နောက်ထပ်နှစ်ဝက်ကုန်ဆုံးသွားပြီး၊ ကျင့်ကြံမှုအဆင့် တည်ငြိမ်စွာ တိုးတက်လာခြင်း
Vol. 2 Ch. 29
အချိန်သည် စီးဆင်းနေသောရေကဲ့သို့၊ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဝက်ကုန်ဆုံးသွားလေ၏။
လွန်ခဲ့သောခြောက်လအတွင်း၊ အလွန်ပြီးပြည့်စုံသော ဘဝဖြင့် ကျိုးစွေ့နေထိုင်ခဲ့လေသည်။
ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့် တူနှစ်ကိုယ်ကျင့်ကြံခြင်း၊ တူနှစ်ကိုယ်ကျင့်ကြံခြင်းနှင့် ကိုယ်ပိုင်ကျင့်ကြံခြင်း စသဖြင့် ပုံသေလမ်းကြောင်းအတိုင်း လည်ပတ်နေကာ၊ အချိန်ဇယားအပြည့် ဖြစ်နေလေသည်။
သို့သော် ဤကိစ္စအပေါ် သူဘာမျှမတတ်နိုင်ပေ။ ဤသည်မှာ အင်မော်တယ်ကျင့်ကြံခြင်းလောက ဖြစ်၏။ ယခင်ဘဝကဲ့သို့ ပေါများသော ဖျော်ဖြေရေးကဏ္ဌများမရှိပေ။ အခြေခံအားဖြင့်၊ ညမှောင်သွားလျှင် ဘာမှ လုပ်စရာမရှိတော့ပေ။
နေ့စဉ်လေ့ကျင့်ခြင်းက ဘာမှမဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ကျိုးစွေ့အတွက် နေ့စဉ်ကြိုးစားပမ်းစား လေ့ကျင့်ရသည်အား ပင်ပန်းသည်ဟု မခံစားရပေ။ ထို့အစား သူသည် စာကိုသာ စွဲလန်းနေသော ထိပ်တန်းကျောင်းသားတစ်ဦးကဲ့သို့သော စိတ်အားထက်သန်မှုဖြင့် ပြည့်နှက်နေလေ၏။
အကြောင်းရင်းမှာ စာအုပ်ကူ၏စွမ်းအားကြောင့် ဖြစ်ပြီး၊ ၎င်းက သူ့အား နေ့စဉ်တိုးတက်မှုအား ရှင်းလင်းစွာမြင်နိုင်စေပြီး မည်သို့ရှေ့ဆက်ရမည်ကိုပင် သိစေပေသည်။
ထို့ကြောင့်၊ လေ့ကျင့်ခြင်းသည် လုံဝပျင်းရိဖွယ်မတွေ့ရဘဲ၊ အလွန်စိတ်ဝင်စားဖို့ကောင်းသည်အား တွေ့ရပေသည်။
အင်မော်တယ်လောက၏ အန္တရာယ်များနှင့် ထပ်မံထည့်ပေါင်းလိုက်သောအခါ၊ စိတ်အားထက်သန်မှုများ ပြည့်နှက်လာပြီး သူအား ဆက်လက်၍ ပိုမိုအားကောင်းလာလိုစေ၏။
သိထားရမည်မှာ မည်မျှပင် ကြိုးစားလေ့ကျင့်စေကာမူ တိုးတက်မှုမရှိပါက၊ အလိုလို စိတ်ပျက်အားငယ်သွားမည်ဖြစ်၏။ လောကရှိ အဆင့်နိမ့်ကျင့်ကြံသူများစွာသည် စဉ်ဆက်မပြတ်သော စိတ်ပျက်အားငယ်မှုများကြောင့် ကျင့်ကြံခြင်းအား စွန့်လွှတ်ခဲ့ကြပေသည်။
ဝှမ်..၊
ယနေ့တွင်၊ နောက်တစ်ခေါက် တူနှစ်ကိုယ်ကျင့်ကြံပြီးနောက်၊ ကျိုးစွေ့က လက်တွဲဖော်နှစ်ဦးအား ပွေ့ဖက်ထားရင်း အချက်လက်ပြ မျက်နှာပြင်အား ပျင်းရိစွာ ဖွင့်လိုက်သည်။
[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - ချီသန့်စင်ခြင်း အဆင့်(၄) (တိုးတက်မှု ၉၉%)၊ သက်တမ်း - ၁၉ (၁၂၀နှစ်) ]
[ ပင်ကိုယ်ပါရမီ - အဌမအဆင့် စိတ်ဝိညာဉ်အမြစ် (၅၅%) ]
[ ဓားသိုင်းပညာ - ပထမအဆင့် အဆင့်မြင့်အဆင့် (၃၅%) ]
[ အဆောင်ပညာ - ပထမအဆင့် အလယ်အလတ်အဆင့် (၄၄%) ]
[ နတ်ဆိုးအသွင်ပြောင်းပညာရပ် - ကျွမ်းကျင်ပိုင်နိုင်မှုအဆင့် (၂၅%) ]
[ မီးလုံးပညာ - ကျွမ်းကျင်ပိုင်နိုင်မှုအဆင့် (၅၅%)၊ လေဓားသွားပညာ - ကနဦးအဆင့်၊ ရွှေအလင်းပညာ - ကနဦးအဆင့်၊ ရေခဲပညာ - ကနဦးအဆင့်၊ နွေဦးလေမိုးပညာ - ကနဦးအဆင့်၊….. ]
[ ချစ်ခြင်းမေတ္တာကူ (အဆင့်တစ် ထိပ်တန်းအဆင့်)၊ အိပ်မက်ဝိညာဉ်ကူ (အဆင့်တစ် ထိပ်တန်းအဆင့်)၊ အရက်ကူ ( အဆင့်တစ် အလယ်အလတ်အဆင့်)၊ ကိုယ်ပွားကူ (အဆင့်တစ် အလယ်အလတ်အဆင့်)၊ စာအုပ်ကူ (အဆင့်တစ် အလယ်အလတ်အဆင့်) ]
ရုတ်ချည်းဆိုသလို၊ သူ၏အချက်အလက်ပြမျက်နှာပြင်က မည်မျှ ခမ်းနားနေသည်အား သူတွေ့လိုက်ရ၏။
နှစ်ဝက်အတွင်း၊ သူသည် နည်းစနစ်ဒါဇင်ပေါင်းများစွာအား သင်ယူခဲ့သည်။ ၎င်းတို့မှာ ကနဦးအဆင့်တွင်သာ ရှိသေးသော်လည်း၊ အံ့အားသင့်ဖွယ်ရာ အရေအတွက်ဖြစ်နေဆဲပင်။
မှန်ပေသည် ဤသည်မှာ စာအုပ်ကူ၏စွမ်းအားကြောင့် ဖြစ်လေ၏။ လျှို့ဝှက်မန္တန်စာအုပ်တစ်အုပ်ကို ဝါးမျိုလိုက်သည်နှင့် အခြေခံအားဖြင့် သူ့အား ကနဦးအဆင့်သို့ ရောက်ရှိစေနိုင်သည်။
ဤနည်းစနစ်များအား နားလည်မှု ပိုမိုနက်ရှိုင်းလိုပါက သူ ကြိုးစားပမ်းစားကျင့်ကြံရန် လိုအပ်နေဆဲဖြစ်သည်။
ထိုသို့ဆိုလျှင်ပင်၊ ၎င်းသည် သူကြိုးစားပမ်းစားကျင့်ကြံရမည့် အချိန်များစွာအား သက်သာစေခဲ့ပြီး မန္တန်များကိုနားလည်ရန် အချိန်ဖြုန်းနေစရာမလိုတော့ပေ။ စာအုပ်များအား ဝါးမျိုနေသရွေ့၊ သူသည် ၎င်းတို့အား ချက်ချင်းသင်ယူနိုင်သည်။
ထို့ကြောင့်ပင် လွန်ခဲ့သောခြောက်လအတွင်း ဝိညာဉ်ကျောက်တုံးများစွာ သုံးစွဲပြီး အမျိုးမျိုးသော လျှို့ဝှက်ကျမ်းစာအုပ်များအား သူဝယ်ယူခဲ့လေသည်။
သို့သော်လည်း ဤလောကသည် အဆင့်မြင့်ပညာရပ်များနှင့် လျှို့ဝှက်နည်းစနစ်များအား အလွန်တင်းကျပ်စွာ တားမြစ်ပိတ်ပင်ထားသောကြောင့်၊ ဝိညာဉ်ကျောက်တုံးများရှိလျှင်ပင် လျှို့ဝှက်နည်းစနစ်အများအပြားအား မဝယ်ယူနိုင်ပေ။ ထိုသို့ဆိုလျှင်တောင်မှ လွန်ခဲ့သောခြောက်လအတွင်း စုဆောင်းရရှိခဲ့သော လျှို့ဝှက်ကျမ်းစာအုပ်များသည် စာအုပ်ကူအား အံ့ဖွယ်ကောင်းလောက်အောင် တိုးတက်ပြောင်းလဲစေခဲ့ပြီး၊ များပြားလှသော မီးခိုးရောင်လေစီးကြောင်းများအား စုဆောင်းမိစေကာ သူ့အား ဉာဏ်အလင်းများစွာ ပွင့်စေခဲ့သည်။
ထို့ကြောင့် ကျိုးစွေ့၏အရေးကြီးဆုံးသော ပညာရပ်များထဲမှ တစ်ခုဖြစ်သော “နတ်ဆိုးအသွင်ပြောင်းပညာရပ်”သည်လည်း ကျွမ်းကျင်အဆင့်သို့ တိုးမြှင့်ခဲ့လေသည်။
သိထားရမည်မှာ ယခင်က မီယွင်နတ်ဆိုးသုံးဖော်သည် ဤပညာရပ်ကို ကျွမ်းကျင်အဆင့်သို့ရောက်ရန် နှစ်ပေါင်းနှစ်ဆယ်ကြာ ကျင့်ကြံခဲ့ရလေသည်။ ကျွမ်းကျင်ပိုင်နိုင်မှုအဆင့်သို့ ရောက်ရှိရန်မှာမူ ဒီဘဝတွင် မဖြစ်နိုင်ဟုသာ ဆိုရပေမည်။
သို့သော် ယခုမူ၊ နှစ်ဝက်အတွင်းမှာပင် သူသည် ဤပညာရပ်အား ကျွမ်းကျင်ပိုင်နိုင်မှုအဆင့်အထိ အမှန်တကယ်ကျွမ်းကျင်ခဲ့လေပြီ။
အကယ်၍ မိစ္ဆာလမ်းစဉ်ဂိုဏ်းများမှ လူများက ဤအခြေအနေကို သိရှိပါက၊ ကျိုးစွေ့ကို သူတို့၏တပည့်အဖြစ် သေချာပေါက် ပြန်ခေါ်သွားကြပေလိမ့်မည်။ ဤသည်မှာ အလွန်မြင့်မားသော ပါရမီရှိသည့် မိစ္ဆာလမ်းစဉ်၏ ပင်ကိုယ်ဆက်ခံသူတစ်ဦး ဖြစ်ပေသည်။
ကျွမ်းကျင်ပိုင်နိုင်မှုအဆင့်သို့ ရောက်ရှိပြီးနောက် ဤပညာရပ်၏လျှို့ဝှက်ချက်ကို ကျိုးစွေ့ ရှာဖွေတွေ့ရှိခဲ့ပြီး၊ ၎င်းမှာ သူ၏ခန္ဓာကိုယ်ရှိ ကြွက်သားများ၊ အရိုးများနှင့် အခြားအစိတ်အပိုင်းများအား လှုံဆော်ကာ အခြားလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲနိုင်ပေသည်။
တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပေါ်ရှိ ကျင့်ကြံမှု အရှိန်အဝါကို ဖုံးကွယ်ပြောင်းလဲနိုင်သည်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် သူ၏လက်ရှိကျင့်ကြံမှုအဆင့်ကို သိမြင်နိုင်မည်မဟုတ်သလို၊ သူ၏အရှိန်အဝါမှတဆင့် တည်နေရာကိုလည်း ခြေရာခံနိုင်မည်မဟုတ်ပေ။
သူဆန္ဒရှိသလောက် အခြားလူတစ်ယောက်အဖြစ်သို့ အလွယ်တကူပြောင်းလဲနိုင်သည်။ တစ်စုံတစ်ယောက်နှင့် နေ့ရောညပါ အတူရှိနေလျှင်ပင် ၎င်းထံမှ မသင်္ကာဖွယ်တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိရန် ခက်ခဲပေသည်။
ယင်းက “နတ်ဆိုးအသွင်ပြောင်းပညာရပ်”၏ အစွမ်းဖြစ်ပြီး လုံးဝထူးခြားပေသည်။
ဓားသိုင်းပညာနှင့် အဆောင်ပညာတို့ အဘယ်ကြောင့် ဤမျှလျင်မြန်စွာ တိုးတက်လာသနည်းဆိုသော်၊ ၎င်းမှာ သူ၏လက်တွဲဖော်နှစ်ဦးနှင့် သဘာဝအတိုင်း များစွာသက်ဆိုင်ပေသည်။
ထိုပညာရပ်များအား ကျိုးစွေ့ အလေးအနက်မလေ့လာခဲ့သော်လည်း၊ ဓားသိုင်းပညာနှင့် အဆောင်ပညာအပေါ် သူ၏နားလည်မှုက တိုးတက်နေဆဲဖြစ်သည်။
“ကူပိုးကောင်တွေရဲ့ အစွမ်းလည်း တိုးလာတယ်။”
ကျိုးစွေ့၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ့အတွက် ကူ၏အစွမ်းက မူလအခြေခံဖြစ်သောကြောင့် ကူများ၏စွမ်းအား တိုးတက်စေရေးက ထိပ်တန်းဦးစားပေးဖြစ်သည်။ ကူများ၏စွမ်းအားနှင် သူ၏ကျင့်ကြံမှုက အလွန်ပင် နီးကပ်ဆက်စပ်နေသည်။
သူ၏ကျင့်ကြံမှုအဆင့် တိုးတက်လာပါက၊ ကူပိုးကောင်၏အစွမ်းလည်း တိုးတက်လာမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ နှစ်ဝက်ကြာ ကြိုးစားပမ်းစားကျင့်ကြံပြီးနောက် သူ့တွင် ကူပိုးကောင် ငါးကောင်ရှိပြီး၊ ၎င်းတို့ထဲမှ နှစ်ကောင်သည် အဆင့်တစ် ထိပ်တန်းအဆင့်သို့ တိုးမြှင့်လာကာ သုံးကောင်သည် အဆင့်တစ် အလယ်အလတ်အဆင့်သို့ တိုးမြှင့်လာလေပြီ။
အဆင့်တစ် ထိပ်တန်းအဆင့် ဆိုသည်မှာ လက်တွေ့တွင် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်နှင့် ညီမျှလေသည်။
အကယ်၍ အဆင့်နှစ်သို့ ရောက်ရှိနိုင်ပါက ယင်းသည် အခြေတည်အဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်နိုင်ပေသည်။
ကူ၏စွမ်းအား တိုးတက်လာခြင်းသည် ပိုင်ရှင်အား ကြီးမားသော အကူအညီကို ဆောင်းကြဉ်းပေမည် ဖြစ်ရာ၊ ယင်းက ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီ ကဲ့သို့ အပြန်အလှန်ချိတ်ဆက်နေလေသည်။
တူနှစ်ကိုယ်ကျင့်ကြံမှုကြောင့် ချစ်ခြင်းမေတ္တာကူ၏ကျင့်ကြံမှုက လျင်မြန်စွာ တိုးတက်ခဲ့လေသည်။
အိပ်မက်ဝိညာဉ်ကူမှာမူ၊ ကျိုးစွေ့၏ နဂိုအတိုင်း အားကောင်းသော စိတ်ဝိညာဉ်စွမ်းအားမှ အကျိုးကျေးဇူးရရှိခဲ့ပြီး၊ ၎င်းမှာ အိပ်မက်ဝိညာဉ်ကူအား အခြားကူများထက် ကျော်လွန်၍ လျင်မြန်စွာ တိုးတက်ပြောင်းလဲစေခဲ့လေသည်။
“ယောက်ျား…၊ ဘာဖြစ်လို့လဲ။”
ခြေတံရှည်ရှည် ကျက်သရေရှိသော ကျိပင်းယွီသည် ကျိုးစွေ့ဘေးတွင် ပျင်းရိစွာ လှဲလျောင်းနေ၏။ သူမသည် ကျိုးစွေ့၏မျက်နှာပေါ်မှ ပျော်ရွှင်သော အမူအရာကိုမြင်သောအခါ စူးစမ်းစွာ မေးလိုက်မိလေသည်။
“ဘာမှမဟုတ်ပါဘူး၊ ငါ့ရဲ့ကျင့်ကြံမှုတိုးတက်လာတယ်လို့ ခံစားမိတယ်။ မကြာခင် ချီသန့်စင်ခြင်း အဆင့်(၅)ကို ချိုးဖြတ်နိုင်တော့မယ်ထင်တယ်။”
ကျိုးစွေ့က အနည်းငယ် ပြုံးလိုက်သည်။
မည်သို့ပင်ဖြစ်စေ၊ အချက်အလက်ပြမျက်နှာပြင်ပေါ်တွင် ပြသထားသောအချက်အလက်အရ၊ ချီသန့်စင်ခြင်း အဆင့်(၅)နှင့် ခြေတစ်လှမ်းသာကွာတော့သည်။
“ယောက်ျား၊ ရှင် ဒီလောက်မြန်မြန် အဆင့်တက်တော့မှာလား။ ရှင့်ရဲ့တိုးတက်နှုန်းက အရမ်းကိုမြန်တာပဲ။ ငါ့ယောက်ျားက တကယ့်ကို ပါရမီရှင်ပဲ။” မုဇီယန်သည် ထိုစကားကိုကြားပြီး ကျိုးစွေ့ကို လေးစားစွာ ကြည့်လိုက်သည်။
လွန်ခဲ့သော တစ်နှစ်ကျော်က ကျိုးစွေ့သည် ချီသန့်စင်ခြင်း အဆင့်(၁)ရှိ လူသစ်ကျင့်ကြံသူတစ်ဦးသာဖြစ်သည်မှာ ထင်ရှားသော်လည်း၊ ယခုမူ ဤမျှတိုတောင်းသော အချိန်အတွင်း သူသည် ချီသန့်စင်ခြင်း အဆင့်(၅)သို့ ချိုးဖြတ်နိုင်တော့မည် ဖြစ်၏။
ဤသို့သော တိုးတက်နှုန်းက တကယ့်ကို မြန်ဆန်ပေသည်။
ထိပ်တန်းအဆင်မြင့် စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံမှုအရှိန်ပင်လျှင် ဤမျှသာ ဖြစ်ပေ၏။
“ဒါနဲ့ မင်းတို့ကို သင်ပေးထားတဲ့ နတ်ဆိုးအသွင်ပြောင်းပညာရပ်ကို ကျင့်ကြံတာ အခြေအနေဘယ်လိုရှိလဲ။”
ကျိုးစွေ့က မေးလိုက်သည်။
ဤမိစ္ဆာလမ်းစဉ်၏ အထောက်အကူပြုပညာရပ်သည် အကန့်သတ်မဲ့ အသုံးဝင်သောကြောင့်၊ ၎င်းအား သူ၏ဇနီးနှင့် မယားငယ်များအား သင်ကြားပေးခဲ့သည်။ မည်သို့ပင်ဆိုစေ၊ ၎င်းသည် သူတို့အတွက်လည်း ကြီးမားသောအကူအညီ ဖြစ်ပေလိမ့်မည်။