆွဲဆောင်ထားပြီးသားနေမယ်၊ ဒါကြောင့် သူမ မငြင်းတာပေါ့။”
ကျိပင်းယွီက တခစ်ခစ်ရယ်မောလိုက်၏။
ဂျောက်ခနဲ မြည်သံနှင့်အတူ၊ မုဇီယန်က တံခါးဖွင့်ကာ လှလှပပ ဝင်လာလေသည်။ သူမ၏လှပသော မျက်နှာလေးက နီမြန်းနေ၏။ သူမသည် ကျိုးစွေ့၏မျက်နှာအား မကြည့်ရဲသလောက် ဖြစ်နေပြီး အလွန်ပင် ရှက်သည်းဖိုနေသည်။
“ကောင်းပြီ၊ ကျွန်မ ရှင်တို့ကို မနှောင့်ယှက်တော့ဘူး။”
ကျိပင်းယွီက အနည်းငယ်ပြုံးလိုက်ပြီး အခန်းထဲမှ ထွက်ခွာသွားရာ ကျိုးစွေ့နှင့် မုဇီယန်တို့သည်သာ ကျန်ရစ်ခဲ့လေသည်။
…
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး မကြာမီ၊ မနက်မိုးသောက်သို့ ရောက်ရှိခဲ့လေသည်။
ထိုအချိန်၌ ကျေနပ်အားရနေသော အမျိုးသားတစ်ဦး ဖြစ်နေသော ကျိုးစွေ့၏ သိစိတ်ပင်လယ်ထဲသို့ သတင်းစကားတစ်ခု ရုတ်တရက်ထွက်ပေါ်လာလေသည်။
“သင်နှင့် သင်၏တာအိုလက်တွဲဖော် မုဇီယန်တို့သည် ပြီးခဲ့သောညတွင် တူနှစ်ကိုယ်ကျင့်ကြံမှု ခုနှစ်ကြိမ်ပြုလုပ်ခဲ့ကြသည်။ သင်တို့သည် သံယောဇဉ်များ နက်ရှိုင်းစွာ ငြိတွယ်ခဲ့ကြ၍ တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးခဲ့ကြသည်။”
“သင်သည် အဆောင်ပညာ အတွေ့အကြုံအား အတိုင်းအတာတစ်ခုအထိ ရရှိခဲ့သည်။”
“သင်၏စိတ်ဝိညာဉ်အမြစ် ပင်ကိုယ်ပါရမီသည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့သည်။”
“သင်သည် တစ်ဘက်လူ၏ ယင်စွမ်းအင်အား ရရှိခဲ့ပြီး၊ သင်၏ကျင့်ကြံမှုအား တိုးတက်စေခဲ့ကာ ချီသန့်စင်ခြင်း အဆင့်(၄)သို့ တိုးမြှင့်သွားပြီ ဖြစ်သည်။”
“တစ်ခဏအတွင်းမှာပင်၊ ကျိုးစွေ့သည် အလွန်ပင် များပြားသော စွမ်းအားပမာဏတစ်ခုအား ခံစားလိုက်ရပြီး၊ ယင်းက သူ၏အတားအဆီးအား ချက်ချင်းပင် ချိုးဖြတ်လိုက်ကာ မရီဒန်တစ်ခုပွင့်လှစ်သွားစေပြီး သူ၏ အစစ်အမှန်ချီအား အလွန်အမင်း တိုးပွားသွားစေလေသည်။
ယခင်ကနှင့် နှိုင်းယှဉ်လျှင် အစစ်အမှန်ချီ၏ စွမ်းအားသည် အနည်းဆုံး နှစ်ဆတိုးသွားပြီ ဖြစ်သည်။
ချီသန့်စင်ခြင်း အဆင့်(၄)ဆိုသည်မှာ အားနည်းသောကျင့်ကြံသူစာရင်းမှ ခွဲထွက်နိုင်ခဲ့ပြီ ဟူသော စတင်မှတ် ဖြစ်ကာ၊ ချီသန့်စင်ခြင်း အလယ်လတ်အဆင့် ကျင့်ကြံသူ ဖြစ်ပြီဟု ဆိုလိုခြင်းပင်။
မီယွင်မြို့တွင်ပင် ဤကျင့်ကြံမှုအဆင့်သည် အဆင့်နိမ့်ကျင့်ကြံသူများ၏အဆင့်ထက် စတင်သာလွန်ခြင်းဟု ခေါ်ဆိုနိုင်ပေသည်။
ယခုအခါ သူသည် ချီသန့်စင်ခြင်း အလယ်လတ်အဆင့်က အစောပိုင်းအဆင့်ထက် အဘယ်ကြောင့် ဤမျှအားကောင်းသည်အား နောက်ဆုံး၌ နားလည်သွားပြီ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်က အံ့ဩဖွယ်ကောင်းလောက်အောင် အားကောင်းလာရုံသာမက၊ ပိုအရေးကြီးသည်မှာ သူ့ကိုယ်အတွင်းရှိ အစစ်အမှန်ချီသည် အစွမ်းနှစ်ဆမက တိုးတက်လာခြင်း ဖြစ်သည်။
အစစ်အမှန်ချီ၏ ဖိနှိပ်နိုင်စွမ်းတစ်ခုတည်းဖြင့်ပင် ချီသန့်စင်ခြင်း အဆင့်(၃)ရှိ ကျင့်ကြံသူ လေးငါးဦးအား သတ်ဖြတ်နိုင်ရန် လုံလောက်ပေသည်။
သူ၏မရီဒန်များထဲတွင် ဖြတ်သန်းစီးဆင်းနေသော အစစ်အမှန်ချီ၏ အားကောင်းသော စွမ်းအားကို သူခံစားနေရပြီး၊ သူ၏တစ်ကိုယ်လုံးသည်လည်း ကြီးမားသော စွမ်းအားများဖြင့် ပြည့်နှက်နေလေသည်။
“ချီသန့်စင်ခြင်း အဆင့်(၄)ကို ဒီလောက်မြန်မြန် ရောက်သွားမယ်လို့ ငါမထင်ထားမိဘူး။”
ကျိုးစွေ့ အလွန်ပျော်ရွှင်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ခန့်မှန်းချက်အရ၊ ပုံမှန်ကျင့်ကြံနေပါက ချီသန့်စင်ခြင်း အဆင့်(၃)မှ အဆင့်(၄)သို့ ချိုးဖြတ်နိုင်ရန် အနည်းဆုံး နှစ်ပေါင်းများစွာ အချိန်ယူရမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ ယင်းသည် ကြီးမားသော အတားအဆီးတစ်ခုဖြစ်လေသည်။ အဌမအဆင့် စိတ်ဝိညာဉ်အမြစ် ပင်ကိုယ်ပါရမီဖြင့်ပင်လျှင်၊ အတားအဆီးအား ချိုးဖြတ်နိုင်ရန် အချိန်များစွာ ယူရမည် ဖြစ်သည်။
သို့သော် ယခုတွင်မူ၊ မုဇီယန်၏ မူလယင်စွမ်းအင်အား ရရှိပြီးနောက်၊ ၎င်းသည် သူ့အား ချီသန့်စင်ခြင်း အဆင့်(၃)၏အတားအဆီးအား ချက်ချင်းပင် ချိုးဖြတ်စေပြီး သူ၏ကျင့်ကြံမှုအား အလွန်အမင်း တိုးတက်စေခဲ့လေသည်။
“ချီသန့်စင်ခြင်း အဆင့်(၄)ကို ရောက်ရှိပြီး ချီသန့်စင်ခြင်း အလယ်လတ်ကျင့်ကြံသူတစ်ဦး ဖြစ်လာတဲ့ ဂုဏ်ယူပါတယ် ယောက်ျား။”
ထိုအချိန်တွင်၊ မုဇီယန်သည်လည်း ကျိုးစွေ့၏အရှိန်အဝါပြောင်းလဲမှုကို အာရုံခံမိပြီး ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဒါတွေအားလုံး မင်းကြောင့်ပါပဲ ဇီယန်။ မင်းရဲ့အကူအညီကြောင့်သာ မဟုတ်ခဲ့ရင် ငါဒီလောက် မြန်မြန် ချိုးဖြတ်နိုင်မှာ မဟုတ်ဘူး။”
ကျိုးစွေ့က သက်ပြင်းချလိုက်သည်။
“မဟုတ်…မဟုတ်ပါဘူး၊ ဒါတွေအားလုံးက ယောက်ျားရဲ့ အံ့ဖွယ်ပါရမီနဲ့ စုဆောင်းထားတဲ့ အတွေ့အကြုံတွေကြောင့်ပါ။ ကျွန်မက နည်းနည်းလေးပဲ ကူညီခဲ့တာ၊ ဘာမှ မပြောပလောက်ပါဘူး။”
မုဇီယန်၏ လှပသော မျက်နှာလေးက နီမြန်းသွားပြီး၊ အတွင်းစိတ်ထဲတွင်တော့ ပျော်ရွှင်နေလေသည်။ ကျိုးစွေ့၏ချီးကျူးစကားကို လက်ခံရရှိခြင်းက အကြီးမားဆုံးသော အောင်မြင်မှု ဖြစ်သည့်အလားပင်။
“ဒါပေမယ့် မင်း တကယ်ပဲ ငါ့မယားငယ် ဖြစ်ချင်တာလား။ ဒါက မင်းအတွက် နည်းနည်းတော့ မတရားဘူး မဟုတ်လား။”
ကျိုးစွေ့က မေးလိုက်သည်။
“မဟုတ်..မဟုတ်ပါဘူး၊ ကျွန်မ လုံးဝကို နစ်နာတယ်လို့ မထင်ပါဘူး။ အဲ့ဒါနဲ့ပြောင်းပြန် ကျွန်မ အရမ်းကို ပျော်ရွှင်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မလို နောက်ခံမျိုးနဲ့ လူတစ်ယောက်အတွက် ယောက်ျားကို လက်ထပ်ခွင့်ရတာ ကြီးမားတဲ့ဂုဏ်ယူစရာတစ်ခုပါ။”
မုဇီယန်က ကျိုးစွေ့အား အရည်လဲ့နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“မင်းမှာ အဲ့ဒီလို နောက်ခံမျိုး ရှိတာလား။ ဒါနဲ့ စကားမစပ်၊ ဒီတစ်လျှောက်လုံး ကိုယ် ဇီယန်ရဲ့နောက်ကြောင်းကို ပြောတာ တစ်ခါမှ မကြားမိဘူးနော်။”
ကျိုးစွေ့သည် မုဇီယန်၏ဇာစ်မြစ်ကို သိလို၍ စူးစမ်းစွာ မေးလိုက်သည်။
“ကျွန်မရဲ့ ဇာစ်မြစ်နဲ့ ပတ်သက်လို့ သိပ်ပြီး ထွေထွေထူးထူးတော့ ပြောစရာမရှိပါဘူး။ ကျွန်မက ဒီမီယွင်မြို့ကနေ မိုင်ထောင်ချီဝေးတဲ့ မိသားစုတစ်ခုဖြစ်တဲ့ မုမိသားစုမှာ မွေးတာပါ။ သူတို့က အခြေတည်အဆင့် မိသားစုတစ်ခုဖြစ်ပြီး၊ ကျွန်မကတော့ မုမိသားစု မယားငယ်တစ်ဦးရဲ့ သမီးတစ်ယောက်ရယ်ပါ။”
မုဇီယန်က သူမ၏အတိတ်အတွေ့အကြုံများအား စတင်ပြောပြသည်။ “အင်းပေါ့၊ ကျွန်မက မယားငယ်တစ်ယောက်ရဲ့ သမီး ဖြစ်ပေမယ့် ကျွန်မမှာ စိတ်ဝိညာဉ်အမြစ် ရှိနေသေးတယ်လေ။ အဲ့ဒါကြောင့် ကျွန်မရဲ့ ဆက်ဆံခံရမှုက သိပ်မဆိုးပါဘူး၊ ပြီးတော့ လုံလောက်တဲ့ အရင်းအမြစ်တွေလည်း ပေးအပ်ခံရပါတယ်။
ဒါပေမဲ့ ဒါတွေအားလုံးက လှည့်စားမှုတစ်ခု ဖြစ်နေမယ်လို့ ဘယ်သူထင်မိမှာလဲ။ ကျွန်မ အသက်ဆယ့်ရှစ်နှစ်ပြည့်တဲ့အခါလည်း ရောက်ရော၊ မုမိသားစုက ကျွန်မကို အခြားအခြေတည်အဆင့် မိသားစုတစ်ခုဖြစ်တဲ့ လျိုမိသားစုရဲ့ခေါင်းဆောင်နဲ့ လက်ထပ်ပေးဖို့ ရုတ်တရက် ဆုံးဖြတ်ခဲ့တယ်။
အဲ့ဒီမိသားစုခေါင်းဆောင်က အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပေမယ့်၊ သူက အသက်နှစ်ရာကျော် အဘိုးကြီး ဖြစ်ပြီး သေခါနီးနေပြီလေ။ သဘာဝအတိုင်း ကျွန်မက အဲ့ဒီမီးတွင်းထဲကို ဘယ်ခုန်ဆင်းချင်ပါ့မလဲ။
ပြဿနာက မုမိသားစု မယားငယ်တစ်ယောက်ရဲ့ သမီးတစ်ယောက်အနေနဲ့၊ ကျွန်မက မုမိသားစုရဲ့ အမိန့်ကို လွန်ဆန်ခွင့်မရှိဘဲ တစ်ဘက်လူနဲ့ လက်ထပ်ဖို့ အတင်းအကျပ် ဖိအားပေးခဲ့ရတယ်လေ။ ကျွန်မ လုံးဝ မျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာပဲ၊ အစ်မကျိပေါ်လာပြီး ကျွန်မကို ကယ်တင်ခဲ့ပြီး မုမိသားစုကနေ ခေါ်ထုတ်သွားခဲ့တယ်။
အဲ့အချိန်တုံးက မုမိသားစု ဒေါသထွက်နေရင်တောင် သူတို့ ကျွန်မကို ဘာမှ လုပ်လို့ မရခဲ့ဘူး။ အဲ့ဒီအချိန်ကစပြီး ကျွန်မ အစ်မကျိနောက်လိုက်ပြီး အင်မော်တယ်ကျင့်ကြံခြင်းလောကကို စူးစမ်းရှာဖွေခဲ့တော့တာပဲ။ ပြောရရင် အစ်မကျိက ကျွန်မကို ဘဝသစ်တစ်ခု ပေးခဲ့တဲ့ ကျေးဇူးရှင်ပါပဲ။”
သူမက သူမ၏အတိတ်အတွေ့အကြုံများအား အကျဉ်းချုံး ပြောပြလိုက်သည်။ သူမသည် လက်ရှိတွင် အသက် ၂၉နှစ်ရှိပြီ ဖြစ်ပြီး ဆဌမအဆင့် စိတ်ဝိညာဉ်အမြစ် ပင်ကိုယ်ပါရမီ ရှိလေသည်။
သူမသည် ပထမတန်းစား အဆင့်မြင့် အဆောင်ပညာရှင်တစ်ဦးလည်း ဖြစ်သည်။
သူမသည် အဆောင်ပညာတွင် အကြွင်းမဲ့ ပါရမီရှင်တစ်ဦးဖြစ်သည်ဟု ဆိုနိုင်ပေသည်။