ကျန်းလျန်ယိ
Vol. 40 Ch. 595
လျှို့ဝှက်နယ်မြေသို့ဝင်ခဲ့သည့် သူ့ခရီးစဉ် ထိုမျှအဖြစ်အပျက်များစွာ ပါဝင်နေမည်ဟု သူလုံးဝမထင်ခဲ့။
နတ်ဆိုးနယ်မြေတွင် လူသိများသည့် ဤလျှို့ဝှက်မြေကို သူတို့ဝင်ကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။ ကန်ထန်၏ဦးဆောင်မှုဖြင့် သူတို့လျှို့ဝှက်မြေသို့ဝင်ခဲ့သည်။
မမျှော်လင့်ဘဲ ရှေးဟောင်းခေတ်မဟာနတ်ဆိုးကြီးများချန်ခဲ့သည့် အတွေးအမြင်ကျမ်းများ ကိုးဆမသေမျိုး၏ ကျင့်စဉ်ပညာများကို တွေ့ရသည်။
စတုတ္ထအလွှာသည် နှစ်သုံးသိန်းကြာအောင် ဘယ်ပါရမီရှင်မှ မသိခဲ့သည့် နေရာဖြစ်သည်။ နယ်မြေဝိညာဉ်လော်ဟုန်လည်း ဝင်ခွင့်မရှိ။ ယခု ပထမဆုံးဧည့်သည်ရောက်လာသည်။
ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ ခြေသံများ ပဲ့တင်ထပ်နေသည်။ တစ်ယောက်ယောက် နောက်မှလိုက်လာသလို ထင်ရသည်။
စတုတ္ထအလွှာကို လုယန် သေချာစစ်ဆေးသည်။ အခန်းအပြင်အဆင်များက ရိုးရှင်းသော်လည်း အဓိပ္ပါယ်ရှိသည်။ အခန်းပိုင်ရှင်သည့် ကျင့်စဉ်စွမ်းအားထူးခြားသူဖြစ်ကြောင်း သက်သေခံနေသည်။
အဆင်တန််ဆာတစ်ခုချင်းစီက ရှေးကျသည့် ထူးကဲသည့်စွမ်းအင်ရောင်မျိုး ထွက်ပေါ်နေသည်။ လုယန်၏ အမြင်အရ ပစ္စည်းတစ်ချို့၏ဇစ်မြစ်ကိုသာ သူခန့်မှန်းနိုင်သည်။
အဆင့်မြင့်ဝိညာဉ်ကျောက်များ၏ ရိုးတွင်းခြင်ဆီဖြင့် ထွင်းထုထားသည့် ကျောက်စားပွဲ။ နေနှင့်လသန္ဓေပေါင်းစပ်ထားသည့် ကျောက်စိမ်းထိုင်ခုံ၊ ကြယ်သန္ဓေဖြင့်သွန်းလုပ်ထားသည့် ဖန်သားကြမ်းခင်းပြားများ၊ ခွန်လွန်ကြေးဝါမှန်၊ ဉာဏ်အလင်းလက်ဖက်ရည်ခွက်၊ အရံနတ်သမီးမီးအိမ်...
အားလုံးကို လုယန် သူ့ကိုယ်ပိုင်သိစိတ်နယ်မြေတွင် မြင်ဖူးထားသည့်။ နတ်မယ်က သိစိတ်နယ်မြေပတ်ဝန်းကျင်ကို မကြာခဏပြောင်းတတ်သည်။
အရင်က ထိုပစ္စည်းများကို နတ်မယ်မိတ်ဆက်ပေးချိန်တွင် သူနားထောင်ရင်း မျက်ခုံးလှုပ်ခဲ့ရသည်။ ပစ္စည်းတန်ဖိုးက သူထင်မထားလောက်အောင် ကြီးမားလွန်းသည်။
ယခု သူ့ရှေ့တွင် ပေါ်လာသည့်ပစ္စည်းများက အစစ်ဖြစ်သည်။ ခံစားချက်တစ်မျိုးကွာခြားသည်။
နံရံပေါ်တွင် တွဲလွဲချိတ်ထားသည့် ကျောက်စိမ်းပုလွေတစ်ချောင်းကို လုယန် သတိထားမိသည်။ မြစိမ်းရောင်အသွေးရှိပြီး သေသွယ်ခံ့ညားသည်။ အနုစိပ်လက်ရာမြောက်သည်။ ငှက်ပေါင်းတစ်ရာပုံရိပ်များက အသက်ဝင်သလိုဖြစ်နေသည်။ ပေါ့ပါးသန့်စင်သည့် ခံစားချက်မျိုးပေးသည်။
အခန်းအဆုံးတွင် ကုတင်တစ်လုံးရှိသည်။ စောင်ပါးတစ်ခု လွှမ်းခြုံထားသည်။ ကုတင်ပေါ်လှဲနေသည့် မိန်းကလေးတစ်ယောက်၏ပုံစံကို မြင်နေရသည်။
"ဒါဘယ်သူ့အခန်းလည်းသိလားနတ်မယ်"
အခန်းရှင် အနှောက်အယှက်မဖြစ်အောင် လုယန် အသံတိုးတိုးဖြင့််မေးသည်။
"ကျန်းလန်ယိအခန်းပါ"
ဖီးနစ်မျိုးနွယ်၏ ကောင်းကင်ဆန့််ကျင်ပါရမီရှင်၊ ဖီးနစ်မျိုးနွယ်ဘိုးဘေး၊ ချီလင်မသေမျိုး၏ဇနီး၊ ရှေးဟောင်းခေတ်ထိပ်တန်းအလှပိုင်ရှင်ဆယ်ယောက်စာရင်းဝင် ကျန်းလန်ယိ...
စောင်ကိုဆွဲဖယ်ရန်ပြင်နေသည့် လုယန်၏လက် ခဏတုံ့ဆိုင်းသွားသည်။ သူ့ဘာသာရေရွတ်သည်။ ထို့နောက် စောင်ကိုဆွဲဖယ်လိုက်သည်။ ကုတင်ပေါလှဲနေသည့် ထူးထူးခြားခြားလှပသည့် မိန်းမတစ်ယောက်အသွင်ပေါ်လာသည်။ ဝတ်ရုံက မီးတောက်လိုနီရဲနေသည်။
အမှန်တကယ် ဒဏ္ဍာရီထဲက ကျန်းလျန်ရှိဖြစ်သည်။ ကျန်းလျန်ယိ အသက်မရှူတော့။ အသက်ဓာတ်လည်း ပျောက်ကွယ်နေသည်။ နှုတ်ခမ်းများက ဖြူရော်သည်။ မျက်လုံးများ တင်းကြပ်စွာပိတ်ထားသည်။ အမူအရာတည်ငြိမ်အေးချမ်းသည်။ လက်နှစ်ဘက်ကို ရင်ဘတ်ပေါ်တွင်ယှက်ထားသည်။
"သူသေသွားပြီလား"
ရှေးကျင့်ကြံသူများသုံးသည် အိပ်စက်နည်းများကို လုယန်သိသည်။ ထိုကျင့်ကြံသူများ ဘယ်လောက်နှစ်ခြိုက်စွာ အိပ်စက်နေသည်ဖြစ်စေ ဝင်သက်ထွက်သက်တော့ အနည်းငယ်ရှိသည်။ ယခု ကျန်းလျန်ယိအခြေအနေနှင့် လုံးဝကွဲပြားနေသည်။
သူ့အသံတုန်ရင်နေသည်။ မျက်နှာတွင် မယုံနိုင်သည့်အရိပ်မျိုးပေါ်နေသည်။ ဒဏ္ဍာရီကျန်းလျန်ယိက ဘယ်လိုသေသွားသနည်း။
သို့သော် ဓာတ်ငါးမျိုးဂိုဏ်းမှ အချိန်မသေမျိုး၏အလောင်း၊ ချုန်းချီမျိုးနွယ်မှ ချုန်းချီအို၏ ခေါင်းတလားတို့ကို သူပြန်တွေးမိလာသည်။
ရှေးဟောင်းခေတ်ကိစ္စများသည် ရှုပ်ထွေးနက်ရှိုင်းလွန်းသည်။ ဘာမဆိုဖြစ်ခဲ့နိုင်သည်။
အခြေအနေမှန်ကို လက်ခံရုံသာ သူတတ်နိုင်သည်။
နတ်မယ်ကတော့ လက်ခံနိုင်မည်မခံနိုင်မည်မသိ။ နတ်မယ်နှင့် ကျန်းလျန်ယိသည် အတော်ရင်နှီးကြသည်။
နတ်မယ်သည် ပုံမှန်အားဖြင့် ပျော်ပျော်နေတတ်သော်လည်း မိတ်ဆွေရင်းတစ်ယောက် သေဆုံးသွားသည်ကိုကြုံလျှင် စိတ်မကောင်းဖြစ်ပေလိမ့်မည်။
ကျန်းလျန်ယိသေလျှင် နဂါးမအောင်းလင်းနှင်း ချီလင်မသေမျိုးတို့ရော ဘယ်လိုကံကြမ္မာမျိုး ကြုံခဲ့ရသနည်း။
ထိုနှစ်ယောက်လည်း ပိုမကောင်းနိုင်။ သုံးယောက်လုံး သေဆုံးသွားခြင်းဖြစ်နိုင်သည်။
"သူမသေပါဘူး။ ဒါက သေဟန်ဆောင်ပညာလေ"
ကျန်းလျန်ယိသေသည့်ဟုကြားသည်နျင့် မျက်နှာပျက်နေသည့်လုယန်ကို နတ်မယ်စိုက်ကြည့်သည်။ သို့သော် အကြောင်းမရှိဘဲ တစ်ခြားတစ်ယောက်အား ဆဲဆိုရမည်ကို သူစိတ်မဝင်စားပါ။
လုယန် ခဏအသံတိတ်သွားသည်။
"သေဟန်ဆောင်ပညာလား။...နတ်မယ်၊ ခင်ဗျား စောစောစီးကြိုပြောပါလား။ ကျုပ်က ဘာမှမဟုတ်ဘဲ စိုးရိမ်ပူပန်နေရတယ်"
"နင်မေ့နေလို့ပါ။ ငါသူ့ကို သေဟန်ဆောင်ပညာသင်ပေးခဲ့တာလေ။ အဲဒီ့တုန်းက သူသိပ်မကျွမ်းကျင်ဘူး။ မီးရှို့ခံရတဲ့အချိန် သူဆက်တိုက်အော်ဟစ်နေခဲ့ရတာ"
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ ဆက်မပြောပါနဲ့တော့"
လုယန် နတ်မယ်နောက်ကြောင်းပြန်သည့်စကားကို အမြန်ဖြတ်ပြောလိုက်သည်။
ထိုစကားများသည် တစ်ခြားလူများရှေ့တွင် သိပ်ပြော၍ကောင်းသည်မဟုတ်။
နတ်မယ်က တင်ပါးပေါ်လက်နှစ်ဘက်တင်၍ အတော်ဂုဏ်ယူနေသည်။
"ငါ့ရဲ့သေဟန်ဆောင်ပညာက အေးခဲပညာလို သာမန်ကာလျှံကာပညာတွေထက် အများကြီးပိုစိတ်ချရတယ်။ အေးခဲတယ်ဆိုတာက အချိန်ကို နှေးအောင်၊ သက်တမ်းလျော့ပါးမှုနှေးသွားအောင် လုပ်တာပဲ။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် အသက်ဓာတ်တွေကတော့ ယိုစိမ့်နေဦးမှာ။
ကံမကောင်းလို့ အိပ်ချိန်လွန်ပြီး သေသွားရင် ဘယ်လိုလုပ်မလဲ။ တိကျန်းဘိုးဘေးကိုပဲ ဥပမာကြည့်လေ။ သူ့ကိုယ်သူ မအေးခဲခင်က သက်တမ်းခုနစ်ထောင်ရှစ်ထောင်လောက်ရှိတယ်။ အခုသူနိုးလာတော့ သက်တမ်းနှစ်ထောင်သုံးထောင်လောက်ပဲ ကျန်တော့တယ်။
ဒါပေမယ့် သေဟန်ဆောင်ပညာ အသက်သွင်းလိုက်တာနဲ့ တကယ်သေသလိုဖြစ်သွားတယ်။ အသက်ဓာတ်ယိုစိမ့်ထွက်မှာ လုံးဝစိုးရိမ်စရာမလိုဘူး။ သေတဲ့အခြေအနေမျိုးမှာ အသက်ဓာတ်က ဘယ်လိုယိုစိမ့်ထွက်မှာလဲ။ လမ်းဖမ်ပါ၊ ငါသူ့ကို ပြန်အသက်သွင်းပေးမယ်"
လုယန် ဘေးဖယ်၍ရပ်နေသည်။
ထိုအရာမျိုးသည် ရွှေသန္ဓေအဆင့်တစ်ယောက် တတ်နိုင်သည့်ကိစ္စမဟုတ်။
နတ်မယ် လက်ချောင်းကိုဆန့်လိုက်သည်။ လက်ချောင်းထိပ်မှ ထူးဆန်းသည့်စွမ်းအင်များ ထိုးထွက်လာသည်။
အဆုံးစမဲ့တာအိုပုံစံများ ပေါ်လာသည်။ သူ့ဦးခေါင်းထက်တွင် စုစည်း၍ အချင်းချင်းတိုက်မိသည်။ စူးရှသည့်အလင်းရောင်ထွက်ပေါ်လာသဖြင့် လုယန် မျက်လုံးမှေးလိုက်ရသည်။
စွမ်းအင်စီးကြောင်းတစ်ခုပေါ်လာသည်။ သူ့လက်ချောင်းထိပ်သို့ ပြန်စီးဝင်သွားသည်။
သူ့လက်ညှိုးဖြင့် ကျန်းလျန်ယိနဖူးကို အသာထိလိုက်သည်။ စွမ်းအင်လှိုင်းများ ဘေးသို့တုန်ခါပျံ့နှံ့သွားသည်။ ကုတင်ဘေးတွင် ဝန်းရံနေသည့်အလင်းခန်းဆီးများ ဘေးသို့ယိမးယိုင်သွားသည်။ ကျောက်စားပွဲ၊ ကျောက်စိမ်းကုလားထိုင်၊ ကြေးမှုန်မှန်များ အနည်းငယ်တုန်ခါသည်။
စွမ်းအင်လှိုင်းမျာကြားတွင် သေခြင်းနှင့်ရှင်ခြင်းရနံ့နှစ်ခုလုံးကို လုယန်ရလိုက်သည်။
သေချာပြန်သုံးသပ်ကြည့်သည်။ ထိုဖြစ်စဉ်အတော်ထူးဆန်းသည်ဟု လုယန်ထင်မိသည်။ သူဘာမှခွဲခြားနားမလည်။
ကျန်းလျန်ယိမျက်နှာ ဖြူရော်နေရာမှ အနီရောင်သန်းလာသည်။ ပါးနှစ်ဘက်က သက်ရှိလူတစ်ယောက်လို နီရဲလာသည်။
မျက်တောင်ရှည်များက နိုးထလာတော့မည်ဟန်ဖြင့် တုန်ခါလာသည်။
"အင်း..."
ကျန်းလျန်ယိ တစ်ချက်ညည်းညူသည်။ လွတ်လပ်ပေါ့ပါးသည့်အသွင်ကိုဆောင်သည်။ နတ်မယ်နိုးထလာစဉ်ကလိုပင်ဖြစ်သည်။
ကျန်းလျန်ယိပြန်ရှင်သန်လာသည်နှင့် စတုတ္ထအလွှာတစ်ခုလုံး အသက်ဝင်လာသည်။
စားပွဲ၊ ထိုင်ခုံများ၊ မှန်များ စည်းချက်ကျကျတုန်ခါလာသည်။
နံရံတွင်ချိတ်ထားသည့် ကျောက်စိမ်းပုလွေလည်း သူ့သခင်နိုးထလာသည်ကို အောင်ပွဲခံနေဟန်ဖြင့် သာယာသည့်သံစဉ်တစ်ခုကို စတင်တီးမှုတ်နေသည်။
ကျန်လျန်ယိ ကုတင်ပေါ်ထထိုင်သည်။ သူ့ဦးခေါင်းများ လေးလံနေသည်။
အချိန်ကြာမြင့်စွာ အိပ်စက်ခဲ့ရသလို ခံစားရသည်။ အချိန်ကြာလွန်းသဖြင့် နှစ်ထောင်ပေါင်းများစွာဖြင့် တိုင်းတာရမည်ထင်သည်။ မှတ်ဉာဏ်များက နည်းနည်းဝေဝါနေသည်။ သူ့စိတ်ထဲမှ အကြောင်းအရာများကို သူပြန်ဆန်းစစ်နေသည်။
ဘေးပတ်လည်ကိုသူကြည့်သည်။ သူဘာကြောင့် ဤနေရာတွင်အိပ်နေခဲ့သည်၊ ဘာကြောင့်သူနိုးထလာသည်ဆိုသည့်အကြောင်းများ သူရုတ်တရက် စဉ်းစားမရ။
ခေါင်းလှည့်ကြည့်ချိန်တွင် သူ့ထက်ပင်ပိုလှသည့်မျက်နှာတစ်ခုက သူ့အပေါ်ဝဲကျနေသည်ကို မြင်လိုက်ရသည်။
"လျန်ယိ၊ မင်းနိုးလာပြီလား"
နတ်မယ်ကုတင်အစွန်းတစ်ဘက်မှ တက်ပြီး ကျန်းလျန်ယိနားကပ်သွားသည်။ ကျန်းလျန်ယိအတော်ကြောက်သွားသည်။
သူ့အမူအရာကိုကြည့်၍ နတ်မယ် သဘောကျစွာပြံဒးလိုက်သည်။ သူ့မျက်လုံးများ အရောင်တောက်လာသည်။
"ရှင်ဘယ်သူလဲ"
ကျန်းလျန်ယိက နတ်မယ်ကို ဇဝေဇဝါ စိုက်ကြည့်နေသည်။
မည်သို့ဆိုစေ သူသည် မသေမျိုးတစ်ဝက်ဖြစ်သည်။ သို့သော် သူ့အနားသို့ လူတစ်ယောက်ချဉ်းကပ်လာသည်ကို အာရုံမခံနိုင်။
"နင်ငါ့ကိုမမှတ်မိဘူးပေါ့။ ငါက ပဲဝါလေ။ ထာဝရနတ်မယ်ပဲဝါပါ"
နတ်မယ် စိတ်အားထက်သန်စွာ မိတ်ဆက်သည်။
ကျန်းလျန်ယိ ပုံမှန်ဆို အတော်သတိရှိသူဖြစ်သည်။ သို့သော် ရုတ်တရက်ပေါ်လာသည့် ဤမိန်းကလေးအပေါ် သတိဝီရိယထားသည့်စိတ်မျိုး လုံးဝသွင်းမရ။
ကျန်းလျန်ဘိပါးနှစ်ဘက်မှ မျက်ရည်စီးကြောင်းနှစ်ခု ကျဆင်းလာသည်။
လက်ကောက်ဝတ်ဖြင့် မျက်ရည်သုတ်သည်။ သို့သော် မျက်ရည်များက အဆက်မပြတ်ကျဆင်းနေသည်။ ရပ်၍မရ။
သူငိုနေသော်လည်း သူစိတ်ထဲတွင် ထူးဆန်းသည့်အပျော်စိတ်တစ်မျိုး ရှိနေသည်။
"ထူးဆန်းတယ်၊ ငါဘာလို့ငိုနေတာလဲ"
*********************************