← Chapters

ငါ့အသိနဲ့တူနေတယ် ... ။

Vol. 45 Ch. 531

ငါ့အသိနဲ့တူနေတယ် ... ။

Vol. 45 Ch. 531

များမကြာခင် မိုးကြိုးတိမ်တိုက်များ ပို၍ထူထဲလာကာ ကောင်းကင်နှင့် မြေကြီး တုန်ခါနေခဲ့၏။

“ ဒီမိုးကြိုးဘေးဒုက္ခရဲ့ စွမ်းအားက ... အရင်ဘဝတွေ့ကြုံရတဲ့ ဝိညာဉ်ပြောင်းလဲခြင်း အဆင့် ... နောက်ဆုံးဒုက္ခကို ယှဉ်နိုင်တယ်။ ”

“ ဂျိန်း ... ။ ”

သူ့အတွေးမဆုံးခင်မှာပင် မိုးကြိုးဘေးဒုက္ခစတုတ္ထအဆင့် ရောက်ရှိလာခဲ့ ချေပြီ။ တိမ်တိုက်များအတွင်း ရေတံခွန်ကြီး ကဲ့သို့ ငွေရောင်လျှပ်စီးများ ပြိုကျလာ၏။

ဤအခိုက်အတန့်တွင် စုရီသည် မျက်ခုံးပင့်လျက် လေးနက်သောအကြည့်ကို ပေါ်လွင်လာစေသည်။ စစ်မှန်သော ခြိမ်းခြောက်မှုကို သူ ခံစားနေရ၏။

“ ဟား ဟား ဟား ... ကောင်းတယ် လာခဲ့ ... ။ ”

သို့တိုင် အော်ဟစ်ရယ်မောလျက် ရုတ်တရက် ရှေ့သို့ ပြေးတက်သွားခဲ့သည်။ ဒြပ်စင်ငါးပါးတာအို၊ ယင်ယန်၊ လေနှင့်မိုးကြိုး တာအိုတို့ ရုတ်ခြည်းပွင့်ထွက်လာတော့၏။

ဤတစ်ကြိမ်တွင် မိုးကြိုးကပ်ဘေး စတုတ္ထအဆင့်သည် အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းပြီး စိတ်ကူးမယဉ်နိုင်အောင် ပြင်းထန်နေသည်။

“ ဂျိန်း ... ဂျိန်း ... ။ ”

သန်မာသော ခန္ဓာကိုယ်ဖြင့်ပင်၊ နောက်ဆုံး၌ဒဏ်ရာရရှိသွား၏။ ကြွက်သားများ ပေါက်ပြဲကာ သွေးများစီးကျလျက် အရွတ်နှင့် အရိုးများ ထင်ရှားလာခဲ့သည်။

ဤအခိုက်အတန့်တွင် တာအိုအုတ်မြစ် အသက်ဝင်လာပြီး ‘တာအိုမူလစွမ်းအားများ’ ပျံ့နှံ့လာ၏။

မျက်စိတစ်မှိတ်အတွင်း ဒဏ်ရာများ သက်သာလာပြီး ပျောက်ကွယ်သည်။ သို့သော် မိုးကြိုးရေတံခွန်က ထပ်မံကျဆင်းလာပြန်၏။

ယင်းသည် ပဉ္စမအဆင့်ကပ်ဘေးပေပင်။ ထို့နောက်ဆဋ္ဌမအဆင့် အနက်ရောင်လျှပ်စီးများ အဖြစ်သို့ ပြောင်းလဲသွားကာ ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်လာ၏။

ခြောက်ကြိမ်မြောက် အပြီးတွင် ကပ်ဘေးတိမ်တိုက်များ ပြေပျောက်ခြင်းမရှိဘဲ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာ တော့သည်။ မိုးကြိုးရေတံခွန်သည် ရောင်စဉ် ငါးသွယ်စက်ဝန်းအဖြစ် ပြောင်းလဲသွား၏။

“ ဟမ့် ... ဘာလို့ နောက်ထပ်ရှိနေရသေးတာလဲ။ ”

ရင်ချုံးမှ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိပြီး မျက်လုံးပြူးသွား၏။ ရှေးခေတ်မှ ယနေ့တိုင် ဝိညာဉ်ကပ်ဘေးဟူသည် အဆင့်ခြောက်ဆင့်သာရှိသည်။

မိုးကြိုး စွမ်းအင်များသည်လည်း သာလွန်ထူးကဲသော အရည်အချင်းရှိသူများ၌ ပို၍ကြောက်စရာကောင်းပေ၏။

ယခုမူ ဆဋ္ဌမအဆင့် ကျဆင်းပြီး ဖြစ်သော်လည်း နောက်ထပ် မိုးကြိုးကပ်ဘေးကို ပြင်ဆင်နေဆဲဖြစ်နေသည်။

“ ငါမျှော်လင့်ထားသလိုပဲ ... ဒီဝိညာဉ် ကပ်ဘေးဟာ လုံးဝမှန်းဆလို့မရဘူး တကယ် မကြုံစဖူးလို့ ပြောလို့ရပါတယ်။ ”

“ ဂျိန်း ... ။ ”

စုရီတစ်ယောက် မော့ကြည့်လိုက်၏။ ဤတစ်ကြိမ်တွင် အဝေးလွင့်စဉ်လျက် ချက်ချင်း ပြိုကျသွားလေသည်။

ဆံပင်များပွထကာ တစ်ကိုယ်လုံး ကြောက်စရာကောင်းသော ဒဏ်ရာများဖြင့် ဖုံးလွှမ်းလာ၏။

သို့သော် တာအိုမူလစွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲ ပြန့်နှံ့လာပြီး ဒဏ်ရာများကို အံ့ဩဖွယ် ပျောက်ကင်းသွားစေသည်။

နှုတ်ခမ်းထောင့်စွန်းရှိ သွေးများ သုတ်လိုက်ကာ နောက်မဆုတ်ဘဲ လေထဲပျံပြီး ရှေ့သို့ဆက်ပြေးသွား၏။

မိုးကြိုးကပ်ဘေး သတ္တမအဆင့်ကို ပိတ်ဆို့ပြီးသည့်တိုင် မပြီးဆုံးနိုင်သေးကြောင်း မြင်နိုင်ချေပြီ။

“ ကောင်းပြီ ... နောက်ဆုံးမှာ ဘယ်သူ ရယ်နိုင်မလဲ စမ်းကြည့်ရအောင်။ ”

မာနအရိပ်အမြွက်ဖြင့် ကပ်ဘေးကို ရန်သူအဖြစ်မှတ်ယူကာ သတ်ရန်ပြေးသွားခဲ့၏။ ဓားသမားများအတွက် စစ်မှန်သော သတ္တိ ပေပင်။

“ ဂျိန်း ... ။ ”

တစ်ဖက်တွင် မိုးကြိုးတိမ်တိုက်များရှိ မယုံနိုင်လောက်အောင် ပြင်းထန်သောရောင်ဝါ အချို့ ပြိုကျလာကာ မိုးခြိမ်းသံများညံလာ၏။

ကောင်းကင်ဘုံကိုးပါး မိုးကြိုးကပ်ဘေး ဖြစ်သည်။ အလွန်ပြင်းထန်ပြီး တုနှိုင်းမဲ့ အဖျက် စွမ်းအားများပါရှိ၏။

ဤမျှကြီးမားသော အဖျက်စွမ်းအား အောက်တွင် ကမ္ဘာပေါ်ရှိ မည်သူမဆို အသက် ရှင်နိုင်မည် မဟုတ်ချေ။ စိတ်နှလုံးကို ရှုပ်ထွေးမှု၊ ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများ ခံစားရစေ၏။

စုရီထံမှ ထက်ရှသော ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး လေထုအလယ်နန်းတော်ကြီး တစ်လုံး တဖြည်းဖြည်း ပေါ်လာသည်။

“ ဂျိန်း ... ။ ”

ကောင်းကင်ဘုံကိုးပါး မိုးကြိုးကိုးစင်း စုရီအပေါ်ပြိုကျလာ၏။ အကျိုးဆက်အနေဖြင့် နန်းတော်ကြီးအသွင်မှာ ဖရိုဖရဲဖြစ်လာသည်။

၎င်းမှ ဒြပ်စင်ငါးပါး အလင်းမှုန်များ တဖွဲဖွဲကျလာ၏။ ယင်နှင့်ယန်၊ လေနှင့်မိုးကြိုး တာအိုများရစ်သိုင်းလျက် များမကြာခင်မှာပင် ထိုကပ်ဘေးမိုးကြိုးများကို စုပ်ယူတော့သည်။

ဝိညာဉ်တာအိုနယ်ပယ်သို့ ဝင်ရောက်ခြင်းသည် မဟာတာအို ဝိညာဉ်ရေး နန်းတော်တစ်ခု တည်ဆောက်ခြင်းဖြစ်၏။

ဤအခြေအနေတွင် ဒါန်တမ်ရှိ ခရမ်းရောင်နန်းတော်သည် ဝိညာဉ်နန်းတော် အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။

ထိုနန်းတော်တွင် ကျင့်ကြံမှုနှင့် မဟာတာအိုစွမ်းအားတို့ကို ပေါင်းစပ်ကာ ပိုမို ခမ်းနားလာချေ၏။

“ ခရစ် ... ။ ”

ရုတ်တရက် ကောင်းကင်ကြီး အက်ကွဲသွားကာ ထူးဆန်းသော အဖြူရောင် အလင်းတစ်ခု ပေါ်လာသည်။

အလွန်တောက်ပပြီး ဖျက်ဆီးခြင်းနှင့်တားမြစ်ခြင်း အငွေ့အသက်များ ပြည့်နှက်နေ၏။

ကောင်းကင်ဘုံသည် စုရီကို မည်သည့် အခွင့်အရေးမျှ မပေးလိုကြောင်း ရှင်းလင်းစွာ မြင်သာစေသည်။

ဤကဲ့သို့သော ကပ်ဘေးကြီးသည် ဤဘဝ၏အုတ်မြစ်သည် ယခင်ထက်များစွာ သာလွန်ကြောင်း ထင်ရှားနေ၏။

လေဟာနယ် ပြိုကျလာပြီး ဖရိုဖရဲနှင့် ပြင်းထန်သောရောင်ဝါသည် မိုင်ထောင်ပေါင်း များစွာကို တခဏချင်း ပျံ့နှံ့သွားစေသည်။

ထိုရောင်ဝါ ကျဆင်းလာသည်နှင့်အမျှ ဝိညာဉ်ပင်လယ်၏ ရေမျက်နှာပြင်ကြီးသည်ပင် နိမ့်ဆင်းသွားချေပြီ။

“ ဗွမ်း ... ။ ”

လေထုအလယ် ရပ်ကြည့်နေသော တာအိုအဖိုးအိုခမျာ ထိုဖိအားကြောင့် ရေထဲ ပြုတ်ကျသွားတော့သည်။

ထိုအချိန်တွင် စုရီသည်လည်း မျက်နှာဖြူဖျော့လာကာ အသိစိတ်ပင်လယ်ထဲရှိ ငရဲဘုံကိုးပါးဓား တုန်ခါလာ၏။

“ ချွင် ချွင် ချွင် ... ။ ”

သံကြိုးကိုးချောင်းမှ ဆူညံသော ပွတ်တိုက်သံများ ထွက်လာသည်။ ထို့နောက် ချက်ချင်းပင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ငရဲဘုံကိုးပါးဓားမှ ထုတ်လွှတ်တော့၏။

ဤစွမ်းအားသည် အလွန် ကြောက်စရာကောင်းပြီး လေးလံလွန်းလှသဖြင့် စုရီခန္ဓာကိုယ်ကြီး တောင့်တင်းလာကာ သည်းမခံနိုင်တော့ချေ။

မတွန့်ဆုတ်ဝံ့ဘဲ အသက်ပြင်းပြင်းရှူကာ ချက်ချင်း ထုတ်လွှတ်လိုက်ရ၏။ လက်ချောင်းမှ ဓားအလင်း လွင့်ထွက်သွားသည်။

“ ရွှပ် ... ။ ”

“ ဘောင်း ဘောင်း ဘောင်း ... ။ ”

အချိန်နှင့် အာကာသ အတားအဆီးကို ဖြတ်ကျော်ကာ အဟုန်ဖြင့် ပျံတက်ခြင်းပေပင်။ ၎င်းဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် မိုးကြိုးများ အပိုင်းပိုင်းကွဲသွားကာ လွင့်ပျံ ပျောက်ကွယ်သွား၏။

“ ဘန်း ... ။”

မိုင်ထောင်ချီ ဖြန့်ကျက်ထားသော မိုးကြိုးတိမ်တိုက်ကြီးမှာ ဘေးသို့ရှဲပြီးနောက် ဓားအလင်းက အဖြူရောင် အလင်းစက်ဝန်းကို ထိုးခွဲသွားချေပြီ။

တစ်ဖက်တွင် တာအိုအဖိုးအိုက ဖိအားများ လျော့ပါးသွားသဖြင့် ပင်လယ်ပြင်မှ ရုန်းထပြီး ထိုမြင်ကွင်းထံ ငေးမောသွားသည်။

ကောင်းကင်တခွင် ပြန့်ကျဲနေသော မိုးကြိုးများသည် ပင်လယ်အတွင်းစီးဝင်နေသည့် မြစ်ချောင်းများအလား စုရီထံပြေးဝင်ကုန်၏။

ဤမြင်ကွင်းသည် တာအိုအဖိုးအိုကို အနည်းငယ်သက်သာရာရစေသည်။ ထိုအချိန်၌ စုရီသည်လည်း ကျေနပ်စွာပြုံးတော့၏။

မျက်စိတစ်မှိတ်အတွင်း အရေပြား၊ အရိုး၊ အသား၊ အတွင်းအင်္ဂါ၊ စွမ်အင်လမ်းကြောင်းနှင့် အပ်စိုက်မှတ်များအားလုံး တစ်ဟုန်ထိုး ပြန်လည်ဖြစ်တည်လာခဲ့သည်။

ဤနည်းဖြင့် ဝိညာဉ်စွမ်းအင်များကို ကိုးရက်ကြာထိန်းချုပ်ကာ လေနှင့်မိုးဆင့်ခေါ်ပြီး ဝိညာဉ်သည် ခန္ဓာကိုယ်မှ စွန့်ခွာနိုင်ပြီဖြစ်၏။

စကြာဝဠာအနှံ့ ကျင်လည်နိုင်သော အနှစ်သုံးထောင်သက်တမ်းကို ပိုင်ဆိုင်ပေမည်။ ဤကာလသည် ဖျက်ဆီးခြင်းနှင့် တည်ဆောက်ခြင်း ပေပင်။

ပျက်စီးနေသမျှ အစိတ်အပိုင်းတိုင်း မြင့်မြတ်သော ရောင်ဝါများ ဖြာထွက်လျက် ပြန်လည်မွေးဖွားလာနေ၏။

“ ဂုဏ်ယူပါတယ် တာအိုစု။ ”

“ ဂုဏ်ယူပါတယ် အစ်ကိုစု ... ။ ”

“ ဂုဏ်ယူပါတယ် သခင်။ ”

“ ဂုဏ်ယူပါတယ် ဆရာစု။ ”

လူတိုင်း ရွှင်မြူးကုန်ပြီးနောက် ချက်ချင်း လှမ်းတက်ကာ နှုတ်ဆက်သည်။ ထိတ်လန့်ခြင်း၊ ဝမ်းမြောက်ခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့် အံ့သြခြင်းများဖြင့် ပြည့်နှက်နေ၏။

ရွှေခြင်္သေ့သည်ပင် တောင်တံခါးမှ ထွက်လာကာ ရိုသေစွာ ဦးညွှတ်နေတော့သည်။ စုရီမှ ပြုံး၏။

“ ဒီနေ့ဟာ ... ငါ့အသက် (၁၈)နှစ်ပြည့်တဲ့နေ့ပဲ ... ငါ့ဘဝတစ်လျှောက် ရခဲ့ဖူးတဲ့ လက်ဆောင်တွေထဲမှာ အကောင်းဆုံး လက်ဆောင်ပါ။ ”

“ ဂုဏ်ယူပါတယ် မတာအိုမိတ်ဆွေ။ ”

ထိုစဉ် စုတ်ပြတ်နေသော တာအိုဝတ်လုံနှင့်အဖိုးအိုက အလျင်အမြန် ရောက်ရှိလာပြီး ဂုဏ်ပြုစကားဆိုသည်။

“ မင်းငါ့ကိုတွေ့ဖို့ လာခဲ့တာလား။ ”

“ မှန်ပါတယ် ... ။ ”

စုရီမှ လျစ်လျူရှုသော အကြည့်နှင့် စိုက်ကြည့်ခံရသဖြင့် တာအိုအဖိုးအိုတစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းလာကာ အသက်ရှူကြပ်သွား၏။

“ မင်းနဲ့ငါ ပတ်သတ်မှုရှိလား။ ”

စုရီမေးခွန်းကြောင့် တာအိုအဖိုးအိုမှ ပတ်ဝန်းကျင်ရှိ လူအများအပေါ် ဝေ့ကြည့်ကာ၊

“ လူကြီးမင်းတို့ ခဏလောက် ထွက်သွားလို့ရမလား ... ငါတာအိုမိတ်ဆွေနဲ့ ပြောစရာရှိတယ်။ ”

-ဟု တောင်းဆိုလိုက်သည်။

စုရီတစ်ယောက် လက်ကို ဝှေ့ယမ်းပြလိုက်ရာ လူတိုင်းဆုတ်ခွာကုန်၏။ ထို့နောက်တွင် တာအိုအဖိုးအိုမှ အသက်ပြင်းပြင်းရှူကာ၊

“ တာအိုမိတ်ဆွေ ... မဟာရှမှာ မင်းကိုစတွေ့ကတည်းက ... မင်းကငါ့အသိနဲ့ တူနေတယ်လို့ အမြဲခံစားခဲ့ရပါတယ်။ ”

-ဟု ပြောကြားလာသည်။

“ ဘယ်သူနဲ့ တူတာလဲ ... ။ ”

ထိုစကားကြောင့် စုရီတစ်ယောက် မျက်ဝန်းများ မှေးစင်းသွားကာ စိတ်ဝင်စားလာ တော့၏။

တာအိုအဖိုးအိုမှ တောက်ပသော အကြည့်များဖြင့် ပြန်ဖြေလိုက်ရာ စုရီခမျာ ပါးစပ်ထဲရှိဝိုင်ကို ချက်ချင်း ထွေးထုတ် လိုက်မိသည်။

“ ငါ့ယောက်ဖ ... ။ ”

“ ဖွီး ... ။ ”

***

All Chapters