ဓားခုနစ်လက်
Vol. 40 Ch. 598
"မြို့တော်သခင်၊ အောက်ကနေတင်သွင်းလာတဲ့ မြို့တော်အစီရင်ခံစာတွေပါ"
လက်ထောက်တစ်ယောက်က စာရွက်စာတမ်းတစ်ထပ်ကို အပုံနှစ်ခုခွဲ၍ မြို့တော်သခင်၏စားပွဲပေါ်တင်ပေးသည်။
မြို့တော်သခင်သည် ရှားရှားပါးပါး မိန်းမတစ်ယောက်ဖြစ်သည်။ အသွင်အပြင်ထူးကဲသည်။ ဘယ်သူမှသူ့ကို မေးခွန်းမထုတ်ရဲ။ သူ့ရုပ်ရည်အပေါ် မှတ်ချက်မပေးရဲ။
ယောက်ျားအများစု ရှိသည့်မြို့တော်တစ်ခုတွင် မြို့တော်သခင်အဖြစ် ထမ်းဆောင်နိုင်ခြင်းသည် သူ့ကျင့်စဉ်စွမ်းအားကို သက်သေခံနေခြင်းပင်ဖြစ်သည်။
"သုံးရက်ကြာပြီ။ အပေါ်ကလူ ဆင်းမလာသေးပါလား"
လော်ဟုန် တတိယအလွှာ မြို့တော်သခင်အိမ်ယာခန်းမထဲတွင်ထိုင်၍ မြို့တော်သခင်တာဝန်ကို ထမ်းဆောင်နေသည်။
မြို့တော်ကိစ္စများကို ကိုင်တွယ်ပြီးနောက် စတုတ္ထအလွှာရှိရာ ကောင်းကင်ဆီသို့ မော့ကြည့်လိုက်သည်။
ရုတ်တရက် အက်ကြောင်းတစ်ခုပေါ်လာသည်။ အက်ကြောင်းထဲမှ လူသုံးယောက်ပေါ်လာသည်။ ဖျတ်ခနဲ အရော်တစ်ချက်လင်းလက်ပြီးနောက် မြို့တော်သခင်ခန်းမထဲသို့ ရောက်လာသည်။
"အကြီးအကဲလော်ဟုန်၊ ကျုပ်တို့ထပ်တွေ့ကြပြန်ပြီနော်"
လုယန် ပြုံး၍နှုတ်ဆက်သည်။
လော်ဟုန် "..."
မင်းတက်သွားတုန်းက တစ်ယောက်တည်းပါ။ ပြန်ဆင်းလာတော့ ဘာလို့သုံးယောက်ဖြစ်နေတာလဲ။
လုယန်နောက်မှ လူနှစ်ယောက်၏စွမ်းအားက အလွန်နက်ရှိုင်းပြီးကြောက်စရာကောင်းသည်ကို သူခံစားမိသည်။
လျှို့ဝှက်မြေ၏ ဝိညာဉ်အနေဖြင့် လော်ဟုန်သည် လျှို့ဝှက်မြေ၏စွမ်းအင်အားလုံးကို ကိုင်စွဲထားသည်။
ရတနာအရေအတွက်လည်း များစွာရှိသည်။ နတ်ဆိုးနယ်မြေ၏ ဘယ်ပါရမီရှင်မှ လျှို့ဝှက်မြေသို့ အတင်းဝင်ရောက်ဖို့ မကြိုးစားရဲ။ လော်ဟုန်ကိုင်ထားသည့်စွမ်းအား၏ ကြောက်စရာကောင်းပုံကို ဖော်ညွှန်းနေသည်။
သို့တိုင်အောင် ယခု လုယန်နောက်မှ လူနှစ်ယောက်ကို သူမယှဉ်နိုင်ဟု ခံစားနေရသည်။
ဝတ်ရုံနီမိန်းမအပေါ် ကြည်ညိုလေးစားသည့်ခံစားချက်မျိုးပင် ပေါ်နေသည်။
"သခင်မကို လော်ဟုန် ဂါရဝပြုပါတယ်"
လော်ဟုန် ကျန်းလျန်ယိရှေ့တွင် ချက်ချင်းဒူးထောက်အရိုအသေပြုလိုက်သည်။
"နေပါဦး၊ မင်းကဘယ်သူလဲ"
ကျန်းလျန်ယိ ဘေးသို့ဖယ်သွားသည်။ အကြောင်းမရှိဘဲ တစ်ခြားလူများ အရိုအသေပေးသည့်ကို သူမခံယူလို။
"ကျွန်မက ဒီလျှို့ဝှက်မြေသခင်ဖန်တီးထားတဲ့ ဝိညာဉ်ပါ"
"မင်းသခင်က ဘယ်သူလဲ"
"ရှီဟဲပါ၊ ကျွန်သခင်က သူ့ကို ချီလင်မသေမျိုးလို့ခေါ်ဖို့ ပြောပါတယ်"
ရှီဟဲသည် ချီလင်၏နာမည်ရင်းဖြစ်သည်။
"သခင်က ဒီလျှို့ဝှက်မြေကို ဖန်တီးခဲ့တယ်။ တတိယအလွှာမှာ မေးခွန်းအားလုံးဖြေနိုင်တဲ့လူရှိရင် စတုတ္ထအလွှာကိုလွှတ်ပေးဖို့ ပြောပါတယ်။
စတုတ္ထအလွှာက သခင်မရဲ့နေရာပါ။ သခင်မပေါ်လာတာနဲ့ ကျွန်မအပါအဝင် လျှို့ဝှက်မြေထဲက အရာအားလုံးကို သခင်မပိုင်တယ်လို့ပြောပါတယ်"
နူးညံ့သည့် မသေမျိုးတံဆိပ်တစ်ခု လော်ဟုန်၏နဖူးပြင်တွင် ပေါ်လာသည်။
တံဆိပ်ကို လေးလေးစားစားကိုင်၍ ကျန်းလျန်ယိကိုပေးအပ်သည်။
"ဟုတ်တယ်၊ ဒါ ငါ့ယောက်ျားချန်ခဲ့တဲ့ တံဆိပ်ပဲ"
တံဆိပ်ကို ကျန်းလျန်ယိ လက်ခံသည်။ လျှို့ဝှက်မြေတံဆိပ်သည် လျှို့ဝှက်မြေထဲမှ အရာအားလုံးကို ထိန်းချုပ်နိုင်သည်။
ချက်ချင်းဆိုသလိုပင် လျှို့ဝှက်မြေ၏ ဖွဲ့စည်းတည်ဆောက်ပုံကို ကျန်းလျန်ယိအာရုံခံမိသည်။ အတွေးတစ်ချက်ဖြင့် လော်ဟုန်ကို အရာအားလုံးလုပ်ခိုင်းနိုင်သည်။
လျှို့ဝှက်မြေ၏ ရတနာတိုက်ကိုလည်း သူအချိန်မရွေးဖွင့်နိုင်သည်။
လက်တစ်ချက် အသာဝှေ့ယမ်းလျက် လေဟာနယ်တစ်ခု ထိုးခွဲလိုက်သည်။ ရတနာပုံတစ်ခုပေါ်လာသည်။
ထိုရတနာများသည် နတ်ဆိုးနယ်မြေ စွမ်းအားမြင့်ပါရမီရှင်များ မက်မောကြမည့်အရာများဖြစ်သည်။ သို့သော် ကျန်းလျန်ယိအမြင်တွင် သိပ်ထူးခြားမှုမရှိ။
"မင်းတစ်ခုခုလိုအပ်တာရှိလား"
ကျန်းလျန်ယိက လုယန်ကိုလှည့်မေးသည်။ လုယန်လိုချင်လျှင် ထိုရတနာအားလုံး သူပေးနိုင်သည်။
လုယန် အခက်တွေ့သွားသည်။
ထိုရတနာများ တန်ဖိုးကြီးသည်မှာ သံသယဖြစ်စရာအကြောင်းမရှိ။ သို့သော် သူငွေမရှား။ ဝိညာဉ်ကျောက်လည်းမလို။ မှော်ရနာနှင့်ပတ်သက်လာလျှင် ချင်ဖုန်းဓားလောက် ဘယ်ဟာမှတန်ဖိုးကြီးမည်မထင်။
ထို့ပြင် ကျမ်းစာတိုက်ရှိသည်။ အမယွမ်ရှိသည်။ နတ်ဆိုးနယ်မြေအဆင့်မြင့်ပုဂ္ဂိုလ်များပင်မသိသည့် အတွေ့အကြုံများကို သူလေ့လာသင်ယူနိုင်သည်။
"နတ်ဆိုးပါရမီရှင်တစ်ယောက်ကို ကျင့်စဉ်အဆင့်ကြီးတစ်ခု ခုန်တက်စေပြီး ဘေးထွက်ဆိုးကြိုးမရှိတဲ့ မသေမျိုးဆေးပင်တစ်ခုရှိတယ်လို့ ကျုပ်ကြားတယ်"
ကျန်းလျန်ယိ လက်ဆန့်လိုက်သည်။ လေဟာနယ်အဝေးဆီသို့ လက်လှမ်းသည်။ ဒုတိယအလွှာမှ တောက်ပသည့်အရွက်ခုနစ်ရွက်ရှိသည့် ဝိညာဉ်မြက်တစ်ပင်ကို ကောက်ယူလိုက်သည်။
"ဒီခုနစ်စဉ်ကြယ်လဖမ်းမြက်ကိုပြောတာလား။ ဒီဆေးပင်ပေါက်ရောက်ဖို့ ပတ်ဝန်းကျင်လိုအပ်ချက်တွေ အရမ်းများတယ်။ ကျင့်စဉ်အဆင့်ကြီးတစ်ခု တိုးတက်စေတာအမှန်ပဲ။ ဥပမာ ရွှေသန္ဓေနောက်ဆုံးအဆင့်လူကို နတ်ဝိညာဉ်နောက်ဆုံးအဆင့် ရောက်သွားစေနိုင်တယ်။ ဒါပေမယ့် မသေမျိုးဆေးပင်လို့ခေါ်တာတော့ နည်းနည်းချဲ့ကားလွန်းရာကျတယ်။
ဒီဆေးပင်ကိုစားလိုက်တဲ့လူဟာ ကူးဖြတ်ခြင်းအဆင့်ကို မရောက်နိုင်တော့ဘူး"
"ဒါဆိုရင် နေပါစေတော့"
ကျင့်စဉ်လမ်းသည် စနစ်တကျ တစ်ဆင့်ချင်းသွားသင့်သည်ဟု လုယန်ယုံကြည်သည်။ သူစိတ်မလောပါ။
ကျန်းလျန်ယိက မြက်ပင်ကို မြေပေါ်တွင် ပြန်စိုက်ထားလိုက်သည်။
"ဓားစက်ဝန်းတစ်ခုလုပ်ဖို့ ဓားနည်းနည်းလောက်ရွေးလို့ရမလား"
လုယန် မေးလိုက်သည်။
"ရပါတယ်"
ကျန်းလျန်ယိ လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်။ မတူကွဲပြားသည့် ဓားခုနစ်လက် ရတနာပုံထဲမှပျံထွက်လာသည်။ အေးစိမ့်သည့်စွမ်းအင်ရောင်ကိုယ်စီ ထုတ်လွှတ်နေသည်။
"အခု ဒီဓားခုနစ်လက်က မင်းအပိုင်ပဲ"
ဤလျှို့ဝှက်မြေမှ ဓားအားလုံး တိုးတက်မြင့်မားနိုင်သည့်မှော်လက်နက်များချည်းဖြစ်သည်။
ဓားများ၏နာမည်များကို လက်ကိုင်ရိုးတွင် ရေးထွင်းထားသည်။ ထန်ရှု၊ ထန်ရွှမ်၊ ထန်ကျိ...
ရတနာများနှင့်အရင်းနှီးဆုံးဖြစ်သည့် လော်ဟုန်က ရှင်းပြသည်။
"ဒီနာမည်တွေက ရှေးဟောင်းခေတ်မြောက်ဘက်ကြယ်ရဲ့ ကြယ်ခုနစ်လုံးနာမည်တွေကို ယူထားတာ။ ဒီဓားခုနစ်လက်ကို ခုနစ်စဉ်ကြယ်ဓားစက်ဝန်းလို့ခေါ်တယ်"
ဓားတစ်ချောင်းစီ၏အထက်တွင် 'နှစ်'ဟူသည့် နံပတ်တစ်ခု ဝဲပျံနေသည်။
"ပစ္စည်းကောင်းပဲ"
အဖိုးတန်ဓားခုနစ်လက်ရလိုက်သဖြင့် လုယန် အတော်ပျော်ရွှင်သွားသည်။
"ပိုင်ဆိုင်မှုကို ဘယ်လိုကြေညာရမှာလဲ။ သွေးစတေးပြီး အသိအမှတ်ပြုရမှာလား"
"အဲလောက်မလွယ်ဘူး"
လော်ဟုန်က အလေးအနက်လေသံဖြင့်ပြောသည်။
"ဒီဓားခုနစ်လက်မှာ ဝိညာဉ်ရှိတယ်။ ဒီဓားတွေကို သိမ်းပိုက်ချင်ရင် ခန္ဓာကိုယ်၊ စိတ်နှလုံးနဲ့ သွေးကိုသုံးပြီး သူတို့ကို မွေးမြူရတယ်။
တစ်လကနေ တစ်နှစ်ထိကြာနိုင်တဲ့ အလုပ်ပဲ"
လော်ဟုန်စကားကို အတည်ပြုနေဟန်ဖြင့် ခုနစ်စဉ်ကြယ်ဓားစက်ဝန်းမှ ဓားအော်သံများပေါ်လာသည်။
ဓားကျင့်ကြံသူတို့သည် မာနရှိသည်။ သူတို့ဓားမျာသည်လည်း ကိုယ်ပိုင်မာနရှိသည်။ လူတိုင်းထိုဓားများကို ကိုင်နိုင်သည်မဟုတ်။
သူတို့မွေးဖွားကတည်းက သူတို့ကိုအသုံးပြုဖို့ စည်းမျဉ်းသုံးခုသတ်မှတ်ထားသည်။
ပြိုင်ဘက်ကင်းဓားကျင့်ကြံသူဖြစ်ရမည်။ ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်ရမည်။ ဖြူစင်သည့်ဓားနှလုံးရှိရမည်။
ခုနစ်စဉ်ကြယ်ဓားများသည် အသိဉာဏ်ပညာမဖွံ့ဖြိုးသေးသော်လည်း ဝိညာဉ်သိစိတ်ရှိသည်။
နတ်မယ်ရှေ့တက်သွားပြီး ဓားအော်သံအကျယ်လောင်ဆုံးထွက်နေသည့်နေရာကို ခပ်ဆတ်ဆတ်ရိုက်လိုက်သည်။ ဓားခုနစ်လက် ငြိမ်ကျသွားသည်။ နတ်မယ်က လုယန်ကို လက်ညှိုးထိုးပြ၍
"အခုချိန်ကစပြီး နင်တို့သူ့နောက်ကိုလိုက်ရမယ်၊ ငါပြောတာကြားလား"
ဓားခုနစ်လက်ထံမှ တုန်ရင်နေသည့်ဓားအော်သံများ ပေါ်လာသည်။
သာမန်ရိုက်ချက်ဟုထင်ရသည့် ရိုက်ချက်များက အမှန်တော့ ဝိညာဉ်ကိုပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်။ နတ်မယ်အလိုရှိလျှင် သူတို့သိစိတ်ဝိညာဉ်ကို သုံးလေးချက်ရိုက်၍ ဖျက်ဆီးပစ်နိုင်သည်။
ထို့နောက်တွင် ဓားခုနစ်လက်က လုယန်ဘေးသို့ ပျံသန်းသွားပြီး အတင်းပွတ်သီးပွတ်သပ်လုပ်နေသည်။
လုယန် အမြန်ရှောင်တိမ်းလိုက်သည်။
မွှေးပွယုန်လေးတစ်ကောင် ပွတ်သီးပွတ်သက်လုပ်သည်ဆိုလျှင် ကိစ္စမရှိ။ ယခု ဓားခုနစ်လက်ပွတ်သပ်နေခြင်းဖြစ်သည်။ မတော်တဆသေသွားနိုင်သည်။
လုယန်က ရှေ့မှပြေးသည်။ ဓားခုနစ်လက်က နောက်မှလိုက်သည်။
နောက်ဆုံးတွင် ကျောက်စိမ်းတံဆိပ်ထဲသို့ ဓားများကို လုယန်ထည့်သိမ်းလိုက်သည်။ အခြေအနေတည်ငြိမ်သွားသည်။
ထို့နောက် ကျန်းလျန်ယိက လော်ဟုန်ကိုလှည့်ပြောသည်။
"လျှို့ဝှက်မြေမှာ မင်းထမ်းဆောင်လုပ်နေကျတာဝန်တွေကို ဆက်ပြီးထမ်းဆောင်ပါ။ ဘာမှအပြောင်းအလဲမရှိဘူး"
"ဟုတ်ကဲ့"
"ပြီးတော့၊ ငါနဲ့မသေမျိုးအမအကြောင်း တစ်ခြားလူတွေကို လျှောက်မပြောနဲ့"
"နားလည်ပါပြီ"
စတုတ္ထအလွှာမှထွက်လာချိန်တွင် နတ်မယ်က သူ့အကြောင်း အပြင်လောကတွင် ထုတ်မပြောဖို့နှင့် နောက်ကွယ်မှတရားခံသိသွားနိုင်ကြောင်း သတိပေးခဲ့သည်။
"သွားစို့၊ ကျင့်ကြံသူလောကကြီး အခုဘယ်လိုဖြစ်နေလဲဆိုတာ ကြည့်ဖို့အချိန်တန်ပြီ"
နှစ်သုံးသိန်းကုန်လွန်ခဲ့သည်။ မိတ်ဆွေဟောင်းများ မရှိတော့မည်ကိုစိုးသည်။ အရာအားလုံးက အရင်လိုမဟုတ်တော့။
"မိတ်ဆွေဟောင်းဆိုလို့ အခုရက်ပိုင်း တစ်ယောက်ပေါ်လာတယ်"
လုယန် မေးကိုပွတ်နေရင်းပြောသည်။
နတ်မယ်ကလည်း သိစိတ်နယ်မြေသို့ ပြန်ဝင်သွားပြီဖြစ်သည်။
"ဘယ်သူလဲ"
"တိကျန်းဘိုးဘေးလေ။ ရှေးဟောင်းခေတ်ကတည်းက သူအိပ်ပျော်နေခဲ့တာ။ နိုးထလာပြီးတော့ နတ်ဆိုးနယ်မြေကို စုစည်းပြီး နတ်ဆိုးနယ်မြေတည်ထောင်ဖို့ စီစဉ်နေတယ်။
ဒီကနေထွက်ရင် သူ့ရဲ့နိုင်ငံတည်အခမ်းနားပွဲတက်ဖို့ အချိန်ကိုက်ပဲဖြစ်လောက်တယ်"
ကျန်းလျန်ယိ ခဏကြောင်နေသည်။ တိကျန်းဘိုးဘေးဟု လုယန်ပြောနေသည့်သူကို ရုတ်တရက် သူစဉ်းစားမရ။
ခေတ်ကာလများက တကယ်ပြောင်းလဲခဲ့ပြီဖြစ်သည်။
"သူက နတ်ဆိုးနိုင်ငံတစ်ခု တည်ထောင်နိုင်တယ်ပေါ့။ အတော်စွမ်းအားကြီးလာတာလား"
"ခင်ဗျားနဲ့ဆွေးနွေးချင်တဲ့ နောက်ကိစ္စတစ်ခုရှိသေးတယ်"
"မင်းက မသေမျိုးအမကို ပြန်အသက်သွင်းခဲ့တဲ့လူပါ။ ငါ့ကို အဲလောက်စကားပလ္လင်ခံနေဖို့ မလိုပါဘူး။ စိတ်ထဲရှိတာပြောပါ"
"ကောင်းကင်ရုံးတော်ဆိုတာ ခင်ဗျားကြားဖူးလား"
************************************