← Chapters

နားလည်နိုင်စွမ်းတိုးမြှင့်ပေးသည့် စာအုပ်များဝါးမျိုသောကူ

Vol. 2 Ch. 27

နားလည်နိုင်စွမ်းတိုးမြှင့်ပေးသည့် စာအုပ်များဝါးမျိုသောကူ

Vol. 2 Ch. 27

မကြာမီပင်၊ ဆိုင်ရှင်ကျောက်က ကုန်ကြမ်းအားလုံးအား ကျိုးစွေ့ထံ လွှဲပြောင်းပေးလိုက်သည်။

“မဆိုးဘူး။”

ကုန်ကြမ်းများအား ရရှိပြီးနောက် ကျိုးစွေ့ သက်ပြင်းချလိုက်သည်။ စာအုပ်ကူအား သန့်စင်ရန်အတွက် လိုအပ်သမျှအားလုံးနီးပါး ပြည့်စုံပြီဟု ဆိုနိုင်ပေသည်။

“ဒါနဲ့ ဆိုင်ရှင်ကျောက်၊ အင်မော်တယ်ရှားဂိုဏ်းရဲ့ တိမ်မြူခိုးတောင်တန်းကို ချီတက်တဲ့ကိစ္စ အခြေအနေဘယ်လိုရှိလဲ။ ချောချောမွေ့မွေ့ပဲလား…။”

ကျိုးစွေ့က ချက်ချင်းပင် သတင်းအချက်အလက်များအား စုံစမ်းလိုက်သည်။ မည်သို့ပင်ဖြစ်စေ၊ အင်မော်တယ်ရှားဂိုဏ်း၏ကံကြမ္မာသည် မီယွင်မြို့အနာဂတ်နှင့် ဆက်စပ်နေပြီး၊ ၎င်းက အနာဂတ်တွင် မြို့၏တည်ငြိမ်ရေးအား အဆုံးအဖြတ်ဖြစ်စေပေမည်။

မီယွင်မြို့တွင်နေထိုင်သူတစ်ဦးအနေဖြင့် ဤကိစ္စအား သဘာဝအတိုင်း အလွန်ပင် သူဂရုစိုက်သည်။ ထို့အပြင် ဆိုင်ရှင်ကျောက်သည် ဒန်ဆေးစံအိမ်အား စီမံခန့်ခွဲနေသူဖြစ်သည့်အတွက်၊ သတင်းများအား ကောင်းစွာသိရှိပေမည်။

“အင်း၊ တော်တော့်ကို ကောင်းပါတယ်။ မင်း ဘာမှစိုးရိမ်နေစရာမလိုဘူး။”

ဆိုင်ရှင်ကျောက်က ခပ်ဟဟပြုံးလိုက်ပြီး “ဘာပဲဖြစ်ဖြစ် အင်မော်တယ်ရှားဂိုဏ်းက ဒီတစ်ခေါက်တော့ အနိုင်ရဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ အခြေတည်အဆင့် အဓိကကျင့်ကြံသူအများအပြားကို စေလွှတ်ထားတယ်။ ဒါ့ကြောင့် ကျရှုံးဖို့ ရာခိုင်နှုန်း အရမ်းနည်းတယ်။ မီယွင်မြို့က သိပ်မကြာခင် အရင်လို ငြိမ်းငြိမ်းချမ်းချမ်းပြန်ဖြစ်တော့မှာပါ။ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။”

“ဪ၊ ဒီလိုကိုး၊ ဒါဆိုကောင်းတာပေါ့။”

ကျိုးစွေ့ ချက်ချင်းပင် စိတ်အေးသွားသည်။ မည်သို့ပင်ဖြစ်စေ၊ မီယွင်မြို့တွင် အဆင်ပြေပြေနေထိုင်ပြီး၊ အခြေတည်အဆင့်သို့ ရောက်ထိတိုင်အောင် သူကျင့်ကြံလိုသည်။ ဖြစ်လာနိုင်ခြေရှိသော အန္တရာယ်များကြောင့် ဤဘေးကင်းသော ခိုလှုံရာအား သူ စွန့်လွှတ်လိုခြင်း မရှိပေ။

အခြားနေရာတစ်ခုသာဆိုလျှင်၊ မီယွင်မြို့ကဲ့သို့ ဘေးကင်းမည်မဟုတ်သလို၊ ဤမျှပေါများသော ကျင့်ကြံမှုအရင်းအမြစ်များလည်း ရှိမည်မဟုတ်ပေ။

ထို့နောက် ဆိုင်ရှင်ကျောက်အား နှုတ်ဆက်ပြီး ကျိုးစွေ့ အိမ်သို့ ပြန်လျှောက်ခဲ့တော့သည်။

ထိုအချိန်တွင် ဒန်ဆေးစံအိမ်ရှိ ဝန်ထမ်းအများအပြား၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာများ ထွက်ပေါ်နေကာ၊ မကောင်းသောရည်ရွယ်ချက်များဖြင့် ကျိုးစွေ့အနောက်သို့ လိုက်ချင်နေကြသည်။

“မင်းတို့ ဒီကောင်လေးကို ပြဿနာသွားမရှာတာ ပိုကောင်းမယ်။ သူ့နောက်မှာ ချီသန့်စင်ခြင်း အဆင့်(၉) အမျိုးသမီးကျင့်ကြံသူတစ်ယောက်ရှိတယ်။ သူသေရင် သူမက ဒီတိုင်းထားလိုက်မယ်လို့ မင်းတို့ထင်နေလား။”

“ပြီးတော့ သူက သူမဖူးဖူးမှုတ်ထားတဲ့ယောက်ျား၊ သူ့မှာ ဘယ်လိုအသက်ကယ်ပစ္စည်းတွေရှိမလဲ ဘယ်သူသိမှာလဲ။”

“မင်းတို့ မသေချင်သေးရင်၊ မဆင်မခြင် မလုပ်တာ ပိုကောင်းမယ်။”

ဆိုင်ရှင်ကျောက်က သာမန်ကာလျှံကာပြောလိုက်သည်။

“ဒါက..။”

ချက်ချင်းပင် ဝန်ထမ်းများ၏ မျက်နှာများ အမူအရာပျက်သွားကြသည်။ သူတို့သည် ကျိုးစွေ့ထံတွင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ထောင်ပေါင်းများစွာတန်သော ပိုင်ဆိုင်မှုရှိနိုင်သည်ဟု ထင်ခဲ့ကြပြီး၊ သူ့နောက်သို့ တိတ်တဆိတ်လိုက်ကာ လုယက်လိုကြလေသည်။

မည်သို့ပင်ဆိုစေ၊ ဤသည်မှာ သူတို့အတွက် ကြီးမားသောကြွယ်ဝမှုဖြစ်ရာ စိတ်ရိုင်းများ မဝင်ရန် ခက်ခဲပေသည်။

ယခုအချိန်တွင် မီယွင်မြို့သည် မတည်မငြိမ်ဖြစ်နေပြီး၊ ဥပဒေစိုးမိုးရေးအဖွဲ့များလည်း မရှိပေ။ ကျိုးစွေ့အား သူတို့သတ်လိုက်လျှင်ပင်၊ မည်သူမျှ သူတို့အား ဘာမှလုပ်နိုင်မည်မဟုတ်ပေ။

သို့သော်လည်း ဆိုင်ရှင်ကျောက်ပြောသည်အား ကြားသေအခါ ချက်ချင်းပင် စိတ်တည်ငြိမ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဤကောင်လေး၏နောက်တွင် ချီသန့်စင်ခြင်း အဆင့်(၉)ရှိ အမျိုးသမီကျင့်ကြံသူတစ်ဦး ရှိနေပြီး၊ သူမ၏အစွမ်းသည် သာမန်မဟုတ်သည့်အပြင် နက်ရှိုင်းသောနောက်ခံလည်း ရှိပုံရလေသည်။

သူတို့ လှုပ်ရှားလိုလျှင်ပင်၊ အောင်မြင်နိုင်မည်က မသေချာပေ။

“သူဌေးကတော့ နောက်နေပါပြီ၊ ကျွန်တော်တို့အားလုံးက လူကောင်းတွေလေ။ ဘယ်လိုလုပ် လုယက်တာမျိုး လုပ်မှာလဲဗျာ။”

ဝန်ထမ်းများထဲမှတစ်ဦးက ကျိုးစွေ့အား လုယက်သတ်ဖြတ်မည့်အတွေးကို ဖယ်ရှားလိုက်ပြီး အနေရခက်စွာ ရယ်မောလိုက်သည်။ သူ မလုပ်လိုခြင်း မဟုတ်ဘဲ၊ အောင်မြင်ရန် ယုံကြည်ချက်မရှိသောကြောင့် ဖြစ်၏။

ထို့အပြင်၊ ဆိုင်ရှင်ကျောက်ကလည်း ကျိုးစွေ့အား ကာကွယ်လိုပုံရသောကြောင့်၊ ပို၍ပင် လှုပ်ရှားရန် မဝံ့တော့ပေ။

“ကောင်းတာပေါ့။”

ဆိုင်ရှင်ကျောက်က ဘာမှသိပ်ပြောမနေတော့ဘဲ ခပ်ဟဟသာ ပြုံးလိုက်သည်။

သူသည် ကျိုးစွေ့အပေါ် အတိုင်းအတာတစ်ခုအထိ နှစ်သက်မှုရှိသည်။ မည်သို့ပင်ဖြစ်စေ သူတို့ သိကျွမ်းခဲ့ကြသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်ရာ၊ သူ့အာကာကွယ်ရန် စကားအနည်းငယ်ပြောပေးခြင်းက ဘာမှမဟုတ်ပေ။

ထိုအချိန်တွင် ကျိုးစွေ့၏ကိုယ်ပွားက အိမ်သို့ ဘေးကင်းစွာ ပြန်ရောက်လာ၏။ လမ်းတစ်လျှောက်တွင် အခြားကျင့်ကြံသူများလည်း သူ့အား တိုက်ခိုက်ခြင်း မရှိခဲ့ပေ။

၎င်းက ကုန်ကြမ်းအားလုံးအား ပင်မခန္ဓာကိုယ်ထံသို့ လွှဲပြောင်းပေးလိုက်သည်။

“အင်း၊ တစ်ခုခုဝယ်ဖို့ အပြင်ထွက်တာလေးနဲ့တောင် ဒီလိုမကောင်းတဲ့အတွေးတွေကို နှိုးဆွမိသေးတယ်။”

“ဟူး…၊စည်းစိမ်ဥစ္စာကို မဖော်ပြသင့်ဘူး…မဖော်ပြသင့်ဘူး..။”

ကိုယ်ပွားမှ ပေးပို့သော သတင်းစကားအား အာရုံခံမိသောအခါ၊ ကျိုးစွေ့ လက်သီးဆုပ်လိုက်သည်။ သူသည် ဒန်ဆေးစံအိမ်မှ ဝန်ထမ်းများ၏ သတ်ဖြတ်လိုစိတ်နှင့်လောဘအား ထက်မြက်စွာ သတိထားမိလေသည်။ သူပိုင်ဆိုင်သော ဝိညာဉ်ကျောက်တုံးများအား လောဘတက်ကာ၊ သတ်ဖြတ်လုယက်လိုကြသည်မှာ ထင်ရှားပေသည်။

သာမန်ဈေးဆိုင်တစ်ခုသို့ ဝိညာဉ်ကုန်ကြမ်းများ ဝယ်ယူရန်သွားခြင်းက အခြားကျင့်ကြံသူများ၏ အာရုံစိုက်မှုအား ဆွဲဆောင်မိမည်ဟု သူ ဘယ်တုံးကမှ ထင်မထားခဲ့ပေ။

ကျင့်ကြံခြင်းလောက၏ အန္တရာယ်မှာ သိသာထင်ရှားပေသည်။ တစ်စုံတစ်ယောက်သည် မိမိအစွမ်းအစထက် ကျော်လွန်သော ကြွယ်ဝမှုအား ပိုင်ဆိုင်ခြင်းသည် သေလမ်းရှာခြင်းနှင့် အတူတူပင် ဖြစ်သည်။

အဆုံးသတ်၌ သူသည် အပြင်ထွက်၍ စွန့်စားမှုများမပြုဘဲ အိမ်တွင်းအောင်းကာ ကျင့်ကြံနေခဲ့ခြင်းသည် မှန်ကန်သောဆုံးဖြတ်ချက် ဖြစ်ပုံရ၏။

အစောပိုင်း၌ သူသည် ချီသန့်စင်ခြင်း အဆင့်(၁)ကျင့်ကြံသူတစ်ဦးသာဖြစ်စဉ်တွင် သူပိုင်ဆိုင်သော ဝိညာဉ်ကျောက်တုံးအများအပြားအား ထုတ်ဖော်ပြမိခဲ့ပါက၊ အခြားမနာလိုသော ကျင့်ကြံသူများ၏ လုပ်ကြံခြင်းကို ခံရမည်ဖြစ်ပြီး ယနေ့အထိ အသက်ရှင်နိုင်မည်မဟုတ်ပေ။

သာမန်ဈေးဆိုင်များရှိ ဝန်ထမ်းများပင်လျှင် အချိန်မရွေး အသွင်ပြောင်းကာ လုယက်သတ်ဖြတ်နိုင်သည်။ ဤကဲ့သို့သော အပြုအမူများသည် ကျင့်ကြံသူများအတွက် မည်သည့် ကျင့်ဝတ်အတားအဆီးမှ မရှိပေ။

မှန်ပေသည်၊ လက်ရှိသူ၏ကျင့်ကြံမှုအဆင့်အရ၊ အကယ်၍သာ ထိုဝန်ထမ်းများ သူ့အား လုယက်ရဲပါက သူတို့သည် သေချာပေါက်သေဆုံးရမည့်သူများ ဖြစ်ပေမည်။

ဤရှုထောင့်မှကြည့်လျှင်၊ မည်သူက ပိုကံကောင်းသည်အား ပြောရခက်ပေသည်။

“လက်ရှိငါ့ရဲ့အစွမ်းက အတော်လေး အားနည်းနေသေးတယ်။ ကျင့်ကြံမှုကို ဆက်ပြီးမြှင့်တင်ရမယ်၊ ဖြစ်နိုင်ရင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းရှိဖို့ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်၊ အခြေတည်အဆင့်ထိအောင် မြှင့်တင်ရမယ်။”

ထိုအတွေးများက ကျိုးစွေ့အား အလျင်လိုသောဖိအားတစ်ခုအား ခံစားမိစေသည်။

ဝှစ်..။

တစ်ခဏအတွင်း၊ ကုန်ကြမ်းအားလုံးအား ကူနတ်ဘုရားပန်းကန်ထဲသို့ သူပစ်ထည့်လိုက်ပြီး၊ ဝိညာဉ်ကျောက်တုံး ထောင်ပေါင်းများစွာအား လောင်ကျွမ်းစေလိုက်ရာ၊ ကုန်ကြမ်းအားလုံး သန့်စင်ခံလိုက်ရပြီး ဆန်းကြယ်သော လေစီးကြောင်းတစ်အခုအဖြစ် ပြောင်းလဲသွားလေသည်။

အချိန်တချို့ကုန်ဆုံးသွားကာ မရေမတွက်နိုင်သော ကုန်ကြမ်းများအားလုံး အရည်ပျော်သွားပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင် ကူပိုးကောင်တစ်ကောင် ထွက်ပေါ်လာလေသည်။ ၎င်း၏ကိုယ်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများ ရေးထိုးထားလေသည်။

ဘုန်း…။

နောက်တစ်စက္ကန့်တွင်၊ ထိုအဖြူရောင်ကူပိုးကောင်သည် သူ၏ဦးနှောက်ထဲသို့ ချက်ချင်းဝင်ရောက်သွားကာ ပေါင်းစည်းသွားလေသည်။ ထို့နောက် သတင်းအချက်အလက်များစွာ သူ၏စိတ်ထဲသို့ စီးဝင်လာ၏။

“စာအုပ်ကူ၊ စာအုပ်များအား ဝါးမျိုးခြင်းဖြင့် ကျော်ကြားသော ကောင်းကင်နှင့်မြေကြီး၏ ဆန်းကြယ်သောကူတစ်မျိုးဖြစ်သည်။ ၎င်းသည် စာအုပ်အမျိုးမျိုးနှင့် အမွေအနှစ်မှတ်တမ်းတင်ကျောက်စိမ်းပြားများအား ဝါးမျိုခြင်းအား နှစ်သက်သည်။ ၎င်းဝါးမျိုခဲ့သော မည်သည့်စာအုပ်မဆို မှတ်တမ်းတင်ခြင်းခံရပြီး ဘယ်သောအခါမှ မေ့လျော့မည်မဟုတ်ပေ။

အကယ်၍ လောကရှိစာအုပ်အားလုံးအား ဝါးမျိုနိုင်ပါက၊ ၎င်းသည် လောကရှိ အသိပညာအားလုံးအား မှတ်တမ်းတင်ထားသော လောက၏အကြီးမားဆုံးစာကြည့်တိုက် ဖြစ်လာပေမည်။ ၎င်းကို ပိုင်ဆိုင်ခြင်းသည် လောကရှိ ကြွယ်ဝမှုအားလုံးအား ပိုင်ဆိုင်ခြင်းပင်ဖြစ်သည်။”

“ပြီးသွားပြီ၊ ဒီစာအုပ်ကူရဲ့အစွမ်းကို စမ်းကြည့်တာပေါ့။”

ဤအဖြူရောင် ကူပိုးကောင် အသွင်သဏ္ဌန်ဖြစ်တည်လာသည်အား မြင်လျှင်၊ ကျိုးစွေ့ ဝမ်းသာသွားသည်။ မည်သည့်တုံ့ဆိုင်းမှုမှမရှိဘဲ “နတ်ဆိုးအသွင်ပြောင်း ပညာရပ်” လျှို့ဝှက်စာအုပ်အား ထုတ်ယူလိုက်သည်။

ဂျွတ်၊ဂျွတ်…

ချက်ချင်းပင် အရသာရှိသောအစာအား အနံ့ခံမိသကဲ့သို့ ထိုအဖြူရောင်ကူပိုးကောင် ထွက်ပေါ်လာကာ စာအုပ်ပေါ်သို့ ခုန်အုပ်လိုက်လေသည်။ တစ်ခဏအတွင်း လျှို့ဝှက်စာအုပ်တစ်အုပ်လုံးအား ဝါးမျိုလိုက်သည်။

ဘာရယ်..။

တစ်ခဏအတွင်းမှာပင်၊ “နတ်ဆိုးအသွင်ပြောင်း ပညာရပ်”၏ စာသားများက ချက်ချင်းပင် ကျိုးစွေ့၏ဦးနှောက်ထဲတွင် စွဲမြဲသွားပြီး၊ မမေ့နိုင်သောအဆင့်သို့ ရောက်ရှိသွားသည်ကို ခံစားလိုက်ရသောကြောင့် တုန်လှုပ်သွားလေ၏။

ပို၍အံ့ဩစရာကောင်းသည်မှာ၊ မီးခိုးရောင် လေစီးကြောင်းတစ်ခုက စာအုပ်ကူထံမှ ထွက်ပေါ်လာပြီး သူ၏သိစိတ်ပင်လယ်ထဲသို့ စီးဝင်သွားသည်။

ထိုအခိုက်အတန့်တွင် သူ၏နားလည်နိုင်စွမ်းသည် မကြုံစဖူးသော အဆင့်မြှင့်တင်မှုတစ်ခုအား ကြုံတွေ့လိုက်ရပြီး၊ သူသည် သာမန်လူတစ်ယောက်မှ ပါရမီရှင်တစ်ယောက်အဖြစ်သို့ ကူပြောင်းသွားသည့်အလား ခံစားလိုက်ရသည်။

နားလည်ရန် အချိန်များစွာယူရမည့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုအား ချက်ချင်းပင် သူ ကျွမ်းကျင်သွား၏။

ဤနည်းစနစ်အား သူသည် နှစ်ပေါင်းနှစ်ဆယ်ကြာ လေ့ကျင့်ခဲ့သကဲ့သို့ ခံစားလိုက်ရပြီး၊ များပြားသော သတင်းအချက်အလက်များက သူ၏စိတ်ထဲသို့ စီးဝင်လာ၏။

“နတ်ဆိုးအသွင်ပြောင်း ပညာရပ်”၏ များပြားလှသော လျှို့ဝှက်ချက်များက ဖော်ထုတ်ခြင်း ခံလိုက်ရလေသည်။

ယင်းခံစားချက်က မယုံနိုင်လောက်အောင် ကျေနပ်စရာကောင်းပေ၏။ ပထမဆုံးအကြိမ်အဖြစ်၊ ပါရမီရှင်တစ်ဦး၏ နားလည်နိုင်စွမ်းက မည်သို့ဖြစ်သည်အား သူ တွေ့ကြုံခံစားလိုက်ရလေသည်။

အကယ်၍ စာအုပ်ကူ၏အကူအညီအား မရခဲ့ပါက ဤနည်းစနစ်၏အခြေခံများအား နားလည်နိုင်ရန် အနည်းဆုံး ဆယ်နှစ်ခန့် သူအချိန်ယူရပေလိမ့်မည်။

All Chapters