← Chapters

လုယက်သူတို့၏ သေဆုံးခြင်း၊ ငြိမ်းချမ်းသောဘဝ

Vol. 2 Ch. 24

လုယက်သူတို့၏ သေဆုံးခြင်း၊ ငြိမ်းချမ်းသောဘဝ

Vol. 2 Ch. 24

ဤအချိန်တွင် ယခုလေးတင် တူနှစ်ကိုယ်ကျင့်ကြံခြင်း ပြီးဆုံးသွားသော ကျိုးစွေ့က သူ၏လှပသော တာအိုလက်တွဲဖော်နှစ်ဦးအား ထွေးပွေ့ထားသည်။

ကိုယ်ပွားထံမှ သတင်းစကား တသီတသန်းအား လက်ခံရရှိပြီးနောက်၊ သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်သောအမူအရာတစ်ခု ဖြတ်သန်းသွားသည်။

သူ၏ကိုယ်ပွားက မီယွင်နတ်ဆိုးသုံးဖော်ကို သတ်ဖြတ်၍ ၎င်းတို့၏ ရတနာအားလုံးအား ရယူနိုင်ခဲ့သည့်စွမ်းရည်ရှိကြောင်း သူသိလိုက်ရသည်။

ဟုတ်ပေသည်၊ သူ့အား မယုံနိုင်လောက်အောင် ဝမ်းမြောက်စေသောအရာမှာ၊ ဤတိုက်ပွဲပြီးနောက် သူ၏ကိုယ်ပိုင်ခွန်အားအတိုင်းအတာအား နောက်ဆုံးတွင် နားလည်လိုက်ရသောကြောင့် ဖြစ်၏။

“ငါ တကယ်ပဲ ချီသန့်စင်ခြင်း အဆင့်(၇)ကျင့်ကြံသူသုံးယောက်ကို သတ်နိုင်ခဲ့တယ်။ ငါရဲ့ လက်ရှိတိုက်ခိုက်ရေးစွမ်းအားက မီယွင်မြို့မှာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပြီဆိုတဲ့ အဓိပ္ပါယ်ပဲ။”

ကျိုးစွေ့ စိတ်လှုပ်ရှားသွားသည်။

ယခင်၊ ဤလောကသို့ သူစတင်ရောက်ရှိစဉ်က အလွန်ထိတ်လန့်ခဲ့ရ၏။ သူ၏ပတ်ဝန်းကျင်တွင် ကျင့်ကြံသူများပြည့်နှက်နေကာ၊ သူ့အား ပါးရိုက်ချက်တစ်ခုဖြင့်ပင် သတ်ဖြတ်ပစ်မည်အား စိုးရိမ်နေခဲ့ရသည်။ သတ်ဖြတ်ခံရလျှင်ပင် တိုင်ကြားစရာနေရာမရှိပေ။

မည်သို့ပင်ဖြစ်စေ၊ ဤလောကတွင် မည်သည့်ဥပဒေမှ မရှိသလို၊ ကျင့်ကြံမှုနိမ့်ပါးသူများအတွက် မည်သည့်အခွင့်အရေးမှလည်း မရှိပေ။

သို့သော် ယခုတွင် အရာအားလုံးက ကွဲပြားသွားလေပြီ။ သူ၏ကျင့်ကြံမှုသည် ချီသန့်စင်ခြင်း အဆင့်(၄)သို့ ရောက်ရှိနေပြီး၊ အိပ်မက်ဝိညာဉ်ကူ၏စွမ်းအားဖြင့် ချီသန့်စင်ခြင်း အဆင့်(၇)ကျင့်ကြံသူများအား ချက်ချင်းသတ်ဖြတ်နိုင်လေပြီ။ သူ၏တိုက်ခိုက်ရေးစွမ်းအားက ပြိုင်ဘက်ကင်းလေ၏။

ဤသတင်းက မီယွင်မြို့အား တုန်လှုပ်သွားစေနိုင်သည်။

မီယွင်မြို့တွင် မိမိကိုယ်ကို ကာကွယ်ရန် အစွမ်းအစမရှိပါက၊ သူ၏အသက်နှင့် ပစ္စည်းဥစ္စာအတွက် အာမခံချက်ရှိမည်မဟုတ်ပေ။

ယခုမှသာ လုံခြုံမှုအနည်းငယ်အား သူခံစားရပေသည်။

သူ့တွင် ကာကွယ်ပေးမည့် လက်တွဲဖော်နှစ်ဦးရှိရာ၊ ကြီးကြီးမားမား အန္တရာယ်မရှိသင့်ပေ။ မည်သို့ပင်ဖြစ်စေ၊ ကိုယ်ပိုင်အစွမ်းအစကသာ ပို၍လုံခြုံစေပေမည်။

“မဟုတ်သေးဘူး၊ ငါထောင်လွှားနေလို့မဖြစ်ဘူး။ လက်ရှိမှာ ချီသန့်စင်ခြင်း အဆင့်(၄)ပဲရှိသေးတယ်။ ယင်ကောင်သာသာပဲ။”

“ချီသန့်စင်ခြင်းအဆင့်မှာ ပြိုင်ဘက်ကင်းပြီလား ဆိုတာ အသာထားအုံး၊ ဒီလောကမှာ အခြေတည်အဆင့်၊ ရွှေအမြုတေအဆင့် ဆရာသခင်တွေ ရှိ‌နေသေးတယ်။”

“မတော်တဆ သူတို့ကို အပြစ်ပြုမိရင်၊ ဘယ်လိုသေလို့ သေသွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး။”

ယင်းအား တွေးမိကာ ကျိုးစွေ့ စိတ်တည်ငြိမ်သွားသည်။ စိတ်လှုပ်ရှားမှုလည်း ပျောက်ကွယ်သွားသည်။ မည်သို့ပင်ဖြစ်စေ စတင်ထောင်လွှားရန် သူ၏ကျင့်ကြံမှုက အလွန်ပင် နိမ့်ပါးသေးသည်။

ခဏတာ သတိမဲ့မှုကြောင့် ထောင်လွှားမိသော ကျင့်ကြံသူမည်မျှ သေဆုံးခဲ့ရပြီအား မည်သူသိနိုင်မည်နည်း။

ဂိုဏ်းများမှ တပည့်သားများပင်လျှင် ချောင်းမြောင်းတိုက်ခိုက်မှုအောက်တွင် ကျဆုံးနိုင်သည်။

မည်မျှပင် အရည်အချင်းရှိစေကာမူ ရင့်ကျက်မှုမရှိပါက၊ အားနည်းပြီး အရာမဝင်သောသူများသာ ဖြစ်ပေ၏။

“ဒါပေမဲ့၊ ကိုယ်ပွားကူရဲ့အစွမ်းက အဆုံးမရှိအောင်ကို အသုံးဝင်တယ်။ ငါက အိမ်မှာကျင့်ကြံနေနိုင်ပြီး ကိုယ်ပွားက အပြင်မှာ လျှောက်သွားနေလို့ရတယ်။ သူသေသွားရင်တောင် အချိန်မရွေး နောက်တစ်ယောက် ဖန်တီးနိုင်တယ်၊ ပြီးတော့ ပင်မခန္ဓာကိုယ်ကိုလည်း ဘာမှမထိခိုက်စေနိုင်ဘူး။”

“အိပ်မက်ဝိညာဉ်ကူရဲ့ အစွမ်းနဲ့သာ ပေါင်းလိုက်ရင်၊ ဒါက တကယ့်ကို တားဆီးလို့မရနိုင်ဖြစ်သွားမယ်။”

ကျိုးစွေ့က မေးစေ့အား ပွတ်သပ်လိုက်၏။

ယခုတွင် ကူနတ်ဘုရားကျမ်းအား မည်သို့ကျင့်ကြံရမည်ကို စတင်နားလည်လာသည်။ ကူတစ်ကောင်နှင့်တစ်ကောင် ပေါင်းစပ်ခြင်းက အလွန်အရေးပါပြီး၊ တစ်ခါတစ်ရံ၌ ယင်းက တစ်နဲ့တစ်‌ပေါင်းခြင်းကဲ့သို့ မရိုးရှင်းဘဲ ပိုမိုကောင်းမွန်သော သက်ရောက်မှုအား ပေးစွမ်းနိုင်သည်။

“ယောက်ျား၊ ဘာတွေ ဒီလောက်ပျော်နေတာလဲ။”

ကျိပင်းယွီနှင့် မုဇီယန်တို့ နှစ်ဦးစလုံး ကျိုးစွေ့၏အမူအရာအား သတိပြုမိကာ စူးစမ်းလိုက်ကြသည်။

“ဘာမှမဟုတ်ဘူး၊ ပြဿနာတချို့ကို ဖြေရှင်းလိုက်နိုင်လို့လေ။ အောင်ပွဲခံတဲ့အနေနဲ့ နောက်တစ်ခေါက် ထပ်လုပ်ကြရအောင်။”

ကျိုးစွေ့က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

ဘာရယ်..!

ကျိပင်းယွီနှင့် မုဇီယန်တို့ နှစ်ဦးစလုံး မျက်နှာများ နီမြန်းသွားသည်။ သူမတို့၏ယောက်ျားက လွန်စွာအားကောင်း၍၊ မမောပန်းနိုင်သော နွားသိုးတစ်ကောင် ဖြစ်သည်ဟု စိတ်ထဲမှ သက်ပြင်းချလိုက်မိလေတော့သည်။

…

ညက တစ်ခဏအတွင်း ကုန်ဆုံးသွား၏။

အပြင်ဘက်တွင် ဆူညံသံတစ်ခုထွက်ပေါ်လာပြီး၊ အိမ်နီးချင်းကျင့်ကြံသူတစ်စု လမ်းမပေါ် စတင်စုပြုံလာကြသည်။

ကျိုးစွေ့၊ ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်နှင့် ကျန်သူများလည်း နိုးလာပြီး အပြင်ဘက်မှ ဆူညံသံများအား ကြားလိုက်ရလေသည်။

“ကြားပြီးပြီလား။ မနေ့ညက မီယွင်နတ်ဆိုးသုံးဖော် မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ဒီကိုလာခဲ့ကြပြီး ကြောက်ဖို့ကောင်းတဲ့ အဆုံးသတ်နဲ့ တွေ့သွားကြတယ်။”

“ဘာ..၊ မီယွင်နတ်ဆိုးသုံးဖော်။ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သူခိုးအဖွဲ့လား။ သူတို့က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် လူသတ်သမားတွေ၊ သူတို့လက်ထဲမှာ ကျင့်ကြံသူတွေ အများကြီး သေခဲ့ရတယ်လို့ ကြားဖူးတယ်။ ဘယ်သူက သူတို့ကို သတ်နိုင်တဲ့အစွမ်းရှိမှာတုံး။”

“မသိဘူး၊ ဘယ်သူ့လက်ချက်ဆိုတာ တစ်ယောက်မှ မသိကြဘူး။ မီယွင်နတ်ဆိုးသုံးဖော်က ဘာမှတောင်မလုပ်လိုက်နိုင်ဘဲ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်ရဲ့ အသတ်ခံလိုက်ရပုံပဲ၊ ကြောက်ဖို့ကောင်းလိုက်တာ။”

“ဒါက မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတာကို ပြသတာပဲ။ အဲ့ဒီသုံးယောက်က တခြားသူတွေကို အနိုင်ကျင့်နေတာကြာပြီ။ တာအိုရောင်းရင်းပိုင်တို့ မိသားစုကို သတ်ခဲ့တာလည်း သူတို့ ဖြစ်နိုင်တယ်။ နောက်ဆုံးတော့ သူတို့ကြမ္မာနဲ့သူတို့ တွေ့သွားပြီပေါ့ကွာ။”

“ရိုးရိုးသားသားပြောရရင်၊ ဒီလမ်းပေါ်က တာအိုမိတ်ဆွေတစ်ယောက်ယောက်က လုပ်သွားတာများလား။”

“မဖြစ်နိုင်တာ၊ အဲ့ဒီ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် မိန်းမတွေပဲ မီယွင်နတ်ဆိုးသုံးဖော်ကို ရင်ဆိုင်နိုင်မှာ။”

“အဲ့ဒီအမျိုးသမီးသုံးယောက်က မလုပ်ခဲ့ဘူးဆိုရင် ဘယ်သူကများ လုပ်သွားတာလဲ။ တကယ်ကို ထူးဆန်းတယ်။”

“ငါထင်တာတော့ သူခိုးဆီက သူဝှက်လုတာမျိုး ဖြစ်မယ်။ အဲ့ဒီသူခိုးတွေဆီမှာ ရတနာတွေ ဘယ်လောက်တောင် စုဆောင်းထားလဲ ဘယ်သူသိမှာလဲ။ သူတို့က ငါတို့လို တစ်ကိုယ်တော်ကျင့်ကြံသူတွေကို မျက်စိကျနေသလို၊ တခြားသူတွေကကော သူတို့ကို မျက်စိကျမနေနိုင်ဘူးလား။”

“အဟုတ်ပဲ၊ အဲ့ဒီသူခိုးတစ်ယောက်ချင်းဆီမှာ ပိုင်ဆိုင်မှုတွေ အများကြီးရှိမှာပဲ။ ငါတို့လို တစ်ကိုယ်တော်ကျင့်ကြံသူတွေကို လုယက်တာထက် အဲဒီသူခိုးတွေကို လုယက်တာက သေချာပေါက် ပိုပြီး အကျိုးအမြတ်များမှာပဲ။”

“ဒီလိုဆို မီယွင်နတ်ဆိုးသုံးဖော် သေသွားပြီဆိုတော့ ငါတို့ လုံခြုံသွားပြီလား။”

“သောက်ရူး၊ အပြင်ဘက်မှာ ရှိတဲ့သူခိုးတွေက မီယွင်နတ်ဆိုးသုံးဖော်တစ်ဖွဲ့ပဲ ရှိတယ်ထင်နေလား။ အများကြီး ရှိသေးတယ်ကွ။”

“မင်းပြောတာ သိပ်ကိုမှန်တယ်။ ဥပဒေစိုးမိုးရေးအဖွဲ့ ပြန်ရောက်မလားသေးသရွေ့ ငါတို့ သတိပေါ့လို့မဖြစ်ဘူး။ ထွက်သွားလို့မဖြစ်ဘူး မဟုတ်ရင် အဲ့ဒီသူခိုးတွေက ငါတို့ကို တစ်ယောက်ပြီးတစ်ယောက် ရှင်းပစ်လိမ့်မယ်။”

“ခဏလောက် သည်းခံရတာက အသတ်ခံရတာထက်တော့ ပိုကောင်းပါတယ်ကွာ။”

ကျင့်ကြံသူများက ဆွေးနွေးနေကြပြီး အားလုံး စိတ်လှုပ်ရှားနေကြသည်။ မီယွင်နတ်ဆိုးသုံးဖော် သေဆုံးခြင်းက သူတို့ခေါင်းပေါ်မှ ဖိအားအချို့အား ဖယ်ရှား‌ပေးခဲ့ပြီး၊ သူတို့အား ပိုမိုလုံခြုံသည်ဟု ခံစားရစေသည်။

သို့သော် တစ်ရာရာခိုင်နှုန်း လုံခြုံသည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ၊ မီယွင်မြို့ထဲတွင် သူခိုးမည်မျှ ပုန်းအောင်းနေမည်အား မည်သူသိနိုင်မည်နည်း။ သတိမထားပါက သူတို့၏လက်ထဲသို့ ကျရောက်သွားပေမည်။

အတိုချုပ်အားဖြင့် သူတို့၏သတိအား လျှော့ချမည်မဟုတ်ပေ။

“ယောက်ျား၊ ကြည့်ရတာ မနေ့ညက သူခိုးအချို့ ဒီမှာ သေသွားကြပုံပဲ။”

ကျိပင်းယွီလည်း အပြင်ဘက်မှ ဆူညံသံများအား ကြားလိုက်ရသည်။

“ဒါက ကောင်းတဲ့အရာ မဟုတ်ဘူးလား။ မြစ်ကမ်းဘေးကို ခဏခဏသွားရင် တစ်ချိန်ချိန်တော့ ဖိနပ်စိုမှာပဲ။ သူတို့က တခြားကျင့်ကြံသူတွေကို လုယက်ချင်တယ်၊ တခြားကျင့်ကြံသူတွေကလည်း သူတို့ကို လုယက်ချင်မှာပဲ။ ဒါက လောကသဘာဝပဲ။”

ထင်ထားသည့်အတိုင်းဖြစ်သည်ဟု ရှားကျင်းယန်တွေးမိသည်။ ဤသို့သောအကြောင်းအရာအား ကြာမြင့်စွာကတည်းက သူမကျင့်သားရပြီး ဖြစ်သည်။

“မင်းမှန်တယ်။ အဲ့ဒီကျင့်ကြံသူတွေက တခြားသူတွေကို လုယက်တာက ဖြတ်လမ်းလို့ ထင်ကြတယ်။ ဒါပေမဲ့ အဲ့ဒီအကျင့်ကပဲ သူတို့ကို သေဆုံးစေတယ်ဆိုတာကို မသိကြဘူး။”

“တစ်ခါနှစ်ခါတော့ လွတ်မြောက်ပြီး တော်တော်များများ ရရင်ရမှာပေါ့။”

“ဒါပေမဲ့ တစ်ချက်မှားလိုက်တာနဲ့ သေလမ်းပဲရှိတယ်။ ဒီလိုအရာမျိုးက သေဆုံးခြင်းနဲ့ပဲ အမြဲအဆုံးသတ်တယ်။”

ကျိုးစွေ့သည်လည်း လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

ဝန်ခံရလျှင် ထိုလမ်းကြောင်းထဲသို့ သူကိုယ်တိုင်ကျရောက်သွားမည်အား သတိထားသည်။ လုယက်ခြင်းနှင့် အသားကျပျော်မွှေ့သွားမိပါက၊ မကြာမီမဟုတ်တောင် အချိန်တန်လျှင် ဘေးအန္တရာယ်ဖြင့်သာ အဆုံးသတ်ရပေမည်။ မည်သို့သေဆုံးသွားသည်ကိုပင် သိလိုက်မည်မဟုတ်ပေ။

“မီယွင်မြို့ထဲမှာနေပြီး ဝိညာဉ်အရက်နဲ့ အဆောင်တွေ ရောင်းတာက ပိုကောင်းနေတုံးပဲ။ ဒါက ဘာအန္တရာယ်မှမတွေ့ဘဲ ငါတို့ကို ဝိညာဉ်ကျောက်တုံးတွေ ရှာဖွေစေနိုင်တယ်။”

မုဇီယန်က ပြန်လည်သုံးသပ်လိုက်သည်။

ဤလအနည်းငယ်က အငြိမ်းချမ်းဆုံးနှင့် အပျော်ရွှင်ဆုံးအချိန်ဖြစ်သည်ဟု သူမခံစားရသည်။ လမ်းမပေါ်တွင် နေထိုင်ရန်မလိုသကဲ့သို့၊ တစ်စုံတစ်ယောက်၏ သတ်ဖြတ်လုယက်ခြင်း ခံရမည်ကို စိုးရိမ်ရန်လည်း မလိုအပ်ပေ။

အိမ်မှာနေသရွေ့ ငြိမ်းချမ်းစွာ ဝိညာဉ်ကျောက်တုံးများ ရှာဖွေနိုင်ကာ၊ သူတို့၏ကျင့်ကြံမှုကို မြှင့်တင်နိုင်သည်။

ဤဘဝထက် ပိုကောင်းသောအရာ မရှိတော့ပေ။

All Chapters