← Chapters

အစီအစဉ်

Vol. 40 Ch. 588

အစီအစဉ်

Vol. 40 Ch. 588

"ဘာအကြံအစည်လဲ"

ကျန်းရှီရှီက စပ်စုသည်။

စည်းမျဉ်းများက ရှင်းလင်းတိကျသည်။ ဘာအကြံအစည်ထုတ်စရာရှိမည်နည်း။

ထို့ပြင် သူတို့ယခုမှ အထဲရောက်လာခြင်းဖြစ်သည်။ ဘယ်လိုအကြံကောင်းမျိုး တွေးမိနိုင်မည်နည်း။

"ရှင်းရှင်းလေးပါ။ ခုနကတိုက်ပွဲအရ ပထမအလွှာက နတ်ဆိုးသားရဲတွေဟ နတ်ဝိညာဉ်ထိပ်တန်းအဆင့်ပဲရှိတယ်။ မင်းတို့နတ်ဆိုးပါရမီရှင်တွေ ဖြေရှင်းနိုင်တဲ့ စွမ်းအားအတိုင်းအတာထဲမှာပဲရှိတယ်။

ဒီတော့ ပထမအလွှာကိုဖြတ်သွားချင်ရင် ပုံမှန်အတိုင်း နတ်ဆိုးသားရဲတွေကို အမဲလိုက်ဖို့ပဲလိုတယ်။ ဘယ်သူမဆို သားရဲသန္ဓေလုံလောက်အောင်ရနိုင်တယ်။

သားရဲသန္ဓေများများပိုရပြီး ရမှတ်မြင့်ချင်တယ်ဆိုရင်တော့ ထူးခြားတဲ့နည်းလမ်းတစ်ခုခု သုံးဖို့လိုတယ်"

"သုံးယောက်တစ်စုခွဲပြီး အမဲလိုက်တဲ့နှုန်းကို မြှင့်ကြမလား"

ကျန်းရှီရှီအကြံကို မုန်ကျင်းကျိုး ခေါင်းခါသည်။

"ဒုက္ခများလွန်းတယ်။ လျှို့ဝှက်မြေအစမှာ ပြထားတဲ့မြေပုံကို သတိထားမိလား။ ပထမအလွှာက အရမ်းကျယ်တယ်။ ဝင်ပေါက်ကနေ ဒုတိယအလွှာဝင်ပေါက်လှေခါးဆီကို တည့်တည့်ပြေးရင်တောင် တစ်နေကုန်ပြေးရမှာ။ ငါတို့သုံးယောက်တည်း နတ်ဆိုးသားရဲတွေကိုရှာပြီး အမဲလိုက်မယ်ဆိုလည်း အချိန်အတော်ကြာမှာ"

"ဒါဆိုဘယ်လိုလုပ်မလဲ"

ကျန်းရှီရှီက အတွေ့အကြုံနုသည်။ မုန်ကျင်းကျိုးလောက်အခြေအနေသုံးသပ်ဉာဏ် အားမကောင်း။

မုန်ကျင်းကျိးက ပြန်မဖြေဘဲ မေးခွန်းထုတ်သည်။

"ခုနကငါတို့နှစ်ယောက်ရဲ့ တိုက်ခိုက်စွမ်းအားကို မင်းမြင်ပြီးသားမဟုတ်လား"

ကျန်းရှီရှီနှင့် အောင်းယွဲ့တို့ကို နတ်ဆိုးနယ်မြေတွင် မသေမျိုးဖြစ်နိုင်ခြေရှိသည့် မဟာပါရမီရှင်နှစ်ယောက်ဟု သိကြသည်။

နတ်ဆိုးနယ်မြေတွင် အချီးကျူးခံရဆုံးဖြစ်သည်။ လျှို့ဝှက်မြေသို့ ဝင်လာသူများထဲတွင် သူတို့နှစ်ယောက်သာ ထိုသို့ဂုဏ်ပြုချီးကျူးခံထိုက်သည်။

"ဒါဆိုရပြီလေ။ ငါတို့သုံးယောက်အတူပေါင်းရင် ဟာကွက်မရှိတဲ့ အစီအစဉ်တစ်ခု လုပ်နိုင်မှာပါ"

စိတ်ချရစေရန် ရှစ်ရက်ကြာအောင်အမဲလိုက်၍ နတ်ဆိုးသားရဲသုံးဆယ် သတ်ကြသည်။ ဒုတိယအလွှာဝင်ခွင့်အတွက် သားရဲသန္ဓေအလုံလောက်စုစည်းမိကြသည်။

ထို့ကြောင့် အဝင်တံခါးကို ပိတ်ဆို့ကြမည့် သူတို့အစီအစဉ် မအောင်မြင်လျှင်ပင် အနည်းဆုံး ဒုတိယအလွှာထိတော့ သူတို့ဝင်ခွင့်ရမည်။

အမဲလိုက်ရင်း သူတို့သုံးယောက် တစ်ယောက်အထာတစ်ယောက်သိအောင် လေ့ကျင့်သည်။ သို့မှသာ အစီအစဉ်အကောင်အထည်ဖော်ရာတွင် အောင်မြင်နိုင်ခြေပိုများမည်။

ရှစ်ရက်ဟူသည့်အချိန်က သိပ်မကြာလိုက်။ လုယန်တို့အဖွဲ့ နတ်ဆိုးသားရဲများသတ်ဖြတ်ရာတွင် ပို၍ကျင်လည်လာကြသည်။

နတ်ဝိညာဉ်နောက်ဆုံးအဆင့်သားရဲများသည် သူတို့တိုက်ခိုက်မှုကို နှစ်ကြိမ်ထက်ပိုမခံနိုင်။

လုယန် သဲနာရီကိုမော့ကြည့်သည်။

"စီစဉ်ထားတာထက် ငါတို့နည်းနည်းပိုသတ်ခဲ့တယ်။ အချိန်နည်းနည်းပိုကုန်သွားတယ်။ ဒါပေမယ့် ကိစ္စမရှိဘူး။ လှေခါဆီကို အရင်သွားရအောင်"

"ကောင်းပြီလေ"

ကျန်းရှီရှီ နည်းနည်းစိတ်လှုပ်ရှားနေသည်။ သူတို့အကြံအစည်ကို အကောင်အထည်ဖော်ရတော့မည်။

သုံးယောက်သား ခြေလှမ်းအမြန်နှုန်းမြှင့်၍ လှေခါးဆီသွားကြသည်။

သို့သော် လှေခါးသို့ရောက်ချိန်တွင် အလိုလိုခြေလှမ်းရပ်သွားသည်။ မြင်ကွင်းကိုကြည့်၍ မယုံနိုင်အောင်ဖြစ်နေသည်။

လုယန်အစီအစဉ်က တံခါးကိုပိတ်ဆို့ဖို့ဖြစ်သည်။

သူတို့သုံးယောက်ပေါင်းတိုက်ခိုက်စွမ်းအားဖြင့် လှေခါးဆီတက်လာမည့်သူမှန်သမျှကို အလွယ်တကူတားဆီးနိုင်သည်။

နတ်ဆိုးပါရမီရှင်များက နောက်ဆုံးနေ့မှ အပြေးရောက်လာမည်။ သူတို့က တစ်ရက်ကြို၍ အဝင်လှေခါးကိုပိတ်ဆို့ရုံသာဖြစ်သည်။

လှေခါးဝင်လိုသူများကို သားရဲသန္ဓေများ ဝင်ကြေးအဖြစ်တောင်းမည်။

"ဟားဟား၊ အဲလိုဖြစ်မယ်ထင်မထားဘူးမဟုတ်လား။ မင်းအစီအစဉ်ကို အစကတည်းက ငါကြားခဲ့တယ်လေ"

ကျိုးယင်မျိုးနွယ်သခင်လေးချင်ဖုန်းက သူတို့အမူအရာကိုကြည့်၍ ဟားတိုက်ရယ်မောနေသည်။

"မင်တို့ပထမအလွှာကိုဝင်ပြီး အစီအစဉ်စဆွဲကတည်းက မင်းတို့ပြောနေတာကို ငါနားစွန်နားဖျားကြားခဲ့တာ"

မကျေမနပ်ဖြစ်နေသည့်လုယန်ကို သဘောကျဟန်ဖြင့် သူကြည့်နေသည်။

"မင်းဘယ်သူလည်းတော့ ငါမသိဘူး။ ဒီလိုအကြံမျိုးတွေးနိုင်တာတော့ ကျေးဇူးတင်တယ်ကွာ။ တံခါးကိုပိတ်ဆို့ဖို့တဲ့လား။ ဒါတကယ့် အကြံကောင်းပဲ။

ရှေးဟောင်းလျှို့ဝှက်မြေမှာ တိုက်ခိုက်စွမ်းအားချင်းယှဉ်ရင် ငါတို့နတ်ဆိုးမဟာမိတ်ထက် ဘယ်သူသာနိုင်မှာလဲ။ နဂါးနဲ့ဖီးနစ်မျိုးနွယ်တွေတောင် ငါတို့ကိုမယှဉ်နိုင်ဘူး"

နတ်ဆိုးမျိုးနွယ်မဟာမိတ်ဆိုသည့်အယူအဆကို တိကျန်းဘိုးဘေး ဖန်တီးထားခြင်းဖြစ်သည်။

နတ်ဆိုးနိုင်ငံမတည်ထောင်မီ သူဦးဆောင်သည့်နတ်ဆိုးအားလုံးကို စုစည်း၍ နတ်ဆိုးမဟာမိတ်ဟုခေါ်သည်။

တိကျန်းမျိုးနွယ်ပါရမီရှင်ကို တိကျန်းဘိုးဘေးကိုယ်တိုင် လေ့ကျင့်ပေးထားသည်။ သို့သော် ထိုပါရမီရှင် လျှို့ဝှက်မြေသို့မဝင်။

မဟာမိတ်၏ရှေ့မျက်နှာစာတွင် တိကျန်းမျိုးနွယ်ရှိသည်။ သို့သော် တိကျန်းမျိုးနွယ်က ပြိုင်ပွဲသို့မဝင်။ ထို့ကြောင့် ကျန်သည့်မျိုးနွယ်အားလုံးက လျှို့ဝှက်မြေထဲတွင် ထိန်းချုပ်ခွင့်ဩဇာရအောင် ကြိုးစားကြသည်။

အစက ထိုကိစ္စအတွက် ချင်ဖုန်း စိုးရိမ်နေခဲ့သည်။ သို့သော် အခွင့်အရေးက သူ့ဆီအလွယ်တကူရောက်လာသည်။

တံခါးပိတ်ဖို့အစီအစဉ်ကို သူ့နှုတ်မှထုတ်၍အကြံပြုလိုက်လျှင် ဤလုပ်ငန်းစဉ်အတွက် မဟာမိတ်အဖွဲ့ကို ထိန်းချုပ်ဦးဆောင်ခွင့်သည် သူ့ဆီသာ ရောက်လာမည်။

ထင်သည့်အတိုင်းပင် မဟာမိတ်အဖွဲ့ ပါရမီရှင်အားလုံးကလည်း စဉ်းစားကြသည်။ နတ်ဆိုးသားရဲများသတ်၍ သန္ဓေစုစည်းမလား။ တစ်ခြားလူထံမှ သန္ဓေများကို သိမ်းယူမလား....

ချင်းဖုန်းအကြံအစည်ကို လူတိုင်းထောက်ခံကြသည်။ သူ့ကို လူတိုင်းချီးကျူးကြသည်။

ထိုသို့ဖြင့် ချင်ဖုန်းသည် ဤလှုပ်ရှားမှုတွင် ခေါင်းဆောင်ဖြစ်လာသည်။

သူမာန်ဝင့်နေသည်။ သူ့နောက်တွင် ကျားဖြူ၊ ထောင်ကျူး၊ စသည့် နတ်ဆိုးမျိုးနွယ်ပါရမီရှင် ဒါဇင်ချီ၍ရပ်နေသည်။

လုယန်တို့အဖွဲ့ ဘယ်လောက်စွမ်းအားရှိသည်ဖြစ်စေ နတ်ဆိုးမဟာမိတ်ပါရမီရှင်အားလုံးကို အနိုင်ယူနိုင်မည်မဟုတ်။

လုယန်မျက်နှာ ဖြူရော်လာပြီး နည်းလမ်းတစ်ခု အမြန်စဉ်းစားနေသည်။

အခြေအနေက တင်းမာလာသည်။ ကျန်းရှီရှီ၏ နောက်လိုက်များ အပြေးရောက်လာသည်။ နတ်ဆိုးမဟာမိတ်က လမ်းပိတ်ထားကြောင်း တွေ့ကြသည်။

ထို့နောက် အောင်းယွဲ့နှင့် တစ်ခြားပါရမီရှင်ကိုးယောက် ရောက်လာသည်။ မြင်ကွင်းကိုကြည့်၍ မျက်မှောင်ကျုံ့သွားသည်။

ထို့နောက် ချုန်းချီမျိုးနွယ်နှင့် မဟာမိတ်ထဲမပါသည့်တစ်ခြား နတ်ဆိုးမျိုးနွယ်ပါရမီရှင်များ ရောက်လာသည်။

လှေခါးသို့ဝင်သည့်လမ်းက ကျဉ်းမြောင်းလွန်းသည်။ မဟာမိတ်အဖွဲက လမ်းပိတ်ထားသည်။ လူအင်အားသုံး၍ ဖြတ်ကျော်ဖို့ မဖြစ်နိုင်။

အောင်းယွဲ့ အံတင်းတင်းကြိတ်လိုက်သည်။

"မကြိုးစားကြည့်ဘဲ ဘယ်လိုသိနိုင်မှာလဲကွ"

ပါရမီရှင်များကြားတွင် အောင်းယွဲ့၏ဩဇာက အတော်ညောင်းသည်။

အစိမ်းရောင်နဂါးအသွင်ပြောင်း၍ လေထဲသို့ထိုးတက်သွားသည်။ ပိုင်ရှားနှင့်တစ်ခြားသတ္တဝါများလည်း မူလပုံစံအစစ်သို့ပြောင်း၍ အောင်းယွဲ့နှင့်တူ တိုက်ခိုက်ရန်ပြင်သည်။

တစ်ခြားနတ်ဆိုးပါရမီရှင်များလည်း မူလအသွင် အသီးသီးပြောင်းကြသည်။ ကျောက်စိမ်းယုန်၊ ကောင်းကင်ခွေး၊ ချုန်းချီ၊ ....

"တိုက်ကြ"

အောင်းယွဲ့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ဘေးပတ်လည်လေဟာနယ် တုန်ခါသွားသည်။ နဂါးစွမ်းအင်များ ထိုးထွက်လာသည်။

သူ့နဂါးလက်သည်းတွင် နဂါးဖန်လုံးတစ်ခုချုပ်ကိုင်ထားသည်။ အစိမ်းရောင်စွမ်းအင်တန်းအဖြစ်အသွင်ပြောင်း၍ နတ်ဆိုးမဟာမိတ်အဖွဲ့ဆီ တိုးဝင်သွားသည်။

သူတစ်ယောက်တည်းပင် နတ်ဝိညာဉ်ထိပ်ဆုံးအဆင့်သားရဲကို တိုက်ခိုက်နိုင်စွမ်းရှိသည်။

"တိုက်ကြ"

တစ်ခြားပါရမီရှင်များလည်း စွမ်းအားပြည့်ထုတ်လွှတ်၍ အတူပူးပေါင်းပြိး အတားအဆီးကိုချိုးဖျက်ရန် ကြိုးစားကြသည်။

သို့သော် နတ်ဆိုးမဟာမိတ်အဖွဲ့က ထိုအခြေအနေကို ကြိုတင်မျှော်လင်ထားပြီးဖြစ်သည်။

ချင်ဖုန်းအမိန့်ဖြင့် စနစ်တကျ တိုးလိုက်ဆုတ်လိုက် တိုက်ခိုက်သည်။ အောင်းယွဲ့ဆို့ ဆန္ဒရှိသော်လည်း မထိုးဖောက်နိုင်ကြ။

နေ့တစ်ပိုင်းကြာအောင် တိုက်ခိုက်ကြသည်။ နတ်ဆိုးမဟာမိတ်အဖွဲ့က သံတံတိုင်းတစ်ခုလို ကာကွယ်ထားသည်။ လုံးဝချိုးဖျက်၍မရ။

နောက်ဆုံးတွင် အောင်းယွဲ့တို့ဘက်မှ ခြေကုန်လက်ပမ်းကျလာပြီး တိုက်ပွဲကွင်းမှ နောက်ပြန်ဆုတ်လာရသည်။

ချင်ဖုန်းက အောင်နိုင်သူဟန်ပန်ဖြင့် အောင်းယွဲ့ဆီ လျှောက်သွားသည်။

"မိတ်ဆွေအောင်းယွဲ့၊ ငါတို့ဆက်ဆံရေးကို ဒီလိုအစွန်းအထင်းမဖြစ်စေချင်ဘူး။ နတ်ဆိုးနိုင်ငံတည်ထောင်ပြီးရင်လည်း ငါတို့ကျင့်စဉ်အမြင်တွေ တိုးတက်မှုတွေ ဆွေးနွေးဖလှယ်နေကြရဦးမှာပဲ။

ဒီလိုလုပ်ပါ၊ သားရဲသန္ဓေဆယ်ခု မင်းချန်ထား။ ကျန်တာတွေအားလုံးငါ့ကိုပေးလိုက်။ ဒီနေရာကနေ မင်းကိုဖြတ်သွားခွင့်ပေးမယ်။ ဘယ်လိုသဘောရလဲ"

အောင်းယွဲ့ ဖျတ်ခနဲခေါင်းမော့၍ ချင်ဖုန်းကို အေးစက်စက်စိုက်ကြည့်သည်။ ချင်ဖုန်း အတော်လန့်သွားသည်။

သို့သော် အောင်းယွဲ့ ချက်ချင်းပြန်ထိန်းလိုက်သည်။ ယခုချိန် စိုက်ကြည့်လည်းအကျိုးမရှိ။ အနှစ်သာရမရှိသည့်ဒေါသသာဖြစ်မည်။

အတော်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် လက်တွေ့အခြေအနေဖိအားကြောင့် အောင်းယွဲ့ သားရဲသန္ဓေများ လွှဲပေးလိုက်သည်။

သန္ဓေနှစ်ဆယ်ရှိသည်။

"နာမည်နဲ့လိုက်ဖက်ပါတယ် မိတ်ဆွေအောင်းယွဲ့။ နတ်ဆိုးသားရဲတွေ အများကြီးသတ်နိုင်ခဲ့တာပဲ"

ချင်ဖုန်းက သွားဖြဲပြုံး၍ သားရဲသန္ဓေများကိုယူသည်။

အောင်းယွဲ့ကိုကြည့်၍ တစ်ခြားပါရမီရှင်များလည်း သန္ဓေများလွှဲပေးကြသည်။ ဆယ်ခုသာ ချန်ထားသည်။

စုစုပေါင်း သန္ဓေဆယ်ခုတည်းသာရှိသူများကို ချင်ဖုန်းက ဖြတ်သန်းခွင့်မပေး။

တောင်လိုပုံလာသည့် သားရဲသန္ဓေများကိုကြည့်၍ ချင်ဖုန်းအပြုံး ပို၍ဝေဆာလာသည်။ ပါးစပ်ပင်မစေ့နိုင်တော့။ သန္ဓေများကို မဟာမိတ်အဖွဲ့သားများထံ ကြိုသတ်မှတ်ထားသည့်အချိုးအတိုင်း ဝေမျှပေးလိုက်သည်။

ချင်ဖုန်းက ခွဲတမ်းအများဆုံးဖြစ်သည်။ သန္ဓေငါးဆယ်သုံးလုံးရသည်။

နတ်ဆိုးမဟာမိတ်အဖွဲ့နောက်ဘက်တွင် "သားရဲသန္ဓေ"ဟု နာမည်တပ်ထားသည့် သေတ္တာကြီးတစ်လုံးရှိသည်။

ချင်ဖုန်း သန္ဓေ ၅၃ လုံးကို ထိုသေတ္တာထဲထည့်သည်။

သေတ္ထာထံမှ အတက်အကျမရှိသည့်စကားသံ ထွက်လာသည်။

"ချင်ဖုန်း၊ သန္ဓေ ၅၃ ခု။ ဒုတိယအထပ်ကို ဆက်သွားပါ"

အချိန်ကျလာပြီဟု ယူဆသဖြင့် နတ်ဆိုးမဟာမိတ်ပါရမီရှင်များလည်း ဖြတ်သန်းခွင့်ရရန် ရထားသည့်သန္ဓေများ သေတ္တာထဲ ထည့်ကြသည်။

ထို့နောက်တွင် အောင်းယွဲ့တို့လူစုဖြစ်သည်။

"အောင်းယွဲ့၊ သန္ဓေဆယ်ခု၊ ဒုတိယအလွှာကိုဆက်သွားပါ"

"တုန်ရှု၊ သန္ဓေဆယ်ခု။ ဒုတိယအလွှာကို ဆက်သွားပါ"

အချိန်နည်းနည်းရသေးသဖြင့် ချင်ဖုန်းက လုယန်တို့သုံးယောက်ဆီ အေးအေးလူလူလျှောက်လာသည်။

လုယန်နှင့်မုန်ကျင်းကျိုးကို မမြင်ချင်ယောင်ဆောင်သည်။ မျက်စိရှုပ်စရာကောင်းသည့် ထိုနှစ်ယောက်ကို ဒုတိထပ်သို့ သူလုံးဝဝင်ခွင့်မပေးနိုင်။

ခေါင်းငုံ့နေသည့် ကျန်းရှီရှီနားကပ်သွားပြီး ခပ်ညှင်းညှင်းရယ်သည်။

"ရှီရှီ၊ နင်စည်းရုံးထားတဲ့ နောက်လိုက်နှစ်ယောက်က သုံးမရပါဘူးလို့ ငါပြောသားပဲ။ အခုကြည့်လေ၊ ဒီအဆင့်တောင် သူတို့မကျော်နိုင်တော့ဘူး။

ငါ့ဇနီးလောင်းဖြစ်ဖို့ သဘောတူတယ်ဆိုရင် မင်းရဲ့သန္ဓေတွေ ငါ့ကိုပေးစရာမလိုဘူး။ ငါမင်းကိုဖြတ်သွားခွင့်ပေးမယ်။ ဘယ်လိုလဲ"

ထိုစဉ် ကျန်းရှီရှီ ဖျတ်ခနဲခေါင်းမော့လာသည်။ သူ့မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်နေသည်။

"ချင်ဖုန်း၊ အားလုံးကို နင်ထိန်းချုပ်ထားနိုင်ပြီလို့ တကယ်ထင်နေတာလား"

"ဘာရယ်"

ကျန်းရှီရှီအပြုံးကိုကြည့်၍ ချင်ဖုန်း ရင်ထိတ်သွားသည်။

လုယန်က အေးအေးလူလူနောက်ပြန်လှဲ၍ ရယ်နေသည်။

"မိတ်ဆွေချင်ဖုန်း၊ မင်းက စူးစမ်းလေ့လာမှုစွမ်းရည် အတော်ညံ့တာပဲ။ ငါ့ကိုယ်ပွားကိုတောင် မမှတ်မိဘူးပေါ့"

ဘေးတွင်ရှိနေသည့် မုန်ကျင်းကျိုးအသွင်က လုယန်အဖြစ် အသွင်ပြောင်းသွားသည်။

သစ်သားကိုယ်ပွား။

ရုတ်တရက် ချင်ဖုန်းနောက်ကျောဘက်မှ စကားသံတစ်ခုပေါ်လာသည်။

"ငါတို့အတွက် သားရဲသန္ဓေ ဒီလောက်အများကြီးစုစည်းပေးတာ မိတ်ဆွေချင်ဖုန်းကို ကျေးဇူးတင်ပါတယ်"

ချင်ဖုန်း ဖျတ်ခနဲ လှည့်ကြည့်သည်။ မျက်လုံးပြူးသွားသည်။

မုန်ကျင်းကျိုး သေတ္တာကြီးထဲမှ သားရဲသန္ဓေများအပြည့်ကိုင်၍ ထွက်လာသည်။

"အဲဒီတုန်းက မင်းခိုးနားထောင်နေမှန်း ငါတို့သိသားပဲ။ ငါတို့က ဒီဝင်ပေါက်ကို မဖွင့်နိုင်ဘူးလို့ မင်းထင်နေတာလား။

ပိတ်ဆို့ဖို့အကြံအစည်က မင်းကြားအောင် တမင်ပြောခဲ့တာကွ။

စည်းမျဉ်းများက ဝင်ခွင့်အတွက် သန္ဓေဘယ်လောက်လိုမည်၊ သန္ဓေထည့်ဖို့ လှေခါးဝင်ပေါက်နားတွင် သတ္တာကြီးတစ်လုံးရှိမည်ဟု လုံးဝပြောမထား။

ထို့ပြင် အားလုံး၏အာရုံက နတ်ဆိုးမဟာမိတ်ဆီရောက်နေသည်။ ကြောင်တက်တက်နိုင်သည့် ထိုသတ္တာကြီးကို ဘယ်သူမှအ‌ရေးမစိုက်မိကြ။

မုန်ကျင်းကျိုးက ကိုယ့်ကိုယ်ကို သေတ္တာအဖြစ် အမြန်ဆုံးနည်းဖြင့်တည်ဆောက်လိုက်ခြင်းဖြစ်သည်။

************************************

All Chapters