← Chapters

ဒုတိယနေရာ

Vol. 40 Ch. 593

ဒုတိယနေရာ

Vol. 40 Ch. 593

ချီလင်မသေမျိုး ဓားစက်ဝန်းပေါ်ဒူးထောက်ခဲ့ရသည်မှ တစ်ကြိမ်တစ်ခါတည်းမက။ လုယန်ကြားထားသည်ကပင် အကြိမ်တစ်ဒါဇင်ခန့်ရှိသည်။

တကယ့်အဖြစ်မှန်က ထိုထက်အကြိမ်ရေပိုများမည်။ သို့သော် ဒူးထောက်ရသည့်အကြောင်းရင်းကိုတော့ လုယန်သေချာမသိ။

ချီလင် ကောင်းကင်သို့ကျိန်ဆိုသည်ကလည်း ဘာမှမဆန်း။

ယင်ထန်မသေမျိုးရှိနေလျှင် မိုးကြိုးငါးချက်မဆိုထားနှင့်။ နေ့တိုင်းမိုးကြိုးပစ်ချခံနေရလျှင်ပင် ကိစ္စမရှိ။

"ဘယ်လို..."

ကျန်းရှီရှီ လုယန်ကို ငေးကြောင်၍ကြည့်နေသည်။ ထို့နောက် လော်ဟုန်မျက်နှာကိုကြည့်သည်။

သုံးလေးကြိမ် အပြန်ပြန်အလှန်လှန်ကြည့်ပြီးမှ လုယန်၏အဖြေသည် တကယ်အမှန်ဖြစ်ကြောင်း သူနားလည်လာသည်။ မျိုးနွယ်ခေါင်းဆောင်ပြောသည့်ဇာတ်လမ်းသည် အမှန်မဟုတ်လောက်။

ဘာကြောင့် လုယန်သည် မျိုးနွယ်ခေါင်းဆောင်ထက် ဖီးနစ်သမိုင်းကြောင်းကို ပိုသိနေသနည်း။

"နေဦး...နတ်ဆိုးမသေမျိုးနဲ့ ဖီးနစ်ဘိုးဘေးဆက်ဆံရေးက ဘယ်လိုပုံစံမျိုးလဲ"

မူမမှန်သည့်အချက်ကို ကျန်းရှီရှီ သတိထားမိသည်။

ဖီးနစ်ဘိုးဘေးနှင့် နတ်ဆိုးမသေမျိုးတို့သည် ပြိုင်ဘက်များဖြစ်ကြောင်း မှတ်တမ်းများရှိသည်။ မသေမျိုးအဆင့်တက်ဖို့ အကြီးအကျယ်တိုက်ခိုက်ခဲ့သည်။ နောက်ဆုံးတွင် ဖီးနစ်ဘိုးဘေးရှုံးနိမ့်သွားသည်။ နတ်ဆိုးမသေမျိုး မသေမျိုးအဆင့်တက်ခဲ့သည်။

ဘာကြောင့် ဖီးနစ်ဘိုးဘေးက နတ်ဆိုးမသေမျိုးကို ဤလေသံမျိုးဖြင့်ပြောသနည်း။

သူသိထားသည့်သမိုင်းနှင့်မကိုက်ညီ။

ကျန်းရှီရှီစိတ်ထဲ ရှုပ်ထွေးနေသည်။ မေးခွန်းတစ်ခုကြောင့် သူ့ဦးခေါင်းများ ချာချာလည်နေသည်။

သူ့ပုံစံကို မုန်ကျင်းကျိုးတစ်ချက်ကြည့်သည်။ ထို့နောက် ပြန်ရောက်လျှင် ဘာစားရမည်ကိုဆက်တွေးနေသည်။

စုလန်အာလည်း လုယန်ကို သံသယအကြည့်ဖြင့်ကြည့်သည်။

ဘာကြောင့် ဖီးနစ်မျိုးနွယ်သမိုင်းအကြောင်း ကျန်းရှီရှီထက်ပိုသိနေသနည်း။

လုယန်ဆိုသည့် ထိုလူသည် ဘယ်ကလာသနည်း။

လော်ဟုန်က သူတို့အမူအရာများကို အရေးမစိုက်။ အစီအစဉ်အတိုင်း ဆက်သွားသည်။

"တတိယမြောက်မေးခွန်းကို နားထောင်ပါ။ နဂါးဘိုးဘေးဟာ အရမ်းစွမ်းအားကြီးတယ်။ နတ်ဆိုးမျိုးနွယ်တွေ မသေမျိုးအဆင့်တက်ဖို့အတွက် အဟန့်အတားကြီးတစ်ခုပဲ။

ရှေးဟောင်းခေတ်မှာ ပါရမီအရမ်းထူးတဲ့ နတ်ဆိုးတစ်ယောက်ရှိတယ်။ နတ်စွမ်းအားဖန်တီးရာမှာ အလွန်ပါရမီထူးတယ်။ ဒီလူက နဂါးသတ်လက်ဝါးဆယ့်ရှစ်ကွက်ဆိုတဲ့ ပညာတစ်ခုဖန်တီးခဲ့တယ်။ သဘောတရားအရ ဒီလက်ဝါးဆယ့်ရှစ်ကွက်ကို ကျွမ်းကျင်သွားးရင် နဂါးဘိုးဘေးကိုတောင် အနိုင်ယူနိုင်တယ်လို့ ပြောကြတယ်။

ဒါပေမယ့် ဒီပါရမီရှင်က ဒီပညာကိုပြည့်စုံအောင် မလုပ်နိုင်ခဲ့ဘူး။ အဲဒါဘာတွေဖြစ်ခဲ့လို့လဲ"

နဂါးသတ်လက်ဝါးဆယ့်ရှစ်ကွက်ပညာသည် နတ်ဆိုးနယ်မြေတွင် လူသိများသည့် ရှေးဟောင်းပညာတစ်ခုဖြစ်သည်။ ငြင်းချက်ထုတ်စရာမရှိအောင် စွမ်းအားကြီးသည်။ နတ်ဆိုးမျိုးနွယ်ဝင်များ ထိုပညာကို နေရစုံလိုက်ရှာခဲ့သည်။ သို့သော် အကျိုးမထူးခဲ့။

နဂါးသတ်လက်ဝါးပညာကို ပြည့်စုံအောင် မဖန်တီးနိုင်ခဲ့သည့်အကြောင်းရင်းနှင့်ပတ်သက်၍ ထင်မြင်ယူဆချက်များစွာရှိသည်။

စုလန်အာ ချက်ချင်းပြန်ဖြေသည်။

"ကျွန်မတို့မျိုးနွယ်ရဲ့ ရှေးမှတ်တမ်းတွေအရ ဒီပါရမီရှင်ဟာ တစ်သက်လုံးကြိုးစားခဲ့ပေမယ့် ဒီပညာကိုပြည့်စုံအောင် မဖန်တီးနိုင်ခဲ့ဘူးတဲ့။ သူ့ပါရမီက အကန့်အသတ်ရှိလို့ဖြစ်ပါလိမ့်မယ်"

လော်ဟုန် မှတ်ချက်မပေး။ စုလန်အာအဖြေက မှားသည်ဟုမဆိုသာ။

လော်ဟုန်အသံတိတ်နေသဖြင့် ကျန်းရှီရှီ နောက်ထပ်ရှင်းလင်းချက်တစ်ခုပေးသည်။

"ကျွန်မတို့ရှေးကျမ်းစာတွေမှာလည်း အဲလိုမှတ်တမ်းတွေရှိတယ်။ ဒီပညာဟာ ကောင်းကင်စည်းမျဉ်းကို ဆန့်ကျင်နေတယ်လို့ပြောကြတယ်။ ဒီပါရမီရှင်က ကောင်းကင်ဆင်းရဲကို ရင်ဆိုင်ခဲ့ရတယ်။

ကြိုးစားရင်ဆိုင်ပေမယ့် သူမအောင်မြင်ဘဲ သေသွားတယ်။ သူ့ပညာကလည်း မပြည့်စုံတဲ့အတိုင်းပဲ ဆက်ရှိခဲ့တယ်"

လော်ဟုန် မုန်ကျင်းကျိုးကို လှည့်ကြည့်သည်။ ဖြေလိုကဖြေနိုင်ကြောင်း အချက်ပြခြင်းဖြစ်သည်။

မုန်ကျင်းကျိုးက လော်ဟုန်ကိုပြန်ကြည့်သည်။ တစ်ခြားတစ်ယောက်ကို မေးသင့်ကြောင်း အချက်ပြခြင်းဖြစ်သည်။

လော်ဟုန် လုယန်ကို လှည့်ကြည့်သည်။

လော်ဟုန်စိုက်ကြည့်နေသဖြင့် လုယန် နည်းနည်းနေရခက်လာသည်။ ခဏတုံ့ဆိုင်းနေပြီးနောက် ရှေးဟောင်းလျှို့ဝှက်ချက်တစ်ခုပြောပြသည်။

"အဲဒီ့အကြောင်း ကျုပ်နည်းနည်းကြားဖူးတယ်။ နဂါးမျိုးနွယ်ဘိုးဘေးရဲ့ အရိယဖလဟာ အားအကြီးဆုံးရှင်သန်မှုအရိယဖလတဲ့။ တိုက်ခိုက်ပညာတစ်ခုကို မသေဘဲခုခံနိုင်ရင် ပိုပြီးစွမ်းအားကြီးလာစေတယ်တဲ့။

ဒီတော့ အပြည့်အဝဖန်တီးထားတဲ့ နဂါးသတ်လက်ဝါးပညာကိုသာ မသေဘဲခုခံနိုင်ရင် လက်ရှိထက်ပိုပြီးတောင် စွမ်းအားကြီးလာမယ်။

ပညာတီထွင်တဲ့ ပါရမီရှင်အကြောင်းကြားတော့ သူသွားလည်တယ်။ သူပိုပြီးစွမ်းအားတက်လာဖို့ နဂါးသတ်လက်ဝါးပညာကို ပြည့်စုံအောင်လုပ်စေချင်တယ်။

ပါရမီရှင်ကလည်း သူ့အကြောင်းသိတော့ အတော်ပျော်သွားတာပေါ့။ သူ့ပညာပြည့်စုံအောင်ဖန်တီးနိုင်ဖို့ နဂါးဘိုးဘေးကို အားပြည့်ခွန်ပြည့်တိုက်ခိုက်ဖို့ပြောတယ်။

နဂါးဘိုးဘေး ခွန်အားအပြည့်ထုတ်သုံးလိုက်တော့ လေနဲ့တိမ်တိုက်တွေ အရောင်ပြောင်းသွားတယ်။ ကြယ်ကမ္ဘာတေ ပျက်စီးကုန်တယ်။

ဒီမြင်ကွင်းကိုမြင်တော့ ဟိုပါရမီရှင်က တကယ်အကြောက်လွန်ပြီး သေသွားတယ်။ အရင်တုန်းကလူတွေက အဲဒီ့ပါရမီရှင်နာမည်ကို ယဲ့ကုန်းလို့ခေါ်ကြတယ်။ နဂါးချစ်တဲ့ယဲ့ကုန်းလို့ နာမည်ကျော်တယ်"

လော်ဟုန်ခေါင်းငြိမ့်သည်။ လုယန်အဖြေကို အတော်ကျေနပ်သွားသည်။

"မှန်တယ်၊ တစ်မှတ်ရမယ်။...မင်းတို့နှစ်ယောက်ရဲ့အဖြေတွေက အပြည့်အဝမမှန်ဘူး။ ဒီတော့ အမှတ်မတိုးဘူး။ အမှတ်လည်းမလျှော့ဘူး"

မေ့လျော့ခြင်းစွမ်းရည်သည် အရိယဖလအစစ်တွင်သာ ပိုင်ဆိုင်သည်။ အရိယဖလသန္ဓေတွင် ထိုလက္ခဏာမျိုးမရှိ။ ထို့ကြောငင့် လုယန်က အရိယဖလသန္ဓေအကြောင်းပြောချိန်တွင် အားလုံးကမှတ်မိခြင်းဖြစ်သည်။

"အခု လေးခုမြောက်မေးခွန်းကို နားထောင်ပါ။ နဂါးဘိုးဘေးနဲ့ ဖီးနစ်ဘိုးဘေးဟာ မသေမျိုးတစ်ဝက်အဆင့်အတွင်းမှာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြတယ်။

ဖီးနစ်ဘိုးဘေးက သေသွားပြီးမှ ပြန်ရှင်သန်လာခဲ့တယ်။ အဲဒီ့တိုက်ပွဲအကြောင်း အသေးစိတ်ပြောပြပါ"

ဖီးနစ်ဘိုးဘေးအကြောင်းဖြစ်၍ ကျန်းရှီရှီမျက်နှာ ဝင်းပလာသည်။ ထိုတိုက်ပွဲအကြောင်း သူကောင်းကောင်းသိသည်။ ဘိုးဘေးနှစ်ယောက်၏ ကြီးမားလွန်းသည့်စွမ်းအားကြောင့် ကောင်းကင်မှကြယ်များ အမှုန့်ဖြစ်ကုန်သည်။ နေရောင်ပျောက်သွားသည်။ စကြာဝဠာတစ်ခုလုံး တိတ်ဆိတ်သွားသည်။

သမိုင်းတွင်သည့် တိုက်ပွဲဖြစ်သည်။

ဖီးနစ်ဘိုးဘေးက မီးထဲမှာပင် ပြန်ရှင်သန်လာသည်။ မီးတောက်ကကြားတွင် မွေးဖွားသည်။ ထိုတိုက်ပွဲတွင် ပြသခဲ့သည့် ဘိုးဘေးတို့၏စွမ်းအားကို မျိုးနွယ်နှစ်ခုလုံး ဂုဏ်ယူကြရသည်။

ကျန်းရှီရှီဖြေခါနီးတွင် အစောပိုင်းက သွက်လက်စွာဖြေဆိုခဲ့သည့် လုယန်ကို သတိရလာသဖြင့် လှည့်ကြည့်သည်။

"ရှင်အရင်ဖြေလိုက်ပါ"

အမှန်အတိုင်းပြောရလျှင် ဤမေးခွန်းကို လုယန်မဖြေချင်။ ကျန်းရှီရှီစိတ်ထဲမှ ဖီးနစ်ဘိုးဘေးအပေါ်ထားသည့်လေးစားမှုများ ပျက်စီးသွားမည်ကိုစိုးသည်။

သို့သော် အကြောင်းတိုက်ဆိုင်လာပြီဖြစ်၍ သူရွေးချယ်စရာမရှိ။

လျှို့ဝှက်မြေတွင်ဖြစ်ပျက်သည့် အကြောင်းအရာမှန်သမျှ အပြင်ဘက်တွင် ပြောခွင့်မရှိ၍သာ တော်သေးသည်။ မဟုတ်လျှင် သူပေးသည့် အဖြေနည်းနည်းဖြင့် နတ်ဆိုးနယ်မြေတစ်ခုလုံး ချာချာလည်သွားနိုင်သည်။

နတ်မယ်စကားအရပြောလျှင် ထိုတိုက်ပွဲသည် စက္ကူများမီးရှို့၊ ဆံပင်များဆောင့်ဆွဲ၊ ကျိန်စာများတိုက်သည်နှင့် ပမာတူသည်ဟူ၏။

ထိုစကားအတိုင်း တိုက်ရိုက်ပြောလိုက်လျှင် နည်းနည်းမလေးစားရာကျမည်။

ထို့ကြောင့် မျက်နှာကိုတည်လိုက်သည်။ နဂါးဘိုးဘေးနှင့် ဖီးနစ်ဘိုးဘေးကို အပြည့်အဝလေးစားသည့်လေသံမျိုးဖြင့် ပြောသည်။

"အဲဒီ့တိုက်ပွဲကြောင့် မိုးမြေတုန်ခါခဲ့တယ်။ လေဟာနယ်တွေအက်ကွဲခဲ့တယ်။ ဘိုးဘေးနှစ်ယောက်လုံး စွမ်းအားအပြင်းဆုံး ကိုယ်ပိုင်တိုက်ခိုက်နည်းတွေသုံးတယ်.

အကြိမ်ပေါင်းရာချီရင်ဆိုင်တိုက်ခိုက်ပေမယ့် အနိုင်အရှုံးမပေါ်ဘူး။ နှစ်ယောက်လုံးက မီးတောက်စစ်တွေနဲ့ အဓိကတိုက်ခိုက်တယ်။ မသေမျိုးတစ်ဝက်အဆင့်မှော်အဆောင်တွေ မီးရှို့တယ်။ မီးတောက်စစ်တွေ ကောင်းကင်ကိုထိုးတက်သွားတယ်။ သူတို့စွမ်းအားက တကယ့်အံ့မခန်းပြိုင်ဘက်ကင်းပဲ။

တစ်ခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို ကြားခံအဖြစ်သုံးပြီးလည်း ကျိန်စာအစွမ်းနဲ့ တိုက်ခိုက်ကြတယ်။ ကျိန်စာစွမ်းအင်တွေ ကြယ်စုတန်းတစ်ခုလုံး ပျံ့နှံ့ခဲ့တယ်။

ဖီးနစ်ဘိုးဘေးက နည်းနည်းပိုညံ့လို့ ကျိန်စာမိပြီးသေသွားတယ်။ ပြီးမှာ မီးတောက်ထဲကနေ ပြန်ရှင်သန်လာတယ်"

အမှန်တော့ ဖီးနစ်ဘိုးဘေးက သေဟန်ဆောင်ပညာသုံး၍ ဟန်ဆောင်နေခြင်းဖြစ်သည်။ နဂါးဘိုးဘေးက သူ့ကိုမီးရှို့သဖြင့် သံကုန်ခြစ်အော်ပြီး ခုန်ထလာခြင်းဖြစ်သည်။

သို့သော် ထိုအပိုင်းကို သူမပြောတော့။

"အဖြေမှန်တယ်။ တစ်မှတ်ရမယ်"

ကျန်းရှီရှီ နောင်တရသွားသည်။ သူလည်း ထိုမေးခွန်းကို ဖြေတတ်ပါသည်။

"ခြောက်ခုမြောက်မေးခွန်း၊ မြေခွေးဘိုးဘေးက လောကကို လှည့်စားခဲ့တယ်...."

"ခုနစ်ခုမြောက်မေးခွန်း...."

ကျန်းရှီရှီနျင့်စုလန်အာတို့ အပြိုင်အဆိုင်ဖြေကြသည်။ မေးခွန်းဆယ်ခု ပြီးသွားသည်။

"မေးခွန်းဆယ်ခုလုံး မေးပြီးသွားပြီ။ လုယန်က ဆယ်မှတ်ရတယ်။ တတိယအဆင့်ကို အောင်မြင်သွားပြီ"

မေးခွန်းဆယ်ခုတွင် စုလန်အာက ငါးခုမှားဖြေသည်။ ငါးမှတ်လျော့သည့် စတုတ္ထနေရာရသည်။

ကျန်းရှီရှီက လေးခုမှားဖြေသည်။ လေးမှတ်လျော့သည်။ တတိယရသည်။

မုန်ကျင်းကျိုးက တစ်ခုမှမဖြေ။ ရမှတ်သုညဖြစ်သည်။ ဒုတိယရသည်။

"ဟုတ်ပြီ။ ငါတို့ဒီကနေ အပြင်ထွက်ရင် ပဲစိမ်းမုန့်တွေစားမယ်"

နောက်ဆုံးတွင် စားလိုသည့်အစားအသောက်ကို မုန်ကျင်းကျိုး ဆုံးဖြတ်ချက်ချနိုင်သွားသည်။ အသိပြန်ဝင်လာချိန်တွင် ပြိုင်ပွဲက ပြီးသွားပြီဖြစ်သည်။

"ငါကဘာလို့ ဒုတိယနေရာရတာလဲ"

********************************

All Chapters