← Chapters

နတ်ဆိုးအသွင်ပြောင်းပညာရပ်၊ လုယက်ကျင့်ကြံသူထံမှ ရတနာ

Vol. 2 Ch. 25

နတ်ဆိုးအသွင်ပြောင်းပညာရပ်၊ လုယက်ကျင့်ကြံသူထံမှ ရတနာ

Vol. 2 Ch. 25

အတင်းအဖျင်းများအားလုံးကို နားထောင်ပြီးနောက်၊ ကျိုးစွေ့က သူ့ကိုယ်ပိုင် ကျင့်ကြံရေးအခန်းထဲသို့ ဝင်ရောက်လိုက်သည်။ မီယွင်နတ်ဆိုးသုံးဖော်ထံမှ ရရှိခဲ့သော သိုလှောင်အိတ်သုံးလုံးအား ထုတ်ယူလိုက်သည်။

သိုလှောင်အိတ်သုံးလုံးပေါ်ရှိ အမှတ်အသားများအား အပြီးတိုင်ဖယ်ရှားရန် အချိန်အတိုင်းအတာတစ်ခု ကုန်ဆုံးပြီးနောက်၊ သူ၏ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ အိတ်များအတွင်းရှိ များပြားလှသော ပစ္စည်းများအား ချက်ချင်းအာရုံခံမိလေသည်။

“ရတနာတွေ ဒီလောက်တောင် များတာလား။”

အံ့ဩမှုဖြင့် ကျိုးစွေ့၏မျက်လုံးများ ပြူးကျယ်သွားသည်။

အရင်ဦးဆုံး မီယွင်နတ်ဆိုးသုံးဖော်ထံမှ ရရှိသည်များမှာ သစ်သားဓာတ်ကျင့်စဉ်၊ ရွှေဓာတ်ကျင့်စဉ်၊ လေဝိညာဉ်ကျင့်စဉ်၊ မြေဓာတ်ကျင့်စဉ်၊ ရေဓာတ်ကျင့်စဉ်နှင့် အခြားကျင့်စဉ်အမျိုးမျိုးတို့ ဖြစ်သည်။ ၎င်းတို့သည် အခြေခံချီကျင့်ကြံခြင်းနည်းစနစ်များဖြစ်ပြီး အလွန်ဆုံး ချီသန့်စင်ခြင်း အဆင့်(၉)အထိသာ သင့်တော်သည်။

သို့သော် ဤနည်းစနစ်တစ်ခုစီအား သာမန်အခြေအနေတွင် ရောင်းချပါက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်ရာမှ သုံးရာအထိ ရရှိနိုင်သည်။

အဆိုပါကျင့်ကြံခြင်းနည်းစနစ်များအပြင် ခန္ဓာကိုယ်ကာကွယ်ရေးပညာရပ်၊ ရေခဲပညာရပ်၊ လေပွေမိုးပညာရပ်၊ မီးဘောလုံးပညာရပ်၊ လေဓားသွားပညာရပ်၊ ဓားပျံပညာရပ် စသောပညာရပ်အမျိုးမျိုးလည်း ရှိသေးသည်။

ဤကျင့်ကြံခြင်းနည်းစနစ်များနှင့် ပညာရပ်များအားလုံး တစ်ရာကျော်လေသည်။

ဤအရာများက မီယွင်နတ်ဆိုးသုံးဖော် ဝယ်ယူခဲ့သော ပစ္စည်းများ မဟုတ်သည်မှာ သံသယဖြစ်စရာမလိုပေ။ ၎င်းတို့သည် သူတို့သတ်ဖြတ်ခဲ့သော ကျင့်ကြံသူများထံမှ ရရှိခဲ့ခြင်းသာ ဖြစ်ရပေမည်။

သူတို့သတ်ဖြတ်ခဲ့သော ကျင့်ကြံသူများက အလွန်များသောကြောင့်၊ ရရှိခဲ့သော ကျင့်ကြံခြင်းနည်းစနစ်များနှင့် ပညာရပ်များက အချိန်နှင့်အမျှ များပြားလာခြင်း ဖြစ်သည်။

ပြောရလျှင်၊ သာမန်ကျင့်ကြံသူမျိုးနွယ်တစ်စု၏ ပိုင်ဆိုင်မှုအား သူတို့ စုဆောင်းထားမိပုံရှိသည်။

ဤကျင့်ကြံခြင်းနည်းစနစ်များနှင့် ပညာရပ်များအား ရောင်းချလိုက်ပါက၊ အနည်းဆုံး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ထောင်ပေါင်းများစွာ၊ သို့မဟုတ် သောင်းပေါင်းများစွာပင် တန်ဖိုရှိမည်ဖြစ်ပြီး၊ ၎င်းက အတော်အတန်ကြီးမားသော ကြွယ်ဝမှု ဖြစ်လေ၏။

ဤအခြေခံကျင့်ကြံခြင်းနည်းစနစ်များဖြင့် သာမန်ကျင့်ကြံသူမျိုးနွယ်တစ်စုအား စတင်ထူထောင်နိုင်ပေသည်။

“ဆေးလုံးတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေလည်း အများကြီးပဲ။”

ကျိုးစွေ့က ဆက်လက်စစ်ဆေးလိုက်သည်။

သိုလှောင်အိတ်များထဲတွင် ဟွမ်းလုံဆေးလုံး ဆယ့်ရှစ်ပုလင်းရှိသည်အား တွေ့ရလေသည်။ ဟွမ်းလုံဆေးလုံး တစ်ပုလင်းစီက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးရာတန်ဖိုးရှိရာ၊ ဟွမ်းလုံဆေးလုံးများနှင့်ပင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ကိုးထောင်တန်ဖိုးရှိလေ၏။

ထို့အပြင် ချီအားဖြည့်ဆေးလုံးများ၊ အဆိပ်ဖြေဆေးလုံးများ၊ စစ်မှန်ယွမ်ဆေးလုံးများနှင့် အခြားဆေးလုံးအမျိုးအစားများလည်း ရှိပြီး၊ ၎င်းတို့သည်လည်း အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ထောင်ပေါင်းများစွာ တန်လေသည်။

သို့သော် ဝိညာဉ်ကျောက်တုံးများ သိပ်မရှိဘဲ အများဆုံးမှ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ရာဂဏန်းလောက်သာ ရှိလေသည်။

ဖြစ်နိုင်သည်မှာ ဝိညာဉ်ကျောက်တုံးများအား ဆေးလုံးများ ဖော်စပ်ရန် အသုံးပြုခဲ့ခြင်း ဖြစ်ပေမည်။

ထိုသို့ဆိုလျှင်ပင် မီယွင်နတ်ဆိုးသုံးဖော်၏ပိုင်ဆိုင်မှုက မည်မျှကြွယ်ဝသည်အား မြင်နိုင်ပေသည်။

သူတို့သည် ချီသန့်စင်ခြင်း အဆင့်(၇)ရှိ ကျင့်ကြံသူများသာ ဖြစ်သည်။ သာမန်အားဖြင့်၊ ဤမျှများပြားသော ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများ ရှိမည်မဟုတ်ပေ။ သူတို့၏ပိုင်ဆိုင်မှုသည် အများဆုံးအားဖြင့် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းခန့်သာ ရှိရမည်ဖြစ်သည်။

သို့သော် ဤကျင့်ကြံသူသုံးဦး၏ စုစုပေါင်းပိုင်ဆိုင်မှုသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်သောင်းမှ သုံးသောင်းအထိ ရှိလေ၏။ မီယွင်နတ်ဆိုးသုံးဖော်သည် တစ်ကိုယ်တော်ကျင့်ကြံသူ မည်မျှအားသတ်ဖြတ်၍ မည်မျှအကျိုးအမြတ်ရခဲ့သည်အား အထင်အရှားမြင်နေရပေသည်။

သူတို့အား အကြိမ်ပေါင်းများစွာ သေဒဏ်ပေးလျှင်တောင်မှ အပြစ်ကျေမည်မဟုတ်ပေ။

“အင်း၊ တော်တော်များများက လုယက်သူတွေဖြစ်လာကြတာ မဆန်းတော့ဘူး၊ ငွေရှာရ အရမ်းကိုမြန်တာကိုး”

ကျိုးစွေ့ အံ့ဩတကြီး ပြောလိုက်သည်။

သို့သော် လုယက်သူလမ်းကြောင်းက အန္တရာယ်အလွန်များသည်။ သတိတစ်ချက်မထားမိသည်နှင့် မလွတ်မြောက်နိုင်သော အခြေအနေနှင့်တိုးကာ အသတ်ခံရနိုင်ပေသည်။ နှစ်ပေါင်းများစွာ စုဆောင်းခဲ့သမျှက တစ်ခဏအတွင်း ပျက်စိးသွားရပေမည်။

မီယွင်နတ်ဆိုးသုံးဖော်၏ ဖြစ်အင်ကို ကြည့်သင့်ပေသည်။ သူတို့သည် ဆယ်နှစ်ကျော် ထင်တိုင်းကြဲခဲ့ပြီးမှ ကျိုးစွေ့နှင့် ကြုံတွေ့ကာ သတ်ဖြတ်ခံလိုက်ရသည်။ ဤသည်မှာ လုယက်သူတို့၏ အဆုံးသတ်ဖြစ်သည်။

အကြိမ်အနည်းငယ် အနိုင်ရနိုင်သော်လည်း မရှေးမနှောင်းတွင် သေချာပေါက် အသတ်ခံရမည်သာ ဖြစ်သည်။

၎င်းက လောင်းကစားသမားများကဲ့သို့ တစ်ခါတစ်ရံ အနိုင်ရနိုင်သော်လည်း အဆုံးသတ်ရလဒ်မှာ အမြဲတမ်းရှုံနိမ့်ခြင်း ဖြစ်သည်။

“လုယက်သူတွေဖြစ်ဖို့ ကောင်းကောင်း ပြင်ဆင်ထားကြတာပဲ။” ကျိုးစွေ့၏ နှုတ်ခမ်းများတွန့်သွားသည်။

သိုလှောင်အိတ်များထဲတွင် အလောင်းနှင့် ခြေရာလက်ရာများအား ဖျက်ဆီးရန်အသုံးပြုသော အလောင်းဖျက်ဆေးမှုန့်၊ အခြားကျင့်ကြံသူများအား မေ့မြောစေနိုင်သော ဝိညာဉ်ဖျက်မီးခိုး နှင့် ထိတွေ့မိသည်နှင့် အဆိပ်သင့်စေနိုင်သော အဆိပ်ငါးပါးရေကိုပင် တွေ့လိုက်ရသည်။

ဆိုရလျှင် ၎င်းတို့သည် သူတို့၏ရန်သူများအား သတ်ဖြတ်ရန် ရှိသမျှနည်းလမ်းအကုန်အား အသုံးပြုတတ်ကြသည်။ ကံကောင်းသည်မှာ မီယွင်နတ်ဆိုးသုံးဖော်အား အဝေးမှသာ သူသတ်ဖြတ်ခဲ့ခြင်းပင်။

သူသာ အနီးကပ်ချဉ်းကပ်ခဲ့မိပါက၊ သူတို့၏များပြားလှသော လှည့်ကွက်များ‌ကြောင့် ပြန်လည်အသတ်ခံရနိုင်ပေသည်။

“အင်း၊ တာဝေးတိုက်ခိုက်မှုတွေက စိတ်အချရဆုံးပဲ၊ ဘာကိစ္စအနီးကပ်တိုက်နေရမှာတုံး။”

ဤသို့သော ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများအား မြင်သော် ကျိုးစွေ့ လန့်သွားသည်။ လုယက်သူများက ထင်သလောက် မရိုးရှင်းပေ။ သူတို့တွင် မည်မျှသော လှည့်ကွက်များ၊ အရန်အစီအစဉ်များ ရှိသည်အား မည်သူမျှမသိချေ။

သို့သော် သူတို့တွင် လှည့်ကွက်များ မည်မျှပင် ရှိစေကာမူ၊ အိပ်မက်ဝိညာဉ်ကူ၏စွမ်းအားကို မယှဉ်နိုင်ခဲ့ပေ။ လှည့်ကွက်များ မသုံးနိုင်မီမှာပင် ချက်ချင်းအသတ်ခံခဲ့ရပေသည်။

ဤရှုထောင့်မှကြည့်လျှင်၊ အရာရာတိုင်းတွင် ၎င်းအား အနိုင်ယူနိုင်သော တစ်စုံတစ်ရာက အမြဲပင် ရှိလေသည်။

“ဒါပေမဲ့ တန်ဖိုးအရှိဆုံးက ဒီလျှို့ဝှက်ကျမ်းပဲ ဖြစ်မယ်။”

လျှို့ဝှက်ကျမ်းများထဲမှ တစ်ခုအား ကျိုးစွေ့ သတိပြုမိလိုက်သည်။

ကျိုးစွေ့၏အကြည့်က လျှို့ဝှက်ကျမ်းများထဲမှ တစ်ခုအပေါ်သို့ ကျရောက်သွားပြီး၊ ၎င်း၏အဖုံးတွင် “နတ်ဆိုးအသွင်ပြောင်းပညာရပ်” ဟု ရေးထိုးထားလေသည်။ ဤသည်မှာ ထိပ်တန်းအဆင့် အထောက်အကူပြု မိစ္ဆာလမ်းစဉ် ကျင့်ကြံနည်းစနစ်တစ်ခုဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။

၎င်းအား ဂရုတစိုက် ဖတ်ရှုပြီးနောက် ဤနည်းစနစ်သည် သူ၏ရုပ်ရပ်နှင့် ကိုယ်ခန္ဓာအား လုံးဝကွဲပြားသောပုံစံသို့ ပြောင်းလဲပေးနိုင်သည်ကို တွေ့ရလေသည်။

အဆင့်မြင့်မြင့် ကျင့်ကြံနိုင်ပါက၊ သူ၏ကျင့်ကြံမှုအဆင့်ကိုပင် ဖုံးကွယ်နိုင်ပြီး၊ သူ၏အသက်ရှုပုံကို ပြောင်းကာ၊ အခြးလူတစ်ယောက်အဖြစ် လုံးဝပြောင်းလဲနိုင်ပေမည်။

မီယွင်နတ်ဆိုးသုံးဖော်သည် ဆယ်နှစ်ကျော်ကြာ အခြားကျင့်ကြံသူများ၏ သတ်ဖြတ်ခြင်းအား မခံရဘဲ မည်သို့ ထင်တိုင်းကြဲနိုင်ခဲ့သနည်း။ အ‌ရေးကြီးဆုံးအကြောင်းရင်းမှာ သူတို့၏သတိကြီးသော အပြုအမူပြင်၊ ဤမိစ္ဆာလမ်းစဉ် ကျင့်ကြံခြင်းနည်းစနစ်ကြောင့် ဖြစ်သည်။

တစ်ချိန်က မီယွင်နတ်ဆိုးသုံးဖော်သည် သိုသိပ်သော တစ်ကိုယ်တော်ကျင့်ကြံသူများသာ ဖြစ်သည်။ ထို့နောက် မတော်တဆ နှစ်ပေါင်းရာချီ သက်တမ်းရှိသော မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတစ်ဦး၏ ဂူအကြွင်းအကျန်များအား တွေ့ရှိခဲ့ကြသည်။ ထိုဂူထဲမှ ဤမိစ္ဆာလမ်းစဉ်နည်းစနစ်ဖြစ်သော “နတ်ဆိုးအသွင်ပြောင်းပညာရပ်”အား တွေ့ရှိခဲ့ခြင်း ဖြစ်လေသည်။

ဤပညာရပ်ဖြင့်၊ သူတို့သည် ကိုယ့်ကိုယ်ကို မတူညီသော လူများအဖြစ် ပြောင်းလဲကာ၊ သူတို့၏အရှိန်အဝါကိုပါ ပြောင်းလဲစေခဲ့သည်။ မီယွင်မြို့က သူတို့အား ဆုကြေးငွေထုတ်သည့်အခါတွင်ပင်၊ မြို့ထဲသို့ လွတ်လွတ်လပ်လပ် ဝင်ရောက်နိုင်ခဲ့ပြီး မည်သူမျှ သူတို့အား မဖော်ထုတ်နိုင်ခဲ့ချေ။

အကယ်၍ ကျိုးစွေ့သာ ဤတစ်ကြိမ်တွင် ဝင်ရောက်စွက်ဖက်၍ သူတို့အား ချက်ချင်းမသတ်ဖြတ်ခဲ့ပါက၊ နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာ သူတို့ ထင်တိုင်းကြဲနိုင်အုံးမည် ဖြစ်သည်။

“ငါသာ ဒီပညာရပ်ကို ကျင့်ကြံနိုင်ရင်၊ ကိုယ်ပွားကူနဲ့ ပေါင်းလိုက်လို့ကတော့ ကျားကိုအတောင်ပံတပ်ပေးလိုက်သလို ဖြစ်သွားမှာပဲ။”

“ကိုယ်ပွားကို အခြားလူတစ်ယောက်အဖြစ် အသွင်ပြောင်းပြီး ဝိညာဉ်အရက်ရောင်းရင်၊ ဘယ်သူမှ ငါ့ကို ခြေရာမခံနိုင်တော့ဘူး။”

ကျိုးစွေ့၏မျက်လုံးများ တောက်ပလာပြီး၊ စိတ်လှုပ်ရှားသွားသည်။

ဤပညာရပ်အား ရရှိခြင်းက ဘုရားပေးသောဆုလာဘ်ဟု ခံစားရလေသည်။ သူ၏ကံက အမှန်ပင် ကောင်းလှချေသည်။

အတွေးများအား သိမ်းဆည်းကာ၊ တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းပင် ပညာရပ်အား ကျင့်ကြံရန် ကြိုးစားတော့သည်။

…

ခြောက်နာရီကြာပြီးနောက်။

“လခွမ်း၊ ဒီအသုံးမကျတဲ့ပညာရပ်ကို ငါဘာလို့ နားမလည်နိုင်ရတာလဲ”

ကျိုးစွေ့ လက်သီးဆုပ်ကာ၊ အံ့ကြိတ်လိုက်သည်။

ဤပညာရပ်အား ရရှိခဲ့သော်လည်း သူမည်သို့ပင်ကြိုးစားကြိုးစား၊ ၎င်းအား နားလည်နိုင်ခြင်းမရှိသည်အား တွေ့လိုက်ရသည်။

ဤပညာရပ်အား လေ့လာခြင်းသည် သူထင်သလောက် မလွယ်ကူသည်မှာ ထင်ရှားပေသည်။

ယခင်က မီယွင်နတ်ဆိုးသုံးဖော်သည်လည်း ဤပညာရပ်အား အနည်းငယ်နားလည်နိုင်ရန် ဆယ်နှစ်ကျော် အချိန်ယူခဲ့ရပေသည်။ ထိုသို့သော ပညာရပ်အား အချိန်တိုဖြင့် ကျွမ်းကျင်လိုခြင်းသည် နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခြင်းသာ ဖြစ်လေသည်။

“အင်းလေ၊ ငါက ပါရမီရှင်မှမဟုတ်တာ၊ သာမန်လူတစ်ယောက်ပဲ။”

ကျိုးစွေ့ စိတ်ပျက်အားငယ်သွားသည်။

အစပိုင်းတွင် အဌမအဆင့် စိတ်ဝိညာဉ်အမြစ်အား သူရရှိပြီးနောက်၊ သူ၏သိမြင်နိုင်စွမ်းနှင့် ကျင့်ကြံမှုပါရမီသည် သိသိသာသာတိုးတက်လာပြီး၊ အမျိုးမျိုးသော ကျင့်ကြံခြင်းနည်းစနစ်၊ပညာရပ်များအား ကိုယ်တိုင် ကျွမ်းကျင်နားလည်နိုင်မည်ဟု ထင်ခဲ့လေသည်။

ယခုမှပင် သူ၏စိတ်ဝိညာဉ်အမြစ် ပင်ကိုယ်ပါရမီအား အထင်ကြီးလွန်းခဲ့မိသည်အား သဘောပေါက်သွားလေသည်။ အဌမအဆင့် စိတ်ဝိညာဉ်အမြစ် ဖြစ်လျှင်ပင် သူသည် အဆင့်နိမ့်၊ အောက်ခြေအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေဆဲပင်။ စကားထဲ ထည့်ပြောရန်ပင် မတန်ချေ။

All Chapters