ချီသန့်စင်ခြင်း အဆင့်(၅)သို့ တက်လှမ်းခြင်း
Vol. 2 Ch. 30
ထို့ကြောင့်ပင်၊ ကျိုးစွေ့သည် ထိပ်တန်းအဆင့် မိစ္ဆာလမ်းစဉ်ပညာရပ်ကို ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့အား သင်ကြားပေးရာတွင် တုံ့ဆိုင်းမနေခဲ့ဘဲ သူတို့သည်လည်း ယင်းမှ သိသာထင်ရှားသော အကျိုးကျေးဇူးများ ရရှိနိုင်မည်ဟု မျှော်လင့်ထားခဲ့သည်။
မုဇီယန်က မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး “ယောက်ျား၊ ဒီပညာရပ်ကို လေ့ကျင့်ရတဲ့အခက်အခဲက တကယ်ကို အရမ်းမြင့်တယ်။ နှစ်ဝက်ကြာ ကျင့်ကြံပြီးတဲ့နောက်မှာတောင် ကျွန်မ အခြေခံတွေကို အခုမှ စနားလည်လာတယ်။”
သူမ၏အမူအရာမှာ အဆင့်မြင့်သင်္ချာကို ရုန်းကန်နေရသော သာမန်ကျောင်းသူတစ်ယောက်နှင်တူပြီး မြင်သာသော စိတ်ပင်ပန်းမှုများဖြင့် ပြည့်နှက်နေသည်။
ဤပညာရပ်၏ အရေးကြီးသော အခြေခံများကို ကျွမ်းကျင်ရန်အတွက်ပင် သူမ၏အားထုတ်မှုအပြည့်အဝ လိုအပ်ခဲ့လေသည်။
“ဟုတ်ပ၊ ဒီပညာရပ်ရဲ့ အဆင့်တွေက အရမ်းမြင့်တယ်။ နှစ်ပေါင်းများစွာ ကျင့်ကြံမှုမရှိဘဲ ကျွမ်းကျင်အဆင့်ကို ရောက်ဖို့ မဖြစ်နိင်ဘူး။”
“ဒါပေမဲ့ ဒီပညာရပ်ရဲ့ အသုံးဝင်မှုက တကယ့်ကို အကန့်အသတ်မရှိဘူး။ အခုဆိုရင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် လှုပ်ရှားတာမှမဟုတ်ရင်၊ တခြားသူတွေက ငါတို့ရဲ့ကျင့်ကြံမှုအဆင့်ကို မြင်နိုင်ဖို့ ခက်တယ်။”
“ငါ့ယောက်ျား ဒီပညာရပ်ကို ဘယ်ကရခဲ့လဲဆိုတာတော့ ငါအခုထိ စဉ်းစားလို့ကိုမရဘူး။”
ကျိပင်းယွီက စိတ်လှုပ်ရှားစွာ မှတ်ချက်ချသည်။ ဤပညာရပ်ကို ပိုမိုကျင့်ကြံလေ၊ ၎င်း၏နက်ရှိုင်းသော အနှစ်သာရကို ပိုမိုနာလည်လာလေဖြစ်သည်။ သူမ၏ ကျိမိသားစုမှ ရွှေသတ္တုဒြပ်စင်လျှို့ဝှက်ဓားသိုင်းပင်လျှင် ၎င်းနှင့် နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။
ထို့အပြင် အမှန်တကယ်အန္တရာယ်တစ်ခုခုဖြင့် အမှတ်အသားပြုခံရပါက ဤပညာရပ်ကို အသုံးချ၍ သူမ၏ရုပ်သွင်ကို ပြောင်းလဲနိုင်ပြီး၊ ရန်သူများအတွက် သူမကို ရှာဖွေရန် လုံးဝမဖြစ်နိုင်လုနီးပါး ပြုလုပ်နိုင်သည်။
“ဘိုးဘေးတွေဆီက လက်ဆင့်ကမ်းလာတာပါ၊ ဒီပညာရပ်တွေအားလုံးက ဘိုးဘေးတွေရဲ့ သင်ခန်းစာတွေပဲ”
“မင်းတို့အားလုံး ဒါကို စသင်နေပြီဆိုတော့ နောက်တစ်ဆင့်ကတော့ တစိုက်မတ်မတ်ကျင့်ကြံဖို့ပဲ။ ဘာမှ လောနေစရာမလိုပါဘူး။”
ကျိုးစွေ့သည် အနည်းငယ်ပြုံးရယ်ကာ တုံ့ပြန်လိုက်ပြီး ထပ်မံရှင်းပြန်ရန် ရည်ရွယ်ချက်မရှိပေ။
…
ရက်အနည်းငယ်ကြာပြီးနောက်။
တိတ်ဆိတ်သောအခန်းထဲတွင်၊ ရက်ပေါင်းများစွာ ကြိုးစားပမ်းစား ကျင့်ကြံပြီးနောက် ကျိုးစွေ့သည် ကိုယ်တွင်းရှိ အစစ်အမှန်ချီသည် ချီသန့်စင်ခြင်း အဆင့်(၄)၏အထွတ်အထိပ်ဆီသို့ တစ်ရိပ်ရိပ်ထိုးတက်လာသည်အား ခံစားမိလေသည်။ ရှင်းပြ၍မရနိုင်သော စေ့ဆော်မှုတစ်ခုကြောင့် ယခုအချိန်သည် ချိုးဖြတ်ရန် အကောင်းဆုံးအချိန် ဖြစ်သည်ဟု ခံစားလိုက်ရသည်။ ဤသည်မှာ အခွင့်အရေးအား အမိအရဆုပ်ကိုင်ခြင်း မည်၏။
ဝူးရှ်…။
ဝိညာ်အရက်တစ်အိုးကို ကောက်ယူပြီး ဂလုချင်းထပ်အောင် မော့ချလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်အရက်သည် ဆေးလုံးများထက် ပိုမိုအကျိုးရှိပြီး ဘေးထွက်ဆိုးကျိုး ဆေးအဆိပ်လည်း မပါဝင်ရာ၊ ဝိညာဉ်အရက်တစ်အိုးတွင် ပါသော စွမ်းအင်သည် ဤအတားအဆီးအား တစ်ချက်တည်းဖြင့် ချိုးဖျက်နိုင်ရင် ကူညီပေးနိုင်ကြောင်း သူခံစားမိ၍ ဖြစ်သည်။
ချက်ချင်းဆိုသလို ဝိညာဉ်အရက်များက သူ့ဗိုက်ထဲသို့ ရောက်သွားလေသည်။ သန့်စင်သော ဝိညာဉ်စွမ်းအင် လှိုင်းလုံးတစ်ခုသည် သူ့တစ်ကိုယ်လုံးအား ဖြတ်သန်းသွားကာ အစိတ်အပိုင်းတိုင်းဆီသို့ ပျံ့နှံ့သွားလေသည်။
ကျိုးစွေ့သည် ကူနတ်ဘုရားကျမ်းကို ချက်ချင်းအသက်သွင်းလိုက်ပြီး ထိုဝိညာဉ်စွမ်းအင်များကို ထိန်းချုပ်ကာ သူ့ကိုယ်အတွင်း ချီလည်ပတ်မှုအား တစ်ကျော့ပြီးတစ်ကျော့ ပြီးမြောက်စေသည်။
ချစ်ခြင်းမေတ္တာကူ၊ အိပ်မက်ဝိညာဉ်ကူ၊ အရက်ကူ၊ ကိုယ်ပွားကူနှင့် စာအုပ်ကူ စသော သူ၏ နှလုံး၊ ဦးနှောက်၊ အစာအိမ် စသည်တို့တွင် နေထိုင်သော ထိုကြီးမြတ်သော ကူပိုး ငါးကောင်သည်လည်း ပြင်းထန်သောအသက်ရှုထုတ်မှုတွင် နစ်မြောနေပြီး ကောင်းကင်နှင့်မြေပြင်ကြားရှိ စိတ်ဝိညာဉ်ချီများအား လောဘတကြီး စုပ်ယူနေကြလေသည်။
၎င်းတို့သည် သီးခြား ဒန်တျန် ချီပင်လယ်များအလား၊ များပြားလှသော စွမ်းအင်များအားဝါးမျိုကာ သူတို့၏ ခန္ဓာကိုယ်များအား လျင်မြန်စွာသန်မာလာစေသည်။
“ဒါက ကူနတ်ဘုရားကျမ်းရဲ့ အနှစ်သာရလား။ တကယ့်ကို အကန့်သတ်မရှိ ဆန်းကျယ်တာပဲ။
ကျိုးစွေ့သည် အလွန်စိတ်လှုပ်ရှားနေ၏။ သူ့အတွင်းရှိ ကူပိုးကောင် ငါးကောင်နှင့် သူ၏ဆက်သွယ်မှုသည် ပို၍နီးကပ်လာသည်ဟု ခံစားလိုက်ရပြီး၊ ယင်းက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသကဲ့သို့ ဖြစ်လေသည်။ ကူပိုးကောင်များသည် သူ့ခန္ဓာကိုယ်၏ အဓိကအစိတ်အပိုင်းများအလား ခံစားရလေသည်။
ကူနတ်ဘုရားကျမ်း၏ သာလွန်လှသော အနှစ်သာရအား သူ တဖြည်းဖြည်းနားလည်လာသည်။
ဤကျင့်စဉ်သည် ကူပိုးကောင်များအား ကြိုးကိုင်ချယ်လှယ်ရန်၊ သူတို့အား ပေါင်းစည်းရန်ပင် ထိန်းချုပ်နိုင်စေသည်။
ကူပိုးကောင်များ၏ကျင့်ကြံမှုသည် သူ၏အစစ်အမှန်ကိုယ်ကို ကျင့်ကြံခြင်းနှင် ညီမျှပေသည်။
ထိန်းချုပ်ထားသော ကူပိုးကောင်များ ပိုများလေ၊ သူ၏စွမ်းအား ပိုကြီးမားလာလေဖြစ်မည်မှာ သံသယဖြစ်စရာမလိုပေ။ သူတို့၏စွမ်းအားကို အသုံးချ၍ သူ၏ကျင့်ကြံမှုကို လျင်မြန်စွာမြှင့်တင်နိုင်သည်။
သာမန်ကျင့်ကြံသူများသည် အစစ်အမှန်ချီအား မရီဒန်များနှင့် ဒန်တျန် ချီပင်လယ်တွင်သာ သိုလှောင်ထားနိုင်သည်။ သို့သော် ကူနတ်ဘုရားကျမ်းအား ကျင့်ကြံသူများသည် သူတို့၏ အစစ်အမှန်ချီနှင့် စိတ်ဝိညာဉ်စွမ်းအားကို ကူများထံတွင် သိုလှောင်နိုင်သည်။
ကူပိုးကောင်တစ်ကောင်စီသည် သီးခြား ဒန်တျန် ချီပင်လယ်တစ်ခုနှင် တူညီလေသည်။ ယင်းက သူ၏ကိုယ်အတွင်းရှိ အစစ်အမှန်ချီကို အဆင့်တူကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုမိုအားကောင်းစေသည်။ ယင်းက နှိုင်းယှဉ်၍ပင် မရနိုင်ပေ။
ဝှီး….
ကူနတ်ဘုရားကျမ်း၏ နက်နဲသောအနှစ်သာရအား ကျိုးစွေ့ တိတ်တဆိတ်နားလည်နေစဉ်တွင်၊ ကူပိုးကောင် ငါးကောင်သည် ပြီးပြည့်စုံသော စိတ်ဝိညာဉ်စွမ်းအင်လည်ပတ်မှုတစ်ခုကို ဖွဲ့စည်းလိုက်ပုံရပြီး များပြားသော စိတ်ဝိညာဉ်စွမ်းအင်စီးကြောင်းများကို သူ့ကိုယ်ထဲတွင် မရပ်မနား လည်ပတ်စေလေသည်။
သူ့အား ဝန်းရံနေသော အရှိန်အဝါသည်လည်း အဆက်မပြတ် ကျယ်ပြန့်လာလေသည်။
စွမ်းအင်လည်ပတ်မှု အကြိမ် ၁၀၈ကြိမ် ပြုလုပ်ပြီးနောက်တွင် ကိုယ်ထဲရှိ အစစ်အမှန်ချီသည် အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်လာသည်။
ဘုန်း…။
နောက်တစ်ခဏတွင်၊ သူ၏ဝိညာဉ်နှင့် ရုပ်ခန္ဓာအကြား ပဲ့တင်ထပ်မှုအား ကျိုးစွေ့ခံစားလိုက်ရသည်။ များပြားသော စိတ်ဝိညာဉ်ချီများက သူ့ကိုယ်အတွင်းရှိ အတားအဆီးအား ချက်ချင်း ချိုးဖြတ်လိုက်ကာ မရီဒန်တစ်ခုအား ဖွင့်လှစ်လိုက်လေသည်။
ယင်းက ဖောက်ထားသောမြောင်းထဲသို့ စီးဝင်သော ရေကဲ့သို့ မည့်သည့် အတားအဆီးမှ မရှိပေ။
ချီသန့်စင်ခြင်း အဆင့်(၅)။
နှစ်ဝက်ကြာ ကြိုးစားပမ်းစားကျင့်ကြံပြီးနောက်၊ ဝိညာဉ်အရက်၏အကူအညီဖြင့် နောက်ဆုံးတွင်တော့ သေးငယ်သောအတားအဆီးအား ကျိုးစွေ့ချိုးဖြတ်လိုက်နိုင်ခဲသည့်မှာ သံသယဖြစ်ရာမလိုပေ။ ထို့ကြောင့် သူ၏ကျင့်ကြံမှုသည် ချီသန့်စင်ခြင်း အဆင့်(၅)သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ယခင်က ပိုင်ဆိုင်ခဲ့သည်ထက် အစစ်အမှန်ချီက သုံးပုံတစ်ပုံ ပိုများလာသည်အား ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူ၏ကြွက်သားများ၊ မရီဒန်များ၊ အရိုးများ၊ အရေပြားနှင့် အတွင်းအင်္ဂါများအားလုံးသည် များပြားသော စိတ်ဝိညာဉ်စွမ်းအင်၏ စွမ်းအားအောက်တွင် သန့်စင်ခြင်းခံလိုက်ရပြီး သူ၏ရုပ်ပိုင်းဆိုင်ရာအား အဆင့်သစ်တစ်ခုသို့ မြှင့်တင်ပေးလိုက်လေသည်။
ချီသန့်စင်ခြင်း အဆင့်(၅)သို့ တက်လှမ်းပြီးသောအခါ သူ၏အစွမ်းသည် ယခင်ထက် နှစ်ဆမက တိုးတက်သွားလေသည်။
ဝှီး….။
များပြားသော အစစ်အမှန်ချီ လှိုင်းလုံးတစ်ခုသည် သူ့ကိုယ်အတွင်း၌ စဉ်ဆက်မပြတ် စီးဆင်းနေပြီး အရှိန်အဝါသည် ပေါက်ကွဲထွက်လာသည်။ သူ့အောက်ရှိ ကြမ်းပြင်သည်ပင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲသွားလေသည်။
“ပြီးသွားပြီ။”
မျက်လုံးများဖွင့်လိုက်ပြီး ကျိုးစွေ့သည် ပျော်ရွှင်သောအမူအရာအား ထုတ်ဖော်လိုက်သည်။ တိတ်ဆိတ်သောအခန်းအပြင်ဘက်တွင် စောင့်ဆိုင်းနေသော ကျိပင်းယွီနှင့် မုဇီယန်တို့သည်လည်း ကျိုးစွေ့၏အရှိန်အဝါကို အာရုံခံမိကြသည်။ သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။
“အောင်မြင်သွားပြီ။ ငါတို့ယောက်ျား တကယ်ပဲ ချီသန့်စင်ခြင်း အဆင့်(၅)ကို အောင်အောင်မြင်မြင် တက်လှမ်းသွားပြီ။”
“တစ်နှစ်ကျော်လေးပဲ ရှိသေးတယ်၊ ချီသန့်စင်ခြင်း အဆင့်(၁)ကနေ အဆင့်(၅)အထိ တက်လှမ်းနိုင်တာ။ သူ့ကျင့်ကြံနှုန်းက စိတ်ကူးလို့မမှီနိုင်တဲ့ အမြန်နှုန်းပဲ။”
“ဟုတ်တယ်၊ အရမ်းကိုမြန်တယ်။ ဒဏ္ဍာရီလာ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်အမြစ်တွေတောင် ကွာခြားမှုရှိမယ်မထင်ဘူး။”
“သူသာ ဒီလိုလျင်မြန်တဲ့နှုန်းနဲ့ ဆက်လက်ကျင့်ကြံနေမယ်ဆိုရင်၊ သူ့ရဲ့ကျင့်ကြံဆင့်က ငါတို့ထက် ကျော်လွန်သွားနိုင်ခြေရှိတယ်။”
ကျိပင်းယွီနှင့် မုဇီယန်တို့သည် အလွန်အမင်းစိတ်လှုပ်ရှားနေကြပြီး၊ နှလုံးသားထဲ၌ ခံစားချက်များအပြည့် ဖြစ်နေလေတော့သည်။
ကျိုးစွေ့နှင့် တစ်ချိန်လုံး အတူတူနေထိုင်ခဲ့ကြသည်ဖြစ်ရာ၊ ၎င်း၏ အံ့အားသင့်စဖွယ် ကျင့်ကြံမှုအရှိန်ကို သူတို့ ကောင်းစွာသိရှိကြပေသည်။
သူသည် မည်သည့်အခါမှ အိမ်မှ မထွက်ခွာသလို၊ မည်သည့် ထူးခြားသော စွန့်စားမှုများနှင့် မကြုံတွေ့ရဘဲ၊ သာမန်ကဲ့သို့ အဆက်မပြတ် ကျင့်ကြံနေရုံသပ်သပ်မျှဖြင့် ဤသို့သောအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ဤသတင်းသာ ပျံ့နှံ့သွားပါက၊ ၎င်းသည် မရေမတွက်နိုင်သော ကျင့်ကြံသူများကို သေလုမတတ် ထိတ်လန့်သွားစေပေမည်။
ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ရပါက၊ သူတို့သည် ဤကဲ့သို့သော အဓိပ္ပါယ်မရှိသော ဖြစ်ရပ်ကို ဘယ်သောအခါမှ ယုံကြည်မည်မဟုတ်ပေ။
ဂျောက်ခနဲအသံနှင့်အတူ လန်းဆန်းတက်ကြွပြီး ပျော်ရွှင်နေသော ကျိုးစွေ့သည် အသံလုံခန်းထဲမှ ထွက်ပေါ်လာပြီး သူ့မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေလေသည်။
မည်သို့ပင်ဆိုစေကာမူ၊ ချီသန့်စင်ခြင်း အဆင့်(၅)သို့ တက်လှမ်းခြင်းသည် ချီသန့်စင်ခြင်း အဆင့်(၉)သို့ ရောက်ရှိရန် သိပ်မဝေးတော့ဟု ဆိုလိုပေ၏။
သူ၏မိဘများပင်လျှင်၊ သူတို့၏အကောင်းဆုံးအချိန်ဖြစ်သော ချီသန့်စင်ခြင်း အဆင့်(၅)သို့ အသက်လေးဆယ်အရွယ်မှသာ တက်လှမ်းနိုင်ခဲ့လေသည်။ သူသည် ၁၉နှစ်သာ ရှိသေးသည် မဟုတ်လော။
အင်မော်တယ်ရှားဂိုဏ်းကဲ့သို့သော ထင်ရှားကျော်ကြားသည့် ဂိုဏ်းတစ်ခုတွင်ပ်င သူ၏အသက်အရွယ်တွင် ချီသန့်စင်ခြင်း အဆင့်(၅)သို့ တက်လှမ်းနိုင်ခြင်းသည် အတွင်းစည်းတပည့်တစ်ဦး ဖြစ်စေနိုင်သည်။
သူသည် တပည့်ရင်းတစ်ဦး ဖြစ်လာရန်ပင် ထိုက်တန်သည်ဟု မှတ်ယူနိုင်ပေသည်။