ကျင့်ကြံခြင်းလောက၏စွယ်စုံကျမ်း၊ အချက်အလက်ပြမျက်နှာပြင်
Vol. 2 Ch. 28
ဘုန်း…။
နောက်တစ်စက္ကန့်တွင်၊ ကျိုးစွေ့၏ အသိစိတ်ထဲတွင် ခဏတာ မူးဝေသွားသလို ခံစားလိုက်ရပြီး၊ သူ၏မျက်လုံးရှေ့တွင် သူတစ်ဦးတည်းသာ မြင်နိုင်သော မျက်နှာပြင်တစ်ခု ရုတ်တရက်ပေါ်လာသည်အား တွေ့လိုက်ရသည်။
[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - ချီသန့်စင်ခြင်း အဆင့်(၄) (တိုးတက်မှု ၃၅%)၊ သက်တမ်း - ၁၈ (နှစ်၁၂၀) ]
[ ပင်ကိုယ်ပါရမီ - အဌမအဆင့် စိတ်ဝိညာဉ်အမြစ် (၂၅%) ]
[ ဓားသိုင်းပညာ - ပထမအဆင့် အလယ်အလတ်အဆင့် (၅၅%) ]
[ အဆောင်ပညာ - ပထမအဆင့် အနိမ့်စားအဆင့် (၈၄%) ]
[ နတ်ဆိုးအသွင်ပြောင်းပညာ - ကနဦးအဆင့် (၃၀%) ]
ရုတ်တရက် အချက်အလက်များက ဆက်တိုက်ပင် ကျိုးစွေ့အရှေ့တွင် ပေါ်လာသည်။
“ဒါက စာအုပ်ကူရဲ့အစွမ်းလား..။”
ဤအချက်အလက်ပြမျက်နှာပြင်အား မြင်သေအခါ ကျိုးစွေ့ ကြောင်အသွားသည်။ ဤသည်မှာ စာအုပ်ကူ၏ စွမ်းရည်များထဲမှ တစ်ခုဖြစ်ပြီး၊ ပိုင်ရှင်၏စွမ်းရည်များအား အချက်အလက်များအဖြစ် ပြောင်းလဲပေးကာ ပိုင်ရှင်အား သူ၏ကိုယ်ပိုင်စွမ်းရည်များအား အလိုလိုသိမြင်နားလည်စေရန် ဖြစ်ကြောင်း သူချက်ချင်း သဘောပေါက်လိုက်သည်။
သိထားရမည်မှာ၊ ဤလောကရှိ အင်မော်တယ်ကျင့်ကြံသူအားလုံးသည် သူတို့တွင် မည်သည့်အဆင့်ရှိ အသိပညာရှိသည်ကို မသိကြဘဲ မရေမရာသော ခံစားချက်တစ်ခုသာ ရှိကြသည်။
သို့သော် စာအုပ်ကူ၏စွမ်းအားသည် ၎င်း၏စွမ်းရည်များအား အချက်အလက်ပုံစံဖြင့် ပြသပေးနိုင်၏။
ယင်းက ကျင့်ကြံသူများအား မိမိကိုယ်ကို ကောင်းစွာ ပိုမိုနားလည်စေသည်။ ဤကဲ့သို့သော စွမ်းရည်က မည်မျှအံ့ဩဖွယ်ကောင်းသည်အား စိတ်ကူး၍ပင်ကြည့်နိုင်ပေသည်။ ယင်းက အင်မော်တယ်ကျင့်ကြံသူများအပေါ် ကြီးမားသောအကျိုးသက်ရောက်မှုရှိသည်။
ထို့အပြင် ဤကဲ့သို့သော ကျွမ်းကျင်မှုတွင်လည်း အဆင့်များခွဲခြားထားပြီး၊ ကနဦးအဆင့်၊ ကျွမ်းကျင်အဆင့်၊ ကျွမ်းကျင်ပိုင်နိုင်မှုအဆင့်၊ အသေးစားအောင်မြင်မှုအဆင့်၊ အကြီးစားအောင်မြင်မှုအဆင်၊ မဟာဆရာသခင်အဆင့်၊ သာလွန်အဆင့်၊ စသဖြင့် ရှိကြလေသည်။ အဆင့်မြင့်လေ၊ ထုတ်လွှတ်နိုင်သော စွမ်းအားမှာ သဘာဝအတိုင်း ပိုမိုအားကောင်းလေဖြစ်သည်။
“ငါ့ရဲ့ ဓားသိုင်းပညာက တကယ်ပဲ ပထမအဆင့် အလယ်အလတ်အဆင့်ကို ရောက်သွားတာလား။ အဆောင်ပညာကလည်း ပထမအဆင့် အနိမ့်စားအဆင့်ကို ရောက်သွားပြီလား။ ဘယ်တုံးက ဘယ်လိုဖြစ်သွားတာတုံး။ ဒါတွေကို ငါ သိပ်မလေ့လာဖူးပါဘူး။”
“မဟုတ်မှလွဲရော၊ တူနှစ်ကိုယ်ကျင့်စဉ်။ ဒါ တူနှစ်ကိုယ်ကျင့်ကြံတုံးက လက်တွဲဖော်တွေဆီက ရခဲ့တဲ့ အသိပညာတွေပဲ။”
“သတိမထားလိုက်မိခင်တင် ကျွမ်းကျင်မှုတွေ ဒီလောက်များများ ငါကျွမ်းကျင်သွားမယ်လို့ မထင်ထားမိခဲ့ဘူး။”
“မီးခိုးရောင်လေစီးကြောင်းရဲ့အစွမ်းက ငါ့ရဲ့နားလည်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်တယ်။ ဒါက စာအုပ်ကူရဲ့ စွမ်းရည်တွေထဲက တစ်ခုပဲ။”
“စာအုပ်တွေ များများ ဝါးမျိုလေ၊ အဲ့ဒီစာအုပ်တွေက ပိုပြီးတန်ဖိုးရှိမယ်ဆိုရင် ငါ နားလည်နိုင်စွမ်းတွေ ပိုရလေ ဖြစ်မှာပဲ။”
ကျိုးစွေ့ မေးစေ့ပွတ်လိုက်သည်။ ကျွမ်းကျင်မှုများစွာအား သူမည်မျှကျွမ်းကျင်နေသည်အား ဤသို့ ရှင်းလင်းစွာ ခံစားနိုင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။ သူသည် အဆင့်နိမ့် အင်မော်တယ်ကျင့်ကြံသူတစ်ဦး မဟုတ်တော့သည်မှာ ထင်ရှားလေသည်။
ထိုအခိုက်အတန့်တွင် စာအုပ်ကူ၏အစွမ်းအား သူနားလည်လိုက်သည်။ ၎င်းသည် စာအုပ်များကို ဝါးမျိုးခြင်းဖြင့် ကျွမ်းကျင်မှုအမျိုးမျိုးကို သင်ယူနိုင်သည့် အပြည့်စုံဆုံးသော အထောက်အကူပြုအမျိုးအစား ကူဖြစ်သည်။
ဥပမာအားဖြင့်၊ အဆောင်ပညာရပ်စာအုပ်များအား ဝါးမျိုခြင်းဖြင့် သူသည် အဆောင်ပညာရပ်၏အသိပညာများအား သင်ယူနိုင်သည်။
မန္တန်စာအုပ်များကို ဝါးမျိုခြင်းဖြင့် သူသည် မန္တန်အမျိုးမျိုးအား သင်ယူနိုင်သည်။
အကယ်၍ ဆေးဖော်ပညာရပ်စာအုပ်များအား ဝါးမျိုပါက ဆေးဖော်နည်းစနစ်အမျိုးမျိုးအား သင်ယူနိုင်သည်။
အလွယ်ပြောရလျှင်၊ စာအုပ်ကူသည် စာအုပ်အမျိုးမျိုးအား ဝါးမျိုခြင်းဖြင့် လျင်မြန်စွာသင်ယူနိုင်သော အံ့ဖွယ်ကူတစ်မျိုး ဖြစ်သည်။
ထိုစာအုပ်များအား ဝါးမျိုနေစဉ်မှာပင်၊ စာအုပ်ကူကောင်သည် ထိုစာအုပ်များမှ ကျန်ရစ်ခဲ့သော ထူးခြားသည့်အရှိန်အဝါကိုလည်း ဝါးမျိုနိုင်၏။ ထို့နောက် ထိုထူးခြားသောအရှိန်အဝါများအား နားလည်နိုင်စွမ်းအဖြစ်သို့ ပြောင်းလဲပေးသည်။
ဤသို့ဖြင့် ပိုင်ရှင်၏နားလည်နိုင်စွမ်းအား အချိန်တိုအတွင်း တိုးမြှင့်ပေးကာ၊ ပိုင်ရှင်အား ဓာတ်ပုံရိုက်မှာတ်ဉာဏ်နှင့် ဆင်ခြင်နားလည်နိုင်စွမ်း တိုးလာစေရန် ကူညီပေးသည်။ ပိုင်ရှင်၏သင်ယူမှုစွမ်းရည်သည် ဆယ်ဆ၊ သို့မဟုတ် အဆတစ်ရာထိပင် တိုးလာစေမည် ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော်၊ စာအုပ်ကူကောင်အား လျင်မြန်စွာကြီးထွားလာ၍ ပိုမိုကူညီပေးနိုင်ရန် စာအုပ်အမျိုးမျိုးအား ရှာဖွေပေးရန် လိုအပ်ပေသည်။
“လောကကြီးမှာ ဒီလိုမျိုး အံ့ဖွယ်ကူကောင်မျိုး ရှိနေသေးတာပဲ။ ဒီစာအုပ်ကူကို ရပြီးတဲ့နောက် ငါ ကျင့်ကြံမှုအပေါ် ကြိုးစားပမ်းစား လုပ်နေစရာမလိုတော့ဘူး။ စာအုပ်ကူကောင်ရဲ့စွမ်းအားကို သုံးပြီး၊ ဒီစာအုပ်တွေကို ဝါးမျိုလိုက်ရင် ငါ အရာအားလုံးကို သင်ယူပြီးသား ဖြစ်သွားမှာပဲ။”
ကျိုးစွေ့ အလွန်စိတ်လှုပ်ရှားသွား၏။
စာအုပ်ကူအား သန့်စင်ပြီးနောက် သူ၏သင်ယူနိုင်စွမ်းက လွန်စွာတိုးတက်လာတော့မည်မှာ သံသယဖြစ်စရာမလိုပေ။
သာမန်လူများသည် ကျွမ်းကျင်မှုတစ်ခုကို ကျင့်ကြံရန် ဆယ်စုနှစ်များစွာ၊ သို့မဟုတ် ရာစုနှစ်များစွာပင် လိုအပ်သည်။ သို့သော် သူ့အတွက်မူ၊ ထိုအကြောင်းအရာစာအုပ်အား ဝါးမျိုလိုက်ရုံပင်။ ထိုအကျိုးသက်ရောက်မှုက နတ်ဘုရားမှတ်ဉာဏ်ဟုပင် တင်စားနိုင်ပေသည်။
သာမန်ကျင့်ကြံသူများသည် ကျွမ်းကျင်မှုတစ်ခုတည်းကိုသာ အထူးပြုနိုင်သော်လည်း၊ သူကမူ ကျွမ်းကျင်မှုရာပေါင်းများစွာအား ကျွမ်းကျင်နိုင်ပြီး စွယ်စုံရပါရမီရှင်တစ်ဦး ဖြစ်လာနိုင်ပေသည်။
စာအုပ်အလုံအလောက် စုဆောင်းနိုင်သရွေ့၊ သူသည် ကျင့်ကြံခြင်းလောက၏ စွယ်စုံကျမ်းတစ်အုပ် ဖြစ်လာပေမည်။
ထိုသို့စဉ်းစားမိသောအခါ ကျိုးစွေ့သည် တုံ့ဆိုင်းမနေတော့ဘဲ သူရှိသမျှ စာအုပ်များနှင့် ကျောက်စိမ်းပြားများစွာအား ချက်ချင်းထုတ်ယူလိုက်သည်။ ဤအရာအားလုံးသည် မီယွင်နတ်ဆိုးသုံးဖော်၏ အလောင်းများထံမှ ရရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၎င်းတို့အားလုံးအား စာအုပ်ကူအား ပေးလိုက်လေသည်။
ဂျွတ်…၊ဂျွတ်…။
စာအုပ်များ၏အနံ့အား အာရုံခံမိပြီးနောက် စာအုပ်ကူက အလွန်စိတ်လှုပ်ရှားသွားသည်။ အရသာရှိသောအစာအား အနံ့ခံမိသကဲ့သို့ စာအုပ်များပေါ်သို့ ချက်ချင်းပင် ခုန်အုပ်လိုက်တော့သည်။
ချက်ချင်းဆိုသလို စာအုပ်တစ်အုပ်ပြီးတစ်အုပ် လျင်မြန်စွာ သူ့အပိုင် ဖြစ်လာလေသည်။
သူ၏သိစိတ်ပင်လယ်ထဲသို့ သတင်းအချက်အလက်များစွာ စီးဝင်လာသည်ကိုလည်း ခံစားလိုက်ရသည်။ ၎င်းသည် သူ့၏ဝိညာဉ်ထဲတွင် စွဲမြဲစွာခတ်နှိပ်လိုက်သကဲ့သိုဖြစ်ပြီး၊ ဤစာအုပ်များအား ဆယ်စုနှစ်များစွာ ကျွမ်းကျင်ခဲ့သလို ဖြစ်သွားလေသည်။
ဤခံစားချက်သည် မယုံနိုင်လောက်အောင် စိတ်ကူးယဉ်ဆန်လှပေသည်။
“ဟင်၊ စာအုပ်သုံးအုပ်ပဲ စားရသေးတာကို ဗိုက်ပြည့်သွားပြီလား..။”
ထိုအချိန်တွင် ကျိုးစွေ့၏မျက်လုံးများက ပုတ်ခတ်၊ပုတ်ခတ် ဖြစ်သွားသည်။ သူသည် စာအုပ်ကူက ဤစာအုပ်အားလုံးအား တစ်ကြိမ်တည်းနှင့် စားနိုင်မည်ဟု ထင်ထားခဲ့သော်လည်း၊ သုံးအုပ်သာစားပြီးနောက် ၎င်းက လေချဉ်တက်လိုက်ပြီး ဆက်လက်မစားနိုင်တော့ကြောင်း အမူအရာပြသနေလေ၏။
သိသာစွာပင်၊ မွေးကင်းစ စာအုပ်ကူသည် တစ်နေ့လျှင် အကန့်အသတ်ရှိသော စာအုပ်အရေအတွက်ကိုသာ ဝါးမျိုနိုင်ပေသည်။
စာအုပ်ကူကောင် ပိုမိုကြီးထားလာမှသာ ၎င်းသည် စာအုပ်အများအပြားအား တစ်ကြိမ်တည်းနှင့် ဝါးမျိုနိုင်မည်ဖြစ်၏။
သို့သော် ယင်းက လုံလောက်ပေသည်။ လက်ရှိ သူ့တွင် အချိန်မရှားပါးဘဲ ကျန်ရှိသော စာအုပ်များအား ဖြည်းဖြည်းချင်း ဝါးမျိုနိုင်၏။
စာအုပ်သုံးအုပ်စားပြီးနောက်၊ စာအုပ်ကူက ယင်း၏ကိုယ်ပေါ်တွင် မီးခိုးရောင်စီးကြောင်း တစ်ပိုင်းတစ်စအား စုဆောင်းထားသည်အား သူအာရုံခံမိလိုက်သည်။ ဤမီးခိုးရောင်စီးကြောင်းများက သူ၏နားလည်နိုင်စွမ်းအား မြှင့်တင်နိုင်ရန် သူအသုံးပြုနိုင်ပေသည်။
အချိန်တိုအတွင်း ချက်ချင်းနားလည်နိုင်စွမ်းအား အသုံးပြု၍ သူသည် ကျွမ်းကျင်မှုအချို့အား တိုးတက်စေရန် အသုံးပြုနိုင်၏။
“ဟုတ်ပြီ၊ နတ်ဆိုးအသွင်းပြောင်း ပညာရပ်ကို အနည်းဆုံး အသေးစားအောင်မြင်မှုအဆင့်ထိ ငါမြှင့်လို့ရနိုင်တယ်။”
ကျိုးစွေ့ မျက်လုံးများအား ကျဉ်းမြောင်းလိုက်သည်။
စာအုပ်ထဲရှိ အချက်အလက်များအရ ကနဦးအဆင့်တွင် သူသည် သာမန်ချီသန့်စင်ခြင်းအဆင့်များအား လှည့်စားနိုင်သည်။
အကယ်၍ ကျွမ်းကျင်အဆင့်သို့ ရောက်ရှိနိုင်ပါက၊ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူများပင် သူ့အား ခွဲခြားသိမြင်နိုင်မည်မဟုတ်ပေ။
ကျွမ်းကျင်ပိုင်နိုင်မှုအဆင့်သို့ ရောက်ရှိပါက အခြေတည်အဆင့် ကျင့်ကြံသူများပင် သူ၏ခြေရာလက်ရာများအား ရှာဖွေသိရှိနိုင်မည်မဟုတ်ပေ။
အကယ်၍ မဟာဆရာသခင်အဆင့်၊ သို့မဟုတ် သာလွန်အဆင့်သို့ပင် ရောက်ရှိနိုင်ပါက၊ မည်မျှအားကောင်းသော ကျင့်ကြံသူဖြစ်စေကာမူ၊ သူ၏လက်ရှိအခြေအနေအား သိမြင်နိုင်မည် မဟုတ်ပေ။
မိစ္ဆာဂိုဏ်းများတွင်ပင် ဤနည်းစနစ်သည် အတော်လေး အဆင့်မြင့်သော ထိပ်တန်းအထောက်အကူပြုနည်းစနစ်တစ်ခုဖြစ်ပြီး၊ သူလျှိုများ ပျိုးထောင်ရန် ရည်ရွယ်ချက်ဖြင့် မိစ္ဆာလမ်းစဉ် ဆရာသခင်တစ်ပါးက ဖန်တီးခဲ့ခြင်းဖြစ်၏။
အောင်မြင်စွာကျင့်ကြံနိုင်သည်နှင့်၊ မိစ္ဆာလမ်းစဉ်မှ တပည့်သည် လမ်းမှန်ဂိုဏ်းများမှ တပည့်များအဖြစ် ရုပ်ဖျက်နိုင်ပြီး လမ်းမှန်ဂိုဏ်းများထဲသို့ သူလျှိုများအဖြစ် ခိုးဝင်နိုင်သည်။
ထို့ကြောင့်ပင် ဤနည်းစနစ်အား ဦးစွာ သူမြှင့်တင်ရမည် ဖြစ်သည်။ အောင်မြင်ပါက သူ၏ကိုယ်ပွား အပြင်ထွက်သည့်အခါ မည်သူမျှ သူ၏ကျင့်ကြံမှုအား သိမြင်နိုင်မည်မဟုတ်ပေ။
သူသည် မတူညီသော အဆင့်များရှိသည့် ကျင့်ကြံသူများအဖြစ်ပင် ဟန်ဆောင်နိုင်ပြီး၊ ရန်သူအား ရှုပ်ထွေးစေကာ သူ၏တကယ့်အတိမ်အနက်အား မသိမြင်စေနိုင်အောင် လုပ်နိုင်ပေသည်။
ဝှစ်…ဝှစ်..။
ချက်ချင်းပင် ကျိုးစွေ့က လှုပ်ရှားမှုတစ်ခု လုပ်လိုက်ပြီး စာအုပ်ကူကိုယ်ပေါ်မှာ မီးခိုးရောင်စီးကြောင်းအား အသက်သွင်းလိုက်ကာ သူ၏စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်စေလိုက်သည်။
ထို့အချိန်တွင် သူ၏နားလည်နိုင်စွမ်းသည် ဆယ်ဆ၊ သို့မဟုတ် ဒါဇင်ပေါင်းများစွာပင် တိုးလာသကဲ့သို ခံစားလိုက်ရသည်။
မူလက နားလည်ရန်ခက်ခဲသော “နတ်ဆိုးအသွင်ပြောင်းပညာရပ်”သည် ယခုအခါ သူငယ်တန်းသင်္ချာကဲ့သို့ ရိုးရှင်းနေပုံရလေ၏။
ကနဦးအဆင့် ၃၀%၊ ၄၀%၊ ၅၀%၊ ၆၀% …….
ဤပညာရပ်အပေါ် သူ၏နားလည်မှုသည် အဆမတန် တိုးပွားလာပြီး၊ ကျွမ်းကျင်အဆင့်သို့ ရောက်ရှိတော့မည်အား သူခံစားလိုက်ရသည်။